iMyanmarHouse.com - Best Property Website for Myanmar
×


ကုိယ္က်န္းမာမႈ၊ စိတ္ခ်မ္းသာမူနဲ႔ ျပည့္၀တဲ့ အသက္ရွည္ျခင္းဆုိတဲ့ ဂုဏ္ကုိ လူတုိင္းေတာင့္တၾကတယ္။ ဒုကၡၡေတြမ်ားစြာ ရင္ဆုိင္ ၾကဳံေတြ႔ေနရတဲ့သူေတြကေတာ့ အသက္ဆက္ရွင္ဖုိ႔ စုိးရြံ႕ေကာင္း စုိးရြံ႕ပါလိမ့္မယ္။ ဒါေပမယ့္ တကယ္ေတာ့ အဲဒီ ဒုကၡေတြမ်ားေနတဲ့ ေလာကထဲကေန ဓမၼျဖင့္ သုခကုိ ရွာၿပီးေနရတာပါ။ “ဓေမၼာ ဟေ၀ ရကၡတိ ဓမၼစာရီ” တရားသိၿပီး တရား အတုိင္း လုိက္နာက်င့္သုံးတဲ့သူကုိ တရားက ေစာင့္ေရွာက္ပါတယ္။


       ဘုရားရွင္က ဓမၼျဖင့္ စိတ္ခ်မ္းခ်မ္းသာသာ အသက္ရွည္ႏုိင္ေၾကာင္း ေဟာထားတာရွိပါတယ္။ ဓမၼပါလဇာတ္ဆုိတာ လူတုိင္း နီးပါး သိၿပီးသားပါ။ ဘုရားရွင္ဟာ ခမည္းေတာ္ သုေဒၶါဓနမင္းကုိ ေက်းဇူးဆပ္တဲ့အေနနဲ႔ ေဟာခဲ့တာ။ ဒီမွာေတာ့ ဇာတ္ေၾကာင္း ကုိ မေျပာေတာ့ဘူး။ အသက္ရွည္ေစတဲ့ တရားေလးကုိပဲ ထုတ္ႏုတ္ေဖာ္ျပေပးပါမယ္။
       တကၠသုိလ္ဒိသာပါေမာကၡဆရာၾကီးက ဓမၼပါလမင္းသားရဲ႕ မိဘေတြကုိ ဘာေၾကာင့္ သူတုိ႔မိသားစုေတြ ငယ္ငယ္နဲ႔ မေသ ၾကသလဲဆုိတာကို ေမးေတာ့ မိဘေတြက ဒီလုိ ေျဖပါတယ္။

       ကြ်န္ပ္တုိ႔ဟာ.....အခ်ိန္တုိင္း၊ အရာရာတုိင္းမွာ အမွန္တရားကုိပဲ တရားနည္းလမ္းက်က် လုိက္နာၾကပါတယ္။

၁။ အသက္တုိင္းဟာ တန္ဖုိးရွိပါတယ္။ ဒါေၾကာင့္ ကြ်န္ပ္တုိ႔ဟာ ယုတ္စြအဆုံး အေသးဆုံးေသာ သတၱ၀ါကုိပင္ အသက္ သတ္ျခင္းမွ ေရွာင္ၾကဥ္ၾကတယ္။

၂။ သူမ်ားရဲ႕ ေပ်ာ္ရႊင္မႈကုိ မနာလုိမျဖစ္သလုိ သူမ်ားပုိင္ဆုိင္မႈေတြကုိလည္း အငမ္းမရ မလုိခ်င္ၾကပါ။

၃။ လူလိမ္တစ္ေယာက္ဟာ ျပစ္မႈအမ်ိဳးမ်ိဳးကုိ က်ဴးလြန္ႏုိင္တဲ့အတြက္ ကြ်န္ပ္တုိ႔ဟာ ျပတ္လုံးသေဘာအေနနဲ႔ေတာင္ မွားယြင္း တဲ့စကား မေျပာဆုိၾကပါဘူး။

၄။ လူမုိက္ေတြကုိ ေရွာင္ၾကဥ္ၿပီး ပညာရွိတုိ႔ကုိပဲ ေပါင္းသင္းပါတယ္။ ပညာရွိတုိ႔ ကဲ့ရဲ႕မယ့္ အျပဳအမႈ အေျပာအဆုိမ်ိဳးကုိ မျပဳ လုပ္ၾကပါဘူး။

၅။ လူတုိင္းကုိ စကားေျပာဆုိခြင့္ေပးပါတယ္။ သူတုိ႔စကားကုိလည္း ေသခ်ာနားစုိက္ေထာင္ပါတယ္။ သုိ႔ေသာ္လည္း ပညာမဲ့ေသာ အယူအဆေတြကုိ ပယ္ၿပီး ပညာရွိတုိ႔ရဲ႕ မွန္ကန္တဲ့ အယူအဆမ်ိဳးကုိပဲ လုိက္နာပါတယ္။

