iMyanmarHouse.com - Best Property Website for Myanmar
×
၂။ဗီတာမင် ဒီ
Credit : Shwemom
Unicode Version
နို့ဟာ ကျွန်တော်တို့လူသားတွေအတွက် သဘာဝက ရွေးချယ်ပေးတဲ့ အဟာရအပြည့်ဝဆုံး အစားအစာလို့ပြောရင်လည်းမမှားပါဘူူး။ဘာကြောင့်လဲဆိုကတော့ ကလေးဘဝကတည်းက ၆လအရွယ်အထိ မဖြစ်မနေနို့သောက်ခဲ့ကြရလို့ပါ။အသက်ကြီးလာကြတော့ နို့ကို သိပ်မသောက်ဖြစ်ကြတော့ဘဲ တခြားအာဟာရ ရင်းမြစ်တွေနဲ့ အစားထိုးမှီဝဲလာကြပါတော့တယ်။ဒါပေမဲ့ နို့ဟာ ဗီတာမင်နဲ့ ပရိုတင်းတွေ ကြွယ်ဝတဲ့ အဟာရဓာတ်တစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့တွေနို့ကို အလျဉ်းသင့်ရင် သင့်သလိုသောက်သုံးသင့်ပြီးပါတယ်။
၁။အရိုးနဲ့ သွားများကို သန်စွမ်းစေတယ်။4563
နို့ဟာ ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာတစ်ခုဖြစ်ပြီးတော့ ကယ်ဆီယမ်ဟာ အရိုးကြီးထွားခြင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပြီး သွားများကိုလည်း ကြံခိုင်သန်စွမ်းစေပါတယ်။အရိုးပွရောဂါကိုလည်းကာကွယ်ပေးတဲ့နွားနို့ကို အရပ်ရှည်ချင်တဲ့ လူငယ်လူရွယ်များလည်း သောက်သုံးသင့်ပါတယ်။
၂။ဗီတာမင် ဒီ
နေရောင်ခြည် လူံပေးခြင်းဖြင့် ဗီတာမင်ဒီကို ရရှိနိုင်သလို နွားနို့မှာလည်း ဗီတာမင် ဒီပါဝင်ပြီး ဗီတာမင်ဒီဟာ ကယ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူခြင်းကို အားပေးပါတယ်။
၃။ကြွက်သား တွေကို သန်မာစေတယ်။drinking-milk-85
အားကာစားပြင်းပြင်းထန်ထန်လုပ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ နို့တစ်ခွက်လောက်သောက်သုံးပေးရင် ကြွက်သားကြီးထွားခြင်းကို အားပေးပြီးတော့ ခန္ဓာကိုယ် ကကုန်ဆုံးသွားတဲ့ အာဟာရတွေကိုလည်း ပြန်လည် ဖြည့်တင်းပေးပါတယ်။
၄။အသားရည်ကို စိုပြေလှပစေသည်။
ရှေးခေတ်ကတည်းက နွားနို့နဲ့ ရေချိုးတယ်ဆိုတာလည်းရှိပြီးတော့ ယနေ့ခေတ် အိန္ဒိယနိုင်ငံမှာလည်း နွားနို့နဲ့ ရေချိုးကန်တွေရှိနေတုန်းပါပဲ။နွားနို့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အသားအရည်ကို စိုပြေလှပစေပြီးတော့ နေ့တိုင်းနွားနို့တစ်ခွက်သောက်ပေးခြင်းဟာ သင်အသားအရေကို စိုပြေစေပြီး သန်ရှင်းစေမှာပါ။
၅။စိတ်ဖိစီးမှုကိုလျှော့ချပေးသည်။
နွားနို့နွေးနွေးလေးတစ်ခွက်ကိုသောက်သုံးပေးခြင်း ဟာ သင်ရဲ့ စိတ်ဖိစီးမူကိုလျှော့ချပေးနိုင်ပြီး သင့်ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပျော့ပျောင်းစေမှာဖြစ်ပါတယ်။
Credit : Shwemom
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top