iMyanmarHouse.com - Best Property Website for Myanmar
×

ဦးေရျပားယားယံေသာေၾကာင့္ မၾကာခဏေခါင္းကုတ္ေနရပါက ေဗာက္အျပင္ အျခားအေျခအေနမ်ားေၾကာင့္လည္း ျဖစ္ႏုိင္ပါသည္။

ဦးေရျပားယားယံရျခင္းအေၾကာင္းအရင္းမ်ားတြင္ ေဗာက္ထျခင္း၊ သန္းတြယ္ျခင္းမ်ားအျပင္ ဘက္တီးရီးယားပိုးမႊားမ်ား၊ မိမိကုိယ္ခံအားစနစ္မွ မိမိခႏၶာကိုယ္အားျပန္လည္တိုက္ခိုက္ေသာေရာဂါမ်ား (Autoimmune Diseases) လည္း ပါ​ဝင္ေပသည္။ ယားယံျခင္းကို တားဆီးရန္အတြက္ အေၾကာင္းအရင္းကို ရွာေဖြရန္လိုအပ္ပါသည္။

ေအာက္ပါတုိ႔မွာ ဦးေရျပားယားယံေစေသာ အေၾကာင္း 5 ခုႏွင့္ ကုသနည္းမ်ားျဖစ္ပါသည္။

1. ေဗာက္ထျခင္းႏွင့္ ေခါင္းမႈိစြဲျခင္း

ဦးေရျပားယားယံေစျခင္း၏ အဓိကအေၾကာင္းအရင္းတစ္ခုျဖစ္ၿပီး မႈိမ်ားေပါက္ပြားမႈေၾကာင့္ ခႏၶာကိုယ္မွျပန္လည္တံု႔ျပန္ရာမွ ယားယံျခင္းႏွင့္အျဖဴဖတ္မ်ားျဖစ္ေစေၾကာင္း အေရျပားအထူးကုဆရာဝန္ႀကီး Dr.Melisson Piliang ကေျပာၾကားထားသည္။ မႈိမ်ားသည္ ဦးေရျပားအျပင္ အေမႊးေပါက္ေလ့ရွိေသာခႏၶာကိုယ္အႏွံ႔အျပားတြင္ ရွိႏိုင္ေသာ္လည္း အဆမတန္မ်ားျပားလာေသာေၾကာင့္ ေဗာက္ထရျခင္းျဖစ္သည္။

သာမန္ေဗာက္ထျခင္းဆုိပါက Selenium (သို႔) Zinc pyrithione ပါ၀င္ေသာ ေခါင္းေလွ်ာ္ရည္မ်ားကိုအသံုးျပဳႏုိင္ပါသည္။ ပိုမုိျပင္းထန္ေသာအေျခအေနဝင္မႈ မႈိသတ္ေဆးေခါင္းေလွ်ာ္ရည္မ်ား၊ စတီးရြိဳက္လိမ္းေဆးမ်ား စသည္တို႔ကို လိုအပ္ပါသည္။

2. ႏွင္းခူေရာဂါ (ဆုိရီေရးဆစ္)

မိမိ၏ကိုယ္ခံအားစနစ္မွ မိမိခႏၶာကိုယ္ကိုျပန္လည္တိုက္ခိုက္ေသာေရာဂါျဖစ္ၿပီး အေရျပား (သုိ႔) ဦးေရျပားေပၚတြင္ အနီေရာင္အကြက္မ်ားျဖစ္ေစပါသည္။ ဘာေၾကာင့္ျဖစ္သည္ကို ေသခ်ာမသိႏုိင္ေသာ္လည္း မိသားစုမ်ိဳး႐ိုးရွိပါက ပိုမုိျဖစ္ႏုိင္ေခ်မ်ားပါသည္။ အျခားသူမွတဆင့္မကူးစက္တတ္ပါ။

ေက်ာက္မီးေသြး (Coal tar) သို႔ Salicyclic acid ပါ၀င္ေသာေခါင္းေလွ်ာ္ရည္မ်ားကို အသံုးျပဳရန္ Dr.Piliang က အႀကံေပးထားသည္။ မသက္သာပါက ပိုမိုျပင္းထန္ေသာေခါင္းေလွ်ာ္ရည္ (သို႔) စတီးရြိဳက္လိမ္းေဆးမ်ား အသံုးျပဳႏုိင္ရန္ ဆရာဝန္ႏွင့္တုိင္ပင္ဖို႔ လိုပါသည္။

