iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္ေယာက္အတူ အိပ္စက္ၾကတဲ့ပံုစံေတြကို ေလ့လာထားတာပါ။အခုေဖာ္ျပမွာေတြကေတာ့ အမ်ားဆံုး ေလ့လာေတြ႕ရွိထားတဲ့ ႏွစ္ကိုယ္တူ အိပ္စက္နည္းေတြနဲ႔ ေတြ႕ရွိမႈ ရာခုိင္ႏႈန္းေတြ ျဖစ္ပါတယ္။ အိပ္စက္ပံု အိပ္စက္နည္းကို ၾကည့္ၿပီးေတာ့လည္း သူတုိ႔ႏွစ္ဦးရဲ႕ အိမ္ေထာင္ေရး သို႔မဟုတ္ အခ်စ္ေရးကိုလည္း အကဲျဖတ္ႏုိင္ပါတယ္။
၁။ လြတ္လြတ္လပ္လပ္
အိပ္စက္နည္းကေတာ့ ေက်ာေပးၿပီး တစ္ဦးနဲ႔ တစ္ဦး ထိေနျခင္းလည္း မရွိပါဘူး။ ေလ့လာခဲ့တဲ့ စံုတြဲေတြထဲက ၂၈ ရာခုိင္ႏႈန္းက ဒီလုိအိပ္စက္ၾကပါတယ္။ ဒါဟာ ကိုယ့္ကိုယ္ကိုယ္ေရာ ကိုယ့္ရဲ႕ အိမ္ေထာင္ငေရးအေပၚေရာ ယံုၾကည္စိတ္ခ်မႈကို ျပပါတယ္တဲ့။
၂။ စိတ္ေအးလက္ေအး
ေက်ာေပးၿပီး တစ္ဦးနဲ႔တစ္ဦး ထိၿပီး အိပ္တဲ့နည္းပါ။ ဒါကို စံုတြဲ ၁၈ ရာခုိင္ႏႈန္းမွာ ေတြ႕ရေလ့ရွိပါတယ္။ အမ်ားအားျဖင့္ ခ်စ္စၾကင္စေတြမွာ ေတြ႕ရတတ္တယ္လို႔ ဆုိပါတယ္။ ဒါဟာ ႏွစ္ဘက္စလံုးက ကိုယ့္ရဲ႕ အိမ္ေထာင္ေရးအေပၚ စိတ္ေအးလက္ေအး ရွိေနတဲ့သေဘာပါ။
၃။ ဂ႐ုစိုက္ျခင္း

တစ္ဦးက ေက်ာေပးၿပီး တစ္ဦးက ေနာက္ကေန သိုင္းဖက္ၿပီး အိပ္တဲ့နည္းပါ။ တစ္ဦးက တျခားတစ္ဦးကို ေစာင့္ေရွာက္ကာကြယ္ေပးေနတယ္လို႔ ဆုိလိုတာပါ။ စံုတြဲ ၁၈ ရာခုိင္ႏႈန္းမွာ ေတြ႕ရပါတယ္။
၄။ ခ်စ္ျခင္းနဲ႔ ထံုးဖြဲ႕မႈ
မ်က္ႏွာခ်င္းဆုိင္ၿပီး တစ္ဦးနဲ႔တစ္ဦး ၁၀ မိနစ္ေလာက္ ေပြ႕ဖက္အိပ္တယ္။ ၿပီးေတာ့ သီးျခားဆီ ျဖစ္သြားတယ္။ စံုတြဲ ၈ ရာခုိင္ႏႈန္းမွာ ေတြ႕ရၿပီး ႏွစ္ဖက္စလံုးက ရင္းႏွီးခ်စ္ခင္မႈရွိသလို အမွီအခုိလည္း ကင္းပါတယ္။ ဒါဟာ စံုတြဲေတြမွာ အေကာင္းဆံုး အေနအထားပါပဲ။
၅။ အိပ္ရာစကားဝုိင္း
မ်က္ႏွာခ်င္းဆုိင္အိပ္ၿပီး ထိေတြ႕ျခင္းမရွိတဲ့ အိပ္နည္းပါ။ စံုတြဲ ၇ ရာခုိင္ႏႈန္းမွာ ေတြ႕ရတတ္ပါတယ္။ ညဘက္ေတြမွာ အခ်ိန္မေရြး ထၿပီး စကားေျပာဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ပံုစံျဖစ္ၿပီး ဒါဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ခင္ၾကင္နာမႈေတာ့ လိုအပ္တယ္ဆုိတာ ျပေနပါတယ္။
