iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတီရွပ္အသစ္တစ္ထည္ ဝယ္လာတဲ့အခ်ိန္ အမျဖစ္သူက နင္ဒါကုိ ေလွ်ာ္ျပီးမွ ဝတ္မွာလားလုိ႔ ေမးပါတယ္။ ကၽြန္မက ဒါက အသစ္စက္စက္ဝယ္လာတဲ့ တီရွပ္ေလ။ ေလွ်ာ္ဖို႔လိုလို႔လားလုိ႔ ျပန္ေမးလိုက္မိပါတယ္။ ကၽြန္မတစ္ခါမွ အဝတ္အစားအသစ္ဝယ္လာရင္ ေလွ်ာ္ျပီးမွ မဝတ္ဖူးဘူး။ ၁ အခ်က္က ကၽြန္မက အဝတ္ေလွ်ာ္ရမွာ နည္းနည္းပ်င္းတယ္။ ၂ အခ်က္က အသစ္ဝယ္လာတဲ့ အဝတ္အစားေတြကို ညစ္ပတ္တယ္လို႔ မထင္တဲ့အတြက္ ကၽြန္မ မေလွ်ာ္တာ။ ဆုိင္မွာ တစ္ခ်ဳိ႕လူေတြ အကၤ် ီကို အစမ္းဝတ္ၾကည့္ ထားႏုိင္ပါတယ္။ ဒါေပမဲ့ ခဏေလာက္ေလးဝတ္ၾကည့္ရုံနဲ႔ ညစ္ပတ္သြားမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေလွ်ာ္စရာမလိုဘူးလို႔ ထင္ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ျပီး ကိုလံဘီယာတကၠသိုလ္က အေရျပားပညာရွင္တစ္ဦးရဲ႕ အၾကံျပဳခ်က္ကို ေတြ႔တဲ့အခါမွာ ကၽြန္မအေတြးမွားသြားတယ္ဆုိတာ သိခဲ့ပါတယ္။ အဲ့ဒီအေရျပားပညာရွင္က သူက အဝတ္အစားေတြကို အြန္လုိင္းက ဝယ္တာျဖစ္ျဖစ္၊ စတုိးဆုိ္င္က ဝယ္တာျဖစ္ျဖစ္ ေလွ်ာ္ျပီးမွ ဝတ္သင့္တယ္လုိ႔ ဆိုပါတယ္။ တျခားသူေတြ စမ္းဝတ္ၾကည့္ လို႔ ေရာဂါပိုးကူးစက္တာထက္ ပိတ္စေတြေၾကာင့္ျဖစ္တဲ့ ျပႆနာက ပိုမ်ားပါတယ္။ အဝတ္အထည္ေတြျပဳလုပ္ရာမွာ အသုံးျပဳတဲ့ ဆုိးေဆးေတြနဲ႔ ဓာတုပစၥည္းေတြက အေရျပားယားယံမႈေတြကို ျဖစ္ေစႏုိင္ပါတယ္။

အဝတ္အစားေတြကို ကုန္တင္သေဘာၤေတြနဲ႔ တင္ပို႔တဲ့အခါမွာ အစုိဓာတ္ေၾကာင့္  မႈိေပါက္ပြားျခင္း မျဖစ္ေအာင္ ၾကာရွည္ခံေဆးေတြထည့္ျပီး တင္ပို႔ေလ့ရွိပါတယ္။ ဥပမာ- အဝတ္အထည္ေတြ ဖားဥတက္တာ၊ တြန္႔ေၾကတာေတြကို ကာကြယ္ဖုိ႔အတြက္ အသုံးျပဳတဲ ေဖာ္မယ္ဒီဟိုက္ဆိုတဲ့ ဓာတုပစၥည္းက အေရျပားေပၚမွာ အနီကြက္ေတြ ထြက္ေစတတ္ပါတယ္။ ႏုိင္ငံအမ်ားစုမွာ ေဖာ္မယ္ဒီဟိုက္အသုံးျပဳတဲ့ ပမာဏကို ကန္႔သတ္ထား ေပမဲ့ ၂၀၁၀ခုႏွစ္က လုပ္တဲ့ ေလ့လာမႈတစ္ခုအရ အသုံးျပဳဖို႔ ကန္႔သတ္ထားတဲ့ ပမာဏထက္ပိုျပီး သုံးေနၾကတာ ကို ေတြ႔ရွိခဲ့ရ ပါတယ္။ ေဖာ္မယ္ဒီဟိုက္မ်ားတဲ့ အဝတ္အစားေတြက ဓာတ္မတည့္တာနဲ႔ ႏွင္းခူနာ ၂ မ်ဳိးကုိ ျဖစ္ေစႏုိင္တာေၾကာင့္ အဝတ္အစားသစ္ေတြကို မဝတ္ခင္မွာ ေလွ်ာ္ဖို႔အေရးၾကီးပါတယ္။

