iMyanmarHouse.com - Best Property Website for Myanmar
×

Q.အရွင္ဘုရား . . .သီလရွင္ကုိ တပည့္ေတာ္တုိ႔ ေယာက်္ားမ်ားက
ရွိခုိးေကာင္းပါသလားဘုရား။သီလရွင္ႏွင့္ စကားေျပာတဲ့အခါ တပည့္ေတာ္လုိ႔ သုံးသင့္သလား၊
ကၽြန္ေတာ္စသည္ျဖင့္ သုံးသင့္သလား သိခ်င္ပါသည္ဘုရား။
ေက်းဇူးျပဳ၍ ေျဖၾကားေပးေတာ္မူပါဘုရား။
(ေမာင္စုိး)

A. သီလရွင္ကုိ ေယာက်္ားမ်ား ရွိခုိးေကာင္းပါတယ္။ရွိခုိးျခင္းျဖင့္ အျပစ္မျဖစ္သလုိ ကုသုိလ္ျဖစ္ေစပါတယ္။
ရွိခုိးတယ္ဆုိတာ ႏွိမ့္ခ်တဲ့သေဘာ၊ အ႐ုိအေသျပဳတဲ့ သေဘာရဲ႕သေကၤတ တစ္ခုပါ။ သီလရွင္မွ မဟုတ္ဘဲ ကုိယ့္ထက္အသက္၊ သိကၡာ၊ ဂုဏ္ႀကီးသူမ်ားကုိ အ႐ုိအေသေပးတာ၊
နိမ့္ခ်တာလည္း ကုသုိလ္ျဖစ္ပါတယ္။

ဆက္စပ္အေၾကာင္းအရာ - အတုယူစရာ ၀ိသာခါ

ဒီေနရာမွာ ဗုဒၶဘာသာရဲ႕ ရွိခုိးကုိးကြယ္မႈကုိ အနည္းငယ္ေျပာလုိပါတယ္။
ဗုဒၶဘာသာဟာ “ပုဂၢိဳလ္”ကုိ ကုိးကြယ္တာမဟုတ္ပါဘူး၊“ဂုဏ္”ကုိကုိးကြယ္တာပါ။ ပုဂၢိဳလ္မွာ ရွိတဲ့သီလ၊
သမာဓိ၊ ပညာစတဲ့ ဂုဏ္ေတြကုိ အာ႐ုံျပဳ ရွိခုိးကုိးကြယ္တာပါ။ဒါေၾကာင့္လည္း သာသနာ့ေဘာင္ ေရာက္လာတဲ့သားသမီးေတြကုိ မိဘေတြက ရွိခုိးရတာပါ။

