iMyanmarHouse.com - Best Property Website for Myanmar
×

 ေယာဂက်င့္ျခင္းျဖင့္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ျခင္း၊ ခႏၶာကိုယ္ သန္မာဖ်တ္လတ္ေစျခင္း၊ အသားအေရၾကည္လင္ေတာက္ပျခင္း၊ စိတ္တည္ၿငိမ္ေအးခ်မ္းျခင္း၊ က်န္းမာေရးေကာင္းျခင္းတို႔အျပင္ အျခားက်န္းမာေရးအက်ဳိးေက်းဇူးမ်ားစြာ ရရွိႏုိင္မည္ ျဖစ္သည္။

႐ုပ္ပိုင္းဆုိင္ရာ ၾကံ႕ခုိင္မႈျပည့္၀႐ုံသာမက စိတ္ခံစားခ်က္ႏွင့္ စိတ္ပိုင္းဆုိင္ရာ တည္ၿငိမ္မႈလည္းရွိပါမွ အမွန္တကယ္ က်န္းမာသည္ဟု ေခၚဆုိႏုိင္ေပမည္။ က်န္းမာသည္ဆုိေသာ အေျခအေနမွာ ေရာဂါမရွိေသာ အေျခအေနမွ်သာမဟုတ္ဘဲ ေပ်ာ္ရႊင္မႈ၊ စိတ္အားထက္သန္မႈႏွင့္ ခ်စ္ခင္ၾကင္နာမႈစေသာ ဘ၀၏စြမ္းအားမ်ားကို ေဖာ္ျပမႈတစ္ခုျဖစ္သည္။

ယင္းကဲ့သို႔ ကိုယ္ေရာစိတ္ပါ က်န္းမာေစရန္ ေယာဂက်င့္ျခင္း၊ အသက္ရွဴေလ့က်င့္ခန္းလုပ္ျခင္းႏွင့္ တရားထုိင္ျခင္းတို႔ ျပဳလုပ္ႏုိင္သည္။
တစ္ေန႔လွ်င္ မိနစ္အနည္းငယ္မွ် ေယာဂက်င့္ျခင္းျဖင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ႏုိင္ၿပီး ကိုယ္ေရာစိတ္ပါ ဖိစီးမႈကို ေျပေလ်ာ့သြားေစသည္။ ေယာဂက်င့္သည့္ ကိုယ္ေနဟန္ထား၊ အသက္ရွဴေလ့က်င့္ခန္းလုပ္ျခင္းႏွင့္ တရားထုိင္ျခင္းတုိ႔မွာ စိတ္ဖိစီးမႈ ေလ်ာ့က်ေစရန္ အစြမ္းထက္ေသာ နည္းလမ္းမ်ား ျဖစ္သည္။

ၿငိမ္းခ်မ္းလွပေသာ ေနရာမ်ားႏွင့္ သဘာ၀အလွတို႔ကို ကြၽန္ေတာ္တို႔ အားလုံး ခုံမင္ႏွစ္သက္ၾကေသာ္လည္း ၿငိမ္းခ်မ္းမႈကို မိမိကိုယ္တြင္း၌သာ ရွာေဖြေတြ႕ရွိႏုိင္သည္ဆုိျခင္းကို သိသူမွာ နည္းပါးသည္။ ေယာဂက်င့္ျခင္းမွာ အေႏွာင့္အယွက္ျဖစ္ေနေသာ စိတ္အေျခအေနကို တည္ၿငိမ္သြားေစမည့္ အေကာင္းဆုံး နည္းလမ္းမ်ားအနက္ တစ္ခု ျဖစ္သည္။
ကိုယ္ခႏၶာအေပၚ ပုံမွန္မဟုတ္ေသာ အက်ဳိးသက္ေရာက္မႈမ်ားက စိတ္ကိုလည္း အလားတူ မေပ်ာ္မရႊင္ (သို႔မဟုတ္) မတည္မၿငိမ္ျဖစ္ေစၿပီး ယင္းအေျခအေနကို ကိုယ္ခႏၶာနာမက်န္းျဖစ္ျခင္းကဲ့သို႔ပင္ ရွင္းရွင္းလင္းလင္းျမင္ေတြ႕ႏုိင္သည္။ ေယာဂက်င့္ျခင္းေၾကာင့္ ကိုယ္အဂၤါမ်ားကို ႏွိပ္နယ္ေပးသကဲ့သို႔ ျဖစ္ေစၿပီး ႂကြက္သားမ်ားကို ပိုမိုသန္မာလာေစသည္။ အသက္ရွဴေလ့က်င့္ခန္း လုပ္ျခင္းႏွင့္ တရားထိုင္ျခင္းက စိတ္ဖိစီးမႈမ်ားကို ေျပေလ်ာ့ေစၿပီး ကိုယ္ခံအားစနစ္ ပိုေကာင္းလာေစသည္။

