iMyanmarHouse.com - Best Property Website for Myanmar
×

ေသာၾကာေန႕ညေရာက္ျပီဆုိတာနဲ႕ သူငယ္ခ်င္းေတြ စုျပီး ဘားေတြသြား၊ ကလပ္ေတြသြား၊ ဒါမွမဟုတ္ ပါတီေတြ အျမဲသြားေနတာက သင့္ရဲ႕စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးေစတယ္လို႕ သင္ထင္ေနပါလိမ့္မယ္။ အဲ့ဒီလိုသြားေတာ့မယ္ဆုိ အနည္းဆံုး အျပင္မွာသြားစားရမွာမုိ႕၊ ေကာင္းေကာင္းမြန္မြန္ေလး ၀တ္စားသြားရမွာမုိ႕ ပိုက္ဆံကုန္က်တာကို ထည့္မတြက္ရင္ေတာင္ ေနာက္ေန႕ အရက္နာက်တာ၊ ေခါင္းမၾကည္တာ ၊ က်န္တဲ့အားလပ္ရက္ေတြကို ေကာင္းမြန္စြာ မျဖတ္သန္းႏိုင္ေတာ့တာမ်ိဳး ၾကံဳႏိုင္ပါတယ္။ ဒီေတာ့ တစ္ခါတစ္ေလ မဟုတ္ပဲ အပတ္တုိင္း၊ ညတိုင္းနီးပါး  night out လုပ္ေနတာမ်ိဳးထက္စာရင္ အိမ္မွာေနတာက ဘယ္လိုေကာင္းက်ိဳးေတြ ရွိႏိုင္မလဲ ၾကည့္ၾကရေအာင္။

၁။ ေငြေၾကးကို ပိုစုေဆာင္းလာႏိုင္ပါလိမ့္မယ္။
အပတ္တိုင္း သူငယ္ခ်င္းေတြနဲ႕ night out လုပ္တဲ့အခါ ဘာေတြကုန္က်သလဲဆုိတာ ျပန္စဥ္းစားပါ။ အေပၚမွာေျပာထားသလို အျပင္မွာစားလို႕ရွင္းရတာ၊ ေသာက္တာပါရင္ ပိုေတာင္ကုန္က်ႏိုင္သလို ၊ အ၀တ္အစားအတြက္က လည္း ေခါင္းရႈပ္ခံၾကရပါေသးတယ္။ ဒီေတာ့ တစ္ခါ night outလုပ္ရင္ ကုန္တဲ့ပိုက္ဆံကိုစုုျပီး အိမ္မွာ အရသာရွိတာေလး ခ်က္စား၊ ၀ိုင္ေလး ေသာက္၊ ရုပ္ရွင္ေလးၾကည့္ ဒါမွမဟုတ္လည္း စာဖတ္ျပီး အခ်ိန္ကုန္ဆံုးမယ္ဆုိရင္လည္း တစ္ပတ္တစ္ပတ္ ေတာ္ေတာ္ေလး ပိုက္ဆံစုမိပါလိမ့္မယ္။

၂။ အာရံုေတြ မေနာက္ရေတာ့ပဲ ကုိယ့္အတြက္ သီးသန္႕အခ်ိန္ေလးတစ္ခု ထြက္လာပါလိမ့္မယ္။
ညဘက္ေတြ အျပင္ထြက္ ေသာက္မိစားမိတဲ့အခ်ိန္ စိတ္ထဲ အားလံုးကို ေမ့ေပ်ာ္ရႊင္ေနေပမယ့္ ေနာက္တစ္ေန႕ မွာေတာ့ ေခါင္းကိုက္တာ၊ အရက္နာက်တာမ်ိဳးေတြ ၾကံဳႏိုင္ပါတယ္။ ငယ္တုန္းရြယ္တုန္းကတည္းက ဒီလိုမ်ိဳဴးေတြ ဆက္တုိက္ လုပ္ေနမယ္ဆုိရင္ သင့္ခႏၶာကိုယ္က ၾကာရင္လက္ခံႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ ဒါဆို အသက္ရလာရင္ေရာ ဆုိျပီး ေမးခြန္းထုတ္ႏုိင္ပါတယ္။ အသက္ရလာတဲ့အခါ ပိုလို႕ေတာင္ ဒီလိုဒဏ္မခံႏိုင္ေတာ့တာပါ။ အဲ့ဒီအစား ကုိယ္၀ါသနာပါတဲ့ အရာတစ္ခုခုကို အစားထုိး လုပ္ေဆာင္မယ္ဆုိရင္ သင့္အတြက္ ပိုတိုးတက္ေစႏိုင္သလို ေနာက္ပိုင္းမွာ ဒီလိုဆံုးျဖတ္ခ်က္ခ်ခဲ့မိလို႕ သင့္ကိုယ္သင္ ေက်းဇူးတင္မိပါလိမ့္မယ္။

