iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးလိုခ်င္တဲ့စံုတဲြေတြအေနနဲ႔ ကေလး ယူဖို႔ ျပင္ဆင္ေနရတဲ့ အခ်ိန္ကာလေတြဟာ စိတ္လႈပ္ရွား
စရာေကာင္းၿပီး မိခင္ေလာင္းနဲ႔ ဖခင္ေလာင္းေတြဟာ တတ္ႏိုင္သမွ် ျမန္ျမန္ ကိုယ္ဝန္ရလုိၾကပါတယ္။ ဒါေပမယ့္ အမ်ိဳး သမီး တစ္ေယာက္ရဲ႕ ကိုယ္ဝန္ ရႏိုင္ေျခကုိ လႊမ္းမိုးေနတဲ့ အခ်က္ေတြရိွပါတယ္။ တခ်ိဳ႕ စံုတဲြေတြ အေနနဲ႔ ပထမ အႀကိမ္ ႀကိဳးစားမႈ မွာပဲ ကိုယ္ဝန္ရႏိုင္သလို တခ်ိဳ႕ စံုတဲြေတြ ကေတာ့ ကိုယ္ဝန္မရတာက လေပါင္းမ်ားစြာ ၾကာႏိုင္ပါတယ္။

ေအာက္ပါအႀကံျပဳခ်က္ေတြက လေလးလိုခ်င္တဲ့စံုတဲြေတြ အေနနဲ႔ ကိုယ္ဝန္ရႏိုင္ေျခကို ပိုမ်ားေအာင္ လုပ္ေဆာင္ႏိုင္တဲ့အခ်က္ေတြ ျဖစ္ပါတယ္။ ပံုမွန္ဆက္ဆံမႈနဲ႔ မွန္ကန္တဲ့အခ်ိန္ ျဖစ္ပါေစ။ ကေလးလိုခ်င္ၿပီး မရတဲ့စံုတဲြအမ်ားစုဟာ ပံုမွန္လိင္ဆက္ဆံမႈရိွတာ ဒါမွမဟုတ္ လတစ္လရဲ႕ မွားယြင္းတဲ့အခ်ိန္မွာသာ လိင္ဆက္ဆံမႈ လုပ္တာေၾကာင့္ ျဖစ္တတ္ပါတယ္။

အမ်ိဳးသမီးအေနနဲ႔ ဘယ္ရက္ေတြမွာ မ်ိဳးဥေႂကြႏိုင္လဲဆိုတာကို သိထားဖို႔ လိုပါတယ္။ ေယဘုယ် အားျဖင့္ေတာ့ မ်ိဳးဥေႂကြတာဟာ ဓမၼတာ ရာသီစက္ဝန္းရဲ႕ အလယ္၊ ရာသီ စလာတဲ့ ရက္ကေန စေရတြက္ရင္ ၁၄ ရက္ေျမာက္ေန႔ ဝန္းက်င္ရက္ေတြမွာ လိင္ဆက္ဆံမႈ ရိွရင္ ကိုယ္ဝန္ရႏိုင္ေျခက အမ်ားဆံုးပါပဲ။