  ေယာဂက်င့္ျခင္းႏွင့္ အသက္ရွဴေလ့က်င့္ခန္းျပဳလုပ္ျခင္းျဖင့္ သတိရွိမႈ အားေကာင္းလာေစမည္ျဖစ္ကာ အိမ္ေထာင္ဖက္၊ မိဘ၊ မိတ္ေဆြမ်ား (သို႔မဟုတ္) ခ်စ္ခင္ရသူမ်ားႏွင့္ ဆက္ဆံေရး တုိးတက္လာေစ မည္ျဖစ္သည္။ သက္ေသာင့္သက္သာရွိၿပီး ေပ်ာ္ရႊင္ေရာင့္ရဲေသာ စိတ္အေျခ အေနေၾကာင့္ ထိခိုက္လြယ္ေသာ လူမႈဆက္ဆံေရး ကိစၥမ်ားကို ေျဖရွင္းရာတြင္ ပိုမိုလြယ္ကူစြာေျဖရွင္းလာႏုိင္မည္ ျဖစ္သည္။

  ေယာဂကို ေန႔စဥ္မိနစ္အနည္းငယ္စီ က်င့္ေပးရန္ လုိအပ္သည္။ ယင္းသို႔ ေယာဂပုံမွန္က်င့္သူအေနျဖင့္ လမ္းေလွ်ာက္ေနခ်ိန္ျဖစ္ေစ အိပ္ေန၊ ထုိင္ေန၊ ရပ္ေနခ်ိန္ျဖစ္ေစ ကိုယ္ဟန္အေနအထား တုိးတက္လာေအာင္ ကူညီႏုိင္သည္။ အျပန္အလွန္အားျဖင့္ မမွန္ကန္ေသာ ကိုယ္ေနဟန္ထားရွိျခင္းေၾကာင့္ ကိုယ္ခႏၶာနာက်င္မႈမ်ားကုိလည္း ေယာဂက်င့္ျခင္းျဖင့္ သက္သာေစမည္ ျဖစ္သည္။

  ေယာဂက်င့္ျခင္းႏွင့္ တရားထုိင္ျခင္းေၾကာင့္ သိရွိမွတ္မိႏုိင္မႈစြမ္းရည္ကိုလည္း ျမင့္တက္လာေစမည္ျဖစ္ၿပီး ရလဒ္ေကာင္းမ်ား ထြက္ေပၚလာေစရန္ မည္သည့္ကိစၥကို ၿပီးေျမာက္ေအာင္ လုပ္ရန္လုိအပ္သည္၊ မည္သည့္အခ်ိန္တြင္ မည္သို႔ လုပ္ရန္လုိသည္ဆိုျခင္းကို မ်ားစြာ ႀကိဳးပမ္းအားထုတ္စရာမလိုဘဲ ေတြးမိႏုိင္ေသာ စြမ္းရည္ကိုပိုင္ဆုိင္လာမည္ ျဖစ္သည္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : new myanmar news

#Unicode Version
 ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခန္ဓာကိုယ် သန်မာဖျတ်လတ်စေခြင်း၊ အသားအရေကြည်လင်တောက်ပခြင်း၊ စိတ်တည်ငြိမ်အေးချမ်းခြင်း၊ ကျန်းမာရေးကောင်းခြင်းတို့အပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပြည့်ဝရုံသာမက စိတ်ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုလည်းရှိပါမှ အမှန်တကယ် ကျန်းမာသည်ဟု ခေါ်ဆိုနိုင်ပေမည်။ ကျန်းမာသည်ဆိုသော အခြေအနေမှာ ရောဂါမရှိသော အခြေအနေမျှသာမဟုတ်ဘဲ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုနှင့် ချစ်ခင်ကြင်နာမှုစသော ဘဝ၏စွမ်းအားများကို ဖော်ပြမှုတစ်ခုဖြစ်သည်။

