iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ။ ညအခ်ိန္မွာ ဓါတ္ေလွကားနဲ႔ အထပ္ျမင့္ အေဆာက္အဦကို လူစိမ္းေယာက်ာ္း တစ္ဦးနဲ႔ ႏွစ္ေယာက္တည္း တူတူတက္ရဖို႔ အေျခအေနႀကံဳလာခဲ့မယ္ဆိုရင္…

ေလ့လာေတြ႕ရွိမႈမ်ား၊ ကၽြမ္းက်င္သူမ်ားရဲ့ အဆိုအရ ဓါတ္ေလွကားထဲကုိ ဝင္လိုက္ပါ… ၿပီးရင္ ကိုယ္သြားရမယ့္ အထပ္ထိ အထပ္တိုင္းရဲ့ ခလုတ္ကို အကုန္ႏွိပ္လိုက္ပါ… ဥပမာ ကုိယ္သြား ရမယ့္အထ ပ္က ၉ လႊာဆိုရင္ ၁ကေန ၉ အထိ အကုန္ႏွိပ္ထားလိုက္ပါ… အထပ္တိုင္းမွာ ရပ္မယ့္ ပြင့္မယ့္ ဓါတ္ေလွကားထဲမွာ သင့္ကုိဘယ္သူကမွ တစံုတရာ ထိခုိက္ေအာင္ ျပဳလုပ္ရဲမွာ မဟုတ္ပါဘူး….

၂။ ။ မိမိတစ္ေယာက္တည္း အိမ္မွာ ရွိေနစဥ္ လူစိမ္းတစ္ဦးဝင္လာၿပီး ကုိယ့္ကို တစံုတရာ ဒုကၡေပးဖို႔ ဝင္လာခဲ့မယ္ဆိုရင္…

ကၽြမ္းက်င္သူမ်ားရဲ့ အဆိုအရ မီးဖိုထဲကိုေျပးပါ… ဘာလို႔လဲဆိုေတာ့ ျငဳတ္သီးမႈန္႔ ဘယ္မွာထား တယ္… ဓါးကဘယ္ေနရာမွာ ထားတယ္ဆိုတာကို သင္က လူစိမ္းထက္ပိုသိလို႔ပါပဲ… ဒီပစၥည္းေတြ က လူတစ္ေယာက္ကို ထိထိေရာက္ေရာက္ တိုက္ခုိက္ႏုိင္တဲ့ လက္နက္ေတြ ျဖစ္ တဲ့အတြက္ မိမိ ကုိယ္ကို ခုခံႏုိင္ေအာင္ အခြင့္အေရးမ်ားစြာ ရေစမွာ ျဖစ္လို႔ပါပဲ… ဒါမွမဟုတ္ အိုးခြက္ပန္းကန္ေတြနဲ႔ ပစ္ေပါက္ၿပီး ေအာ္ဟစ္အကူအညီေတာင္းဖို႔ အခ်ိန္တစ္ခု ရေစႏုိင္ပါတယ္… သင့္ရဲ့ေအာ္ဟစ္ အကူအညီေတာင္းသံဟာ ခုိးေၾကာင္ခုိးဝွက္ဝင္လာသူ ဒုစရိုက္သားေတြ အတြက္ အေၾကာက္ဆံုးအရာ တစ္ခုဆိုတာ မေမ့ပါနဲ႔…

၃။ ။ ညအခ်ိန္မေတာ္ တစ္ေယာက္တည္း Taxi စီးရဖို႔ ျဖစ္လာခဲ့ရင္…

ေလ့လာေတြ႕ရွိမႈမ်ား၊ ကၽြမ္းက်င္သူမ်ားရဲ့ အဆိုအရ ကားထဲကို မဝင္ခင္ ကားနံပတ္ကို မွတ္သား ထားပါ… ၿပီးရင္ ကိုယ့္ရဲ့မိသားစု ဒါမွမဟုတ္ သူငယ္ခ်င္း တစ္ဦးဆီကုိ ဖုန္းဆက္ၿပီး မိမိ ဘယ္ကား နံပတ္၊ ဘာကားအေရာင္နဲ႔ ဘယ္အခ်ိန္ ဘယ္ေနရာကေန Taxi စီးလာၿပီ ျဖစ္ေၾကာင္း ကားဒရိုင္ဘာ နားလည္တဲ့ ဘာသာစကားနဲ႔ ဖုန္းေျပာပါ… တကယ္လို႔ ဘယ္သူ႔ကိုမွ ဖုန္းေခၚလို႔ မရလည္း ဖုန္းဆက္လို႔ ရတဲ့ ပံုစံနဲ႔ ဟန္ေဆာင္ ေျပာပါ… ကားဒရိုင္ဘာဟာ သူ႔ရဲ့ အခ်က္အ လက္ေတြ ကို ေနာက္ ထပ္သိတဲ့ လူတစ္ဦးဦးရွိေနေၾကာင္း သိေနတဲ့အတြက္ မေကာင္းမႈ တစံုတခု လုပ္ဖို႔ အေတာ္ ဝန္ေလးသြားပါလိမ့္မယ္… သင့္ကုိ မေကာင္းတာ တခုခုလုပ္ရင္ သူ႔မွာလည္း ဒုကၡေရာက္ႏုိင္ တာေၾကာင့္ သင့္သြားလိုတဲ့ေနရာကုိသာ တန္းတန္းမတ္မတ္ ပို႔ေပးပါလိမ့္မယ္… ဒီလိုနည္းနဲ႔ Potential Attacker တစ္ေယာက္က သင့္ရဲ့ Protector တစ္ေယာက္ ျဖစ္သြား ပါလိမ့္မယ္…


