iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြဓမၼတာလာေနတုန္း ေခါင္းေလွ်ာ္လို႔ရလား၊ လက္ဖက္စားလို႔ရလား ဆိုတာကို က်ေနာ့္ကိုခဏခဏေမးၾကတယ္။ ဘာမွမျဖစ္ပါဘူး။ ဘာမွလည္းမဆိုင္ပါဘူး။
ဘယ္ေဆးစာအုပ္ထဲမွာမွလည္း မိန္းကေလးေတြ ဓမၼတာလာေနခ်ိန္ ေခါင္းမေလွ်ာ္ရဘူးလို႔မတားျမစ္ထ
ားပါဘူး။ လက္ဖက္လည္းစားလို႔ရသလို၊ ေခါင္းလည္းေလွ်ာ္ႏိုင္ပါတယ္။ သန္႔သန္႔ရွင္းရွင္းေနတာပိုေတာင္
ေကာင္းပါေသးတယ္။ ေခါင္းေလွ်ာ္လိုက္လို႔၊ လက္ဖက္စားလိုက္လို႔
ဓမၼတာထိန္သြားတယ္ဆိုတာမပာုတ္ပါဘူး။

 ေနာက္တစ္ခုကေတာ့ ေကသီပန္ကိစၥပါ။ သူမ်ားစီးပြားေရးမဖ်က္ခ်င္ဘူးဗ်
ာ။ ဒါေပမယ့္လည္းနည္းနည္းသိေအာင္ေတာ့ေျပာျပခ်င္တယ္။ အဲဒီေဆးဘာလုပ္လဲ၊ ဘာေတြပါလဲဆိုတာေတာ့ က်ေနာ္မသိပါ။ ေဆးရံုမွာလုပ္တုန္းကေတာ့ ေကသီပန္ေသာက္ျပီး ကိုယ္၀န္ဖ်က္ခ်တဲ့သူေတြအမ်ားၾကီးျမင္ဖူးပါတယ္။

 က်ေနာ္ထင္တာေတာ့ အဲဒီေဆးကိုအမ်ားအားျဖင့္သံုးၾကတာကေတာ့ အဲလိုမ်ိဳးကိုယ္၀န္ဖ်က္ခ်တဲ့ေနရာေတြၾကီးပါပဲ။ ေဆးရံုေရာက္ေတာ့ေျပာတာက ေသြးထိန္လို႔ ေဆးေသာက္တယ္တဲ့။ ကိုယ့္အေၾကာင္းကိုယ္အသိဆံုးပါဗ်ာ။ ကိုယ္ဘာေၾကာင့္ ေသြးထိန္သြားတာလည္းဆိုတာကို ကိုယ္အသိဆံုးပါ။ အဲဒါကိုဓမၼတာမလာလို႔ ေကသီပန္ေသာက္ပါတယ္ဆိုျပီးလုပ္ေရာ။

ဒီေဆးကကိုယ္၀န္ကိုလံုး၀ပ်က္က်သြားေအာင္ အားမေကာင္းေစပါ။ ပ်က္သလို၊ မပ်က္သလိုနဲ႔ ပာိုမေရာက္ ဒီမေရာက္ Incomplete abortion ေတြျဖစ္ကုန္ေရာ။ က်ေနာ္ေတာ့အဲဒီေသြးသန္႔ေဆးဆိုတာကို ကိုယ္၀န္ဖ်က္ခ်ေဆးလို႔ပဲျမင္တယ္။ ျပီးေတာ့တကယ္လည္း ပ်က္တာလည္းမပာုတ္ပါဘူးဗ်ာ။ ကိုယ္၀န္ရွိေနမွျဖင့္ အျပင္အကူအညီမယူဘဲ အဲဒီေဆးတစ္ခုတည္းနဲ႔ကေတာ့ ပ်က္ကိုမပ်က္တာ။ ၾကားထဲကခံရတာပဲ အဖတ္တင္မယ္။ ေသြးသန္႔ရေအာင္ဘယ္ေသြးေတြကမသန္႔ျဖစ္ေနလို႔လဲ။ လစဥ္ဓမၼတာေသြးဆင္းတယ္ဆိုတာက ေသြးမသန္႔လို႔ဆင္းတာမွမပာုတ္တာပဲ။

သားအိမ္ကကေလးလာဖို႔ျပင္ဆင္ထားျပီး ကေလးမလာေတာ့လို႔ ျပင္ဆင္ထားတာေတြ ေသြးနဲ႔အတူဆင္းတာက ဓမၼတာလာတာပါ။ ညစ္ပတ္တဲ့ေသြးေတြဆင္းတာမပာုတ္ပါဘူး။ ေနာက္ျပီးရွိပါေသးတယ္။ ဓမၼတာေပၚေဆးဆိုတာ။ အမွန္ေတာ့ သံုးလခံထိုးေဆး (Depo) ကိုေျပာတာပါ။ ကိုယ္၀န္ရွိေနတာမပာုတ္ဘဲ အေၾကာင္းေၾကာင္းေၾကာင့္ ဓမၼတာမလာတာဆိုရင္ေတာ့ ဒီေဆးထိုးရင္ ဓမၼတာျပန္ေပၚပါတယ္။ ဒါေပမယ့္ ကိုယ္၀န္ရွိေနလို႔ဆိုရင္ေတာ့ ဆယ္လံုးထိုးဦး မေပၚေတာ့ပါဘူး။ နားလည္မွဳလြဲမွားေနတာေလးေတြပါ။


