iMyanmarHouse.com - Best Property Website for Myanmar
×





#Unicode Version

ဒူးဆစ်များဒဏ်ရာဖြစ်တတ်သည်
ရာသီစက်ဝန်းအတွင်း သားဥ ကြွေချိန် (ovulation) (၁၄) ရက် မြောက်နေ့ဝန်းကျင်၌ ဒူးဆစ်လှုပ်ရှား မှုပြောင်းလဲခြင်း၊ လှုပ်ရှားမှုထိန်းချုပ်နိုင်စွမ်းနည်းပါးခြင်းတို့ကြောင့် ကိုယ် လက်လှုပ်ရှားမှုပြုသောအခါ ဒူးဆစ် များ ထိခိုက်ဒဏ်ရာရတတ်သည်။

သွားဖုံးပြဿနာဖြစ်တတ်သည်
ရာသီသွေးမပေါ်ခင်ရက်ပိုင်းအ လို၌ အီစတရိုဂျင်ဟော်မုန်းပမာဏ မြင့်တက်လာပြီး သွားဖုံးရောင်ခြင်း၊ သွားတိုက်လျှင် သွားဖုံးနာကျင်ခြင်း ဖြစ်တတ်သည်။ ထိုရက်များ၌ သွား နှုတ်ခြင်း၊သွားဖာခြင်းမပြုလုပ်သင့် ပါ။
ချောင်းဆိုးရင်ကျပ်တတ်သည်
ရာသီစက်ဝန်း(၁၀) ရက်မြောက် နေ့မှ (၂၂)ရက်မြောက်နေ့အထိ ချောင်းဆိုးရင်ကျပ်ခြင်း ဖြစ်တတ် သည်။ ရင်ကျပ်ဝေဒနာရှင်များ၊ ဆေး လိပ်သောက်သူများ၌ သားဥကြွေအ ပြီး (၁၄) မြောက်နေ့မှ (၁၆) ရက်နေ့ အတွင်း မကြာခဏချောင်းဆိုးတတ် သည်။ ထိုရက်များ၌ ဆေးလိပ် သောက်ခြင်းမပြုလုပ်သင့်ပါ။

အသုံးအဖြုန်းကြီးတတ်သည်
သားဥကြွေချိန်အနီးတဝိုက် တွင် အဝတ်လှလှ ဝတ်ချင်စိတ်ဖြစ် တတ်သည်။ အဝတ်အစားအသစ် ဝယ်ရန်လည်း စိတ်ဝင်စားသည်။ ရာသီစက်ဝန်း၏ (၈) ရက်မြောက်နေ့ မှ (၁၄) ရက်မြောက်နေ့အတွင်း အလှပြင်ရန် အချိန်ပိုယူခြင်း၊ အလှပြင်ပစ္စည်းများ ပိုမိုဝယ်ယူခြင်း တို့ အတွေ့ရများသည်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top