3. ဒက္

မႈိေရာဂါတစ္မ်ိဳးျဖစ္ၿပီး ဦးေရျပားကို ထိခိုက္ေစႏုိင္ပါသည္။ ဆံပင္ေမြးညႇင္းမ်ားအတြင္းဝင္ေရာက္ျခင္းျဖင့္ အကြက္မ်ားျဖစ္ေပၚေစကာ ဆံပင္ကၽြတ္ႏိုင္ပါသည္။ ၎အကြက္မ်ားသည္ အနည္းငယ္ေဖာင္း၍အမဲစက္မ်ားရွိပါသည္။

ဦးေရျပားအေပၚယံတြင္သာျဖစ္ပါက ေဆးဆိုင္မွမႈိသတ္ေဆးမ်ားအသံုျခင္းျဖင့္ ေပ်ာက္ကင္းႏုိင္ေသာ္လည္း ေမႊးညႇင္းႏုမ်ားအတြင္းသို႔ ဝင္ေရာက္ေနၿပီဆုိပါက ေသာက္ေဆးမ်ားလိုအပ္ေၾကာင္း Dr.Piliang က ေျပာၾကားထားသည္။

4. သန္း

သန္းဟုဆိုလိုက္သည္ႏွင့္ ညစ္ပတ္ပတ္ေနတတ္သူမ်ားကို ေျပးျမင္တတ္ၾကေသာ္လည္း သန္းသည္မည္သူ႔ထံတြင္မဆို ျဖစ္ႏုိင္ပါသည္။ Dr.Piliang ၏ ေျပာၾကားခ်က္အရ သန္းသည္ သန္႔ရွင္းေသာဆံပင္မ်ားတြင္ပိုမိုျဖစ္ေလ့ရွိျခင္းေၾကာင့္ သန္းရွိပါက တစ္ကိုယ္ရည္သန္႔ရွင္းေရးမေကာင္းဟုေျပာ၍မရႏုိင္ေၾကာင္း သိရပါသည္။

ေသခ်ာၾကည့္ပါက ဆံပင္တြင္သန္းဥမ်ားကပ္ေနသည္ကိုေတြ႔ရေပလိမ့္မည္။ ေဗာက္ႏွင့္ အနည္းငယ္ဆင္တူေသာ္လည္း ဆံပင္တြင္ေကာ္ႏွင့္ကပ္ထားသကဲ့သို႔ အလြယ္တကူခါခ်၍မရေပ။ ဆံပင္မ်ားၾကားတြင္ သန္းမ်ားသြားလာေနသည္ကို ေတြ႕ရႏုိင္ေသာ္လည္း သန္းဥမ်ားေလာက္ရွာေဖြရန္မလြယ္ကူေပ။

Pyrethrin သို႔ Permethrin ပါ၀င္ေသာ ပိုးသတ္ေခါင္းေလွ်ာ္ရည္မ်ားျဖင့္ကုသ၍ ရႏိုင္ေသာ္လည္း အၫႊန္းအတိုင္းေသခ်ာစြာ လိုက္နာရန္လိုအပ္ေၾကာင္း သို႔မွသာ ပိုမိုထိေရာက္မည္ျဖစ္ေၾကာင္း Dr.Piliong က အၾကံေပးထားသည္။

5. ဓာတ္မတည့္မႈမ်ား

မိမိႏွင့္ ဓာတ္မတည့္ေသာ ဆံပင္ဆုိးေဆးမ်ားေၾကာင့္လည္း ဦးေရျပားယားယံျခင္းမ်ိဳး ႀကံဳရတတ္ပါသည္။ ထို႔ေၾကာင့္ မိမိႏွင့္မတည့္ေသာ ဓာတုပစၥည္းမ်ားကိုေရွာင္ၾကဥ္ျခင္းျဖင့္ ဓာတ္မတည့္မႈမ်ားမွာ အလိုအေလ်ာက္ေပ်ာက္ကင္းႏုိင္ပါသည္။ မည္သည့္အရာႏွင့္ ဓာတ္မတည့္သည္ကိုသိရွိရန္မွာမူ အေရျပားဆရာဝန္၏ ဓာတ္ခြဲခန္းတြင္ အထူးစစ္ေဆးမႈမ်ားျဖင့္ စစ္ေဆးရန္လိုအပ္ပါသည္။

►► ဦးေရျပားယားယံျခင္းကို မည္သည့္အခ်ိန္တြင္ စိတ္ပူပန္သင့္ပါသနည္း

မ်ားေသာအားျဖင့္ ဦးေရျပားယားယံျခင္းမွာ စိတ္ပူပန္ရန္မလိုအပ္ေသာ္လည္း အေျခအေနပိုမိုဆိုးရြားလာပါက ဆရာဝန္ႏွင့္ျပသရန္လိုအပ္ပါသည္။