Credit:academic medicines
Myanma Spectrum

#Unicode Version

 မိန်းကလေးတွေဓမ္မတာလာနေတုန်း ခေါင်းလျှော်လို့ရလား၊ လက်ဖက်စားလို့ရလား ဆိုတာကို ကျနော့်ကိုခဏခဏမေးကြတယ်။ ဘာမှမဖြစ်ပါဘူး။ ဘာမှလည်းမဆိုင်ပါဘူး။ ဘယ်ဆေးစာအုပ်ထဲမှာမှလည်း မိန်းကလေးတွေ ဓမ္မတာလာနေချိန် ခေါင်းမလျှော်ရဘူးလို့မတားမြစ်ထ
ားပါဘူး။ လက်ဖက်လည်းစားလို့ရသလို၊ ခေါင်းလည်းလျှော်နိုင်ပါတယ်။ သန့်သန့်ရှင်းရှင်းနေတာပိုတောင်
ကောင်းပါသေးတယ်။ ခေါင်းလျှော်လိုက်လို့၊ လက်ဖက်စားလိုက်လို့
ဓမ္မတာထိန်သွားတယ်ဆိုတာမပာုတ်ပါဘ
ူး။ နောက်တစ်ခုကတော့ ကေသီပန်ကိစ္စပါ။ သူများစီးပွားရေးမဖျက်ချင်ဘူးဗျ
ာ။ ဒါပေမယ့်လည်းနည်းနည်းသိအောင်တော့ပြောပြချင်တယ်။ အဲဒီဆေးဘာလုပ်လဲ၊ ဘာတွေပါလဲဆိုတာတော့ ကျနော်မသိပါ။ ဆေးရုံမှာလုပ်တုန်းကတော့ ကေသီပန်သောက်ပြီး ကိုယ်ဝန်ဖျက်ချတဲ့သူတွေအများကြီးမြင်ဖူးပါတယ်။ ကျနော်ထင်တာတော့ အဲဒီဆေးကိုအများအားဖြင့်သုံးကြတာကတော့ အဲလိုမျိုးကိုယ်ဝန်ဖျက်ချတဲ့နေရာတွေကြီးပါပဲ။ ဆေးရုံရောက်တော့ပြောတာက သွေးထိန်လို့ ဆေးသောက်တယ်တဲ့။ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါဗျာ။ ကိုယ်ဘာကြောင့် သွေးထိန်သွားတာလည်းဆိုတာကို ကိုယ်အသိဆုံးပါ။ အဲဒါကိုဓမ္မတာမလာလို့ ကေသီပန်သောက်ပါတယ်ဆိုပြီးလုပ်ရော။ ဒီဆေးကကိုယ်ဝန်ကိုလုံးဝပျက်ကျသွားအောင် အားမကောင်းစေပါ။ ပျက်သလို၊ မပျက်သလိုနဲ့ ပာိုမရောက် ဒီမရောက် Incomplete abortion တွေဖြစ်ကုန်ရော။ ကျနော်တော့အဲဒီသွေးသန့်ဆေးဆိုတာကို ကိုယ်ဝန်ဖျက်ချဆေးလို့ပဲမြင်တယ်။ ပြီးတော့တကယ်လည်း ပျက်တာလည်းမပာုတ်ပါဘူးဗျာ။ ကိုယ်ဝန်ရှိနေမှဖြင့် အပြင်အကူအညီမယူဘဲ အဲဒီဆေးတစ်ခုတည်းနဲ့ကတော့ ပျက်ကိုမပျက်တာ။ ကြားထဲကခံရတာပဲ အဖတ်တင်မယ်။ သွေးသန့်ရအောင်ဘယ်သွေးတွေကမသန့်ဖြစ်နေလို့လဲ။ လစဉ်ဓမ္မတာသွေးဆင်းတယ်ဆိုတာက သွေးမသန့်လို့ဆင်းတာမှမပာုတ်တာပဲ။ သားအိမ်ကကလေးလာဖို့ပြင်ဆင်ထားပြီး ကလေးမလာတော့လို့ ပြင်ဆင်ထားတာတွေ သွေးနဲ့အတူဆင်းတာက ဓမ္မတာလာတာပါ။ ညစ်ပတ်တဲ့သွေးတွေဆင်းတာမပာုတ်ပါဘူး။ နောက်ပြီးရှိပါသေးတယ်။ ဓမ္မတာပေါ်ဆေးဆိုတာ။ အမှန်တော့ သုံးလခံထိုးဆေး (Depo) ကိုပြောတာပါ။ ကိုယ်ဝန်ရှိနေတာမပာုတ်ဘဲ အကြောင်းကြောင်းကြောင့် ဓမ္မတာမလာတာဆိုရင်တော့ ဒီဆေးထိုးရင် ဓမ္မတာပြန်ပေါ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိနေလို့ဆိုရင်တော့ ဆယ်လုံးထိုးဦး မပေါ်တော့ပါဘူး။ နားလည်မှုလွဲမှားနေတာလေးတွေပါ။


Credit:academic medicines
Myanma Spectrum
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top