ဆက္စပ္အေၾကာင္းအရာ - ေစတီ ကိုးကြယ္တယ္ ဆိုတာ

လူေတြေန႔စဥ္ ေစာင့္ထိန္းရတဲ့ သီလေတြထက္ကုိရင္၊ ရဟန္း၊ သီလရွင္မ်ား ေစာင့္ထိန္းရတဲ့
သီလေတြက ပုိမ်ားပါတယ္။ အဲဒီသီလစတဲ့ ဂုဏ္ေတြေၾကာင့္လူပုဂၢိဳလ္ေတြက မိမိထက္ ဂုဏ္အားျဖင့္ သာလြန္တဲ့“ရဟန္း၊ သာမေဏ၊ သီလရွင္ေတြ”ကုိ ရွိခုိးၾကျခင္းျဖစ္ပါတယ္။
သီလရွင္၊ အမ်ိဳးသမီး ဆုိတဲ့ပုဂၢိဳလ္ကုိ မၾကည့္ဖုိ႔ေတာ့ လုိပါတယ္။
မ်က္ေမွာက္ေခတ္ ျမန္မာျပည္မွာ ရွိတဲ့သီလရွင္ေတြဟာအနည္းဆုံး “ရွစ္ပါး သီလ”ကုိ ေစာင့္ထိန္းၾကတဲ့အျပင္ျမတ္စြာဘုရား တရားေတာ္ေတြကုိ သင္အံေလ့က်က္
ပုိ႔ခ်ေဟာေျပာေပးေနတဲ့ သူမ်ားျဖစ္တဲ့အတြက္သူတုိ႔ကုိလည္း တစ္နည္းအားျဖင့္ “ဓမၼေစတီထုိက္တဲ့သူ”မ်ားဟုဆုိႏုိင္ပါတယ္။ ဒါေၾကာင့္ သာမန္ေန႔စဥ္ ငါးပါးသီလေတာင္
လုံၿခဳံေအာင္ ေစာင့္ထိန္းဖုိ႔ ခက္တဲ့လူပုဂၢိဳလ္ေတြ ထက္စာရင္သီလ၊ သမာဓိ၊ ပညာ ဂုဏ္ေတြျမင့္တဲ့ သီလရွင္ကုိရွိခုိးထုိက္ပါတယ္။ ပုဂၢိဳလ္ကုိ မၾကည့္ပါနဲ႔၊ဂုဏ္ကုိ အာ႐ုံျပဳပါ။ အမ်ိဳးသမီးဆုိတဲ့ အစဲြလည္းမထားပါနဲ႔။အဲလုိ အစြဲထားရင္ ကုိယ့္အေဒၚေတြ၊ အမေတြလည္း
အမ်ိဳးသမီးေတြပဲ သူတုိ႔ကုိေတာင္ သီတင္းကၽြတ္၊ႏွစ္ကူးစသည္မွာ ကန္ေတာ့ၾကေသးတာပဲ။
သီလရွင္ဆုိပုိေတာင္ ကန္ေတာ့ေကာင္းပါေသးတယ္။ကန္ေတာ့ျခင္းျဖင့္ အျပစ္မျဖစ္ပါ။
ကုသုိလ္ေတာင္ ျဖစ္ပါေသးတယ္။

သီလရွင္ကုိလည္း စကားေျပာတဲ့အခါမွာ “တပည့္ေတာ္”လုိ႔ သုံးသင့္ပါတယ္။
တကယ္ေတာ့ စကားအေျပာအဆုိ ဆုိတာေတြက ပညတ္ခ်က္ေတြပါ။
သူႏုိင္ငံ သူ႔ယဥ္ေက်းမႈအရ သတ္မွတ္ထားတဲ့ဓေလ့ထုံးစံမ်ား ျဖစ္ေနတဲ့အတြက္ ယဥ္ေက်းမႈအရ
သီးျခားသတ္မွတ္ခ်က္ေလးေတြ ရွိေနတဲ့အေျပာအဆုိေလးေတြလုိက္ၿပီး သုံးသင့္ပါတယ္။ ဒါလည္းပဲ အျပစ္မျဖစ္ပါဘူး။

ျမတ္စြာဘုရားရွင္ေတာင္ ဘုရားျဖစ္ၿပီး တရားေဟာတဲ့အခါအ႐ုိးစဲြေနၿပီးျဖစ္တဲ့ အိႏၵိယရဲ႕ ျဗဟၼဏ ဓေလ့ထုံးစံမ်ားကုိလုိက္ၿပီးသုံးႏႈန္း တရားေဟာတာေတြ ရွိပါတယ္။
ဒါေၾကာင့္္ ျမန္မာျပည္ရဲ႕ ဓေလ့ထုံးစံ သတ္မွတ္ခ်က္မ်ားျဖစ္တဲ့
လူပုဂၢိဳလ္မ်ားနဲ႔ သာသနာ့၀န္ထမ္းမ်ားရဲ႕ အသံုးအႏႈန္းေလးေတြကုိ
လုိက္ၿပီးသုံးသင့္ပါတယ္။ တစ္ဘက္ကလည္း ဒီလုိသုံးႏႈန္းျခင္းအားျဖင့္ ကုိယ့္ကုိယ္ကုိႏွိိမ့္ခ်ရာ ေရာက္သလုိ
ကုိယ့္ထက္ဂုဏ္ျမင့္တဲ့သူကုိ အ႐ုိအေသျပဳရာလည္းေရာက္ပါတယ္။ ဒါေၾကာင့္ သီလရွင္ကုိလည္း တပည့္ေတာ္ဆုိတဲ့အသုံးအႏႈန္းမ်ိဳးျဖင့္ သုံးႏႈန္းေျပာဆုိသင့္ေၾကာင္း
အႀကံျပဳလုိက္ပါတယ္။

