iMyanmarHouse.com - Best Property Website for Myanmar
×

ဒီကိစၥဟာ လူအေတာ္မ်ားမ်ား လုပ္ေနၾကကိစၥတစ္ခုပဲ ျဖစ္ပါတယ္။ သုံးေနၾကတာပဲ ဘာမွ မျဖစ္နိုင္ပါဘူးလို႔ ထင္ၾကမွာပါ။ ဒီလိုျပဳလုပ္ျခင္းဟာ အစပိုင္းမွာ မသိသာေပမယ့္ အခ်ိန္ၾကာလာတာနဲ႕ အမွ် ကိုယ့္ကိုေရာဂါပိုးေတြ ဝင္ေရာက္ေအာင္ လုပ္ေဆာင္သလို ျဖစ္လာပါတယ္။

ဒီ စမ္းသပ္မႈကိုေတာ့ ကေနဒါက်န္းမာေရးအဖြဲ႕က ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ေက်ာင္းသားမ်ားစြန႔္ပစ္ခဲ့တဲ့ ေရသန႔္ဘူးေတြကို စစ္ေဆးၾကည့္ရာမွ သုံးပုံႏွစ္ပုံေသာ ေရသန႔္ဘူးေတြမွာ ျပင္းထန္ၿပီးဆိုး႐ြားတဲ့ ဘက္တီးရီးယားမ်ားနဲ႕ ဗိုင္းရပ္စ္ေတြ ဝင္ေနတာကို ေတြ႕ရွိခဲ့ရပါတယ္။ ဒီလိုဝင္ေရာက္ရျခင္း အေၾကာင္းကေတာ့ ေရသန႔္ဘူးေတြဟာပါကင္မဖြင့္ခင္မွာ ပိုးသတ္ၿပီးျဖစ္ေပမယ့္ သုံးစြဲလိုက္ၿပီး အခ်ိန္အနည္းငယ္အတြင္း သာမန္အခန္းအပူခ်ိန္ေၾကာင့္ အလွ်င္အျမန္ပဲ ဝင္ေရာက္ေပါက္ဖြားလာတာေၾကာင့္ လို႔ ဆိုပါတယ္။

ဒီလိုမ်ိဳး သုံးၿပီးသားေရသန႔္ဘူးေတြကို ထပ္ခါတလဲလဲ ေရျဖည့္သုံးမယ္ ဆိုပါက အခ်ိန္ၾကာလာတာနဲ႕ အမွ် ဆိုး႐ြားတဲ့ ေရာဂါေတြ ရရွိလာမွာပဲ ျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္မႈေၾကာင့္ ျဖစ္လာမယ့္ လကၡဏာေတြကေတာ့ ပ်ိဳ႕အန္ျခင္း၊ေဇာေခြၽးျပန္ျခင္း ၊ ဖ်ားနာျခင္း ၊ သတိလစ္ျခင္းေတြကို ျဖစ္ေစနိုင္ၿပီး အသက္အႏၲရာယ္ကိုေတာင္ ထိခိုက္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ေရသန႔္ဘူးေတြကို တစ္ခါသုံးၿပီးတာနဲ႕ ထပ္မံၿပီး ေရျဖည့္ေသာက္သုံးျခင္း ျပဳလုပ္တာကို ေရွာင္ၾကဥ္ျခင္း ဟာ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။

Credit: Ayesay

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီကိစ္စဟာ လူအတော်များများ လုပ်နေကြကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ သုံးနေကြတာပဲ ဘာမှ မဖြစ်နိုင်ပါဘူးလို့ ထင်ကြမှာပါ။ ဒီလိုပြုလုပ်ခြင်းဟာ အစပိုင်းမှာ မသိသာပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကိုယ့်ကိုရောဂါပိုးတွေ ဝင်ရောက်အောင် လုပ်ဆောင်သလို ဖြစ်လာပါတယ်။

ဒီ စမ်းသပ်မှုကိုတော့ ကနေဒါကျန်းမာရေးအဖွဲ့က ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျောင်းသားများစွန့်ပစ်ခဲ့တဲ့ ရေသန့်ဘူးတွေကို စစ်ဆေးကြည့်ရာမှ သုံးပုံနှစ်ပုံသော ရေသန့်ဘူးတွေမှာ ပြင်းထန်ပြီးဆိုးရွားတဲ့ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်တွေ ဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုဝင်ရောက်ရခြင်း အကြောင်းကတော့ ရေသန့်ဘူးတွေဟာပါကင်မဖွင့်ခင်မှာ ပိုးသတ်ပြီးဖြစ်ပေမယ့် သုံးစွဲလိုက်ပြီး အချိန်အနည်းငယ်အတွင်း သာမန်အခန်းအပူချိန်ကြောင့် အလျှင်အမြန်ပဲ ဝင်ရောက်ပေါက်ဖွားလာတာကြောင့် လို့ ဆိုပါတယ်။

ဒီလိုမျိုး သုံးပြီးသားရေသန့်ဘူးတွေကို ထပ်ခါတလဲလဲ ရေဖြည့်သုံးမယ် ဆိုပါက အချိန်ကြာလာတာနဲ့ အမျှ ဆိုးရွားတဲ့ ရောဂါတွေ ရရှိလာမှာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် ဖြစ်လာမယ့် လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ဇောချွေးပြန်ခြင်း ၊ ဖျားနာခြင်း ၊ သတိလစ်ခြင်းတွေကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေသန့်ဘူးတွေကို တစ်ခါသုံးပြီးတာနဲ့ ထပ်မံပြီး ရေဖြည့်သောက်သုံးခြင်း ပြုလုပ်တာကို ရှောင်ကြဉ်ခြင်း ဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

Credit: Ayesay



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top