- ေဆးဆုိင္မွ ေခါင္းေလွ်ာ္ရည္မ်ားကိုအသံုးျပဳေသာ္လည္း မသက္သာျခင္း

- ေခါင္းယားယံျခင္းေၾကာင့္ လန္႔ႏိုးျခင္းႏွင့္အလုပ္မ်ားကိုထိခိုက္ေစျခင္း

- သန္း (သို႔) သန္းဥမ်ားကိုေတြ႔ျခင္း

- ယားယံေသာအကြက္မ်ားမွာထိ၍မရေအာင္ပင္ နာက်င္ျခင္း

သာမန္ေဗာက္ထျခင္းဟုထင္ေသာ္လည္း အၿမဲတေစဦးေရျပားယားယံေနပါက အေရျပားအထူးကုဆရာဝန္ႏွင့္ ျပသသင့္ပါသည္။ ယားယံျခင္းသက္သာေစရန္ မည္သည့္နည္းလမ္းအသံုးျပဳသင့္သည္ကို ဆရာဝန္မွၫႊန္ၾကားေပးေပလိမ့္မည္။


Credit:drmyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဦးရေပြားယားယံသောကြောင့် မကြာခဏခေါင်းကုတ်နေရပါက ဗောက်အပြင် အခြားအခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဦးရေပြားယားယံရခြင်းအကြောင်းအရင်းများတွင် ဗောက်ထခြင်း၊ သန်းတွယ်ခြင်းများအပြင် ဘက်တီးရီးယားပိုးမွှားများ၊ မိမိကိုယ်ခံအားစနစ်မှ မိမိခန္ဓာကိုယ်အားပြန်လည်တိုက်ခိုက်သောရောဂါများ (Autoimmune Diseases) လည်း ပါဝင်ပေသည်။ ယားယံခြင်းကို တားဆီးရန်အတွက် အကြောင်းအရင်းကို ရှာဖွေရန်လိုအပ်ပါသည်။

အောက်ပါတို့မှာ ဦးရေပြားယားယံစေသော အကြောင်း 5 ခုနှင့် ကုသနည်းများဖြစ်ပါသည်။

1. ဗောက်ထခြင်းနှင့် ခေါင်းမှိုစွဲခြင်း

ဦးရေပြားယားယံစေခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပြီး မှိုများပေါက်ပွားမှုကြောင့် ခန္ဓာကိုယ်မှပြန်လည်တုံ့ပြန်ရာမှ ယားယံခြင်းနှင့်အဖြူဖတ်များဖြစ်စေကြောင်း အရေပြားအထူးကုဆရာဝန်ကြီး Dr.Melisson Piliang ကပြောကြားထားသည်။ မှိုများသည် ဦးရေပြားအပြင် အမွှေးပေါက်လေ့ရှိသောခန္ဓာကိုယ်အနှံ့အပြားတွင် ရှိနိုင်သော်လည်း အဆမတန်များပြားလာသောကြောင့် ဗောက်ထရခြင်းဖြစ်သည်။

သာမန်ဗောက်ထခြင်းဆိုပါက Selenium (သို့) Zinc pyrithione ပါဝင်သော ခေါင်းလျှော်ရည်များကိုအသုံးပြုနိုင်ပါသည်။ ပိုမိုပြင်းထန်သောအခြေအနေဝင်မှု မှိုသတ်ဆေးခေါင်းလျှော်ရည်များ၊ စတီးရွိုက်လိမ်းဆေးများ စသည်တို့ကို လိုအပ်ပါသည်။

2. နှင်းခူရောဂါ (ဆိုရီရေးဆစ်)

မိမိ၏ကိုယ်ခံအားစနစ်မှ မိမိခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်သောရောဂါဖြစ်ပြီး အရေပြား (သို့) ဦးရေပြားပေါ်တွင် အနီရောင်အကွက်များဖြစ်စေပါသည်။ ဘာကြောင့်ဖြစ်သည်ကို သေချာမသိနိုင်သော်လည်း မိသားစုမျိုးရိုးရှိပါက ပိုမိုဖြစ်နိုင်ချေများပါသည်။ အခြားသူမှတဆင့်မကူးစက်တတ်ပါ။

ကျောက်မီးသွေး (Coal tar) သို့ Salicyclic acid ပါဝင်သောခေါင်းလျှော်ရည်များကို အသုံးပြုရန် Dr.Piliang က အကြံပေးထားသည်။ မသက်သာပါက ပိုမိုပြင်းထန်သောခေါင်းလျှော်ရည် (သို့) စတီးရွိုက်လိမ်းဆေးများ အသုံးပြုနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ဖို့ လိုပါသည်။

3. ဒက်

မှိုရောဂါတစ်မျိုးဖြစ်ပြီး ဦးရေပြားကို ထိခိုက်စေနိုင်ပါသည်။ ဆံပင်မွေးညှင်းများအတွင်းဝင်ရောက်ခြင်းဖြင့် အကွက်များဖြစ်ပေါ်စေကာ ဆံပင်ကျွတ်နိုင်ပါသည်။ ၎င်းအကွက်များသည် အနည်းငယ်ဖောင်း၍အမဲစက်များရှိပါသည်။