၃။ သင့္ကိုလူေတာ္ျဖစ္ေစပါတယ္။
သင္ညတုိင္း မိတ္ေဆြေတြ၊ အသိေတြနဲ႕ စားေသာက္ရင္း အခ်ိန္ေတြကုန္ဆံုးတာဟာ သင့္ဆုိရွယ္ပိုင္းအတြက္ ေကာင္းပါတယ္။ ဒါေပမယ့္ သင့္စိတ္ထဲမွာေရာ ဘယ္လုိရွိပါသလဲ။ သင့္စိတ္ရဲ႕လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္တယ္ ထင္ပါသလား။ တကယ္ေတာ့ လူတစ္ေယာက္ကို ပိုက္ဆံမကုန္က်ပဲ စမတ္ျဖစ္ေစဖုိ႕ အလြယ္ကူဆံုးနည္းက သူ႕လက္ထဲက စာအုပ္တစ္အုပ္ကို စိတ္၀င္တစားဖတ္၊ မွတ္ေနတဲ့ နည္းလမ္းပါပဲ။ ဒီအခ်က္ကို သိပၸံပညာရပ္ေတြကလည္း အတိအလင္း ဖြင့္ဆုိထားျပီးပါျပီ။ စာဖတ္ပါ။ ကုိယ့္ဘာသာကိုယ္တုိးတက္ေအာင္ လုပ္ပါ။ သင္၀ါသနာပါတဲ့ အရာေတြကို လုပ္ေဆာင္ျခင္းကလည္း သင့္ကို စမတ္ျဖစ္ေစသလို ေပ်ာ္ရႊင္မႈလည္း ရေစပါတယ္။

Night out ထြက္မယ့္အစား ဒီအခ်က္(၃)ခ်က္ကို လုပ္ေဆာင္ေပးျခင္းအားျဖင့္ သင့္ဦးေႏွာက္၊ သင့္ပိုက္ဆံအိတ္နဲ႕ သင့္အသည္းကပါ သင့္ကို ေက်းဇူးတင္ေနမွာ အေသအခ်ာပါပဲ။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
သောကြာနေ့ညရောက်ပြီဆိုတာနဲ့ သူငယ်ချင်းတွေ စုပြီး ဘားတွေသွား၊ ကလပ်တွေသွား၊ ဒါမှမဟုတ် ပါတီတွေ အမြဲသွားနေတာက သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့ပါးစေတယ်လို့ သင်ထင်နေပါလိမ့်မယ်။ အဲ့ဒီလိုသွားတော့မယ်ဆို အနည်းဆုံး အပြင်မှာသွားစားရမှာမို့၊ ကောင်းကောင်းမွန်မွန်လေး ဝတ်စားသွားရမှာမို့ ပိုက်ဆံကုန်ကျတာကို ထည့်မတွက်ရင်တောင် နောက်နေ့ အရက်နာကျတာ၊ ခေါင်းမကြည်တာ ၊ ကျန်တဲ့အားလပ်ရက်တွေကို ကောင်းမွန်စွာ မဖြတ်သန်းနိုင်တော့တာမျိုး ကြုံနိုင်ပါတယ်။ ဒီတော့ တစ်ခါတစ်လေ မဟုတ်ပဲ အပတ်တိုင်း၊ ညတိုင်းနီးပါး  night out လုပ်နေတာမျိုးထက်စာရင် အိမ်မှာနေတာက ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်မလဲ ကြည့်ကြရအောင်။

