iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Mg Mandalay
#Unicode Version
လူအများနေ့စဉ်စားသုံးနေသောအစားအစာများတွင် ပါဝင်နေသော အဆီများကြောင့် သွေးတွင်းသွေးကြောများတွင် ကိုလက်စထေရာအချိုးအစားများစုစည်းမြင့်တက်လာပြီး ဝမ်းဗိုက်များတွင်လည်း အဆီများတက်လာပြီး ဗိုက်ခေါက်ထူ ဗိုက်ပူလာပါသည် ။ မိမိတို့စားသုံးသော အစားများတွင် ပျော်ဝင်ခြင်းမရှိသော ဆီများစားသုံးခြင်းကြောင့် များမကြာမှီ တင်ပြသလို့ဖြစ်ပေါ်ပါသည် ။
ပျော်ဝင်ဆီမဟုတ်ခြင်းကြောင့် အဆီများတက်လာပါသည် ။ ပျော်ဝင်ခြင်းရှိသော ဆီများအနေဖြင့် စားသုံးပြီးသောလည်း ခန္ဓာကိုယ်အတွင်းသိုလှောင်ခြင်း မပြု့ဘဲ ကယ်လိုရီအဖြစ်ပြောင်းလဲခြင်းကြောင့် အဆီတက်ခြင်း မဖြစ်ပေါ်တော့ပါ ။ ပျော်ဝင်ခြင်း မရှိသောဆီများအနေဖြင့် ဗိုက်နေရာတွင် အဆီများ စုဝေးပြီး ထပ်မံပြီး အသည်းကိုလည်း အဆီဖုံးစေနိုင်ပါသည် ။
ပျော်ဝင်နှုန်းရှိသော နေကြာဆီကို ဆီပါမှာ စားသောက်ကောင်းသူများအနေဖြင့်ပိုမိုသင့်တော်သလို့ ပျော်ဝင်မှု့မရှိသော စားအုန်းဆီအမျိုးအစားကို စားသုံးခြင်း မသင့်ပါ ။ မြန်မာ့အစားအစာချက်လုပ်ရာတွင် ဆီများစွာသုံးခြင်းသည်လည်း ကျန်းမာရေးအတွက်မသင့်သလို့ ရေရှည်အတွက်လည်း အသည်းအဆီဖုံးခြင်း နှင့် ခါးဝမ်းဗိုက်များ အဆီစုစည်းခြင်းကြောင့် ခါးတုတ် ဗိုက်ပုူ လာပါသည် ။
သင့်နေ့စဉ်စားသုံးသော အစားအစာနှင့် ချက်ပြုတ်ဟင်းအလျာများတွင် ဆီပါဝင်ချက်ပြုတ်စားသုံးခြင်းကို လျော့ချပြီး စားသုံးပါ ချက်ပြုတ်ပါ ။ ပျော်ဝင်မှု့မရှိသော ဆီပါဝင်သော မုန့်များနှင့် အစားသောက်များကို စားသုံးနေလျှင်လည်း အဆီချခြင်းအတွက်လုပ်ဆောင်နေပေမဲ့ သင့်အတွက် ပင်ပန်းမောပန်းနေမှု့သာ အဖက်တင်နေပါလိမ့်မည် ။
ရေရှည်စားသုံးခြင်းကြောင့် အဆီစုစည်းခြင်းများလာလျှင် ခန္ဓာကိုယ်လှုပ်ရှားရခြင်း လေးထိုင်လာသလို့လှချင်သည့်စိတ်ကူးတွေလည်း ဝေးလာပါမည် ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Mg Mandalay
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top