ေမတၱာျဖင့္

Credit:- ဆရာေတာ္ မနာပဒါယီ အရွင္၀ိစိတၱ(ဒုိက္ဦး)

 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Q.အရှင်ဘုရား . . .သီလရှင်ကို တပည့်တော်တို့ ယောကျ်ားများက
ရှိခိုးကောင်းပါသလားဘုရား။သီလရှင်နှင့် စကားပြောတဲ့အခါ တပည့်တော်လို့ သုံးသင့်သလား၊
ကျွန်တော်စသည်ဖြင့် သုံးသင့်သလား သိချင်ပါသည်ဘုရား။
ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။
(မောင်စိုး)

A. သီလရှင်ကို ယောကျ်ားများ ရှိခိုးကောင်းပါတယ်။ရှိခိုးခြင်းဖြင့် အပြစ်မဖြစ်သလို ကုသိုလ်ဖြစ်စေပါတယ်။
ရှိခိုးတယ်ဆိုတာ နှိမ့်ချတဲ့သဘော၊ အရိုအသေပြုတဲ့ သဘောရဲ့သင်္ကေတ တစ်ခုပါ။ သီလရှင်မှ မဟုတ်ဘဲ ကိုယ့်ထက်အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူများကို အရိုအသေပေးတာ၊
နိမ့်ချတာလည်း ကုသိုလ်ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာ - အတုယူစရာ ဝိသာခါ

ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ ရှိခိုးကိုးကွယ်မှုကို အနည်းငယ်ပြောလိုပါတယ်။
ဗုဒ္ဓဘာသာဟာ “ပုဂ္ဂိုလ်”ကို ကိုးကွယ်တာမဟုတ်ပါဘူး၊“ဂုဏ်”ကိုကိုးကွယ်တာပါ။ ပုဂ္ဂိုလ်မှာ ရှိတဲ့သီလ၊
သမာဓိ၊ ပညာစတဲ့ ဂုဏ်တွေကို အာရုံပြု ရှိခိုးကိုးကွယ်တာပါ။ဒါကြောင့်လည်း သာသနာ့ဘောင် ရောက်လာတဲ့သားသမီးတွေကို မိဘတွေက ရှိခိုးရတာပါ။

