iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႕ေခတ္မွာ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးပါ စိန္ေခၚမႈေပါင္းမ်ားစြာကို ရင္ဆုိင္ျပီး ေန႕စဥ္ဘ၀ေတြကို ရွင္သန္ေနၾကရပါတယ္။ ဒါေတြဟာ တစ္ခါတစ္ေလ အခ်စ္ေရးကိစၥေတြမွာပါ သက္ေရာက္မႈေတြ ရွိလာပါတယ္။ အလုပ္မွာ ပြင့္လင္းခ်င္တုိင္း ပြင့္လင္းစြာ ဆက္ဆံလို႕မရတာ၊ အရိုးသားဆံုး ေျပာဆုိျပဳမူလုိ႕ မရတာေတြ ရွိေနတတ္ပါတယ္။ ဒီအခ်က္ေတြဟာ လူတစ္ေယာက္ရဲ႕ အခ်စ္ေရးမွာပါ သက္ေရာက္မႈေတြ ရွိလာတဲ့အခါ တစ္ဦးနဲ႕တစ္ဦး အားမလို အားမရျဖစ္တာ၊ နားလည္မႈလြဲတာမ်ိဳးေတြ ျဖစ္လာၾကပါေရာ။ အထူးသျဖင့္ အမ်ိဳးသားေတြဟာ တစ္ခါတစ္ေလ ဒီလိုေရာယွက္ခံစားမႈေတြ အမ်ားဆံုးရွိေနတတ္ၾကပါတယ္။ မလိုအပ္ပဲ ေျပာခ်င္တာေတြကို စိတ္ထဲအတင္းထည့္ထားတာမ်ိဳးေပါ့။ ဒီေတာ့ အမ်ိဳးသမီးေတြ အေနနဲ႕ ကိုယ့္ခ်စ္သူအမ်ိဳးသားေတြ အခ်စ္ေရးနဲ႕ပတ္သက္လာရင္ သူတုိ႕ျဖစ္ေစခ်င္ေနတာေလးေတြက

၁။ရိုးရိုးသားသား ေျပာဆုိဆက္ဆံပါ။

ခ်စ္သူေတြ တစ္ဦးနဲ႕တစ္ဦး ရိုးသားပြင့္လင္းမႈ မရွိဘူးဆုိရင္ သူတုိ႕ေတြဟာ ေရရွည္လက္တြဲဖုိ႕ ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အတတ္ႏိုင္ဆံုး ကိုယ့္ခ်စ္သူကို ပြင့္လင္းရိုးသားစြာ ေျပာဆုိဆက္ဆံဖုိ႕ လိုပါတယ္။

၂။ခံစားခ်က္ေတြကို ဖြင့္ဟပါ။

အမ်ိဳးသမီးေတြထက္စာရင္ အမ်ိဳးသားေတြဟာ သူုတို႕ခံစားခ်က္ကို ဖြင့္ဟေျပာျပလိမ့္ မရွိပါဘူး။ ဒါကိုေယာက်ၤားမဆန္ဘူးလို႕ ထင္ၾကပါတယ္။ အမွန္တကယ္ကေတာ့ ခုလို ဖြင့္ေျပာျခင္း မေျပာျခင္းနဲ႕ ေယာက်ၤားးဆန္ျခင္းနဲ႕ ဘယ္လိုမွ မသက္ဆုိင္ပါဘူး။ ကိုယ့္အေနနဲ႕ ခံစားခ်က္ေတြ ဖြင့္ဟရမွာက ကိုယ့္ခ်စ္သူကို ျဖစ္တာေၾကာင့္ သင့္စိတ္ထဲ မ်ိဳသိပ္ထားတာေတြ မ်ားလာတဲ့အခါ တစ္ခ်ိန္မွာ ဆံုးရႈံးနာက်င္တာေတြ ခံစားရတာေတြ ျဖစ္လာပါလိမ့္မယ္။

၃။ကုိယ့္ကိုကိုယ္ တုိးတက္ေအာင္ အျမဲႀကိဳးစားလုပ္ေဆာင္ပါ။

အေရးအႀကီးဆံုး အရာေတြထဲက တစ္ခုကေတာ့ ကိုယ့္ကိုကုိယ္ တုိးတက္ေကာင္းမြန္ေအာင္ ၾကိဳးစားေနထုိင္ျခင္းပါပဲ။ ဒီလိုဆို၇င္ သင္ဟာ ကိုယ့္ကိုကိုယ္လညး္ ယံုၾကည္မႈရွိလာပါလိမ့္မယ္။ ကိုယ့္ကိုကုိယ္ ယံုၾကည္မႈရွိတဲ့သူဟာ ဆက္စီက်တာပဲေလ။

