iMyanmarHouse.com - Best Property Website for Myanmar
×

ကန္စြန္း႐ြက္ဟာ အ႐ြက္စိမ္းစိမ္းစိုစို႐ွိၿပီး ပင္စည္႐ိုးတံကိုပါ စားသံုးႏုိင္တဲ့ ဟင္း႐ြက္တစ္မ်ိဳးပါ။ ျမန္မာႏိုင္ငံမွာလည္း ေပါေပါမ်ားမ်ား ရႏိုင္ပါတယ္။ ကန္စြန္း႐ြက္ကို ေၾကာ္စားတာ၊ ခ်ဥ္ဟင္းခ်က္ေသာက္တာလို ျပင္ဆင္ၿပီး သံုးေဆာင္ႏိုင္သလို ေရေႏြးေဖ်ာၿပီး သုပ္စားရင္လည္း စားေကာင္းပါတယ္။ ကန္စြန္းရြက္ (Water Spinach) ရဲ႕ ႐ုကၡေဗဒအမည္က Ipomoea Aquatica လို႔ ေခၚပါတယ္။

ေစ်းထဲဲမွာ ေပါေပါမ်ားမ်ား ေတြ႔ႏုိင္ၿပီး ေစ်းမႀကီးဘဲ ဝယ္ယူလုိ႔ရတဲ့ ကန္စြန္း႐ြက္က အာဟာရတန္ဖိုးမွာေတာ့ အက်ိဳးေက်းဇူးမနည္းလွပါဘူး။ ကန္စြန္းရြက္ ၁၀၀ ဂရမ္မွာ ကယ္လိုရီပမာဏ ၂၉ ၊ ကာဘိုဟိုက္ၿဒိတ္ ၅.၄ ဂရမ္၊ အမွ်င္ဓာတ္ ၁ ဂရမ္၊ အသားဓာတ္ ၃ ဂရမ္၊ အဆီဓာတ္ ၀.၃ ဂရမ္ တို႔ ပါဝင္ပါတယ္။ ကယ္လ္ဆီယံ (Calcium) ၊ ေဖာ့စ္ေဖာရပ္ (Phosphorus) ၊ ဆယ္လီနီယမ္ (Selenium)၊ ဇင့္ (Zinc)၊ သံဓာတ္၊ ဗီတာမင္ A, B1, C တုိ႔အျပင္ ေရဓာတ္ ၈၉.၇ ဂရမ္ ပါဝင္ပါတယ္။

ကန္စြန္း႐ြက္ရဲ႕ အဓိကေကာင္းက်ိဳးကေတာ့ အဆိပ္အေတာက္ေတြကို ေျပေပ်ာက္ေစတာပါပဲ။ ကန္စြန္းရြက္ကိုႀကိတ္တာ သို႔မဟုတ္ ထုေထာင္းၿပီး ရလာတဲ့အရည္ကို ေသာက္ေပးရင္ အဆိပ္အေတာက္ေတြေျပေစပါတယ္။ မီးပူေလာင္၊ ေရေႏြးပူေလာင္ရင္လည္း ကန္စြန္းရြက္ကို ထုေခ်ၿပီး အံုေပးတာ ဒါမွမဟုတ္ အရည္ညႇစ္ၿပီး သုတ္ေပးတာမ်ိဳး ျပဳလုပ္ေပးမယ္ဆုိ အပူေလာင္တာ သက္သာေစပါတယ္။ အေရၾကည္ဖုေတြလည္း မထေတာ့ပါဘူး။ ကန္စြန္းရြက္မွာ ဆယ္လီနီယမ္နဲ႔ဇင့္တုိ႔ ပါဝင္လို႔ အိပ္စက္မႈကို အေထာက္အကူျဖစ္ေစပါတယ္။ အိပ္မေပ်ာ္သူေတြ စားေပးသင့္ပါတယ္။ အမွ်င္ဓာတ္ေတြ မ်ားစြာပါဝင္လို႔ ဝမ္းလည္းမွန္ေစပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: duwun

#Unicode Version

ကန်စွန်းရွက်ဟာ အရွက်စိမ်းစိမ်းစိုစိုရှိပြီး ပင်စည်ရိုးတံကိုပါ စားသုံးနိုင်တဲ့ ဟင်းရွက်တစ်မျိုးပါ။ မြန်မာနိုင်ငံမှာလည်း ပေါပေါများများ ရနိုင်ပါတယ်။ ကန်စွန်းရွက်ကို ကြော်စားတာ၊ ချဉ်ဟင်းချက်သောက်တာလို ပြင်ဆင်ပြီး သုံးဆောင်နိုင်သလို ရေနွေးဖျောပြီး သုပ်စားရင်လည်း စားကောင်းပါတယ်။ ကန်စွန်းရွက် (Water Spinach) ရဲ့ ရုက္ခဗေဒအမည်က Ipomoea Aquatica လို့ ခေါ်ပါတယ်။

ဈေးထဲမှာ ပေါပေါများများ တွေ့နိုင်ပြီး ဈေးမကြီးဘဲ ဝယ်ယူလို့ရတဲ့ ကန်စွန်းရွက်က အာဟာရတန်ဖိုးမှာတော့ အကျိုးကျေးဇူးမနည်းလှပါဘူး။ ကန်စွန်းရွက် ၁၀၀ ဂရမ်မှာ ကယ်လိုရီပမာဏ ၂၉ ၊ ကာဘိုဟိုက်ဒြိတ် ၅.၄ ဂရမ်၊ အမျှင်ဓာတ် ၁ ဂရမ်၊ အသားဓာတ် ၃ ဂရမ်၊ အဆီဓာတ် ဝ.၃ ဂရမ် တို့ ပါဝင်ပါတယ်။ ကယ်လ်ဆီယံ (Calcium) ၊ ဖော့စ်ဖောရပ် (Phosphorus) ၊ ဆယ်လီနီယမ် (Selenium)၊ ဇင့် (Zinc)၊ သံဓာတ်၊ ဗီတာမင် A, B1, C တို့အပြင် ရေဓာတ် ၈၉.၇ ဂရမ် ပါဝင်ပါတယ်။

ကန်စွန်းရွက်ရဲ့ အဓိကကောင်းကျိုးကတော့ အဆိပ်အတောက်တွေကို ပြေပျောက်စေတာပါပဲ။ ကန်စွန်းရွက်ကိုကြိတ်တာ သို့မဟုတ် ထုထောင်းပြီး ရလာတဲ့အရည်ကို သောက်ပေးရင် အဆိပ်အတောက်တွေပြေစေပါတယ်။ မီးပူလောင်၊ ရေနွေးပူလောင်ရင်လည်း ကန်စွန်းရွက်ကို ထုချေပြီး အုံပေးတာ ဒါမှမဟုတ် အရည်ညှစ်ပြီး သုတ်ပေးတာမျိုး ပြုလုပ်ပေးမယ်ဆို အပူလောင်တာ သက်သာစေပါတယ်။ အရေကြည်ဖုတွေလည်း မထတော့ပါဘူး။ ကန်စွန်းရွက်မှာ ဆယ်လီနီယမ်နဲ့ဇင့်တို့ ပါဝင်လို့ အိပ်စက်မှုကို အထောက်အကူဖြစ်စေပါတယ်။ အိပ်မပျော်သူတွေ စားပေးသင့်ပါတယ်။ အမျှင်ဓာတ်တွေ များစွာပါဝင်လို့ ဝမ်းလည်းမှန်စေပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top