iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ညစ္စရာေကာင္းေလာက္ေအာင္ ဘာေၾကာင့္ ဆံပင္ေတြ ကၽြတ္ရသလဲ။ ေခါင္းျဖီးတဲ့အခါ ၊ေခါင္းေလွ်ာ္တဲ့အခါ အနည္းနဲ႔အမ်ား ဆံပင္ေတြ ကၽြတ္တတ္ပါတယ္။ ဆံပင္ေတြ ကၽြတ္တာကလည္း စိတ္ညစ္စရာထဲမွာပါပါတယ္။ တခါတေလ အသက္အရြယ္ေၾကာင့္ ကၽြတ္တာမ်ိဳးရွိတတ္သလို ဘာေၾကာင့္မွန္းကိုယ္ကိုယ္တိုင္ မသိေလာက္ေအာင္ ကၽြတ္တာမ်ိဳးေတြလည္း ရွိပါတယ္။ ဆံပင္ကို ဘယ္လိုအေၾကာင္းေတြက ကြ်တ္ေစတာလဲ ဘာေၾကာင့္ကၽြတ္ရတာလဲ။ ၾကည့္ၾကည့္ရေအာင္ေနာ္။

၁-စိတ္ဖိစီးမွု
ဆံပင္ကၽြတ္ေစတဲ့အဓိက အခ်က္ေတြထဲမွာ ပါပါတယ္။ လူေတာ္ေတာ္မ်ားမ်ား ဆံပင္ကၽြတ္ရတဲ့အေၾကာင္းရင္းရဲ႕ ၈၀%ေလာက္က စိတ္ဖိစီးမႈေၾကာင့္ျဖစ္ပါတယ္။စိတ္ဖိစီးလာတဲ့အခါ ဆံပင္ေမြးညင္းေပါက္ေတြကို အရင္းကေန ေရြ႕သြားေစၿပီး ဆံပင္ေတြကို ကၽြတ္ေစတဲ့ “Telogen Effluvium”  ကို ထုတ္ေပးပါတယ္။ အဲဒီကေန တစ္ဆင့္ဆံပင္ကၽြတ္တာေတြ ျဖစ္ေပၚလာတာပါ။ ဒါေၾကာင့္ စိတ္ဖိစီးလာရင္ တရားထိုင္တာမ်ိဳး၊အနားယူတာမ်ိဳး၊ေယာဂက်င့္တာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။

၂-ေဟာ္မုန္း
ဆံပင္ကို ကၽြတ္ေစတဲ့အထဲမွာ ေဟာ္မုန္းေတြလည္း ပါပါတယ္။ေဟာ္မုန္းအေျပာင္းအလဲေတြနဲ႔ အန္ဒရိုဂ်င္ေဟာ္မုန္းေတြက ဆံပင္ကို ကြ်တ္ေစတဲ့အတြက္ ေဟာ္မုန္းေျပာင္းလဲခ်ိန္ေတြမွာ ဆံပင္ေတြ ကၽြတ္တာျဖစ္ပါတယ္။

၃-မ်ိဳးရိုးဗီဇ
ဆံပင္ကၽြတ္ျခင္းက မ်ိဳးရိုးဗီဇနဲ႔လည္း ဆိုင္ပါတယ္။ မ်ိဳးရိုးေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ့လည္း ဆံပင္ေတြ ကၽြတ္တတ္ပါတယ္။ ဒါ့အျပင္ အမ်ိဳးသမီးေတြမွာကေတာ့ ဆံပင္ကၽြတ္တာပိုေတြ႔ရတတ္ၿပီး အမ်ိဳးသားေတြမွာေတာ့ နဖူးနားမွာပဲ ကၽြတ္တာမ်ားတယ္လို႔ ဆိုပါတယ္။

၄-အသက္အရြယ္
အသက္အရြယ္အရ ပိုႀကီးလာေလ ဆံပင္ရဲ႕ သည္းသိပ္မွုကေလ်ာ့နည္းလာၿပီး ဦးေရျပားက ပိုပါးလာပါတယ္။ ဆံပင္ေတြပါးလာၿပီး အရင္ကထက္ပိုၿပီး ဦးေရျပားကို ျမင္လာရပါတယ္။ ဆံပင္ေပါက္ႏႈန္းေတြက ေႏွးလာၿပီး ဆံပင္ေမႊးညွင္းေပါက္ေတြက ဆံပင္အသစ္ေတြကို ထုတ္ဖို႔ ရပ္တန္႔သြားတာျဖစ္လို႔ဆံပင္ အသစ္ေတြ ထြက္မလာတဲ့အျပင္ ဆံပင္ေတြ ကၽြတ္လာတာပါ။

၅-အာဟာရခ်ိဳ႕တဲ႔မႈ
အာဟာရခ်ိဳ႕တဲ႔မႈေၾကာင့္လည္း ဆံပင္ကၽြတ္တာေတြျဖစ္ႏိုင္တယ္လုိ႔ သုေတသန တစ္ခ်ိဳ႕က ဆိုပါတယ္။အက်ိတ္ေရာဂါနဲ႔ ကေလးေမြးတာေတြေၾကာင့္လည္း အာဟာရလံုေလာက္မႈကို ထိခိုက္ေစသလို ဆံပင္ကၽြတ္တာေတြကို ျဖစ္ေစပါတယ္။

