iMyanmarHouse.com - Best Property Website for Myanmar
×

လူနာေတြ စိတ္ဓာတ္က်တဲ့အေၾကာင္း ေျပာလာရင္ စိတ္ေရာဂါအထူးကုဆရာဝန္အမ်ားစုက စိတ္က်ေရာဂါေပ်ာက္ေဆးကိုပဲ ခ်က္ခ်င္းညြန္းေပးၾကပါတယ္။ ဒါေပမယ့္ အာဟာရခ်ဳိ႕တဲ့မႈေၾကာင့္ ျဖစ္တာလားဆုိတာ သိရိွဖုိ႔ စမ္းသပ္မႈတခ်ဳိ႕ ျပဳလုပ္ဖုိ႔ အၾကံျပဳခ်က္ေကာင္းေလးေတြ ရိွပါတယ္။ စိတ္ဓာတ္က်တာ ေန႔စဥ္အစားအေသာက္ထဲ အာဟာရဓာတ္မျပည့္စုံမႈေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ျဖည့္စြက္အစားအစာအျပင္ အာဟာရၾကြယ္ဝတဲ့အစားအစာေတြနဲ႔ မၾကာခဏ ေျဖရွင္းႏုိင္ပါတယ္။

စိတ္က်ေရာဂါေပ်ာက္ေဆးမမွီဝဲခင္ မိမိမွာ ရိွတဲ့ အာဟာရပမာဏ အရင္စစ္ေဆးဖုိ႔ ေျပာပါရေစ။ ေအာက္ပါအခ်က္ေတြက စိတ္က်ေရာဂါခံစားေနရပါက သင့္မွာ ခ်ဳိ႕တဲ့ေနႏုိင္တဲ့ အာဟာရဓာတ္တခ်ဳိ႕ျဖစ္ပါတယ္။

အုိမီဂါ-၃ အဆီအက္ဆစ္

က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ဒီအဆီက အထူးသျဖင့္ မွတ္ဥာဏ္နဲ႔ စိတ္ခံစားခ်က္အတြက္ ဦးေႏွာက္ေကာင္းစြာ လုပ္ေဆာင္ဖုိ႔အတြက္ မရိွမျဖစ္လုိအပ္ပါတယ္။

မဂၢနီဆီယမ္

အာဟာရဓာတ္ခ်ဳိ႕တဲ့တဲ့့ ေန႔စဥ္ပုံမွန္အစားအစာက ခႏၶာကိုယ္အတြင္း မဂၢနီဆီယမ္ပမာဏ ေလွ်ာ့နည္းေစႏုိင္ပါတယ္။ အေကာင္းဆုံးမဂၢနီဆီယမ္အရင္းအျမစ္တခ်ဳိ႕က ဂ်ဳံ၊ ဟင္းသီးဟင္းရြက္စိမ္း၊ အခြံမာအသီး၊ အေစ့၊ ငွက္ေပ်ာသီး၊ ေထာပတ္သီးနဲ႔ ေခ်ာကလက္ေတြ ျဖစ္ပါတယ္။

ဗီတာမင္ B6 နဲ႔ B12

၂၀၀၉ ခုႏွစ္မွာ ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုအရ စိတ္က်ေရာဂါျပင္းထန္စြာခံစားေနသူ စမ္းသပ္ခံအမ်ဳိးသမီး ၄ေယာက္မွာ ၁ေယာက္ဟာ ဗီတာမင္ B12 လိုအပ္ေနၾကတာ ေတြ႔ရပါတယ္။ စိတ္ခံစားခ်က္ ပုံမွန္ျဖစ္ေစတဲ့ ဗီတာမင္ B အုပ္စုထဲက အာဟာရတစ္မ်ဳိးက ဗီတာမင္ B6 ျဖစ္ပါတယ္။ ဗီတာမင္ B6 ကို ပင္လယ္စာ၊ ဥစားၾကက္/ဘဲနဲ႔ ဟင္းသီးဟင္းရြက္စိမ္းေတြကေန ရရိွႏုိင္ျပီး ဗီတာမင္ B12 ကိုေတာ့ ၾကက္ဥ၊ ႏုိ႔၊ အသား၊ ငါးနဲ႔ အခြံမာပင္လယ္စာေတြကေန ရရိွႏုိင္ပါတယ္။

