iMyanmarHouse.com - Best Property Website for Myanmar
×

၁ - လိမ္တယ္

သူတို႔က ဘာအေၾကာင္းမွ မယ္မယ္ရမရွိဘဲ လိမ္ေျပာပါတယ္။ အလိမ္အညာဇာတ္လမ္းေတြ ဆင္ပါတယ္။ မဟုတ္တဲ့ သတင္းအမွားေတြ ရုံးအတြင္းမွာ ေလွ်ာက္ျဖန္႔ပါတယ္။ ပံုမွန္ေနထိုင္ေနရတာကို သူတို႔က မၾကိဳက္တာပါ။ အလိမ္အညာမိသြားလည္း ခပ္တည္တည္ပါပဲ။

၂ - ဘယ္သူငယ္ခ်င္းမွ ၾကာၾကာမခံ

သူတို႔က သူငယ္ခ်င္းရတာ လြယ္ပါတယ္။ ဒါေပမဲ့ ခင္မင္မႈကို ၾကာၾကာမထိန္းထားႏုိင္ပါဘူး။ တစ္ဖက္သားရဲ႕ အေျခအေနကိုမၾကည့္ဘဲ သူတို႔ကိုယ္သူတို႔ပဲ ေရွ႕တန္းတင္ေနတာေၾကာင့္ပါ။ လိမ္ညာျပီး သတင္းေတြကို အလြယ္တကူျဖန္႔ေဝတတ္ေၾကာင္း တစ္ဖက္က ခပ္ျမန္ျမန္ရိပ္မိသြားတတ္တာေၾကာင့္ပါ။

၃ - ဆြဲေဆာင္မႈရွိ

သူတို႔ကုိ ထူးျခားျပီး ဆြဲေဆာင္မႈရွိတယ္လို႔ ထင္ျမင္တတ္ၾကပါတယ္။ သူတို႔က လူေတြနဲ႔ အလြယ္တကူ ေရာႏုိင္တာေၾကာင့္ပါ။ ပံုမွန္လူေတြ သည္းမခံႏုိင္တာမ်ိဳးကို သူတို႔က သည္းခံေနႏုိင္တာမ်ိဳးေတြ ရွိပါတယ္။

၄ - အရိပ္အေျခအေနမသိ

တစ္ဖက္အရိပ္အေျခအေနကို မၾကည့္ဘဲ လုပ္ေဆာင္တတ္တာေတြေၾကာင့္ သူတို႔က နာမည္ၾကီးပါတယ္။ တစ္ဖက္သားကို မၾကည့္ဘဲ သူတို႔စကားေျပာခ်င္ရင္ အတင္းဝင္ေျပာပါတယ္။ သူတို႔စိတ္ေကာင္းေနရင္ သူမ်ားနဲ႔မတူေအာင္ သည္းခံတတ္ျပီး တစ္ခါတစ္ေလၾကရင္ေတာ့ သူတို႔ကမွ ကၽြမ္းက်င္သူ၊ သူတို႔ကမွ အရာရာကိုသိတဲ့ ပံုစံမ်ိဳးေတြလည္း ဖမ္းတတ္ပါတယ္။

၅ - ရန္မလိုတတ္

သူတို႔မွာ ရန္လိုတဲ့အျပဳအမူမ်ိဳး မရွိပါဘူး။ အေျခအေနတစ္ခုမွာ ပံုမွန္လူေတြ မေျပာတာမ်ိဳး ေျပာတတ္ပါတယ္။ ေၾကာက္စရာေကာင္းတဲ့ အေျခအေနတစ္ခုနဲ႔ ၾကံဳရရင္ အလြန္ျငိမ္သက္စြာ ေနတတ္ပါတယ္။

၆ - ရုတ္တရက္ပ်င္းတယ္

စကားေျပာေနရင္းနဲ႔ သူ႔ဘက္က ရုတ္တရက္ ဆက္နားမေထာင္ခ်င္ေတာ့ဘဲ ပ်င္းသြားတဲ့ပံု ေပၚလာတတ္ပါတယ္။

၇ - မသင္ယူဘူး

သူၾကံဳရတဲ့ အေတြ႕အၾကံဳေတြကေန မသင္ယူပါဘူး။ လူေတြ သူ႔ကို ဘယ္လုိထင္ေနလဲဆိုတာလည္း အျပည့္အဝ သူမသိပါဘူး။ တကယ္ျဖစ္ေပၚေနတဲ့ သူ႔ရဲ႕ စိတ္ပိုင္းဆုိင္ရာ အားနည္းခ်က္ေတြအစား အျခားအေၾကာင္းအရာေပၚ လႊဲခ်ထင္ျမင္တတ္ပါတယ္။ သူက အေျပာဆုိးတာေၾကာင့္၊ ပြင့္ပြင့္လင္းလင္း ေျပာတာေၾကာင့္ လူေတြက သူ႔ကို မၾကိဳက္တာလို႔ ထင္ေနတတ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

