iMyanmarHouse.com - Best Property Website for Myanmar
×







Unicode Version

အရိုးနာကျင်ထိခိုက်ခြင်း၊ အလွန် အမင်းလမ်းလျှောက်ရခြင်း၊ မိမိနှင့် အဆင်မပြေသော ဖိနပ်မျိုးကို စီးမိ ခြင်း (သို့) တနေကုန်မတ်တတ်ရပ် နေရခြင်းတို့ကြောင့် ခြေထောက်များ နာကျင်နေပါက ဆားနှင့် ရေနွေးကို စိမ်ပေးသင့်သည်ဟု Mary Land ဆေးတက္ကသိုလ်၏ လေ့လာချက်အရ သိရှိရသည်။

ခြေထောက်များကျိန်းခြင်း ၊ ညောင်းခြင်း ၊ ယားယံခြင်း ၊ အနာတရ ဖြစ်၍ ရောင်ရမ်းခြင်း ၊ မျက်ခြင်း ၊ ခြေအဆစ်လွဲခြင်းတို့ အတွက်လည်း ဆားရေနွေးကို စိမ်ခြင်းဖြင့် သက်သာ ပြေလျော့စေသည် ။ ယင်းတွင် ပါဝင် သော အပူဓာတ် ၊ မဂ္ဂနီစီယမ်တို့ ကြောင့် ဝန်ပိနေသော ခြေထောက်မှ ကြွက်သားများ ၊ အဆစ်များရောင်ရမ်း ခြင်းတို့အတွက် အထောက်အကူဖြစ် စေသည် ။

ဇလုံထဲတွင် ဆားရေနွေးနွေးကို ခြေမျက်စိမြုပ်အောင်ထည့်ပြီး တစ်နေ့ လျှင်မိနစ်(၃၀) စိမ်ပါ ။အရိုးအတက် ရှိသူများက နံနက်မိနစ်(၃၀)ညနေ မိနစ်(၃၀)စိတ်ရှည်ရှည်နှင့် စိမ်ပေး လျှင်ပျောက်ကင်းသက်သာစေသည် ။ တစ်ပတ်လျှင် (၂-၃)ကြိမ်စိမ်ပေးရ မည်ဖြစ်ပြီး ရေနွေးကို ပူပူကျက် ကျက်ကြီးမထည့်မိအောင် သတိထား ပါ ။ ကွဲအက်နေသော အသားများ ပေါက်ပြဲနေသော အနာများရှိပါက အနာပျောက်ပြီးမှ စိမ်နိုင်သည် ။

Credit: Health Updates Journal



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top