အေရးႀကီးတဲ့ ဒီရက္ေတြကို အတိအက်သိခ်င္ရင္ အမ်ိဳးသမီးရဲ႕ ဆီးထဲက ေဟာ္မုန္း အဆင့္ကို တုိင္းတာတဲ့နည္းေတြလည္း ရိွပါတယ္။ ဒီအတြက္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ပါ။ ဒါ့အျပင္ လိင္ဆက္ဆံၿပီးေနာက္မွာ အမ်ိဳးသမီးဟာ ပက္လက္လဲေလ်ာင္းၿပီး တင္ပါး ေအာက္မွာ
 ေခါင္းအံုးတစ္လံုးခံထားရင္ သားအိမ္ ခါင္းကို သုက္ရည္နဲ႔ တတ္ႏိုင္သမွ် မ်ားမ်ားထိေတြ႕ေစတဲ့ အတြက္ ကိုယ္ဝန္ရႏိုင္ေျခကို မ်ားေစပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ၿပီး မွ်တတဲ့ အစာအာဟာရေတြ စားပါ
အဝလြန္တဲ့ အမ်ိဳးသမီးေတြ ဒါမွမဟုတ္ပိန္လြန္းတဲ့ အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ ရႏုိင္ေျခ နည္းတယ္လို႔ သားဖြားမီးယပ္အထူးကုဆရာဝန္က ဆိုပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ကိုယ္အေလးခ်ိန္နည္းလြန္းျခင္း
 ဒါမွမဟုတ္မ်ားလြန္းျခင္းဟာဓမၼတာရာသီစက္ဝန္းရဲ႕မွန္ကန္မႈနဲ႔မ်ိဳးဥေႂကြမႈကိုအေႏွာင့္အယွက္ျဖစ္ေစ
တာေၾကာင့္ပါ။
သာမန္ရိွသင့္တဲ့ ကိုယ္အေလးခ်ိန္ဆိုတာက ခႏၶာကိုယ္ ျဒပ္ထုၫႊန္းကိန္း (BMI) ၁၈ ဒႆမ ၅ နဲ႔ ၂၄ ဒႆမ ၉ အတြင္း ျဖစ္ပါတယ္။ မိခင္ေလာင္းအေနနဲ႔ ကိုယ္ဝန္ရႏိုင္ေျခ ပိုမ်ားေစဖို႔အတြက္ ရိွသင့္တဲ့ BMI အတြင္းမွာရိွေအာင္ ေလ့က်င့္ခန္းလုပ္ၿပီး မွ်တတဲ့ အစာ အာဟာရေတြ စားဖို႔လိုပါတယ္။ မိခင္ေလာင္းေရာ၊ ဖခင္ေလာင္းပါ ဗီတာမင္နဲ႔ သတၱဳ ဓာတ္ေတြ အမ်ားအျပားပါတဲ့ အစာအာဟာရေတြကို စားၿပီး လိုအပ္ရင္ အားျဖည့္ေဆး ေသာက္ပါ။

ကဖင္းဓာတ္ေသာက္သံုးမႈကို ေလွ်ာ့ပါ
ကဖင္းဓာတ္ အမ်ားအျပားေသာက္သံုးရင္ ခႏၶာကိုယ္က သံဓာတ္စုပ္ယူမႈကို ေလ်ာ့နည္း ေစၿပီး ျပင္းထန္တဲ့ ကိုယ္ဝန္ေဆာင္ျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးပါ ကဖင္းဓာတ္ပါဝင္တဲ့ ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ ကိုလာေတြကို ေလွ်ာ့ေသာက္ဖို႔ လိုပါတယ္။ ကဖင္းပါတဲ့အရည္ေတြ မေသာက္ဘဲ ႏြားႏို႔နဲ႔ ဒိန္ခ်ဥ္ကို မ်ားမ်ားေသာက္ေပးရင္ ကယ္လ္စီယမ္ရရိွမႈမ်ားေစၿပီး ကိုယ္ဝန္ေဆာင္ႏုိင္ဖို႔အတြက္လည္း အေထာက္အကူ ျဖစ္ပါတယ္။

ေဆးလိပ္၊ အရက္နဲ႔ မူးယစ္ေဆး သံုးစဲြမႈ ေရွာင္ၾကဥ္ပါ
ဒီအခ်က္သံုးခ်က္က ကိုယ္ဝန္ႏိုင္ေျခကို ကန္႔သတ္ထားႏိုင္ၿပီး ကိုယ္ဝန္ပ်က္က်ျခင္း၊ ကေလး အေသေမြးျခင္းနဲ႔လမေစ့ကေလး ေမြးဖြားျခင္းေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းဟာ အမ်ိဳးသမီးရဲ႕ မ်ိဳးေအာင္ႏိုင္စြမ္းကို ထိခုိက္ေစၿပီး အမ်ိဳးသား မွာလည္း သုက္ပိုးအေရအတြက္ကို က်ဆင္းေစပါတယ္။
ဒါ့အျပင္ ေဆးလိပ္ေသာက္ျခင္းဟာ ခႏၶာကိုယ္က ဇင့္ဓာတ္နဲ႔ ဗီတာမင္စီလုိမ်ိဳး အေရးႀကီး အာဟာရဓာတ္ေတြ စုပ္ယူမႈကို တားဆီးထားၿပီး ေသြးထဲမွာ ကဒ္မီယမ္နဲ႔ ခဲလိုမ်ိဳး အဆိပ္ အေတာက္ေတြရဲ႕ အဆင့္ကို ပိုမ်ားေစပါတယ္။ သုေတသနေတြက တစ္ပတ္မွာ အယ္လ္ကိုေဟာ ငါးယူနစ္ေအာက္ နည္းၿပီးေသာက္တဲ့ အမ်ိဳးသမီးဟာ ၁၀ ယူနစ္ ဒါမွ မဟုတ္ ဒီထက္ပိုေသာက္တဲ့ အမ်ိဳးသမီးေတြထက္ ေျခာက္လၾကာၿပီးေနာက္ သေႏၶ ေအာင္ႏုိင္ေျခ ႏွစ္ဆပိုမ်ားတယ္လို႔ ဆုိပါတယ္။