၄။ ။ အကယ္၍ Taxi Driver က လူရွင္းတဲ့လမ္း သို႔မဟုတ္ သင္သြားမယ့္ ေနရာနဲ႔ မဆုိင္တဲ့လမ္း ထဲကိုေမာင္းဝင္သြားခဲ့ရင္… သင္အႏၱရာယ္ ဧရိယာထဲေရာက္ရွိေနၿပီလို႔ ခံစားရရင္…

ေလ့လာေတြ႕ရွိမႈမ်ား၊ ကၽြမ္းက်င္သူမ်ားရဲ့ အဆိုအရ သင့္လက္ကိုင္အိတ္ရဲ့ လက္ကိုင္ သို႔မဟုတ္ လည္ပင္းမွာ ပတ္တဲ့ ပဝါအရွည္ကို အသံုးျပဳၿပီး ကားေမာင္းသူရဲ့ လည္ပင္းကို ေနာက္ကေန ရစ္ၿပီး ခပ္တင္းတင္း ဆြဲထားလိုက္ပါ… သင့္မွာ လက္ကိုင္အိတ္ေရာ ပဝါရွည္လို လည္ပင္းကုိ ရစ္ႏုိင္တဲ့ ပစၥည္းတစ္ခုမွ မပါရင္ေတာ့ ကားေမာင္းသူရဲ့ အက်ႌေကာ္လံႏွစ္ဖက္ကေနကုိင္ၿပီး ခံုေနာက္ကေန တင္းတင္းဆြဲထားလိုက္ပါ… အက်ႌအေပၚဆံုး ၾကယ္သီးက ခုနက ပစၥည္းေတြလိုပဲ ကားေမာင္းသူကို လည္ပင္းအစ္ေစၿပီး သင့္ကို အႏၱရာယ္က လြတ္ဖို႔ အခြင့္အေရးတခုခု ရရွိေစႏုိင္ပါတယ္…

၅။ ။ ညအခ်ိန္ တစ္ေယာက္ေယာက္ ေနာက္ကေန လိုက္ျခင္းခံရရင္…

ကၽြမ္းက်င္သူမ်ားရဲ့ အဆိုအရ ဆိုင္တစ္ဆုိင္ ဒါမွမဟုတ္ အိမ္တစ္အိမ္ထဲကို ဝင္လိုက္ပါ… သင္ႀကံဳေတြ႕ေန ရတဲ့ အခက္အခဲကို ရွင္းျပၿပီး အကူအညီရယူပါ… ညဥ့္နက္လို႔ ဆိုင္ေတြလည္း မဖြင့္၊ အိမ္ထဲလဲ ဝင္ဖို႔ မလြယ္ကူရင္ ATM စက္ခန္းထဲကို ဝင္လိုက္ပါ… ATM box ေတြတုိင္းလိုလုိ လံုျခံဳေရး Camera တပ္ဆင္ထားၿပီး၊ ေစာင့္ၾကည့္ေနတဲ့ လံုၿခံဳေရးအၿမဲရွိေနတတ္တဲ့ အတြက္ပါပဲ… လူသိမခံလိုတဲ့ ဒုစရိုုက္သမားေတြအတြက္ ဒီလိုျပဳလုပ္ျခင္းမ်ားဟာ သင့္အတြက္ လံုၿခံဳမႈျဖစ္ေစ မွာ ျဖစ္ပါတယ္…

ေမာင္စိုင္း


Credit: ကေနာင္

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်…

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ… ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ… ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ… အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး….

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်…

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ… ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်… ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ… ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ… ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်… သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့…

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်…

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ… ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ… တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ… ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်… သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်… ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်…


၄။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်… သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်…

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ… သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အကျႌကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ… အကျႌအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်…

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်…

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ… သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ… ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ… ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ… လူသိမခံလိုတဲ့ ဒုစရိုုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်…

မောင်စိုင်း


Credit: ကနောင်



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top