iMyanmarHouse.com - Best Property Website for Myanmar
×




Credit: Trend Myanmar




Unicode Version


သင်ဟာ ရုပ်ရှင်ဇာတ်ကား စိတ်ပါဝင်စားသူ တစ်ဦးဆိုရင် ဘယ်လိုဇာတ်ကားမျိုးတွေ အကြည့်များပါသလဲ။ သင့်အဖြေက အက်ရှင်ဇာတ်ကားဆိုရင်တော့ အက်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောစရာတစ်ချို့ရှိနေပါတယ်။ ရက်စက်ကြမ်းတမ်းတဲ့ ရုပ်ရှင်တွေကြည့်ခြင်း သို့မဟုတ် ကြမ်းကြုတ်တဲ့ အကြောင်းအရာရေးသားဖော်ပြထားတဲ့ စာအုပ်တွေ ဖတ်ရှုခြင်းဟာ မိမိကို မုသား၊ လိမ်လည်တတ်တဲ့ စကားတွေ ပြောဆိုစေနိုင်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။

လူမဆန်ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေကို မြင်တွေ့ ထိတွေ့နေခြင်းဟာ ငွေကြေးရရှိဖို့အတွက် လိမ်လည်ပြောဆိုမှု ပိုဖြစ်စေတဲ့အချက်နဲ့ အခိုင်အမာဆက်စပ်နေကြောင်း ယင်းလေ့လာမှုက ဆိုပါတယ်။

အကြမ်းဖက်တဲ့ မီဒီယာတွေက တခြားသူတွေကို ရန်လိုတဲ့အပြုအမူ ပိုဖြစ်ပွားစေတယ်။ သို့သော် အခုဖော်ပြနေတာတွေဟာ အဲဒီထက်ပိုကြောင်း အမေရိကနိုင်ငံ အူတပြည်နယ်ရှိ Brigham Young University မှ နိုင်ငံရေးသိပ္ပံပါမောက္ခဖြစ်တဲ့ ယင်းလေ့လာမှု ဦးစီးဆောင်ရွက်သူ Josh Gubler ကဆိုပါတယ်။


Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top