ယင်းကဲ့သို့ ကိုယ်ရောစိတ်ပါ ကျန်းမာစေရန် ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။
တစ်နေ့လျှင် မိနစ်အနည်းငယ်မျှ ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်ပြီး ကိုယ်ရောစိတ်ပါ ဖိစီးမှုကို ပြေလျော့သွားစေသည်။ ယောဂကျင့်သည့် ကိုယ်နေဟန်ထား၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့မှာ စိတ်ဖိစီးမှု လျော့ကျစေရန် အစွမ်းထက်သော နည်းလမ်းများ ဖြစ်သည်။

ငြိမ်းချမ်းလှပသော နေရာများနှင့် သဘာဝအလှတို့ကို ကျွန်တော်တို့ အားလုံး ခုံမင်နှစ်သက်ကြသော်လည်း ငြိမ်းချမ်းမှုကို မိမိကိုယ်တွင်း၌သာ ရှာဖွေတွေ့ရှိနိုင်သည်ဆိုခြင်းကို သိသူမှာ နည်းပါးသည်။ ယောဂကျင့်ခြင်းမှာ အနှောင့်အယှက်ဖြစ်နေသော စိတ်အခြေအနေကို တည်ငြိမ်သွားစေမည့် အကောင်းဆုံး နည်းလမ်းများအနက် တစ်ခု ဖြစ်သည်။
ကိုယ်ခန္ဓာအပေါ် ပုံမှန်မဟုတ်သော အကျိုးသက်ရောက်မှုများက စိတ်ကိုလည်း အလားတူ မပျော်မရွှင် (သို့မဟုတ်) မတည်မငြိမ်ဖြစ်စေပြီး ယင်းအခြေအနေကို ကိုယ်ခန္ဓာနာမကျန်းဖြစ်ခြင်းကဲ့သို့ပင် ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။ ယောဂကျင့်ခြင်းကြောင့် ကိုယ်အင်္ဂါများကို နှိပ်နယ်ပေးသကဲ့သို့ ဖြစ်စေပြီး ကြွက်သားများကို ပိုမိုသန်မာလာစေသည်။ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းနှင့် တရားထိုင်ခြင်းက စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး ကိုယ်ခံအားစနစ် ပိုကောင်းလာစေသည်။

  ယောဂကျင့်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သတိရှိမှု အားကောင်းလာစေမည်ဖြစ်ကာ အိမ်ထောင်ဖက်၊ မိဘ၊ မိတ်ဆွေများ (သို့မဟုတ်) ချစ်ခင်ရသူများနှင့် ဆက်ဆံရေး တိုးတက်လာစေ မည်ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ရောင့်ရဲသော စိတ်အခြေ အနေကြောင့် ထိခိုက်လွယ်သော လူမှုဆက်ဆံရေး ကိစ္စများကို ဖြေရှင်းရာတွင် ပိုမိုလွယ်ကူစွာဖြေရှင်းလာနိုင်မည် ဖြစ်သည်။

  ယောဂကို နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးရန် လိုအပ်သည်။ ယင်းသို့ ယောဂပုံမှန်ကျင့်သူအနေဖြင့် လမ်းလျှောက်နေချိန်ဖြစ်စေ အိပ်နေ၊ ထိုင်နေ၊ ရပ်နေချိန်ဖြစ်စေ ကိုယ်ဟန်အနေအထား တိုးတက်လာအောင် ကူညီနိုင်သည်။ အပြန်အလှန်အားဖြင့် မမှန်ကန်သော ကိုယ်နေဟန်ထားရှိခြင်းကြောင့် ကိုယ်ခန္ဓာနာကျင်မှုများကိုလည်း ယောဂကျင့်ခြင်းဖြင့် သက်သာစေမည် ဖြစ်သည်။

  ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းကြောင့် သိရှိမှတ်မိနိုင်မှုစွမ်းရည်ကိုလည်း မြင့်တက်လာစေမည်ဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် မည်သည့်ကိစ္စကို ပြီးမြောက်အောင် လုပ်ရန်လိုအပ်သည်၊ မည်သည့်အချိန်တွင် မည်သို့ လုပ်ရန်လိုသည်ဆိုခြင်းကို များစွာ ကြိုးပမ်းအားထုတ်စရာမလိုဘဲ တွေးမိနိုင်သော စွမ်းရည်ကိုပိုင်ဆိုင်လာမည် ဖြစ်သည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : new myanmar news
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top