ဦးရေပြားအပေါ်ယံတွင်သာဖြစ်ပါက ဆေးဆိုင်မှမှိုသတ်ဆေးများအသုံခြင်းဖြင့် ပျောက်ကင်းနိုင်သော်လည်း မွှေးညှင်းနုများအတွင်းသို့ ဝင်ရောက်နေပြီဆိုပါက သောက်ဆေးများလိုအပ်ကြောင်း Dr.Piliang က ပြောကြားထားသည်။

4. သန်း

သန်းဟုဆိုလိုက်သည်နှင့် ညစ်ပတ်ပတ်နေတတ်သူများကို ပြေးမြင်တတ်ကြသော်လည်း သန်းသည်မည်သူ့ထံတွင်မဆို ဖြစ်နိုင်ပါသည်။ Dr.Piliang ၏ ပြောကြားချက်အရ သန်းသည် သန့်ရှင်းသောဆံပင်များတွင်ပိုမိုဖြစ်လေ့ရှိခြင်းကြောင့် သန်းရှိပါက တစ်ကိုယ်ရည်သန့်ရှင်းရေးမကောင်းဟုပြော၍မရနိုင်ကြောင်း သိရပါသည်။

သေချာကြည့်ပါက ဆံပင်တွင်သန်းဥများကပ်နေသည်ကိုတွေ့ရပေလိမ့်မည်။ ဗောက်နှင့် အနည်းငယ်ဆင်တူသော်လည်း ဆံပင်တွင်ကော်နှင့်ကပ်ထားသကဲ့သို့ အလွယ်တကူခါချ၍မရပေ။ ဆံပင်များကြားတွင် သန်းများသွားလာနေသည်ကို တွေ့ရနိုင်သော်လည်း သန်းဥများလောက်ရှာဖွေရန်မလွယ်ကူပေ။

Pyrethrin သို့ Permethrin ပါဝင်သော ပိုးသတ်ခေါင်းလျှော်ရည်များဖြင့်ကုသ၍ ရနိုင်သော်လည်း အညွှန်းအတိုင်းသေချာစွာ လိုက်နာရန်လိုအပ်ကြောင်း သို့မှသာ ပိုမိုထိရောက်မည်ဖြစ်ကြောင်း Dr.Piliong က အကြံပေးထားသည်။

5. ဓာတ်မတည့်မှုများ

မိမိနှင့် ဓာတ်မတည့်သော ဆံပင်ဆိုးဆေးများကြောင့်လည်း ဦးရေပြားယားယံခြင်းမျိုး ကြုံရတတ်ပါသည်။ ထို့ကြောင့် မိမိနှင့်မတည့်သော ဓာတုပစ္စည်းများကိုရှောင်ကြဉ်ခြင်းဖြင့် ဓာတ်မတည့်မှုများမှာ အလိုအလျောက်ပျောက်ကင်းနိုင်ပါသည်။ မည်သည့်အရာနှင့် ဓာတ်မတည့်သည်ကိုသိရှိရန်မှာမူ အရေပြားဆရာဝန်၏ ဓာတ်ခွဲခန်းတွင် အထူးစစ်ဆေးမှုများဖြင့် စစ်ဆေးရန်လိုအပ်ပါသည်။

►► ဦးရေပြားယားယံခြင်းကို မည်သည့်အချိန်တွင် စိတ်ပူပန်သင့်ပါသနည်း

များသောအားဖြင့် ဦးရေပြားယားယံခြင်းမှာ စိတ်ပူပန်ရန်မလိုအပ်သော်လည်း အခြေအနေပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။

- ဆေးဆိုင်မှ ခေါင်းလျှော်ရည်များကိုအသုံးပြုသော်လည်း မသက်သာခြင်း

- ခေါင်းယားယံခြင်းကြောင့် လန့်နိုးခြင်းနှင့်အလုပ်များကိုထိခိုက်စေခြင်း

- သန်း (သို့) သန်းဥများကိုတွေ့ခြင်း

- ယားယံသောအကွက်များမှာထိ၍မရအောင်ပင် နာကျင်ခြင်း

သာမန်ဗောက်ထခြင်းဟုထင်သော်လည်း အမြဲတစေဦးရေပြားယားယံနေပါက အရေပြားအထူးကုဆရာဝန်နှင့် ပြသသင့်ပါသည်။ ယားယံခြင်းသက်သာစေရန် မည်သည့်နည်းလမ်းအသုံးပြုသင့်သည်ကို ဆရာဝန်မှညွှန်ကြားပေးပေလိမ့်မည်။


Credit:drmyanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top