iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာက္ကပ္ သည္ ခႏၶာကိုယ္ တြင္ ညာဘက္ ႏွင့္ ဘယ္ဘက္ ႏွစ္ဘက္စလံုးတြင္ ရွိေသာ စံုတြဲ အဂၤါမ်ား ထဲမွ တစ္စံု ျဖစ္သည္။ ေက်ာက္ကပ္တစ္လံုး ႏွင့္လည္း အသက္ရွင္သန္ႏိုင္သည္။ ေက်ာက္ကပ္တို႔သည္ ကၽြႏု္ပ္တို႔ ခႏၶာကိုယ္ရွိ ေက်ာရိုးရွိ ခါးေနရာ၌ ေဘးတစ္ဖက္ တစ္ခ်က္စီတြင္ ေနရာယူ ထားၾကသည္။

ေက်ာက္ကပ္ တစ္လံုးစီသည္ ပဲႀကီးေစ႔ ပံုသ႑ာန္ ရွိသည္။ ၄င္းတို႔သည္ ေဒါင္လိုက္ အေနအထားျဖင့္ ေက်ာရိုးႏွင့္ အၿပိဳင္ ရွိေနၾကသည္။ အတြင္းဖက္သည္ ပဲႀကီးေစ႔၏ အခြက္ ကဲ႔သို႔ ျဖစ္ၿပီး အျပင္ဖက္သည္ ပဲႀကီးေစ႔၏ အခံုးကဲ႔သို႔ ျဖစ္သည္။ အတြင္းဘက္၏ အလယ္တြင္ ေက်ာက္ကပ္၏ ရိုးတံ အညွာရွိသည္။ ၄င္း အညွာအတြင္းမွ ေက်ာက္ကပ္ေသြးလႊတ္ေၾကာ ၊ ေသြးျပန္ေၾကာ ႏွင့္ ဆီးပို႔ျပြန္တို႔ ျဖတ္သန္းသြားၾကသည္။

ဆီးပို႔ ျပြန္မွ တဆင့္ ေက်ာက္ကပ္မွ စြန္႔ထုတ္ေသာ ဆီးမ်ားကို ဆီးအိမ္ အတြင္းသို႔ ေရာက္ေစသည္။ ေက်ာက္ကပ္တစ္လံုး စီသည္ အလ်ား ၁၀ စင္တီမီတာ ခန္႔ ၊ အနံ ၅ စင္တီမီတာခန္႔ ႏွင့္ အထူ ၂.၅ စင္တီမီတာ ခန္႔ စီရွိၾကသည္။ ေက်ာက္ကပ္တစ္လံုး စီကို အကၤ်ီဝတ္ သကဲ႔သို႔ အခြံတစ္ခုျဖင့္ ဖံုးအုပ္ထားသည္။ ၄င္း အခြံေပၚ ပတ္ပတ္လည္တြင္ အဆီလႊာ တစ္လႊာျဖင့္ ထပ္မံ ဖံုးအုပ္ထားပါသည္။ ညာဘက္ ေက်ာက္ကပ္သည္ ဘယ္ဘက္ ေက်ာက္ကပ္ထက္ အနည္းငယ္ ပို၍ နိမ္႔သည္။

ေက်ာက္ကပ္တို႔ ၏ လုပ္ငန္း တာဝန္မ်ား .....

၁။ ေက်ာက္ကပ္တို႔သည္ ခႏၶာကိုယ္၏ အညစ္အေၾကးစြန္႔ စက္မ်ား ျဖစ္သည္ႏွင့္ အညီ မလိုအပ္သည့္ အညစ္အေၾကး မ်ားကို စြန္႔ထုတ္ေပးသည္။ အညစ္အေၾကး မ်ားမွာ ကိုယ္ခႏၶာ ေနရာ ေပါင္းစံုမွ ျဖစ္သည္။ ခႏၶာကိုယ္ ဇီဝ ျဖစ္စဥ္မ်ားမွ ထြက္လာေသာ အညစ္အေၾကးမ်ား၊ ျပင္ပမွ စားေသာက္ေသာ ဆိုးေဆးမ်ား၊ ေဆးမ်ား၊ ပိုလွ်ံေနေသာ ေရႏွင့္ အျခား ဓါတ္သတၱဳမ်ားကို စြန္႔ထုတ္ေပးသည္။