အမုိင္ႏုိအက္ဆစ္

အမုိင္ႏိုအက္ဆစ္ခ်ဳိ႕တဲ့မႈက စိတ္အာရုံစူးစုိက္မရျခင္း၊ စိတ္ဓာတ္က်ျခင္းစတဲ့ ျပသနာေတြ မၾကာခဏ ျဖစ္ေပၚေစပါတယ္။ အေကာင္းဆုံး အမုိင္ႏုိအက္ဆစ္ အရင္းအျမစ္ေတြထဲက တခ်ဳိ႕မွာ အမဲသား၊ ဥစားၾကက္/ဘဲ၊ အခြံမာအသီးနဲ႔ အေစ့တုိ႔ပါဝင္ပါတယ္။

အုိင္အုိဒင္း

အိုင္အုိဒင္းက ဇီဝတြင္းျဖစ္ပ်က္မႈအျပင္ ဦးေႏွာက္အလုပ္လုပ္မႈ အတြက္ပါ ေကာင္းမြန္ပါတယ္။ အုိင္အုိဒင္းဓာတ္ၾကြယ္ဝတဲ့ ဆားေတြကေန အုိင္အုိဒင္း ရရိွႏိုင္ပါတယ္။ ဒါပမယ့္ ေန႔စဥ္စားသုံးသင့္တဲ့ ဆားပမာဏထက္ ပိုမစားမိေစဖုိ႔ အသီးအရြက္၊ ခုံးေကာင္၊ ပုဇြန္စိတ္၊ ငါးေသတၱာငါး၊ ဒိန္ခ်ဥ္၊ ႏုိ႔နဲ႔ ၾကက္ဥတုိ႔ ေရြးခ်ယ္စားသုံးႏုိင္ပါတယ္။

သံဓာတ္

သံဓာတ္ခ်ဳိ႕တဲ့ျခင္းက စိတ္ဓာတ္က်ျခင္းနဲ႔  အလားသ႑ာန္တူတဲ့ ေရာဂါလကၡဏာေတြ ျဖစ္ေစပါတယ္။ ေနာက္ျပီး ဦးေႏွာက္ေျခာက္ျခင္း၊ စိတ္ကသိကေအာက္ျဖစ္မႈနဲ႔ ပင္ပန္းႏြမ္းလ်မႈေတြလည္း ျဖစ္ေစပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: trend myanmar

#Unicode Version

လူနာတွေ စိတ်ဓာတ်ကျတဲ့အကြောင်း ပြောလာရင် စိတ်ရောဂါအထူးကုဆရာဝန်အများစုက စိတ်ကျရောဂါပျောက်ဆေးကိုပဲ ချက်ချင်းညွန်းပေးကြပါတယ်။ ဒါပေမယ့် အာဟာရချို့တဲ့မှုကြောင့် ဖြစ်တာလားဆိုတာ သိရှိဖို့ စမ်းသပ်မှုတချို့ ပြုလုပ်ဖို့ အကြံပြုချက်ကောင်းလေးတွေ ရှိပါတယ်။ စိတ်ဓာတ်ကျတာ နေ့စဉ်အစားအသောက်ထဲ အာဟာရဓာတ်မပြည့်စုံမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြည့်စွက်အစားအစာအပြင် အာဟာရကြွယ်ဝတဲ့အစားအစာတွေနဲ့ မကြာခဏ ဖြေရှင်းနိုင်ပါတယ်။

စိတ်ကျရောဂါပျောက်ဆေးမမှီဝဲခင် မိမိမှာ ရှိတဲ့ အာဟာရပမာဏ အရင်စစ်ဆေးဖို့ ပြောပါရစေ။ အောက်ပါအချက်တွေက စိတ်ကျရောဂါခံစားနေရပါက သင့်မှာ ချို့တဲ့နေနိုင်တဲ့ အာဟာရဓာတ်တချို့ဖြစ်ပါတယ်။

