iMyanmarHouse.com - Best Property Website for Myanmar
×
Credit : trend myanmar
#Unicode Version
ဝိတ်ချရတာ ပင်ပန်းပါတယ်။ စားချင်တာ မစားရ၊ လုပ်ချင်တာ မလုပ်ရတဲ့အတွက် စိတ်ပင်ပန်းတာက အဆိုးဆုံးပေါ့။ ဒါပေမယ့် သင်ကတော့ အဲ့ဒီလိုမဖြစ်တော့ပါဘူး။ ဝိတ်ချတဲ့အလေ့အကျင့်ကို ကျင့်သားတောင်ရနေပြီ။ ခက်ခဲပင်ပန်းမှုလည်း မရှိတော့ဘူး။ ဒါပေမယ့် ထင်သလောက် ဝိတ်ကကျမသွားဘူးဆိုရင် ဒီဝိတ်ချနည်း၊ အထူးသဖြင့် အစားရှောင်တဲ့နည်းက ကိုယ့်အတွက် မထူးခြားဘူးဆိုရင်တော့ လုပ်နေရာကနေ ရပ်နားသင့်ပြီပေါ့။ ဘယ်အချိန်တွေမှာ သင်ဝိတ်ချတဲ့ အလေ့အကျင့်ကို ရပ်ပစ်လိုက်သင့်သလဲဆိုတော့
၁။နေ့လည်စာအတွက်သင်သွားလေ့ရှိတဲ့ဆိုင်က အဆီမပါတဲ့ smoothie လိုဖျော်ရည်ရောင်းတဲ့ ဆိုင်မျိုးပေါ့။
သူများတွေ နေ့လည်စာအတွက် ခေါင်းစားနေချိန် သင်ကတော့ သွားနေကျ smoothie ဖျော်ရည်ဆိုင်ကိုပဲ တန်းသွားလိုက်မိတယ်။ ပြီးတော့ တစ်ခွက်လောက်သောက်ပြီး အေးဆေးနေနိုင်နေတာပဲလေ။
၂။သောက်မယ့်ရေထဲ သံပုရာသီးအစိပ်ကလေး ကျသွားရင်တောင် ကယ်လိုရီဘယ်လောက်ရှိမသလဲ သင်စဉ်းစားတတ်နေပြီ။
အရာရာကို စဉ်းစားချင့်ချိန်တတ်တာ ကောင်းပါတယ်။ အထူးသဖြင့် ဝိတ်ချနေချိန်မှာ ကိုယ်စားမယ့်အစားအစာရဲ့ ကယ်လိုရီဘယ်လောက်ရှိနေသလဲဆိုတာကို တွေးဆတာမျိုးပေါ့။ ဒါပေမယ့် ခုနေပြောသလို ကိုယ်သောက်မယ့် သံပုရာရည်ထဲက သံပုရာသီးအစိတ်ကလေးရဲ့ ကယ်လိုရီအထိတောင် သင့်စိတ်က တွက်ချက်နေပြီဆိုရင်တော့ ဒါဟာ နည်းနည်းအစွန်းရောက်တဲ့သဘောဆောင်လာပါတယ်။
၃။ညစာနဲ့ သရေစာတောင် မကွဲပြားတော့ဘူး။
သူငယ်ချင်းက ညစာ ဘာစားကြမလဲလို့ မေးလိုက်တဲ့အခါ ကိုယ်က ရပါတယ်။ ငါက ခုနလေးတင် မုန်လာဥနီတစ်လုံးစားထားသေးတယ်။ ကိစ္စမရှိဘူးလို့ ဖြေလိုက်ရင် သင့်ကို သူက အူကြောင်ကြောင် ပြန်ကြည့်သွားပါလိမ့်မယ်။ သင်ကတော့ ဘာဖြစ်ဖြစ် ရနေပြီဆိုတဲ့ သဘောဆိုပေမယ့် လျှော့ပေါ့ရင်း လျှော့စားရင်း ကွဲပြားမှုတွေတောင် သင့်ဆီမှာ မရှိတော့ပါဘူး။
၄။မိုက်ခရိုဝေ့ဖ်ရှေ့သွားရမှာတောင် သင်စိတ်မပါတော့ဘူး။
မိုက်ခရိုဝေ့ဖ်ထဲ ဟိုဟာလေး ထည့်ထားပြီးစားမယ်၊ ဒီဟာလေးအတွက် အချိန်ပေးပြီး စားရမှာကိုတောင် သင့်စိတ်ထဲ အာရုံမလာတော့ဘူးဆိုတာမျိုးကလည်း မကောင်းတဲ့ လက္ခဏာတစ်ရပ်ပေါ့။
၅။အဆီဓာတ်နည်းပါးတဲ့ ချိစ်အတုံးလေးတွေကိုတောင် သင့်စိတ်ထဲ မစားချင်တော့ဘူး။
တစ်ခါတစ်လေ အဆီဓာတ်များမယ့်ပုံပေါက်တဲ့ အစားအသောက်တွေမှာ အဆီဓာတ်လုံးဝမရှိတာ၊ နည်းနည်းသာပါဝင်မှန်းသင်သိနေရင်တောင် သင့်ဘက်က စားသောက်ကြည့်ဖို့ စိတ်မပါတော့တာမျိုးပေါ့။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : trend myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top