iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြအေနနဲ႔ ျပင္ပခႏၶာကုိယ္နဲ႔ ႐ုပ္ပုိင္းဆုိင္ရာကုိသာလွ်င္ သိရွိလုိက္စားေနလုိ႔ မျဖစ္ပါဘူး။ မိမိရဲ႕ ငယ္ပါ အေျပာင္းအလဲေတြကိုလည္း သတိထားေနရပါမယ္။ ဒါမွလည္း မလုိအပ္တဲ့ ေရာဂါဆုိးေတြကုိ ကာကြယ္နုိင္မွာ ျဖစ္ပါတယ္။

(၁) ေ၀ွးေစ့မွာ နာက်င္မႈမရွိသည့္ အဖုအပိမ့္ေတြ႕လွ်င္

NHS ရဲ႕ အဆုိအရေတာ့ ဒီလကၡဏာဟာ ေ၀ွးေစ့ကင္ဆာရဲ႕ ေရာဂါလကၡဏာေတြ ျဖစ္ပါတယ္။ အဖု႔အပိမ့္ဟာ တစ္ခုတည္းျဖစ္ေစ၊ ႏွစ္ခုသုံးခုမက ျဖစ္ေစ ကင္ဆာသာဆုိလွ်င္ နာက်င္မႈ မရွိပါဘူး။ လက္နဲ႔စမ္းၾကည့္ရင္ မာေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ အခု စမ္းလုိ႔ေတြ႕ရင္ အခုပဲ ဆရာ၀န္နဲ႔ ျပသတုိင္ပင္ရမယ့္ အေနအထားျဖစ္ပါတယ္။

(၂) ပုံမွန္ထက္ ေကြးျခင္းညႊတ္ျခင္း ျဖစ္လာလွ်င္

လိင္အဂၤါေထာင္မက္တဲ့အခါ မိမိရဲ႕မ်ိဳးပြားအဂၤါဟာ သာမန္နဲ႔မတူဘဲ အျခားဘက္သို႔ေသာ္လည္ေကာင္း၊ လက္ရွိ အေနအထားထက္ သိသိသာသာေကြးေကာက္ျခင္း ျဖစ္ေနတယ္ဆုိရင္လည္း ဆရာ၀န္နဲ႔ အျမန္ဆုံးတုိင္ပင္သင့္ပါတယ္။ ဒီအေျခအေနမွာ အေရျပားကုိ လက္နဲ႔စမ္းၾကည့္တဲ့အခါ သာမန္ထက္ မာေနတာကိုလည္း ေတြ႕ရနုိင္ပါတယ္။ ဒီအေျခအေနဟာ လိင္အဂၤါနဲ႔ပတ္သက္တဲ့ Peyronie ေရာဂါလကၡဏာျဖစ္ပါတယ္။

(၃) နာက်င္ေနလွ်င္

လိင္အဂၤါ၊ ေ၀ွးေစ စသည္တုိ႔ကုိ လက္နဲ႔စမ္းလုိက္တာနဲ႔ စမ္းတဲ့ေနရာတုိင္း နာျခင္း၊ ထုံျခင္း၊ က်ဥ္ျခင္းမ်ား ခံစားေနရပါကလည္း မေပါ့ဆသင့္ပါ။ ဒီလုိ ႐ုတ္တရက္ မူမမွန္တဲ့နာက်င္မႈေတြကုိ သိရွိခံစားရျခင္းဟာ ဆီးႀကိတ္၊ သုိ႔မဟုတ္ ဆီးႀကိတ္ ကင္ဆာနဲ႔ ဆက္စပ္ေနပါတယ္။

(၄) ဆီးသြားရာမွာ နာက်င္ျခင္း

ဆီးသြားရမွာ နာက်င္ျခင္း၊ မခံရပ္ႏုိင္ေအာင္ နာက်ဥ္ျခင္းမ်ား ျဖစ္ပါကလည္း ဆီးႀကိတ္၊ ဆီးေက်ာက္နဲ႔ ဆက္စပ္ေနတယ္လုိ႔ ယူဆလုိ႔ရပါတယ္။ တစ္ခါတရံမွာလည္း ဘက္တီးရီးယားေတြေၾကာင့္ ဆီးလမ္းေၾကာင္း ေယာင္ရမ္းျခင္းျဖစ္ၿပီး ဆီးေၾကာပိတ္တာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ ဆီးႀကိတ္ေယာင္ျခင္း၊ ဆီးေက်ာက္ပမာဏ ႀကီးထြားလာျခင္းေတြနဲ႔ ဆက္စပ္ေနပါတယ္။

(၅) လိင္အဂၤါအေရျပားထိပ္ပုိင္း တင္းၾကပ္ေနတယ္လုိ႔ ခံစားရရင္

ေနရင္းထုိင္ရင္းပဲျဖစ္ျဖစ္၊ စမ္းသပ္လုိ႔ပဲျဖစ္ျဖစ္ မိမိရဲ႕ လိင္အဂၤါထိပ္ပုိင္း တင္းၾကပ္ေနတယ္၊ သက္ေတာင့္သက္သာ မရွိဘူးလုိ႔ ယူဆရတဲ့အေနအထားဟာ Lichen Sclerosus လုိ႔ေခၚတဲ့ ေရာဂါနဲ႔ ဆက္စပ္ေနပါတယ္။ ဒါဟာ ဟုိမုန္းမညီမွ်ျခင္းရဲ႕ သက္ေရာက္မႈ ျဖစ္တတ္ၿပီး၊ ကင္ဆာေရာဂါနဲ႔လည္း အဆက္အစပ္ ျဖစ္ေနတတ္ပါတယ္။