ေနာက္တစ္ခ်က္က အဝတ္အထည္ေတြမွာ ပါတဲ့ အျပာေရာင္ဆိုးေဆးက တစ္ခ်ိဳ႕လူေတြကို ဓာတ္မတည့္မႈေတြ ျဖစ္ေစတဲ့ အတြက္ ပိုေနတဲ့ အျပာေရာင္ဆုိးေဆးေတြ ပ်ယ္သြားဖို႔အတြက္ ေရနဲ႔ ေလွ်ာ္ဖို႔လိုပါတယ္။ အဝတ္အထည္ေတြကတဆင့္ လူတစ္ေယာက္ကေန တစ္ေယာက္ကုိ ေရာဂါပိုးကူးစက္တာ အလြန္နည္းတယ္ဆုိေပမဲ့ လုံးဝမရွိတာေတာ့ မဟုတ္တဲ့အတြက္ သတိထားဖို႔လိုပါတယ္။ အထူးသျဖင့္ အသားနဲ႔ ကပ္တဲ့ ေရကူးဝတ္စုံလုိ၊ အတြင္းခံလို အထည္ေတြဝယ္မယ္ဆုိရင္ေတာ့ မျဖစ္မေနေလွ်ာ္ျပီးမွ ဝတ္သင့္တဲ့အေၾကာင္း အၾကံေပးထားပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:trend myanmar

#Unicode Version

ကျွန်မတီရှပ်အသစ်တစ်ထည် ဝယ်လာတဲ့အချိန် အမဖြစ်သူက နင်ဒါကို လျှော်ပြီးမှ ဝတ်မှာလားလို့ မေးပါတယ်။ ကျွန်မက ဒါက အသစ်စက်စက်ဝယ်လာတဲ့ တီရှပ်လေ။ လျှော်ဖို့လိုလို့လားလို့ ပြန်မေးလိုက်မိပါတယ်။ ကျွန်မတစ်ခါမှ အဝတ်အစားအသစ်ဝယ်လာရင် လျှော်ပြီးမှ မဝတ်ဖူးဘူး။ ၁ အချက်က ကျွန်မက အဝတ်လျှော်ရမှာ နည်းနည်းပျင်းတယ်။ ၂ အချက်က အသစ်ဝယ်လာတဲ့ အဝတ်အစားတွေကို ညစ်ပတ်တယ်လို့ မထင်တဲ့အတွက် ကျွန်မ မလျှော်တာ။ ဆိုင်မှာ တစ်ချို့လူတွေ အင်္ကျ ီကို အစမ်းဝတ်ကြည့် ထားနိုင်ပါတယ်။ ဒါပေမဲ့ ခဏလောက်လေးဝတ်ကြည့်ရုံနဲ့ ညစ်ပတ်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် လျှော်စရာမလိုဘူးလို့ ထင်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုလံဘီယာတက္ကသိုလ်က အရေပြားပညာရှင်တစ်ဦးရဲ့ အကြံပြုချက်ကို တွေ့တဲ့အခါမှာ ကျွန်မအတွေးမှားသွားတယ်ဆိုတာ သိခဲ့ပါတယ်။ အဲ့ဒီအရေပြားပညာရှင်က သူက အဝတ်အစားတွေကို အွန်လိုင်းက ဝယ်တာဖြစ်ဖြစ်၊ စတိုးဆိုင်က ဝယ်တာဖြစ်ဖြစ် လျှော်ပြီးမှ ဝတ်သင့်တယ်လို့ ဆိုပါတယ်။ တခြားသူတွေ စမ်းဝတ်ကြည့် လို့ ရောဂါပိုးကူးစက်တာထက် ပိတ်စတွေကြောင့်ဖြစ်တဲ့ ပြဿနာက ပိုများပါတယ်။ အဝတ်အထည်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆိုးဆေးတွေနဲ့ ဓာတုပစ္စည်းတွေက အရေပြားယားယံမှုတွေကို ဖြစ်စေနိုင်ပါတယ်။