ေဖာလစ္အက္စစ္ အားေဆးေသာက္ပါ
ေဖာလစ္အက္စစ္ဟာ ကေလးရဲ႕ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာစနစ္ကို ထိခုိက္ေစတဲ့ ေမြးရာပါ ခ်ဳိ႕ယြင္းမႈေတြ ျဖစ္ပြားမႈကို ေလ်ာ့နည္းေစတာေၾကာင့္ ကေလးယူဖုိ႔ ျပင္ဆင္ေနခ်ိန္မွာ ေဖာလစ္ အက္စစ္ ေသာက္သင့္ပါတယ္။ အစားအေသာက္ကေန ေဖာလစ္အက္စစ္ လံုေလာက္ေအာင္ ရရိွဖို႔ မလြယ္တာေၾကာင့္ ေဖာလစ္အက္စစ္ အားေဆးေသာက္ပါ။

စိတ္ဖိစီးမႈေလွ်ာ့ပါ
အမ်ိဳးသမီးေတြမွာ စိတ္ဖိစီးမႈခံစားရရင္ Prolactin ေခၚတဲ့ ေဟာ္မုန္းတစ္မ်ိဳးထုတ္လုပ္မႈကို မ်ားေစပါတယ္။ ဒီေဟာ္မုန္းက မ်ိဳးဥေႂကြတာကို အေႏွာင့္အယွက္ျဖစ္ေစၿပီး ကုိယ္ဝန္ ရႏိုင္ ေျခကို နည္းေစပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးေနတဲ့လူမွာ ရတဲ့စြမ္းအင္ အမ်ားစုကို ခႏၶာ ကိုယ္တြင္း စနစ္ေတြ ထိန္းသိမ္းမႈနဲ႔ ျပဳျပင္မႈအတြက္ သံုးေနရတဲ့အတြက္ ကိုယ္ဝန္ ရႏိုင္ ေျခက နည္းသြားႏိုင္ပါတယ္။ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးပါ ကေလးလိုခ်င္ရင္ စိတ္ဖိစီးမႈ ေလ်ာ့နည္းေစဖို႔ အလုပ္ေတြေလွ်ာ့တာနဲ႔
 ေယာဂက်င့္တာလိုမ်ိဳး ေျဖေလွ်ာ့တာေတြ လုပ္ေဆာင္ သင့္ပါတယ္။

ဖခင္ျဖစ္လုိသူမ်ားအတြက္ အႀကံျပဳခ်က္မ်ား
ကေလးလိုခ်င္တဲ့ ဖခင္ေလာင္းေတြကလည္း ဇနီးမွာ ေအာင္ျမင္တဲ့ ကိုယ္ဝန္ ေဆာင္ႏိုင္ဖို႔ အတြက္ လုပ္ေဆာင္သင့္တဲ့အခ်က္ေတြ ရိွပါတယ္။ ေရပူခ်ဳိးတာ၊ တင္းက်ပ္လြန္တဲ့ ေအာက္ခံ ေဘာင္းဘီနဲ႔ အျပင္ဝတ္ ေဘာင္းဘီက်ပ္က်ပ္ေတြ ဝတ္ဆင္တာ၊ Laptop ကြန္ပ်ဴတာကို ေပါင္ေပၚမွာ တင္ထားၿပီး သံုးတာေတြကို ေရွာင္ပါ။