၁။ ငွေကြေးကို ပိုစုဆောင်းလာနိုင်ပါလိမ့်မယ်။
အပတ်တိုင်း သူငယ်ချင်းတွေနဲ့ night out လုပ်တဲ့အခါ ဘာတွေကုန်ကျသလဲဆိုတာ ပြန်စဉ်းစားပါ။ အပေါ်မှာပြောထားသလို အပြင်မှာစားလို့ရှင်းရတာ၊ သောက်တာပါရင် ပိုတောင်ကုန်ကျနိုင်သလို ၊ အဝတ်အစားအတွက်က လည်း ခေါင်းရှုပ်ခံကြရပါသေးတယ်။ ဒီတော့ တစ်ခါ night outလုပ်ရင် ကုန်တဲ့ပိုက်ဆံကိုစုုပြီး အိမ်မှာ အရသာရှိတာလေး ချက်စား၊ ဝိုင်လေး သောက်၊ ရုပ်ရှင်လေးကြည့် ဒါမှမဟုတ်လည်း စာဖတ်ပြီး အချိန်ကုန်ဆုံးမယ်ဆိုရင်လည်း တစ်ပတ်တစ်ပတ် တော်တော်လေး ပိုက်ဆံစုမိပါလိမ့်မယ်။

၂။ အာရုံတွေ မနောက်ရတော့ပဲ ကိုယ့်အတွက် သီးသန့်အချိန်လေးတစ်ခု ထွက်လာပါလိမ့်မယ်။
ညဘက်တွေ အပြင်ထွက် သောက်မိစားမိတဲ့အချိန် စိတ်ထဲ အားလုံးကို မေ့ပျော်ရွှင်နေပေမယ့် နောက်တစ်နေ့ မှာတော့ ခေါင်းကိုက်တာ၊ အရက်နာကျတာမျိုးတွေ ကြုံနိုင်ပါတယ်။ ငယ်တုန်းရွယ်တုန်းကတည်းက ဒီလိုမျိုူးတွေ ဆက်တိုက် လုပ်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ကြာရင်လက်ခံနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါဆို အသက်ရလာရင်ရော ဆိုပြီး မေးခွန်းထုတ်နိုင်ပါတယ်။ အသက်ရလာတဲ့အခါ ပိုလို့တောင် ဒီလိုဒဏ်မခံနိုင်တော့တာပါ။ အဲ့ဒီအစား ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုခုကို အစားထိုး လုပ်ဆောင်မယ်ဆိုရင် သင့်အတွက် ပိုတိုးတက်စေနိုင်သလို နောက်ပိုင်းမှာ ဒီလိုဆုံးဖြတ်ချက်ချခဲ့မိလို့ သင့်ကိုယ်သင် ကျေးဇူးတင်မိပါလိမ့်မယ်။

၃။ သင့်ကိုလူတော်ဖြစ်စေပါတယ်။
သင်ညတိုင်း မိတ်ဆွေတွေ၊ အသိတွေနဲ့ စားသောက်ရင်း အချိန်တွေကုန်ဆုံးတာဟာ သင့်ဆိုရှယ်ပိုင်းအတွက် ကောင်းပါတယ်။ ဒါပေမယ့် သင့်စိတ်ထဲမှာရော ဘယ်လိုရှိပါသလဲ။ သင့်စိတ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ် ထင်ပါသလား။ တကယ်တော့ လူတစ်ယောက်ကို ပိုက်ဆံမကုန်ကျပဲ စမတ်ဖြစ်စေဖို့ အလွယ်ကူဆုံးနည်းက သူ့လက်ထဲက စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်၊ မှတ်နေတဲ့ နည်းလမ်းပါပဲ။ ဒီအချက်ကို သိပ္ပံပညာရပ်တွေကလည်း အတိအလင်း ဖွင့်ဆိုထားပြီးပါပြီ။ စာဖတ်ပါ။ ကိုယ့်ဘာသာကိုယ်တိုးတက်အောင် လုပ်ပါ။ သင်ဝါသနာပါတဲ့ အရာတွေကို လုပ်ဆောင်ခြင်းကလည်း သင့်ကို စမတ်ဖြစ်စေသလို ပျော်ရွှင်မှုလည်း ရစေပါတယ်။

Night out ထွက်မယ့်အစား ဒီအချက်(၃)ချက်ကို လုပ်ဆောင်ပေးခြင်းအားဖြင့် သင့်ဦးနှောက်၊ သင့်ပိုက်ဆံအိတ်နဲ့ သင့်အသည်းကပါ သင့်ကို ကျေးဇူးတင်နေမှာ အသေအချာပါပဲ။



Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top