အဝတ်အစားတွေကို ကုန်တင်သဘောၤတွေနဲ့ တင်ပို့တဲ့အခါမှာ အစိုဓာတ်ကြောင့်  မှိုပေါက်ပွားခြင်း မဖြစ်အောင် ကြာရှည်ခံဆေးတွေထည့်ပြီး တင်ပို့လေ့ရှိပါတယ်။ ဥပမာ- အဝတ်အထည်တွေ ဖားဥတက်တာ၊ တွန့်ကြေတာတွေကို ကာကွယ်ဖို့အတွက် အသုံးပြုတဲ ဖော်မယ်ဒီဟိုက်ဆိုတဲ့ ဓာတုပစ္စည်းက အရေပြားပေါ်မှာ အနီကွက်တွေ ထွက်စေတတ်ပါတယ်။ နိုင်ငံအများစုမှာ ဖော်မယ်ဒီဟိုက်အသုံးပြုတဲ့ ပမာဏကို ကန့်သတ်ထား ပေမဲ့ ၂၀၁၀ခုနှစ်က လုပ်တဲ့ လေ့လာမှုတစ်ခုအရ အသုံးပြုဖို့ ကန့်သတ်ထားတဲ့ ပမာဏထက်ပိုပြီး သုံးနေကြတာ ကို တွေ့ရှိခဲ့ရ ပါတယ်။ ဖော်မယ်ဒီဟိုက်များတဲ့ အဝတ်အစားတွေက ဓာတ်မတည့်တာနဲ့ နှင်းခူနာ ၂ မျိုးကို ဖြစ်စေနိုင်တာကြောင့် အဝတ်အစားသစ်တွေကို မဝတ်ခင်မှာ လျှော်ဖို့အရေးကြီးပါတယ်။

နောက်တစ်ချက်က အဝတ်အထည်တွေမှာ ပါတဲ့ အပြာရောင်ဆိုးဆေးက တစ်ချို့လူတွေကို ဓာတ်မတည့်မှုတွေ ဖြစ်စေတဲ့ အတွက် ပိုနေတဲ့ အပြာရောင်ဆိုးဆေးတွေ ပျယ်သွားဖို့အတွက် ရေနဲ့ လျှော်ဖို့လိုပါတယ်။ အဝတ်အထည်တွေကတဆင့် လူတစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးကူးစက်တာ အလွန်နည်းတယ်ဆိုပေမဲ့ လုံးဝမရှိတာတော့ မဟုတ်တဲ့အတွက် သတိထားဖို့လိုပါတယ်။ အထူးသဖြင့် အသားနဲ့ ကပ်တဲ့ ရေကူးဝတ်စုံလို၊ အတွင်းခံလို အထည်တွေဝယ်မယ်ဆိုရင်တော့ မဖြစ်မနေလျှော်ပြီးမှ ဝတ်သင့်တဲ့အကြောင်း အကြံပေးထားပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top