ထို႔ျပင္ ခႏၶာကိုယ္၏ လိုအပ္ခ်က္ အေပၚမူတည္၍ ၄င္း စြန္႔ပစ္ ပစၥည္းမ်ားထဲမွ လိုအပ္သည့္ ပစၥည္းမ်ားကို ျပန္လည္ စစ္ယူထားေပးသည္။ ဥပမာ အေနျဖင့္ ခႏၶာကိုယ္တြင္ ေရဓါတ္ ခန္းေျခာက္ေနလွ်င္ ေရကို စုပ္ယူ ထိန္းသိမ္းေပးသည္။ အခ်ဳိဓါတ္ ၊ အသားဓါတ္ ႏွင့္ ထံုးဓါတ္ တို႔ကိုလည္း လိုအပ္လွ်င္ လိုအပ္သလို စုပ္ယူျခင္း ၊ စြန္႔ထုတ္ျခင္း ျပဳျခင္းအားျဖင့္ ခႏၵာကိုယ္၏ လိုအပ္ခ်က္ မ်ားကို ထိန္းညွိေပးသည္။

၂။ ခႏၶာကိုယ္၏ေသြးဖိအားႏွင့္ ေသြးပမာဏ ကိုလည္း ထိန္းညွိေပးသည္။

၃။ အငန္ဓါတ္ကို စြန္႔ထုတ္ျခင္းျဖင့္ အရည္ပမာဏ ထုထည္ကို ထိန္း၍ အရည္ကို စြန္႔ထုတ္ျခင္းျဖင့္ အရည္တြင္ အငန္ဓါတ္ ေပ်ာ္ဝင္မႈအားကို ထိန္းသည္။

၄။ ခႏၶာကိုယ္၏ အခ်ဥ္ဓါတ္(Acid) ႏွင့္ အခါးဓါတ္(Base) တို႔ကို ခ်ိန္ခြင္လွ်ာ ညီမွ် ေအာင္ ထိန္းေပးသည္။

၅။ ခႏၶာကိုယ္၏ ေသြးဆဲလ္ မ်ား တည္ေဆာက္ရာတြင္ သံုးေသာ ေဟာ္မုန္းဓါတ္ တစ္မ်ဳိးကိုလည္း ထုတ္ေပးသည္။

၆။ ေသြးတြင္း ထံုးဓါတ္ကို ထိန္းညွိရာတြင္လည္း ကူညီ ေဆာင္ရြက္ေပးသည္။


အာေရာဂ်ံ ပရမံ လာဘံ၊ က်န္းမာျခင္း သည္ လာဘ္တစ္ပါး ခႏၶာကိုယ္ အသီးသီး ပိုင္ဆိုင္ထားၾကေသာ အားလံုးေသာ သတၱဝါမ်ား က်န္းမာ၍ စိတ္ေရာကိုယ္ပါ ခ်မ္းသာ သူမ်ား ျဖစ္ၾကပါေစ။ မိမိ က်န္းမာသကဲ႔သို႔ လူတိုင္း က်န္းမာေအာင္ ကူညီႏိုင္ၾကပါေစ။ ေနမေကာင္းသူမ်ားကို ေစတနာျဖင့္ ျပဳစုႏိုင္သူမ်ား ျဖစ္ၾကပါေစ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Mg Mandalay
https://www.facebook.com/mg.mandalay

#Unicode Version

ကျောက်ကပ် သည် ခန္ဓာကိုယ် တွင် ညာဘက် နှင့် ဘယ်ဘက် နှစ်ဘက်စလုံးတွင် ရှိသော စုံတွဲ အင်္ဂါများ ထဲမှ တစ်စုံ ဖြစ်သည်။ ကျောက်ကပ်တစ်လုံး နှင့်လည်း အသက်ရှင်သန်နိုင်သည်။ ကျောက်ကပ်တို့သည် ကျွနု်ပ်တို့ ခန္ဓာကိုယ်ရှိ ကျောရိုးရှိ ခါးနေရာ၌ ဘေးတစ်ဖက် တစ်ချက်စီတွင် နေရာယူ ထားကြသည်။

ကျောက်ကပ် တစ်လုံးစီသည် ပဲကြီးစေ့ ပုံသဏ္ဍာန် ရှိသည်။ ၎င်းတို့သည် ဒေါင်လိုက် အနေအထားဖြင့် ကျောရိုးနှင့် အပြိုင် ရှိနေကြသည်။ အတွင်းဖက်သည် ပဲကြီးစေ့၏ အခွက် ကဲ့သို့ ဖြစ်ပြီး အပြင်ဖက်သည် ပဲကြီးစေ့၏ အခုံးကဲ့သို့ ဖြစ်သည်။ အတွင်းဘက်၏ အလယ်တွင် ကျောက်ကပ်၏ ရိုးတံ အညှာရှိသည်။ ၎င်း အညှာအတွင်းမှ ကျောက်ကပ်သွေးလွှတ်ကြော ၊ သွေးပြန်ကြော နှင့် ဆီးပို့ပြွန်တို့ ဖြတ်သန်းသွားကြသည်။