၄။ကိုယ္တကယ္ လုပ္ခ်င္တဲ့ အလုပ္ကိုသာ ေရြးခ်ယ္ပါ။

သင္ဟာ တစ္ေန႕တစ္ေန႕ နာရီေပါင္းမ်ားစြာ ကိုယ္မႏွစ္သက္တဲ့ အလုပ္ေတြနဲ႕ အခ်ိန္ကုန္ ေနမယ္ဆုိရင္ သင့္ဘ၀မွာ ေပ်ာ္ရႊင္မႈထက္ ဖိစီးမႈေတြသာ ႀကီးစိုးေနပါလိမ့္မယ္။ ဒါဟာ သင့္အခ်စ္ေရးကိုလည္း ထိခိုက္ေစႏိုင္တာပါပဲ။ ဒီေတာ့ ကိုယ္တကယ္ခ်စ္ျမတ္ႏိုး ၀ါသနာပါတဲ့ အလုပ္ကိုသာ ေရြးခ်ယ္တတ္ပါေစ။

၅။အတိတ္ကို မတူးဆြပါနဲ႕။ သတိလည္း ရမေနပါနဲ႕။

သင္ဟာ အနာဂတ္မွာ ျဖစ္လာမယ့္အရာေတြအတြက္ ေနထိုင္ေနျခင္းဟာ ေကာင္းပါတယ္။ ဒီ့ထက္ ေကာင္းတာက လက္ရွိေန႕စဥ္ဘ၀ကို အေကာင္းဆံုး ေနထုိင္ျခင္းပါပဲ။ အတိတ္မွာ ဘာေတြျဖစ္ခဲ့ျဖစ္ခဲ့ လက္ရွိအခ်ိန္ကိုသာ အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားေနထုိင္ပါ။ အတိတ္မွာ ျဖစ္ခဲ့တဲ့ အရာေတြအတြက္ ေနာင္တရေနတာမ်ိဳး၊ ခံစားေနတာမ်ိဳးေတြလည္း မလုပ္ပါနဲ႕ေတာ့။ ဒါေတြဟာ သင့္ဘ၀အတြက္ အေရးမပါႏိုင္ေတာ့ပါဘူး။

၆။ကိုယ့္ခ်စ္သူကို အထိအေတြ႔ေလးေတြ အျမဲေပးပါ။

ကိုယ့္ခ်စ္သူကို နမ္းတာ၊ ဖက္တာ၊ တို႕ထိတာမ်ိဳးေတြဟာ အခ်စ္ေရးမွာ အေရးပါတဲ့က႑ကေန ပါ၀င္ေနပါတယ္။ ဒီအခ်က္ေလးေတြကိုလည္း ေမ့မေနသင့္ပါဘူး။

၇။ေဒါသကို ထိန္းခ်ဳပ္တတ္ပါေစ။

စိတ္တုိစရာ ေတြ႔လာတဲ့အခါ သင္ဟာ ေဒါသကို ထိန္းခ်ဳပ္ျပီး တစ္ဖက္လူကို တံု႕ျပန္တတ္ဖုိ႕ သင့္ေဘးက ခ်စ္သူေကာင္မေလးက ေမ်ွာ္လင့္ေနပါလိမ့္မယ္။ ဒါဟာ သူတုိ႕စိတ္ထဲ အျမဲရွိတဲ့ အရာတစ္ခုပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီနေ့ခေတ်မှာ အမျိုးသားရော၊ အမျိုးသမီးပါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ပြီး နေ့စဉ်ဘဝတွေကို ရှင်သန်နေကြရပါတယ်။ ဒါတွေဟာ တစ်ခါတစ်လေ အချစ်ရေးကိစ္စတွေမှာပါ သက်ရောက်မှုတွေ ရှိလာပါတယ်။ အလုပ်မှာ ပွင့်လင်းချင်တိုင်း ပွင့်လင်းစွာ ဆက်ဆံလို့မရတာ၊ အရိုးသားဆုံး ပြောဆိုပြုမူလို့ မရတာတွေ ရှိနေတတ်ပါတယ်။ ဒီအချက်တွေဟာ လူတစ်ယောက်ရဲ့ အချစ်ရေးမှာပါ သက်ရောက်မှုတွေ ရှိလာတဲ့အခါ တစ်ဦးနဲ့တစ်ဦး အားမလို အားမရဖြစ်တာ၊ နားလည်မှုလွဲတာမျိုးတွေ ဖြစ်လာကြပါရော။ အထူးသဖြင့် အမျိုးသားတွေဟာ တစ်ခါတစ်လေ ဒီလိုရောယှက်ခံစားမှုတွေ အများဆုံးရှိနေတတ်ကြပါတယ်။ မလိုအပ်ပဲ ပြောချင်တာတွေကို စိတ်ထဲအတင်းထည့်ထားတာမျိုးပေါ့။ ဒီတော့ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ချစ်သူအမျိုးသားတွေ အချစ်ရေးနဲ့ပတ်သက်လာရင် သူတို့ဖြစ်စေချင်နေတာလေးတွေက