မ်က္ႏွာခ်င္းဆုိင္ တစ္ဦးနဲ႔ တစ္ဦး ေျခတင္ၿပီး အိပ္တဲ့ပံုစံျဖစ္ပါတယ္။ ဒီလို အိပ္ပံုအိပ္နည္းကို စံုတြဲ ၄ ရာခိုင္ႏႈန္းမွာ ေတြ႕ရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္ၾကၿပီး ဘယ္ေတာ့မွ မခြဲေတာ့မယ့္ သူေတြလုိပါပဲ။
၇။ စူပါဟီး႐ိုး
တစ္ေယာက္က ေျခကားယားလက္ကားယားအိပ္ၿပီး တျခားတစ္ေယာက္မွာေတာ့ ေနရာက်ဥ္းက်ဥ္းေလးမွာ အိပ္ေနရတာပါ။ ဒိီလိုအိပ္စက္နည္းကို စံုတြဲ ၂ ရာခုိင္ႏႈန္းမွာ ေတြ႕ရၿပီး တစ္ဦးက အရာရာကို လက္ဝါးႀကီးအုပ္ထားၿပီး ေနာက္တစ္ဦးကေတာ့ သာမညေနရာမွာပဲ အျမဲေနရတဲ့သေဘာပါ။
၈။ ခ်စ္စိတ္မႊန္

တစ္ဦးရဲ႕ရင္ခြင္ထဲ တစ္ဦးက ဝင္အိပ္ေနတဲ့ ပံုစံပါ။ ၾကည္ႏူးဖြယ္ လန္းဆန္းတဲ့ ခ်စ္ခင္မႈျဖစ္ၿပီး စံုတြဲ ၁ ရာခုိင္ႏႈန္းမွာသာ ေတြ႕ရပါတယ္။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှစ်ယောက်အတူ အိပ်စက်ကြတဲ့ပုံစံတွေကို လေ့လာထားတာပါ။အခုဖော်ပြမှာတွေကတော့ အများဆုံး လေ့လာတွေ့ရှိထားတဲ့ နှစ်ကိုယ်တူ အိပ်စက်နည်းတွေနဲ့ တွေ့ရှိမှု ရာခိုင်နှုန်းတွေ ဖြစ်ပါတယ်။ အိပ်စက်ပုံ အိပ်စက်နည်းကို ကြည့်ပြီးတော့လည်း သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး သို့မဟုတ် အချစ်ရေးကိုလည်း အကဲဖြတ်နိုင်ပါတယ်။
၁။ လွတ်လွတ်လပ်လပ်
အိပ်စက်နည်းကတော့ ကျောပေးပြီး တစ်ဦးနဲ့ တစ်ဦး ထိနေခြင်းလည်း မရှိပါဘူး။ လေ့လာခဲ့တဲ့ စုံတွဲတွေထဲက ၂၈ ရာခိုင်နှုန်းက ဒီလိုအိပ်စက်ကြပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ အိမ်ထောင်ငရေးအပေါ်ရော ယုံကြည်စိတ်ချမှုကို ပြပါတယ်တဲ့။
၂။ စိတ်အေးလက်အေး
ကျောပေးပြီး တစ်ဦးနဲ့တစ်ဦး ထိပြီး အိပ်တဲ့နည်းပါ။ ဒါကို စုံတွဲ ၁၈ ရာခိုင်နှုန်းမှာ တွေ့ရလေ့ရှိပါတယ်။ အများအားဖြင့် ချစ်စကြင်စတွေမှာ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ နှစ်ဘက်စလုံးက ကိုယ့်ရဲ့ အိမ်ထောင်ရေးအပေါ် စိတ်အေးလက်အေး ရှိနေတဲ့သဘောပါ။