ဒီအခ်က္ေတြက ေဝွးေစ့က အပူခ်ိန္ကိုမ်ားေစၿပီး သုက္ပိုးအေရအတြက္ကို က်ဆင္း ေစပါတယ္။ ဒါ့အျပင္ အမ်ိဳးသားေတြဟာ သေႏၶေအာင္ႏိုင္စြမ္းတိုးေစႏုိင္ဖို႔အတြက္ ေဆးလိပ္၊ အရက္နဲ႔ မူးယစ္ေဆးသံုးစဲြမႈေတြကို ေရွာင္ၾကဥ္ပါ။ ကဖင္းဓာတ္ ေသာက္သံုးမႈ ကိုလည္း ေလွ်ာ့ပါ။ အေရးႀကီး အာဟာရဓာတ္ေတြကုိ လံုေလာက္ေအာင္ရရိွဖုိ႔အတြက္ အားေဆးေန႔စဥ္ေသာက္ပါ။
သုေတသနေတြက စံုတဲြအနည္းစုသာ ပထမအႀကိမ္ႀကိဳးစားမႈမွာ ေအာင္ျမင္စြာ ကိုယ္ဝန္ ရၾကတယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ က်န္းမာတဲ့ စံုတဲြေတြျဖစ္ေပမယ့္လည္း တစ္လမွာ ကိုယ္ဝန္ရႏိုင္ေျခက ၂၀-၂၅ ရာခုိင္ႏႈန္းသာ ရိွတယ္လို႔ ဆုိပါတယ္။ ကေလးလုိခ်င္တဲ့ စံုတဲြ ေတြဟာ ၁၂ လေက်ာ္ၾကာတဲ့
အထိ ကေလးမရႏိုင္ရင္ေတာ့ ကၽြမ္းက်င္တဲ့ဆရာဝန္ကို တိုင္ပင္ၿပီး အကူအညီရယူဖို႔ လိုအပ္ပါတယ္။


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit: Good Health


#Unicode Version
ကလေးလိုချင်တဲ့စုံတွဲတွေအနေနဲ့ ကလေး ယူဖို့ ပြင်ဆင်နေရတဲ့ အချိန်ကာလတွေဟာ စိတ်လှုပ်ရှားစရာကောင်းပြီး မိခင်လောင်းနဲ့ ဖခင်လောင်းတွေဟာ တတ်နိုင်သမျှ မြန်မြန် ကိုယ်ဝန်ရလိုကြပါတယ်။ ဒါပေမယ့် အမျိုး သမီး တစ်ယောက်ရဲ့ ကိုယ်ဝန် ရနိုင်ခြေကို လွှမ်းမိုးနေတဲ့ အချက်တွေရှိပါတယ်။ တချို့ စုံတွဲတွေ အနေနဲ့ ပထမ အကြိမ် ကြိုးစားမှု မှာပဲ ကိုယ်ဝန်ရနိုင်သလို တချို့ စုံတွဲတွေ ကတော့ ကိုယ်ဝန်မရတာက လပေါင်းများစွာ ကြာနိုင်ပါတယ်။
အောက်ပါအကြံပြုချက်တွေက လလေးလိုချင်တဲ့စုံတွဲတွေ အနေနဲ့ ကိုယ်ဝန်ရနိုင်ခြေကို ပိုများအောင် လုပ်ဆောင်နိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ ပုံမှန်ဆက်ဆံမှုနဲ့ မှန်ကန်တဲ့အချိန် ဖြစ်ပါစေ။ ကလေးလိုချင်ပြီး မရတဲ့စုံတွဲအများစုဟာ ပုံမှန်လိင်ဆက်ဆံမှုရှိတာ ဒါမှမဟုတ် လတစ်လရဲ့ မှားယွင်းတဲ့အချိန်မှာသာ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဖြစ်တတ်ပါတယ်။