၁ - လိမ်တယ်

သူတို့က ဘာအကြောင်းမှ မယ်မယ်ရမရှိဘဲ လိမ်ပြောပါတယ်။ အလိမ်အညာဇာတ်လမ်းတွေ ဆင်ပါတယ်။ မဟုတ်တဲ့ သတင်းအမှားတွေ ရုံးအတွင်းမှာ လျှောက်ဖြန့်ပါတယ်။ ပုံမှန်နေထိုင်နေရတာကို သူတို့က မကြိုက်တာပါ။ အလိမ်အညာမိသွားလည်း ခပ်တည်တည်ပါပဲ။

၂ - ဘယ်သူငယ်ချင်းမှ ကြာကြာမခံ

သူတို့က သူငယ်ချင်းရတာ လွယ်ပါတယ်။ ဒါပေမဲ့ ခင်မင်မှုကို ကြာကြာမထိန်းထားနိုင်ပါဘူး။ တစ်ဖက်သားရဲ့ အခြေအနေကိုမကြည့်ဘဲ သူတို့ကိုယ်သူတို့ပဲ ရှေ့တန်းတင်နေတာကြောင့်ပါ။ လိမ်ညာပြီး သတင်းတွေကို အလွယ်တကူဖြန့်ဝေတတ်ကြောင်း တစ်ဖက်က ခပ်မြန်မြန်ရိပ်မိသွားတတ်တာကြောင့်ပါ။

၃ - ဆွဲဆောင်မှုရှိ

သူတို့ကို ထူးခြားပြီး ဆွဲဆောင်မှုရှိတယ်လို့ ထင်မြင်တတ်ကြပါတယ်။ သူတို့က လူတွေနဲ့ အလွယ်တကူ ရောနိုင်တာကြောင့်ပါ။ ပုံမှန်လူတွေ သည်းမခံနိုင်တာမျိုးကို သူတို့က သည်းခံနေနိုင်တာမျိုးတွေ ရှိပါတယ်။

၄ - အရိပ်အခြေအနေမသိ

တစ်ဖက်အရိပ်အခြေအနေကို မကြည့်ဘဲ လုပ်ဆောင်တတ်တာတွေကြောင့် သူတို့က နာမည်ကြီးပါတယ်။ တစ်ဖက်သားကို မကြည့်ဘဲ သူတို့စကားပြောချင်ရင် အတင်းဝင်ပြောပါတယ်။ သူတို့စိတ်ကောင်းနေရင် သူများနဲ့မတူအောင် သည်းခံတတ်ပြီး တစ်ခါတစ်လေကြရင်တော့ သူတို့ကမှ ကျွမ်းကျင်သူ၊ သူတို့ကမှ အရာရာကိုသိတဲ့ ပုံစံမျိုးတွေလည်း ဖမ်းတတ်ပါတယ်။

၅ - ရန်မလိုတတ်

သူတို့မှာ ရန်လိုတဲ့အပြုအမူမျိုး မရှိပါဘူး။ အခြေအနေတစ်ခုမှာ ပုံမှန်လူတွေ မပြောတာမျိုး ပြောတတ်ပါတယ်။ ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုနဲ့ ကြုံရရင် အလွန်ငြိမ်သက်စွာ နေတတ်ပါတယ်။

၆ - ရုတ်တရက်ပျင်းတယ်

စကားပြောနေရင်းနဲ့ သူ့ဘက်က ရုတ်တရက် ဆက်နားမထောင်ချင်တော့ဘဲ ပျင်းသွားတဲ့ပုံ ပေါ်လာတတ်ပါတယ်။

၇ - မသင်ယူဘူး

သူကြုံရတဲ့ အတွေ့အကြုံတွေကနေ မသင်ယူပါဘူး။ လူတွေ သူ့ကို ဘယ်လိုထင်နေလဲဆိုတာလည်း အပြည့်အဝ သူမသိပါဘူး။ တကယ်ဖြစ်ပေါ်နေတဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေအစား အခြားအကြောင်းအရာပေါ် လွှဲချထင်မြင်တတ်ပါတယ်။ သူက အပြောဆိုးတာကြောင့်၊ ပွင့်ပွင့်လင်းလင်း ပြောတာကြောင့် လူတွေက သူ့ကို မကြိုက်တာလို့ ထင်နေတတ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top