၃။ ဂရုစိုက်ခြင်း

တစ်ဦးက ကျောပေးပြီး တစ်ဦးက နောက်ကနေ သိုင်းဖက်ပြီး အိပ်တဲ့နည်းပါ။ တစ်ဦးက တခြားတစ်ဦးကို စောင့်ရှောက်ကာကွယ်ပေးနေတယ်လို့ ဆိုလိုတာပါ။ စုံတွဲ ၁၈ ရာခိုင်နှုန်းမှာ တွေ့ရပါတယ်။
၄။ ချစ်ခြင်းနဲ့ ထုံးဖွဲ့မှု
မျက်နှာချင်းဆိုင်ပြီး တစ်ဦးနဲ့တစ်ဦး ၁၀ မိနစ်လောက် ပွေ့ဖက်အိပ်တယ်။ ပြီးတော့ သီးခြားဆီ ဖြစ်သွားတယ်။ စုံတွဲ ၈ ရာခိုင်နှုန်းမှာ တွေ့ရပြီး နှစ်ဖက်စလုံးက ရင်းနှီးချစ်ခင်မှုရှိသလို အမှီအခိုလည်း ကင်းပါတယ်။ ဒါဟာ စုံတွဲတွေမှာ အကောင်းဆုံး အနေအထားပါပဲ။
၅။ အိပ်ရာစကားဝိုင်း
မျက်နှာချင်းဆိုင်အိပ်ပြီး ထိတွေ့ခြင်းမရှိတဲ့ အိပ်နည်းပါ။ စုံတွဲ ၇ ရာခိုင်နှုန်းမှာ တွေ့ရတတ်ပါတယ်။ ညဘက်တွေမှာ အချိန်မရွေး ထပြီး စကားပြောဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံဖြစ်ပြီး ဒါဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြင်နာမှုတော့ လိုအပ်တယ်ဆိုတာ ပြနေပါတယ်။
မျက်နှာချင်းဆိုင် တစ်ဦးနဲ့ တစ်ဦး ခြေတင်ပြီး အိပ်တဲ့ပုံစံဖြစ်ပါတယ်။ ဒီလို အိပ်ပုံအိပ်နည်းကို စုံတွဲ ၄ ရာခိုင်နှုန်းမှာ တွေ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး ဘယ်တော့မှ မခွဲတော့မယ့် သူတွေလိုပါပဲ။
၇။ စူပါဟီးရိုး
တစ်ယောက်က ခြေကားယားလက်ကားယားအိပ်ပြီး တခြားတစ်ယောက်မှာတော့ နေရာကျဉ်းကျဉ်းလေးမှာ အိပ်နေရတာပါ။ ဒီလိုအိပ်စက်နည်းကို စုံတွဲ ၂ ရာခိုင်နှုန်းမှာ တွေ့ရပြီး တစ်ဦးက အရာရာကို လက်ဝါးကြီးအုပ်ထားပြီး နောက်တစ်ဦးကတော့ သာမညနေရာမှာပဲ အမြဲနေရတဲ့သဘောပါ။
၈။ ချစ်စိတ်မွှန်

တစ်ဦးရဲ့ရင်ခွင်ထဲ တစ်ဦးက ဝင်အိပ်နေတဲ့ ပုံစံပါ။ ကြည်နူးဖွယ် လန်းဆန်းတဲ့ ချစ်ခင်မှုဖြစ်ပြီး စုံတွဲ ၁ ရာခိုင်နှုန်းမှာသာ တွေ့ရပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top