iMyanmarHouse.com - Best Property Website for Myanmar
×





#Unicode Version

ချိုင်းပတ်နံ့နံခြင်း၊  ချိုင်းချွေးစော်နံခြင်းတွေကို မျိုးဗီဇဆိုင်ရာ အချက်တွေနဲ့  တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းတွေက လွှမ်းမိုးမှုရှိပါတယ်။ ဒါပေမယ့် လျော့ပါးစေနိုင်တဲ့ နည်း လမ်းတွေလည်း ပေါ်ပေါက်နေပါပြီ။ အဲဒီနည်းလမ်းတွေမှထဲကမှ  ခရမ်းချဉ်သီးရဲ့ အာနိသင်ကိုလည်း ဖော်ပြပေးလိုပါတယ်။

ခရမ်းချဉ်သီးရဲ့ ပင်စည်ထဲမှာ ချိုင်းချွေးနံ့နဲ့ ဆင်ဆင်တူတဲ့ terpenes  လို့ခေါ်တဲ့ အဆီတစ်မျိုးပါဝင်ပါတယ်။ အဲဒီအဆီမှာ ပါဝင်တဲ့ အနံ့ကို ခရမ်းချဉ်သီးထဲကို ဝင်မလာအောင် ခရမ်း ချဉ်သီးမှာပါဝင်တဲ့  အင်ဇိုင်းဖြစ်တဲ့ လူကိုပင်း (lycopene) က တားဆီးပေး နိုင်ပါတယ်။ ဒီအာနိသင်ကို ဖော်ထုတ် နိုင်တာကြောင့် အနာဂတ်မှာ ထုတ်လုပ်မယ့် ချိုင်းချွေးနံ့ပျောက်ဆေးနဲ့ ရေမွှေးတွေမှာ ခရမ်းချဉ်သီးကို ထည့်သွင်းဖော်စပ်နိုင်မှာဖြစ်ပြီး မထွက်ရှိသေးခင်တော့ ခရမ်းချဉ်သီးကို  စားသုံးပြီး ချိုင်းချွေးနံ့ကိုကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဗြိတိန်လူမျိုး သမားတော်တစ်ဦးဖြစ်တဲ့  Dr. Charles Stewart  က ရှင်းလင်း ပြောထားပါတယ်။
ဒီလေ့လာမှုကို Journal Medical Hypotheses  မှာ ဖော်ပြထားပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Health Updates Journal
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top