iMyanmarHouse.com - Best Property Website for Myanmar
×


ပါဝင်ပစ္စည်းများ







Credit: Trend Myanmar



Unicode Version

ခုပြောပြပေးမယ့် အရောအစပ်လေးက မနက်ခင်းကော်ဖီအရသာကို ပိုမိုကောင်းမွန်စေမယ့်အပြင် ဇီဝဖြစ်စဉ် လျင်မြန်စေပြီး ကိုယ်အလေးချိန် လျော့ချမှုအတွက် ပိုမိုလွယ်ကူစေပါတယ်။ သင်ဟာ မနက်ခင်းကော်ဖီသောက်တတ်သူဆိုရင် ပိုတောင် အဆင်ပြေပါဦးမယ်။ ကော်ဖီခွက်ထဲ အဲ့ဒီအရောအစပ်လေးကို နည်းနည်းချင်းစီ ထည့်ပြီး နေ့တိုင်းသောက်ပေးရုံပါပဲ။

ပါဝင်ပစ္စည်းများ

· အုန်းဆီ ( လက်ဖက်ရည် ပုံမှန်ခွက်ဖြင့် ၄ပုံ ၃ပုံ)

· ပျားရည် ( လက်ဖက်ရည် ပုံမှန်ခွက် ၂ပုံ ၁ပုံ)

· သစ်ကြမ်းပိုးခေါက် ထမင်းစားဇွန်း (၁) ဇွန်း

· Cocoa ထမင်းစားဇွန်း (၁) ဇွန်း တို့ပဲ ဖြစ်ပါတယ်။

ပြင်ဆင်ပုံပြင်ဆင်နည်း

ပါဝင်ပစ္စည်းအကုန်ပေါင်းပြီး ခပ်ပျစ်ပျစ်မဖြစ်မချင်း မွှေပေးပါ။ ပြီးနောက် အဖုံးပါတဲ့ ဖန်ဗူးသန့်သန့်လေးတစ်ခုထဲ ထည့်ထားပါ။ မနက်ကော်ဖီဖျော်တိုင်း ခုန ဖန်ဗူးထဲက ရောထားတဲ့ အရည်အရောအနှောကို လက်ဖက်ရည်ဇွန်းဖြင့် ၁၊ ၂ ဇွန်း ထည့်ပေးရပါမယ်။ ၅-၁၀ မိနစ်ကြာမွှေပြီးနောက် သုံးဆောင်လို့ရပါပြီ။

Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top