အမျိုးသမီးအနေနဲ့ ဘယ်ရက်တွေမှာ မျိုးဥကြွေနိုင်လဲဆိုတာကို သိထားဖို့ လိုပါတယ်။ ယေဘုယျ အားဖြင့်တော့ မျိုးဥကြွေတာဟာ ဓမ္မတာ ရာသီစက်ဝန်းရဲ့ အလယ်၊ ရာသီ စလာတဲ့ ရက်ကနေ စရေတွက်ရင် ၁၄ ရက်မြောက်နေ့ ဝန်းကျင်ရက်တွေမှာ လိင်ဆက်ဆံမှု ရှိရင် ကိုယ်ဝန်ရနိုင်ခြေက အများဆုံးပါပဲ။
အရေးကြီးတဲ့ ဒီရက်တွေကို အတိအကျသိချင်ရင် အမျိုးသမီးရဲ့ ဆီးထဲက ဟော်မုန်း အဆင့်ကို တိုင်းတာတဲ့နည်းတွေလည်း ရှိပါတယ်။ ဒီအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါ့အပြင် လိင်ဆက်ဆံပြီးနောက်မှာ အမျိုးသမီးဟာ ပက်လက်လဲလျောင်းပြီး တင်ပါး အောက်မှာ ခေါင်းအုံးတစ်လုံးခံထားရင် သားအိမ်ခေါင်းကို သုက်ရည်နဲ့ တတ်နိုင်သမျှ များများထိတွေ့စေတဲ့ အတွက် ကိုယ်ဝန်ရနိုင်ခြေကို များစေပါတယ်။

ကိုယ်အလေးချိန်လျှော့ပြီး မျှတတဲ့ အစာအာဟာရတွေ စားပါ
အဝလွန်တဲ့ အမျိုးသမီးတွေ ဒါမှမဟုတ်ပိန်လွန်းတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန် ရနိုင်ခြေ နည်းတယ်လို့ သားဖွားမီးယပ်အထူးကုဆရာဝန်က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အလေးချိန်နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်းဟာ ဓမ္မတာရာသီ စက်ဝန်းရဲ့ မှန်ကန်မှုနဲ့ မျိုးဥကြွေမှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့်ပါ။
သာမန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ဆိုတာက ခန္ဓာကိုယ် ဒြပ်ထုညွှန်းကိန်း (BMI) ၁၈ ဒဿမ ၅ နဲ့ ၂၄ ဒဿမ ၉ အတွင်း ဖြစ်ပါတယ်။ မိခင်လောင်းအနေနဲ့ ကိုယ်ဝန်ရနိုင်ခြေ ပိုများစေဖို့အတွက် ရှိသင့်တဲ့ BMI အတွင်းမှာရှိအောင် လေ့ကျင့်ခန်းလုပ်ပြီး မျှတတဲ့ အစာ အာဟာရတွေ စားဖို့လိုပါတယ်။ မိခင်လောင်းရော၊ ဖခင်လောင်းပါ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ အများအပြားပါတဲ့ အစာအာဟာရတွေကို စားပြီး လိုအပ်ရင် အားဖြည့်ဆေး သောက်ပါ။

ကဖင်းဓာတ်သောက်သုံးမှုကို လျှော့ပါ
ကဖင်းဓာတ် အများအပြားသောက်သုံးရင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကို လျော့နည်း စေပြီး ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာတွေကို လျှော့သောက်ဖို့ လိုပါတယ်။ ကဖင်းပါတဲ့အရည်တွေ မသောက်ဘဲ နွားနို့နဲ့ ဒိန်ချဉ်ကို များများသောက်ပေးရင် ကယ်လ်စီယမ်ရရှိမှုများစေပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။

ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှု ရှောင်ကြဉ်ပါ
ဒီအချက်သုံးချက်က ကိုယ်ဝန်နိုင်ခြေကို ကန့်သတ်ထားနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်းနဲ့ လမစေ့ကလေး မွေးဖွားခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပြီး အမျိုးသား မှာလည်း သုက်ပိုးအရေအတွက်ကို ကျဆင်းစေပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်က ဇင့်ဓာတ်နဲ့ ဗီတာမင်စီလိုမျိုး အရေးကြီး အာဟာရဓာတ်တွေ စုပ်ယူမှုကို တားဆီးထားပြီး သွေးထဲမှာ ကဒ်မီယမ်နဲ့ ခဲလိုမျိုး အဆိပ် အတောက်တွေရဲ့ အဆင့်ကို ပိုများစေပါတယ်။ သုတေသနတွေက တစ်ပတ်မှာ အယ်လ်ကိုဟော ငါးယူနစ်အောက် နည်းပြီးသောက်တဲ့ အမျိုးသမီးဟာ ၁၀ ယူနစ် ဒါမှ မဟုတ် ဒီထက်ပိုသောက်တဲ့ အမျိုးသမီးတွေထက် ခြောက်လကြာပြီးနောက် သန္ဓေ အောင်နိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။