ဆက်စပ်အကြောင်းအရာ - စေတီ ကိုးကွယ်တယ် ဆိုတာ

လူတွေနေ့စဉ် စောင့်ထိန်းရတဲ့ သီလတွေထက်ကိုရင်၊ ရဟန်း၊ သီလရှင်များ စောင့်ထိန်းရတဲ့
သီလတွေက ပိုများပါတယ်။ အဲဒီသီလစတဲ့ ဂုဏ်တွေကြောင့်လူပုဂ္ဂိုလ်တွေက မိမိထက် ဂုဏ်အားဖြင့် သာလွန်တဲ့“ရဟန်း၊ သာမဏေ၊ သီလရှင်တွေ”ကို ရှိခိုးကြခြင်းဖြစ်ပါတယ်။
သီလရှင်၊ အမျိုးသမီး ဆိုတဲ့ပုဂ္ဂိုလ်ကို မကြည့်ဖို့တော့ လိုပါတယ်။
မျက်မှောက်ခေတ် မြန်မာပြည်မှာ ရှိတဲ့သီလရှင်တွေဟာအနည်းဆုံး “ရှစ်ပါး သီလ”ကို စောင့်ထိန်းကြတဲ့အပြင်မြတ်စွာဘုရား တရားတော်တွေကို သင်အံလေ့ကျက်
ပို့ချဟောပြောပေးနေတဲ့ သူများဖြစ်တဲ့အတွက်သူတို့ကိုလည်း တစ်နည်းအားဖြင့် “ဓမ္မစေတီထိုက်တဲ့သူ”များဟုဆိုနိုင်ပါတယ်။ ဒါကြောင့် သာမန်နေ့စဉ် ငါးပါးသီလတောင်
လုံခြုံအောင် စောင့်ထိန်းဖို့ ခက်တဲ့လူပုဂ္ဂိုလ်တွေ ထက်စာရင်သီလ၊ သမာဓိ၊ ပညာ ဂုဏ်တွေမြင့်တဲ့ သီလရှင်ကိုရှိခိုးထိုက်ပါတယ်။ ပုဂ္ဂိုလ်ကို မကြည့်ပါနဲ့၊ဂုဏ်ကို အာရုံပြုပါ။ အမျိုးသမီးဆိုတဲ့ အစွဲလည်းမထားပါနဲ့။အဲလို အစွဲထားရင် ကိုယ့်အဒေါ်တွေ၊ အမတွေလည်း
အမျိုးသမီးတွေပဲ သူတို့ကိုတောင် သီတင်းကျွတ်၊နှစ်ကူးစသည်မှာ ကန်တော့ကြသေးတာပဲ။
သီလရှင်ဆိုပိုတောင် ကန်တော့ကောင်းပါသေးတယ်။ကန်တော့ခြင်းဖြင့် အပြစ်မဖြစ်ပါ။
ကုသိုလ်တောင် ဖြစ်ပါသေးတယ်။

သီလရှင်ကိုလည်း စကားပြောတဲ့အခါမှာ “တပည့်တော်”လို့ သုံးသင့်ပါတယ်။
တကယ်တော့ စကားအပြောအဆို ဆိုတာတွေက ပညတ်ချက်တွေပါ။
သူနိုင်ငံ သူ့ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့ဓလေ့ထုံးစံများ ဖြစ်နေတဲ့အတွက် ယဉ်ကျေးမှုအရ
သီးခြားသတ်မှတ်ချက်လေးတွေ ရှိနေတဲ့အပြောအဆိုလေးတွေလိုက်ပြီး သုံးသင့်ပါတယ်။ ဒါလည်းပဲ အပြစ်မဖြစ်ပါဘူး။

မြတ်စွာဘုရားရှင်တောင် ဘုရားဖြစ်ပြီး တရားဟောတဲ့အခါအရိုးစွဲနေပြီးဖြစ်တဲ့ အိန္ဒိယရဲ့ ဗြဟ္မဏ ဓလေ့ထုံးစံများကိုလိုက်ပြီးသုံးနှုန်း တရားဟောတာတွေ ရှိပါတယ်။
ဒါကြောင့်် မြန်မာပြည်ရဲ့ ဓလေ့ထုံးစံ သတ်မှတ်ချက်များဖြစ်တဲ့
လူပုဂ္ဂိုလ်များနဲ့ သာသနာ့ဝန်ထမ်းများရဲ့ အသုံးအနှုန်းလေးတွေကို
လိုက်ပြီးသုံးသင့်ပါတယ်။ တစ်ဘက်ကလည်း ဒီလိုသုံးနှုန်းခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုနှိမ့်ချရာ ရောက်သလို
ကိုယ့်ထက်ဂုဏ်မြင့်တဲ့သူကို အရိုအသေပြုရာလည်းရောက်ပါတယ်။ ဒါကြောင့် သီလရှင်ကိုလည်း တပည့်တော်ဆိုတဲ့အသုံးအနှုန်းမျိုးဖြင့် သုံးနှုန်းပြောဆိုသင့်ကြောင်း
အကြံပြုလိုက်ပါတယ်။

မေတ္တာဖြင့်

Credit:- ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)



 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top