၆။ ေပးလွဴဖုိ႔ ျပင္ဆင္ေနတဲ့အခါမွာလည္း ၀မ္းေျမာက္တယ္။ ေပးလွဴေနစဥ္မွာလည္း ၀မ္းေျမာက္တယ္။ ေပးလွဴၿပီးေနာက္လည္း ၀မ္းေျမာက္တယ္။

၇။ ပေစၥကဗုဒၶါ၊ လွည့္လည္သြားလာေနထိုင္သူ၊ ရဟန္းပုဏၰား၊ လူေလလူလြင့္၊ သူေတာင္းစား အားလုံးကို မခဲြျခားပဲ ေပးလွဴ ၾကတယ္။ ထမင္းဆာရင္ ထမင္း၊ ေရဆာရင္ ေရ လုိတာလွဴတယ္။

၈။ လင္းမယားအခ်င္းခ်င္း သစၥာရွိတယ္။ ဘယ္ေတာ့မွ အျခားသူနဲ႔ မေဖာက္ျပားဘူး။

၉။ ဘယ္ေတာ့မွ သူမ်ားဥစၥာခုိးဖုိ႔ စိတ္မကူးပါ။

၁၀။ စိတ္ကုိ မၾကည္မလင္ျဖစ္ေစမယ့္ မည္သည့္အရက္ေသစာ၊ မူးယစ္ေဆး၀ါးကုိမွ် မေသာက္ၾကပါ။
       ဒါေတြဟာ အသက္ရွည္ေၾကာင္း အက်င့္ဆယ္မ်ိဳးပါပဲ။ မိဘတုိင္းက သားသမီးတုိင္းကုိ ဒီဆယ္မ်ိဳးသင္ေပးၾကတယ္။ သား သမီးေတြကလည္း ဒီဆယ္မ်ိဳးကို သင္တယ္။ သင္ၿပီးရင္ က်င့္တယ္။ စည္းကမ္းတက်ေနၾကတယ္။ သားသမီးေတြတင္မကဘူး အိမ္မွာေနတဲ့ ကြ်န္ေတြကအစ လုိက္နာၾကတယ္။ ဒါေၾကာင့္ ထီးဟာ မုိးေရကုိ ကာကြယ္ေပးသလုိ တရားကလည္း သူ႔ကုိ က်င့္ သုံးတဲ့သူေတြကုိ ေစာင့္ေရွာက္ေပးျခင္းျဖစ္ပါတယ္။
       အားလုံးေသာစာဖတ္ပရိသတ္မ်ားလည္း ဒီဇာတ္ေတာ္လာ အက်င့္မ်ားကုိ အတုယူက်င့္သုံးလုိ႔ အသက္ရွည္က်န္းမာ ေပ်ာ္ စရာဘ၀ေလးမ်ား ပုိင္ဆုိင္ႏုိင္ၾကပါေစ။