ဖောလစ်အက်စစ် အားဆေးသောက်ပါ
ဖောလစ်အက်စစ်ဟာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်ပွားမှုကို လျော့နည်းစေတာကြောင့် ကလေးယူဖို့ ပြင်ဆင်နေချိန်မှာ ဖောလစ် အက်စစ် သောက်သင့်ပါတယ်။ အစားအသောက်ကနေ ဖောလစ်အက်စစ် လုံလောက်အောင် ရရှိဖို့ မလွယ်တာကြောင့် ဖောလစ်အက်စစ် အားဆေးသောက်ပါ။

စိတ်ဖိစီးမှုလျှော့ပါ
အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုခံစားရရင် Prolactin ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထုတ်လုပ်မှုကို များစေပါတယ်။ ဒီဟော်မုန်းက မျိုးဥကြွေတာကို အနှောင့်အယှက်ဖြစ်စေပြီး ကိုယ်ဝန် ရနိုင် ခြေကို နည်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးနေတဲ့လူမှာ ရတဲ့စွမ်းအင် အများစုကို ခန္ဓာ ကိုယ်တွင်း စနစ်တွေ ထိန်းသိမ်းမှုနဲ့ ပြုပြင်မှုအတွက် သုံးနေရတဲ့အတွက် ကိုယ်ဝန် ရနိုင် ခြေက နည်းသွားနိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကလေးလိုချင်ရင် စိတ်ဖိစီးမှု လျော့နည်းစေဖို့ အလုပ်တွေလျှော့တာနဲ့ ယောဂကျင့်တာလိုမျိုး ဖြေလျှော့တာတွေ လုပ်ဆောင် သင့်ပါတယ်။

ဖခင်ဖြစ်လိုသူများအတွက် အကြံပြုချက်များ
ကလေးလိုချင်တဲ့ ဖခင်လောင်းတွေကလည်း ဇနီးမှာ အောင်မြင်တဲ့ ကိုယ်ဝန် ဆောင်နိုင်ဖို့ အတွက် လုပ်ဆောင်သင့်တဲ့အချက်တွေ ရှိပါတယ်။ ရေပူချိုးတာ၊ တင်းကျပ်လွန်တဲ့ အောက်ခံ ဘောင်းဘီနဲ့ အပြင်ဝတ် ဘောင်းဘီကျပ်ကျပ်တွေ ဝတ်ဆင်တာ၊ Laptop ကွန်ပျူတာကို ပေါင်ပေါ်မှာ တင်ထားပြီး သုံးတာတွေကို ရှောင်ပါ။

ဒီအချက်တွေက ဝှေးစေ့က အပူချိန်ကိုများစေပြီး သုက်ပိုးအရေအတွက်ကို ကျဆင်း စေပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာ သန္ဓေအောင်နိုင်စွမ်းတိုးစေနိုင်ဖို့အတွက် ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲမှုတွေကို ရှောင်ကြဉ်ပါ။ ကဖင်းဓာတ် သောက်သုံးမှု ကိုလည်း လျှော့ပါ။ အရေးကြီး အာဟာရဓာတ်တွေကို လုံလောက်အောင်ရရှိဖို့အတွက် အားဆေးနေ့စဉ်သောက်ပါ။
သုတေသနတွေက စုံတွဲအနည်းစုသာ ပထမအကြိမ်ကြိုးစားမှုမှာ အောင်မြင်စွာ ကိုယ်ဝန် ရကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကျန်းမာတဲ့ စုံတွဲတွေဖြစ်ပေမယ့်လည်း တစ်လမှာ ကိုယ်ဝန်ရနိုင်ခြေက ၂၀-၂၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။ ကလေးလိုချင်တဲ့ စုံတွဲ တွေဟာ ၁၂ လကျော်ကြာတဲ့အထိ ကလေးမရနိုင်ရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်ကို တိုင်ပင်ပြီး အကူအညီရယူဖို့ လိုအပ်ပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: Good Health
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top