Credit : shwemom

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

အမျိုးသားတွေအနေနဲ့ ပြင်ပခန္ဓာကိုယ်နဲ့ ရုပ်ပိုင်းဆိုင်ရာကိုသာလျှင် သိရှိလိုက်စားနေလို့ မဖြစ်ပါဘူး။ မိမိရဲ့ ငယ်ပါ အပြောင်းအလဲတွေကိုလည်း သတိထားနေရပါမယ်။ ဒါမှလည်း မလိုအပ်တဲ့ ရောဂါဆိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၁) ဝှေးစေ့မှာ နာကျင်မှုမရှိသည့် အဖုအပိမ့်တွေ့လျှင်

NHS ရဲ့ အဆိုအရတော့ ဒီလက္ခဏာဟာ ဝှေးစေ့ကင်ဆာရဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်။ အဖု့အပိမ့်ဟာ တစ်ခုတည်းဖြစ်စေ၊ နှစ်ခုသုံးခုမက ဖြစ်စေ ကင်ဆာသာဆိုလျှင် နာကျင်မှု မရှိပါဘူး။ လက်နဲ့စမ်းကြည့်ရင် မာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အခု စမ်းလို့တွေ့ရင် အခုပဲ ဆရာဝန်နဲ့ ပြသတိုင်ပင်ရမယ့် အနေအထားဖြစ်ပါတယ်။

(၂) ပုံမှန်ထက် ကွေးခြင်းညွှတ်ခြင်း ဖြစ်လာလျှင်

လိင်အင်္ဂါထောင်မက်တဲ့အခါ မိမိရဲ့မျိုးပွားအင်္ဂါဟာ သာမန်နဲ့မတူဘဲ အခြားဘက်သို့သော်လည်ကောင်း၊ လက်ရှိ အနေအထားထက် သိသိသာသာကွေးကောက်ခြင်း ဖြစ်နေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။ ဒီအခြေအနေမှာ အရေပြားကို လက်နဲ့စမ်းကြည့်တဲ့အခါ သာမန်ထက် မာနေတာကိုလည်း တွေ့ရနိုင်ပါတယ်။ ဒီအခြေအနေဟာ လိင်အင်္ဂါနဲ့ပတ်သက်တဲ့ Peyronie ရောဂါလက္ခဏာဖြစ်ပါတယ်။

(၃) နာကျင်နေလျှင်

လိင်အင်္ဂါ၊ ဝှေးစေ စသည်တို့ကို လက်နဲ့စမ်းလိုက်တာနဲ့ စမ်းတဲ့နေရာတိုင်း နာခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်းများ ခံစားနေရပါကလည်း မပေါ့ဆသင့်ပါ။ ဒီလို ရုတ်တရက် မူမမှန်တဲ့နာကျင်မှုတွေကို သိရှိခံစားရခြင်းဟာ ဆီးကြိတ်၊ သို့မဟုတ် ဆီးကြိတ် ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။

(၄) ဆီးသွားရာမှာ နာကျင်ခြင်း

ဆီးသွားရမှာ နာကျင်ခြင်း၊ မခံရပ်နိုင်အောင် နာကျဉ်ခြင်းများ ဖြစ်ပါကလည်း ဆီးကြိတ်၊ ဆီးကျောက်နဲ့ ဆက်စပ်နေတယ်လို့ ယူဆလို့ရပါတယ်။ တစ်ခါတရံမှာလည်း ဘက်တီးရီးယားတွေကြောင့် ဆီးလမ်းကြောင်း ယောင်ရမ်းခြင်းဖြစ်ပြီး ဆီးကြောပိတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဆီးကြိတ်ယောင်ခြင်း၊ ဆီးကျောက်ပမာဏ ကြီးထွားလာခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။

(၅) လိင်အင်္ဂါအရေပြားထိပ်ပိုင်း တင်းကြပ်နေတယ်လို့ ခံစားရရင်

နေရင်းထိုင်ရင်းပဲဖြစ်ဖြစ်၊ စမ်းသပ်လို့ပဲဖြစ်ဖြစ် မိမိရဲ့ လိင်အင်္ဂါထိပ်ပိုင်း တင်းကြပ်နေတယ်၊ သက်တောင့်သက်သာ မရှိဘူးလို့ ယူဆရတဲ့အနေအထားဟာ Lichen Sclerosus လို့ခေါ်တဲ့ ရောဂါနဲ့ ဆက်စပ်နေပါတယ်။ ဒါဟာ ဟိုမုန်းမညီမျှခြင်းရဲ့ သက်ရောက်မှု ဖြစ်တတ်ပြီး၊ ကင်ဆာရောဂါနဲ့လည်း အဆက်အစပ် ဖြစ်နေတတ်ပါတယ်။


Credit : shwemom


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top