iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ဳိးကပ္ေနတဲ့ သြားေခ်းေတြ ရွင္းထုတ္ေတာ့မယ္ဆိုရင္ သြားဆရာဝန္ေတြ ကြ်မ္းက်င္ ပုိင္ႏုိင္စြာ လုပ္ႏုိင္တယ္ဆိုတာ သိရိွၾကတယ္။ ဒါေပမယ့္လို႔ သဘာ၀နည္းအသုံးျပဳျပီး သြားေခ်းေတြ ရွင္းလင္းႏုိင္တ့ဲ နည္းလမ္းမ်ားစြာရိွပါတယ္။

 ေဆးနည္း - ၁

လုိအပ္သည့္ပစၥည္းမ်ား

သစ္ၾကားသီးခြံ (၃၀) ဂရမ္

 ေရ

 ျပင္ဆင္မယ့္ နည္းလမ္း

သစ္ၾကားသီးခြံနဲ႔ ေရကို ဇလုံတစ္ခုထဲ ေရာထည့္ျပီး အဲဒါကို အခ်ိန္(၁၅) မိနစ္ၾကာ ျပဳတ္ေပးပါ။ ရရိွလာတဲ့ အဲဒီအရည္ထဲ သြားတုိက္တံကို ႏွစ္ျပီး သြားကို ၅ မိနစ္ခန္႔ တုိက္ခြ်တ္ေပးပါ။

အဲဒီနည္းအတုိင္း မနက္၊ ေန႔ခင္းနဲ႔ ညတြင္ ပုံမွန္ျပန္ျပန္လုပ္ေပးပါ။

 ေဆးနည္း - ၂

လုိအပ္သည့္ ပစၥည္းမ်ား

 ေနၾကာေစ့ ထမင္းစားဇြန္း (၄) ဇြန္း သံပုရာပြင့္

 ေရ ၁ လီတာ

 ျပင္ဆင္မယ့္နည္းလမ္း ပါ၀င္ပစၥည္းအားလံုးကုိ ဇလုံတစ္လုံးထဲ စုထည့္ ျပီး ေရကို ေနာက္ဆုံးမွေလာင္းထည့္ပါ။ ျပီးရင္ မီးအရိွန္ ေပ်ာ့ေပ်ာ့ေလးနဲ႔ နာရီဝက္ၾကာ ျပဳတ္ပါ။

ရလာတဲ့ အရည္ကိုသုံးျပီး ထမင္းစားျပီးတုိင္း သြားကို တုိက္ေပးရပါမယ္။

 ေဆးနည္း - ၃

 ပန္းသီးအရက္ ရွာလကာရည္ကိုလည္း သြားေခ်းတိုက္ခြ်တ္ဖုိ႔ အသုံးျပဳႏုိင္တယ္။ ဒါေပမယ့္ တစ္ပတ္တစ္ၾကိမ္သာ လုပ္ေပးသင့္ပါတယ္။ သြားတုိက္တံကို ပန္းသီးရွာလကာရည္ထဲနစ္ျပီး သြားကို ေဆးေၾကာ သန္႔စင္ေပးပါ။ သြားအေပၚယံေၾကြသားေတြ မပ်က္စီးေစဖို႔ရန္အတြက္ ခံတြင္းနံရံ ႏွံ႔စပ္ေအာင္ အရင္ ေဆးေၾကာသန္႔ေစေပးပါ။

Credit:Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချိုးကပ်နေတဲ့ သွားချေးတွေ ရှင်းထုတ်တော့မယ်ဆိုရင် သွားဆရာဝန်တွေ ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်နိုင်တယ်ဆိုတာ သိရှိကြတယ်။ ဒါပေမယ့်လို့ သဘာဝနည်းအသုံးပြုပြီး သွားချေးတွေ ရှင်းလင်းနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။

 ဆေးနည်း - ၁

လိုအပ်သည့်ပစ္စည်းများ

သစ်ကြားသီးခွံ (၃၀) ဂရမ်

 ရေ

 ပြင်ဆင်မယ့် နည်းလမ်း

သစ်ကြားသီးခွံနဲ့ ရေကို ဇလုံတစ်ခုထဲ ရောထည့်ပြီး အဲဒါကို အချိန်(၁၅) မိနစ်ကြာ ပြုတ်ပေးပါ။ ရရှိလာတဲ့ အဲဒီအရည်ထဲ သွားတိုက်တံကို နှစ်ပြီး သွားကို ၅ မိနစ်ခန့် တိုက်ချွတ်ပေးပါ။

အဲဒီနည်းအတိုင်း မနက်၊ နေ့ခင်းနဲ့ ညတွင် ပုံမှန်ပြန်ပြန်လုပ်ပေးပါ။

 ဆေးနည်း - ၂

လိုအပ်သည့် ပစ္စည်းများ

 နေကြာစေ့ ထမင်းစားဇွန်း (၄) ဇွန်း သံပုရာပွင့်

 ရေ ၁ လီတာ

 ပြင်ဆင်မယ့်နည်းလမ်း ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲ စုထည့် ပြီး ရေကို နောက်ဆုံးမှလောင်းထည့်ပါ။ ပြီးရင် မီးအရှိန် ပျော့ပျော့လေးနဲ့ နာရီဝက်ကြာ ပြုတ်ပါ။

ရလာတဲ့ အရည်ကိုသုံးပြီး ထမင်းစားပြီးတိုင်း သွားကို တိုက်ပေးရပါမယ်။

 ဆေးနည်း - ၃

 ပန်းသီးအရက် ရှာလကာရည်ကိုလည်း သွားချေးတိုက်ချွတ်ဖို့ အသုံးပြုနိုင်တယ်။ ဒါပေမယ့် တစ်ပတ်တစ်ကြိမ်သာ လုပ်ပေးသင့်ပါတယ်။ သွားတိုက်တံကို ပန်းသီးရှာလကာရည်ထဲနစ်ပြီး သွားကို ဆေးကြော သန့်စင်ပေးပါ။ သွားအပေါ်ယံကြွေသားတွေ မပျက်စီးစေဖို့ရန်အတွက် ခံတွင်းနံရံ နှံ့စပ်အောင် အရင် ဆေးကြောသန့်စေပေးပါ။


Credit:Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top