iMyanmarHouse.com - Best Property Website for Myanmar
×

၁ - စျပီး ဂရုမစိုက္ေတာ့ဘူး

စကားေျပာေနရင္းနဲ႔ ရုတ္တရက္ ဂရုမစိုက္သလို လုပ္တတ္ပါတယ္။ အထူးသျဖင့္ ေယာက်္ားေလးအေၾကာင္းပါလာရင္ သူ႔ဘက္က ဂရုမစိုက္သလိုပံုစံမ်ိဳးနဲ႔ ဘာမွကို မေျပာေတာ့ပါဘူး။

၂ - အဆက္အသြယ္ျဖတ္

သဝန္တိုတယ္ဆုိတာ ကိုယ့္မွာရွိတာ တစ္ခုခုကို ဆံုးရႈံးႏုိင္တယ္ဆုိတဲ့ ျခိမ္းေျခာက္မႈနဲ႔ ၾကံဳရတာ ျဖစ္ပါတယ္။ ဒီျပႆနာကို ကိုင္တြယ္ဖို႔ဆိုရင္ ျခိမ္းေျခာက္ခံရတဲ့ အရာရဲ႕ အေဝးမွာ ေနတာျဖစ္ပါတယ္။ သူတို႔သဝန္တိုမႈျဖစ္ေစတဲ့ လူေတြ၊ ပတ္ဝန္းက်င္ေတြဆီ သင့္ကို ေခၚမသြားေတာ့ပါဘူး။

၃ - ဂရုစိုက္

ဂရုစိုက္ခံရတာကို မိန္းကေလးတုိင္းႏွစ္သက္ပါတယ္။ ဒါေပမဲ့ စိတ္ေရာဂါရွင္တစ္ေယာက္လို ကိုယ့္ကိုယ္စြဲလန္းေနတာၾကီးကေတာ့ ဘယ္လိုမွ လက္မခံႏုိင္ပါဘူး။ ဘယ္သြားလဲ၊ ဘာလုပ္လဲ၊ ဘယ္သူနဲ႔ရွိလဲဆိုတာကို သာမန္ထက္ကို သူ႔ဘက္က ပိုဂရုစိုက္လာပါတယ္။

၄ - အျပစ္တင္

သဝန္တိုတဲ့အခါ သင့္ကို အျပစ္တင္တာေတြလုပ္လာပါတယ္။ ဘာမဟုတ္တဲ့အေၾကာင္းေလးေတြနဲ႔ သင့္ကို အျပစ္တင္ပါတယ္။ အျပစ္တင္ရမယ့္ကိစၥဆိုရင္လည္း လိုတာထက္ပိုျပီး ေျပာဆိုတာေတြလုပ္ပါတယ္။

၅ - သိရခက္တဲ့လကၡဏာ

ေယာက်ာ္းတစ္ေယာက္သဝန္တိုမႈ ျဖစ္ေပၚလာတာဟာ သူ႔ကိုယ္သူ ေလးစားမႈ ေလ်ာ့က်လာတာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ဥပမာ- သူ႔ထက္ တစ္ခုခု သာတယ္လို႔ ထင္တဲ့လူနဲ႔ သင္ အတူရွိတာကို မၾကိဳက္တာမ်ိဳးပါ။ ဒီလိုခံစားေနရတာကို သူတို႔ဘက္က ပြင့္ပြင့္လင္းလင္း ထုတ္မျပတတ္တာေၾကာင့္ ဘာျဖစ္မွန္း မသိဘူးျဖစ္ေနတတ္ပါတယ္။ ဒီခံစားခ်က္ကို သင့္ဘက္က နားမလည္ရင္ေတာ့ သင္တို႔ျပႆနာဟာ တအံု႔ေႏြးေႏြး ျဖစ္ေနတတ္ပါတယ္။

