iMyanmarHouse.com - Best Property Website for Myanmar
×

အဆီျပန္တတ္တဲ့ အသားအေရ ပိုင္ရွင္ေတြအဖို႔ တစ္ခ်ိန္လံုး မ်က္ ႏွာအဆီျပန္ေနတာေၾကာင့္ စိတ္ မ႐ႈပ္ရေလေအာင္ မီးဖိုေခ်ာင္ထဲ ရွိတာေလးေတြနဲ႔ ဘယ္လိုလုပ္ႏိုင္ တယ္ဆုိတာ မွ်ေဝလိုက္ပါတယ္။

ၾကက္ဥအႏွစ္

ၾကက္ဥအႏွစ္ မ်က္ႏွာေပါင္း တင္လႊာဟာ အေရျပားေပၚက အဆီေတြကို အေကာင္းဆံုးဖယ္ ရွားေပးႏုိင္ပါတယ္။ ဂြမ္းစေလးနဲ႔ မ်က္ႏွာေပၚသုတ္လိမ္းၿပီး ၁၅ မိနစ္ေလာက္ေနရင္ ေရေအးေအး ေလးနဲ႔ မ်က္ႏွာသစ္ေပးႏုိင္ပါ တယ္။

ပန္းသီးေပါင္းတင္လႊာ

ႀကိတ္ေျခထားတဲ့ ပန္းသီးအ ႏွစ္၊ ခ်က္ထားတဲ့ အုတ္ဂ်ံဳမႈန္႔အ နည္းငယ္၊ ၾကက္ဥအကာတုိ႔ကို ေရာေမႊကာ သံပ႐ိုသီးအရည္အ နည္းငယ္ညႇစ္ထည့္ပါ။ မ်က္ႏွာ မွာသုတ္ၿပီး ၁၅ မိနစ္ေလာက္ထား ကာ ေရေအးေလးနဲ႔ ေဆးခ်ႏုိင္ပါ တယ္။

ေျပာင္းဖူးမႈန္႔

ေရေႏြးေႏြးေလးနဲ႔ ေျပာင္းဖူး မႈန္႔အနည္းငယ္ေရာေမႊၿပီး မ်က္ ႏွာအႏွံ႔သုတ္လိမ္းကာ မ်က္ႏွာ သစ္ေပးတာမ်ိဳး တစ္ေန႔တစ္ႀကိမ္ လုပ္ေဆာင္ႏုိင္ပါတယ္။

မုန္႔ဖုတ္ေဆာ္ဒါ

မုန္႔ဖုတ္ေဆာ္ဒါ လက္ဖက္ ရည္ဇြန္းတစ္ဇြန္းထဲကို ပန္းသီးဗီနီ ဂါ (ဒါမွမဟုတ္) ဗီနီဂါအျဖဴအ နည္းငယ္၊ ဆပ္ျပာရည္အနည္း ငယ္ထည့္ၿပီး ႏွာေခါင္း၊ ေမးေစ့ တစ္ဝိုက္ သုတ္လိမ္းၿပီး မ်က္ႏွာ သစ္ေပးရင္ အဆီေတြသာမက ဆားဝက္ၿခံေတြပါ ဖယ္ရွားၿပီး သားျဖစ္ေစပါတယ္။

အယ္လ္မြန္မႈန္႔

အမႈန္႔ႀကိတ္ထားတဲ့ အယ္လ္မြန္ေစ့နဲ႔ ပ်ားရည္အနည္းငယ္ေရာ ၿပီး ေပါင္းတင္တာမ်ိဳးလည္း လုပ္ ႏုိင္ပါတယ္။

အဆီျပန္တတ္သူေတြအေန နဲ႔ မ်က္ႏွာနဲ႔ ဆံပင္  ထိေတြ႕မႈ နည္းေအာင္ ဆံပင္ကို အတတ္ႏိုင္ ဆံုး စည္းထားဖို႔လိုၿပီး မ်က္ႏွာကို လက္နဲ႔ ခဏခဏပြတ္တာမ်ိဳး လည္း ေရွာင္ဖို႔လိုသလို အလွကုန္ ေတြသံုးတဲ့အခါမွာလည္း အဆီ ျပန္တတ္တဲ့ အသားအေရအ တြက္ သီးသန္႔ထုတ္တာမ်ိဳး ေရြး ခ်ယ္သံုးစြဲဖို႔လိုပါတယ္။ အဆီစုပ္ စကၠဴေလးေတြ အကူအညီယူၿပီး ေတာ့လည္း တစ္ခ်ိန္လံုးမ်က္ႏွာ အဆီျပန္မေနေအာင္ လုပ္ႏုိင္ပါ တယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version


အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေအဖို့ တစ်ချိန်လုံး မျက် နှာအဆီပြန်နေတာကြောင့် စိတ် မရှုပ်ရလေအောင် မီးဖိုချောင်ထဲ ရှိတာလေးတွေနဲ့ ဘယ်လိုလုပ်နိုင် တယ်ဆိုတာ မျှဝေလိုက်ပါတယ်။

ကြက်ဥအနှစ်

ကြက်ဥအနှစ် မျက်နှာပေါင်း တင်လွှာဟာ အရေပြားပေါ်က အဆီတွေကို အကောင်းဆုံးဖယ် ရှားပေးနိုင်ပါတယ်။ ဂွမ်းစလေးနဲ့ မျက်နှာပေါ်သုတ်လိမ်းပြီး ၁၅ မိနစ်လောက်နေရင် ရေအေးအေး လေးနဲ့ မျက်နှာသစ်ပေးနိုင်ပါ တယ်။

ပန်းသီးပေါင်းတင်လွှာ

ကြိတ်ခြေထားတဲ့ ပန်းသီးအ နှစ်၊ ချက်ထားတဲ့ အုတ်ဂျုံမှုန့်အ နည်းငယ်၊ ကြက်ဥအကာတို့ကို ရောမွှေကာ သံပရိုသီးအရည်အ နည်းငယ်ညှစ်ထည့်ပါ။ မျက်နှာ မှာသုတ်ပြီး ၁၅ မိနစ်လောက်ထား ကာ ရေအေးလေးနဲ့ ဆေးချနိုင်ပါ တယ်။

ပြောင်းဖူးမှုန့်

ရေနွေးနွေးလေးနဲ့ ပြောင်းဖူး မှုန့်အနည်းငယ်ရောမွှေပြီး မျက် နှာအနှံ့သုတ်လိမ်းကာ မျက်နှာ သစ်ပေးတာမျိုး တစ်နေ့တစ်ကြိမ် လုပ်ဆောင်နိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ လက်ဖက် ရည်ဇွန်းတစ်ဇွန်းထဲကို ပန်းသီးဗီနီ ဂါ (ဒါမှမဟုတ်) ဗီနီဂါအဖြူအ နည်းငယ်၊ ဆပ်ပြာရည်အနည်း ငယ်ထည့်ပြီး နှာခေါင်း၊ မေးစေ့ တစ်ဝိုက် သုတ်လိမ်းပြီး မျက်နှာ သစ်ပေးရင် အဆီတွေသာမက ဆားဝက်ခြံတွေပါ ဖယ်ရှားပြီး သားဖြစ်စေပါတယ်။

အယ်လ်မွန်မှုန့်

အမှုန့်ကြိတ်ထားတဲ့ အယ်လ်မွန်စေ့နဲ့ ပျားရည်အနည်းငယ်ရော ပြီး ပေါင်းတင်တာမျိုးလည်း လုပ် နိုင်ပါတယ်။

အဆီပြန်တတ်သူတွေအနေ နဲ့ မျက်နှာနဲ့ ဆံပင်  ထိတွေ့မှု နည်းအောင် ဆံပင်ကို အတတ်နိုင် ဆုံး စည်းထားဖို့လိုပြီး မျက်နှာကို လက်နဲ့ ခဏခဏပွတ်တာမျိုး လည်း ရှောင်ဖို့လိုသလို အလှကုန် တွေသုံးတဲ့အခါမှာလည်း အဆီ ပြန်တတ်တဲ့ အသားအရေအ တွက် သီးသန့်ထုတ်တာမျိုး ရွေး ချယ်သုံးစွဲဖို့လိုပါတယ်။ အဆီစုပ် စက္ကူလေးတွေ အကူအညီယူပြီး တော့လည်း တစ်ချိန်လုံးမျက်နှာ အဆီပြန်မနေအောင် လုပ်နိုင်ပါ တယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top