အိုမီဂါ-၃ အဆီအက်ဆစ်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒီအဆီက အထူးသဖြင့် မှတ်ဉာဏ်နဲ့ စိတ်ခံစားချက်အတွက် ဦးနှောက်ကောင်းစွာ လုပ်ဆောင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

မဂ္ဂနီဆီယမ်

အာဟာရဓာတ်ချို့တဲ့တဲ့ နေ့စဉ်ပုံမှန်အစားအစာက ခန္ဓာကိုယ်အတွင်း မဂ္ဂနီဆီယမ်ပမာဏ လျှော့နည်းစေနိုင်ပါတယ်။ အကောင်းဆုံးမဂ္ဂနီဆီယမ်အရင်းအမြစ်တချို့က ဂျုံ၊ ဟင်းသီးဟင်းရွက်စိမ်း၊ အခွံမာအသီး၊ အစေ့၊ ငှက်ပျောသီး၊ ထောပတ်သီးနဲ့ ချောကလက်တွေ ဖြစ်ပါတယ်။

ဗီတာမင် B6 နဲ့ B12

၂၀၀၉ ခုနှစ်မှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ စိတ်ကျရောဂါပြင်းထန်စွာခံစားနေသူ စမ်းသပ်ခံအမျိုးသမီး ၄ယောက်မှာ ၁ယောက်ဟာ ဗီတာမင် B12 လိုအပ်နေကြတာ တွေ့ရပါတယ်။ စိတ်ခံစားချက် ပုံမှန်ဖြစ်စေတဲ့ ဗီတာမင် B အုပ်စုထဲက အာဟာရတစ်မျိုးက ဗီတာမင် B6 ဖြစ်ပါတယ်။ ဗီတာမင် B6 ကို ပင်လယ်စာ၊ ဥစားကြက်/ဘဲနဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေကနေ ရရှိနိုင်ပြီး ဗီတာမင် B12 ကိုတော့ ကြက်ဥ၊ နို့၊ အသား၊ ငါးနဲ့ အခွံမာပင်လယ်စာတွေကနေ ရရှိနိုင်ပါတယ်။

အမိုင်နိုအက်ဆစ်

အမိုင်နိုအက်ဆစ်ချို့တဲ့မှုက စိတ်အာရုံစူးစိုက်မရခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ ပြသနာတွေ မကြာခဏ ဖြစ်ပေါ်စေပါတယ်။ အကောင်းဆုံး အမိုင်နိုအက်ဆစ် အရင်းအမြစ်တွေထဲက တချို့မှာ အမဲသား၊ ဥစားကြက်/ဘဲ၊ အခွံမာအသီးနဲ့ အစေ့တို့ပါဝင်ပါတယ်။

အိုင်အိုဒင်း

အိုင်အိုဒင်းက ဇီဝတွင်းဖြစ်ပျက်မှုအပြင် ဦးနှောက်အလုပ်လုပ်မှု အတွက်ပါ ကောင်းမွန်ပါတယ်။ အိုင်အိုဒင်းဓာတ်ကြွယ်ဝတဲ့ ဆားတွေကနေ အိုင်အိုဒင်း ရရှိနိုင်ပါတယ်။ ဒါပမယ့် နေ့စဉ်စားသုံးသင့်တဲ့ ဆားပမာဏထက် ပိုမစားမိစေဖို့ အသီးအရွက်၊ ခုံးကောင်၊ ပုဇွန်စိတ်၊ ငါးသေတ္တာငါး၊ ဒိန်ချဉ်၊ နို့နဲ့ ကြက်ဥတို့ ရွေးချယ်စားသုံးနိုင်ပါတယ်။

သံဓာတ်

သံဓာတ်ချို့တဲ့ခြင်းက စိတ်ဓာတ်ကျခြင်းနဲ့  အလားသဏ္ဍာန်တူတဲ့ ရောဂါလက္ခဏာတွေ ဖြစ်စေပါတယ်။ နောက်ပြီး ဦးနှောက်ခြောက်ခြင်း၊ စိတ်ကသိကအောက်ဖြစ်မှုနဲ့ ပင်ပန်းနွမ်းလျမှုတွေလည်း ဖြစ်စေပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top