၆ - ေထ့ေငါ့မႈ

သူ႕ဘက္က ေထ့တာေငါ့တာေတြ လုပ္ပါမယ္။ သင့္ဘက္က ေဒါသထြက္ျပီး ေျပာဆုိတဲ့အခါမွာလည္း ျပန္မေျပာဘဲ ျငိမ္ခံေနတတ္ပါတယ္။ ဒီလိုအေျခအေနက သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးမွာ သူ႔အတြက္ အာမခံခ်က္မရွိဘူးလို႔ ခံစားရတဲ့အခ်ိန္မွာ ထြက္ေပၚလာတာပါ။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁ - စပြီး ဂရုမစိုက်တော့ဘူး

စကားပြောနေရင်းနဲ့ ရုတ်တရက် ဂရုမစိုက်သလို လုပ်တတ်ပါတယ်။ အထူးသဖြင့် ယောကျ်ားလေးအကြောင်းပါလာရင် သူ့ဘက်က ဂရုမစိုက်သလိုပုံစံမျိုးနဲ့ ဘာမှကို မပြောတော့ပါဘူး။

၂ - အဆက်အသွယ်ဖြတ်

သဝန်တိုတယ်ဆိုတာ ကိုယ့်မှာရှိတာ တစ်ခုခုကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။ ဒီပြဿနာကို ကိုင်တွယ်ဖို့ဆိုရင် ခြိမ်းခြောက်ခံရတဲ့ အရာရဲ့ အဝေးမှာ နေတာဖြစ်ပါတယ်။ သူတို့သဝန်တိုမှုဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေဆီ သင့်ကို ခေါ်မသွားတော့ပါဘူး။

၃ - ဂရုစိုက်

ဂရုစိုက်ခံရတာကို မိန်းကလေးတိုင်းနှစ်သက်ပါတယ်။ ဒါပေမဲ့ စိတ်ရောဂါရှင်တစ်ယောက်လို ကိုယ့်ကိုယ်စွဲလန်းနေတာကြီးကတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဘယ်သွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့ရှိလဲဆိုတာကို သာမန်ထက်ကို သူ့ဘက်က ပိုဂရုစိုက်လာပါတယ်။

၄ - အပြစ်တင်

သဝန်တိုတဲ့အခါ သင့်ကို အပြစ်တင်တာတွေလုပ်လာပါတယ်။ ဘာမဟုတ်တဲ့အကြောင်းလေးတွေနဲ့ သင့်ကို အပြစ်တင်ပါတယ်။ အပြစ်တင်ရမယ့်ကိစ္စဆိုရင်လည်း လိုတာထက်ပိုပြီး ပြောဆိုတာတွေလုပ်ပါတယ်။

၅ - သိရခက်တဲ့လက္ခဏာ

ယောကျာ်းတစ်ယောက်သဝန်တိုမှု ဖြစ်ပေါ်လာတာဟာ သူ့ကိုယ်သူ လေးစားမှု လျော့ကျလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- သူ့ထက် တစ်ခုခု သာတယ်လို့ ထင်တဲ့လူနဲ့ သင် အတူရှိတာကို မကြိုက်တာမျိုးပါ။ ဒီလိုခံစားနေရတာကို သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူးဖြစ်နေတတ်ပါတယ်။ ဒီခံစားချက်ကို သင့်ဘက်က နားမလည်ရင်တော့ သင်တို့ပြဿနာဟာ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။

၆ - ထေ့ငေါ့မှု

သူ့ဘက်က ထေ့တာငေါ့တာတွေ လုပ်ပါမယ်။ သင့်ဘက်က ဒေါသထွက်ပြီး ပြောဆိုတဲ့အခါမှာလည်း ပြန်မပြောဘဲ ငြိမ်ခံနေတတ်ပါတယ်။ ဒီလိုအခြေအနေက သင်တို့နှစ်ယောက်ဆက်ဆံရေးမှာ သူ့အတွက် အာမခံချက်မရှိဘူးလို့ ခံစားရတဲ့အချိန်မှာ ထွက်ပေါ်လာတာပါ။

Credit : duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top