၁။ရိုးရိုးသားသား ပြောဆိုဆက်ဆံပါ။

ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး ရိုးသားပွင့်လင်းမှု မရှိဘူးဆိုရင် သူတို့တွေဟာ ရေရှည်လက်တွဲဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အတတ်နိုင်ဆုံး ကိုယ့်ချစ်သူကို ပွင့်လင်းရိုးသားစွာ ပြောဆိုဆက်ဆံဖို့ လိုပါတယ်။

၂။ခံစားချက်တွေကို ဖွင့်ဟပါ။

အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေဟာ သူုတို့ခံစားချက်ကို ဖွင့်ဟပြောပြလိမ့် မရှိပါဘူး။ ဒါကိုယောကျၤားမဆန်ဘူးလို့ ထင်ကြပါတယ်။ အမှန်တကယ်ကတော့ ခုလို ဖွင့်ပြောခြင်း မပြောခြင်းနဲ့ ယောကျၤားးဆန်ခြင်းနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး။ ကိုယ့်အနေနဲ့ ခံစားချက်တွေ ဖွင့်ဟရမှာက ကိုယ့်ချစ်သူကို ဖြစ်တာကြောင့် သင့်စိတ်ထဲ မျိုသိပ်ထားတာတွေ များလာတဲ့အခါ တစ်ချိန်မှာ ဆုံးရှုံးနာကျင်တာတွေ ခံစားရတာတွေ ဖြစ်လာပါလိမ့်မယ်။

၃။ကိုယ့်ကိုကိုယ် တိုးတက်အောင် အမြဲကြိုးစားလုပ်ဆောင်ပါ။

အရေးအကြီးဆုံး အရာတွေထဲက တစ်ခုကတော့ ကိုယ့်ကိုကိုယ် တိုးတက်ကောင်းမွန်အောင် ကြိုးစားနေထိုင်ခြင်းပါပဲ။ ဒီလိုဆို၇င် သင်ဟာ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိလာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ဆက်စီကျတာပဲလေ။

၄။ကိုယ်တကယ် လုပ်ချင်တဲ့ အလုပ်ကိုသာ ရွေးချယ်ပါ။

သင်ဟာ တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ ကိုယ်မနှစ်သက်တဲ့ အလုပ်တွေနဲ့ အချိန်ကုန် နေမယ်ဆိုရင် သင့်ဘဝမှာ ပျော်ရွှင်မှုထက် ဖိစီးမှုတွေသာ ကြီးစိုးနေပါလိမ့်မယ်။ ဒါဟာ သင့်အချစ်ရေးကိုလည်း ထိခိုက်စေနိုင်တာပါပဲ။ ဒီတော့ ကိုယ်တကယ်ချစ်မြတ်နိုး ဝါသနာပါတဲ့ အလုပ်ကိုသာ ရွေးချယ်တတ်ပါစေ။

၅။အတိတ်ကို မတူးဆွပါနဲ့။ သတိလည်း ရမနေပါနဲ့။

သင်ဟာ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေအတွက် နေထိုင်နေခြင်းဟာ ကောင်းပါတယ်။ ဒီ့ထက် ကောင်းတာက လက်ရှိနေ့စဉ်ဘဝကို အကောင်းဆုံး နေထိုင်ခြင်းပါပဲ။ အတိတ်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ပါ။ အတိတ်မှာ ဖြစ်ခဲ့တဲ့ အရာတွေအတွက် နောင်တရနေတာမျိုး၊ ခံစားနေတာမျိုးတွေလည်း မလုပ်ပါနဲ့တော့။ ဒါတွေဟာ သင့်ဘဝအတွက် အရေးမပါနိုင်တော့ပါဘူး။

၆။ကိုယ့်ချစ်သူကို အထိအတွေ့လေးတွေ အမြဲပေးပါ။

ကိုယ့်ချစ်သူကို နမ်းတာ၊ ဖက်တာ၊ တို့ထိတာမျိုးတွေဟာ အချစ်ရေးမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီအချက်လေးတွေကိုလည်း မေ့မနေသင့်ပါဘူး။

၇။ဒေါသကို ထိန်းချုပ်တတ်ပါစေ။

စိတ်တိုစရာ တွေ့လာတဲ့အခါ သင်ဟာ ဒေါသကို ထိန်းချုပ်ပြီး တစ်ဖက်လူကို တုံ့ပြန်တတ်ဖို့ သင့်ဘေးက ချစ်သူကောင်မလေးက မျှော်လင့်နေပါလိမ့်မယ်။ ဒါဟာ သူတို့စိတ်ထဲ အမြဲရှိတဲ့ အရာတစ်ခုပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top