Credit:ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ

 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
 ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမူနဲ့ ပြည့်ဝတဲ့ အသက်ရှည်ခြင်းဆိုတဲ့ ဂုဏ်ကို လူတိုင်းတောင့်တကြတယ်။ ဒုက္ခ္ခတွေများစွာ ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတွေကတော့ အသက်ဆက်ရှင်ဖို့ စိုးရွံ့ကောင်း စိုးရွံ့ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ အဲဒီ ဒုက္ခတွေများနေတဲ့ လောကထဲကနေ ဓမ္မဖြင့် သုခကို ရှာပြီးနေရတာပါ။ “ဓမ္မော ဟေ၀ ရက္ခတိ ဓမ္မစာရီ” တရားသိပြီး တရား အတိုင်း လိုက်နာကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်ပါတယ်။
       ဘုရားရှင်က ဓမ္မဖြင့် စိတ်ချမ်းချမ်းသာသာ အသက်ရှည်နိုင်ကြောင်း ဟောထားတာရှိပါတယ်။ ဓမ္မပါလဇာတ်ဆိုတာ လူတိုင်း နီးပါး သိပြီးသားပါ။ ဘုရားရှင်ဟာ ခမည်းတော် သုဒ္ဓေါဓနမင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဟောခဲ့တာ။ ဒီမှာတော့ ဇာတ်ကြောင်း ကို မပြောတော့ဘူး။ အသက်ရှည်စေတဲ့ တရားလေးကိုပဲ ထုတ်နုတ်ဖော်ပြပေးပါမယ်။
       တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီးက ဓမ္မပါလမင်းသားရဲ့ မိဘတွေကို ဘာကြောင့် သူတို့မိသားစုတွေ ငယ်ငယ်နဲ့ မသေ ကြသလဲဆိုတာကို မေးတော့ မိဘတွေက ဒီလို ဖြေပါတယ်။
       ကျွန်ပ်တို့ဟာ.....အချိန်တိုင်း၊ အရာရာတိုင်းမှာ အမှန်တရားကိုပဲ တရားနည်းလမ်းကျကျ လိုက်နာကြပါတယ်။
၁။ အသက်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျွန်ပ်တို့ဟာ ယုတ်စွအဆုံး အသေးဆုံးသော သတ္တဝါကိုပင် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြတယ်။
၂။ သူများရဲ့ ပျော်ရွှင်မှုကို မနာလိုမဖြစ်သလို သူများပိုင်ဆိုင်မှုတွေကိုလည်း အငမ်းမရ မလိုချင်ကြပါ။
၃။ လူလိမ်တစ်ယောက်ဟာ ပြစ်မှုအမျိုးမျိုးကို ကျူးလွန်နိုင်တဲ့အတွက် ကျွန်ပ်တို့ဟာ ပြတ်လုံးသဘောအနေနဲ့တောင် မှားယွင်း တဲ့စကား မပြောဆိုကြပါဘူး။
၄။ လူမိုက်တွေကို ရှောင်ကြဉ်ပြီး ပညာရှိတို့ကိုပဲ ပေါင်းသင်းပါတယ်။ ပညာရှိတို့ ကဲ့ရဲ့မယ့် အပြုအမှု အပြောအဆိုမျိုးကို မပြု လုပ်ကြပါဘူး။
၅။ လူတိုင်းကို စကားပြောဆိုခွင့်ပေးပါတယ်။ သူတို့စကားကိုလည်း သေချာနားစိုက်ထောင်ပါတယ်။ သို့သော်လည်း ပညာမဲ့သော အယူအဆတွေကို ပယ်ပြီး ပညာရှိတို့ရဲ့ မှန်ကန်တဲ့ အယူအဆမျိုးကိုပဲ လိုက်နာပါတယ်။
၆။ ပေးလှူဖို့ ပြင်ဆင်နေတဲ့အခါမှာလည်း ဝမ်းမြောက်တယ်။ ပေးလှူနေစဉ်မှာလည်း ဝမ်းမြောက်တယ်။ ပေးလှူပြီးနောက်လည်း ဝမ်းမြောက်တယ်။
၇။ ပစ္စေကဗုဒ္ဓါ၊ လှည့်လည်သွားလာနေထိုင်သူ၊ ရဟန်းပုဏ္ဏား၊ လူလေလူလွင့်၊ သူတောင်းစား အားလုံးကို မခွဲခြားပဲ ပေးလှူ ကြတယ်။ ထမင်းဆာရင် ထမင်း၊ ရေဆာရင် ရေ လိုတာလှူတယ်။
၈။ လင်းမယားအချင်းချင်း သစ္စာရှိတယ်။ ဘယ်တော့မှ အခြားသူနဲ့ မဖောက်ပြားဘူး။
၉။ ဘယ်တော့မှ သူများဥစ္စာခိုးဖို့ စိတ်မကူးပါ။
၁၀။ စိတ်ကို မကြည်မလင်ဖြစ်စေမယ့် မည်သည့်အရက်သေစာ၊ မူးယစ်ဆေးဝါးကိုမျှ မသောက်ကြပါ။
       ဒါတွေဟာ အသက်ရှည်ကြောင်း အကျင့်ဆယ်မျိုးပါပဲ။ မိဘတိုင်းက သားသမီးတိုင်းကို ဒီဆယ်မျိုးသင်ပေးကြတယ်။ သား သမီးတွေကလည်း ဒီဆယ်မျိုးကို သင်တယ်။ သင်ပြီးရင် ကျင့်တယ်။ စည်းကမ်းတကျနေကြတယ်။ သားသမီးတွေတင်မကဘူး အိမ်မှာနေတဲ့ ကျွန်တွေကအစ လိုက်နာကြတယ်။ ဒါကြောင့် ထီးဟာ မိုးရေကို ကာကွယ်ပေးသလို တရားကလည်း သူ့ကို ကျင့် သုံးတဲ့သူတွေကို စောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်။
       အားလုံးသောစာဖတ်ပရိသတ်များလည်း ဒီဇာတ်တော်လာ အကျင့်များကို အတုယူကျင့်သုံးလို့ အသက်ရှည်ကျန်းမာ ပျော် စရာဘဝလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။



Credit:ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ



 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top