ဆီးပို့ ပြွန်မှ တဆင့် ကျောက်ကပ်မှ စွန့်ထုတ်သော ဆီးများကို ဆီးအိမ် အတွင်းသို့ ရောက်စေသည်။ ကျောက်ကပ်တစ်လုံး စီသည် အလျား ၁၀ စင်တီမီတာ ခန့် ၊ အနံ ၅ စင်တီမီတာခန့် နှင့် အထူ ၂.၅ စင်တီမီတာ ခန့် စီရှိကြသည်။ ကျောက်ကပ်တစ်လုံး စီကို အင်္ကျီဝတ် သကဲ့သို့ အခွံတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ၎င်း အခွံပေါ် ပတ်ပတ်လည်တွင် အဆီလွှာ တစ်လွှာဖြင့် ထပ်မံ ဖုံးအုပ်ထားပါသည်။ ညာဘက် ကျောက်ကပ်သည် ဘယ်ဘက် ကျောက်ကပ်ထက် အနည်းငယ် ပို၍ နိမ့်သည်။

ကျောက်ကပ်တို့ ၏ လုပ်ငန်း တာဝန်များ .....

၁။ ကျောက်ကပ်တို့သည် ခန္ဓာကိုယ်၏ အညစ်အကြေးစွန့် စက်များ ဖြစ်သည်နှင့် အညီ မလိုအပ်သည့် အညစ်အကြေး များကို စွန့်ထုတ်ပေးသည်။ အညစ်အကြေး များမှာ ကိုယ်ခန္ဓာ နေရာ ပေါင်းစုံမှ ဖြစ်သည်။ ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်များမှ ထွက်လာသော အညစ်အကြေးများ၊ ပြင်ပမှ စားသောက်သော ဆိုးဆေးများ၊ ဆေးများ၊ ပိုလျှံနေသော ရေနှင့် အခြား ဓါတ်သတ္တုများကို စွန့်ထုတ်ပေးသည်။

ထို့ပြင် ခန္ဓာကိုယ်၏ လိုအပ်ချက် အပေါ်မူတည်၍ ၎င်း စွန့်ပစ် ပစ္စည်းများထဲမှ လိုအပ်သည့် ပစ္စည်းများကို ပြန်လည် စစ်ယူထားပေးသည်။ ဥပမာ အနေဖြင့် ခန္ဓာကိုယ်တွင် ရေဓါတ် ခန်းခြောက်နေလျှင် ရေကို စုပ်ယူ ထိန်းသိမ်းပေးသည်။ အချိုဓါတ် ၊ အသားဓါတ် နှင့် ထုံးဓါတ် တို့ကိုလည်း လိုအပ်လျှင် လိုအပ်သလို စုပ်ယူခြင်း ၊ စွန့်ထုတ်ခြင်း ပြုခြင်းအားဖြင့် ခန္ဒာကိုယ်၏ လိုအပ်ချက် များကို ထိန်းညှိပေးသည်။

၂။ ခန္ဓာကိုယ်၏သွေးဖိအားနှင့် သွေးပမာဏ ကိုလည်း ထိန်းညှိပေးသည်။

၃။ အငန်ဓါတ်ကို စွန့်ထုတ်ခြင်းဖြင့် အရည်ပမာဏ ထုထည်ကို ထိန်း၍ အရည်ကို စွန့်ထုတ်ခြင်းဖြင့် အရည်တွင် အငန်ဓါတ် ပျော်ဝင်မှုအားကို ထိန်းသည်။

၄။ ခန္ဓာကိုယ်၏ အချဉ်ဓါတ်(Acid) နှင့် အခါးဓါတ်(Base) တို့ကို ချိန်ခွင်လျှာ ညီမျှ အောင် ထိန်းပေးသည်။

၅။ ခန္ဓာကိုယ်၏ သွေးဆဲလ် များ တည်ဆောက်ရာတွင် သုံးသော ဟော်မုန်းဓါတ် တစ်မျိုးကိုလည်း ထုတ်ပေးသည်။

၆။ သွေးတွင်း ထုံးဓါတ်ကို ထိန်းညှိရာတွင်လည်း ကူညီ ဆောင်ရွက်ပေးသည်။


အာရောဂျံ ပရမံ လာဘံ၊ ကျန်းမာခြင်း သည် လာဘ်တစ်ပါး ခန္ဓာကိုယ် အသီးသီး ပိုင်ဆိုင်ထားကြသော အားလုံးသော သတ္တဝါများ ကျန်းမာ၍ စိတ်ရောကိုယ်ပါ ချမ်းသာ သူများ ဖြစ်ကြပါစေ။ မိမိ ကျန်းမာသကဲ့သို့ လူတိုင်း ကျန်းမာအောင် ကူညီနိုင်ကြပါစေ။ နေမကောင်းသူများကို စေတနာဖြင့် ပြုစုနိုင်သူများ ဖြစ်ကြပါစေ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Mg Mandalay
https://www.facebook.com/mg.mandalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top