၆-ရာသီဥတု
ရာသီဥတုအေျပာင္းအလဲကလည္း ဆံပင္ေတြကို ကၽြတ္ေစတဲ့ ဖိအားတစ္ခုပါ။အထူးသျဖင့္ ေဆာင္းရာသီ၀င္တဲ့အခါ ဦးေရျပားေျခာက္ေသြ႕ၿပီး ေဗာ္ေတြကို ျဖစ္ေစတဲ့အျပင္ ဆံပင္ေတြကို ကၽြတ္ေစပါတယ္။

၇-ဓာတုပစၥည္း
ဆံပင္ကို ေျဖာင့္တဲ့အခါသံုးတဲ့ ဓာတုပစၥည္း(ဆုိဒီယမ္ ဟိုက္ေျဒာဆုိက္)လိုမ်ိဳးေတြက ဆံပင္ကို ကၽြတ္ေစတဲ့အေၾကာင္းထဲက တစ္ခုပါပဲ။ဒါ့အျပင္ ဆံပင္ကို Dryerနဲ႔ မွုတ္တာ၊ေျဖာင့္စက္ဆြဲတာ၊အပူေခ်ာင္းနဲ႔ေကာက္တာေတြက ဆံပင္ေတြကုိပ်က္စီးၿပီး ကၽြတ္ေစပါတယ္။

၈-ဆံပင္ခၽြတ္ေဆး
ဆံပင္ခၽြတ္ေဆးေတြက ဆံပင္ကို ၾကမ္းတမ္းေစရံုသာမကပဲ ဆံပင္ေတြကို ျပတ္ေစပါတယ္။ အဖ်ားနားေတြကို ဖြာထြက္သြားရံုမကဘဲ ဆံပင္ေတြကို အလြယ္တကူ ကၽြတ္ေစပါတယ္။

၉-ေခါင္းေလွ်ာ္ရည္
ေခါင္းေလွ်ာ္ရည္ေကာင္းဖို႔ကလည္း အေရးႀကီးပါတယ္။အရည္အေသြးနိမ့္တဲ့ေခါင္းေလွ်ာ္ရည္ေတြက ဆံပင္သားကို ပ်က္စီးေစတဲ့အျပင္ ဦးေခါင္းမွာရွိတဲ့ေမႊးညွင္းေပါက္ေလးေတြကုိ ပိတ္ဆို႔ေစပါတယ္။ကိုယ့္ဦးေရျပားနဲ႔သင့္ေတာ္ၿပီး အရည္အေသြးေကာင္းတဲ့ေခါင္းေလွ်ာ္ရည္ေတြကသာ စိတ္ခ်မ္းသာမွုကို ေပးႏိုင္မွာပါ။

၁၀-ေဆး၀ါး
တစ္ခါတစ္ေလမွာဆရာ၀န္ညႊန္ၾကားခ်က္အရ ကိုယ္ေသာက္ေနရတဲ့ေဆးေတြကလည္း ဆံပင္ကၽြတ္ေစပါတယ္။ ဥပမာ ကင္ဆာေရာဂါသည္ေတြ ေသာက္ရတဲ့ေဆးေတြဆိုရင္ ဆံပင္ေတြ အေထြးလိုက္ ကၽြတ္ေစသလိုေပါ့။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စိတ်ညစ်စရာကောင်းလောက်အောင် ဘာကြောင့် ဆံပင်တွေ ကျွတ်ရသလဲ။ ခေါင်းဖြီးတဲ့အခါ ၊ခေါင်းလျှော်တဲ့အခါ အနည်းနဲ့အများ ဆံပင်တွေ ကျွတ်တတ်ပါတယ်။ ဆံပင်တွေ ကျွတ်တာကလည်း စိတ်ညစ်စရာထဲမှာပါပါတယ်။ တခါတလေ အသက်အရွယ်ကြောင့် ကျွတ်တာမျိုးရှိတတ်သလို ဘာကြောင့်မှန်းကိုယ်ကိုယ်တိုင် မသိလောက်အောင် ကျွတ်တာမျိုးတွေလည်း ရှိပါတယ်။ ဆံပင်ကို ဘယ်လိုအကြောင်းတွေက ကျွတ်စေတာလဲ ဘာကြောင့်ကျွတ်ရတာလဲ။ ကြည့်ကြည့်ရအောင်နော်။

၁-စိတ်ဖိစီးမှု
ဆံပင်ကျွတ်စေတဲ့အဓိက အချက်တွေထဲမှာ ပါပါတယ်။ လူတော်တော်များများ ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းရဲ့ ၈၀%လောက်က စိတ်ဖိစီးမှုကြောင့်ဖြစ်ပါတယ်။စိတ်ဖိစီးလာတဲ့အခါ ဆံပင်မွေးညင်းပေါက်တွေကို အရင်းကနေ ရွေ့သွားစေပြီး ဆံပင်တွေကို ကျွတ်စေတဲ့ “Telogen Effluvium”  ကို ထုတ်ပေးပါတယ်။ အဲဒီကနေ တစ်ဆင့်ဆံပင်ကျွတ်တာတွေ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် စိတ်ဖိစီးလာရင် တရားထိုင်တာမျိုး၊အနားယူတာမျိုး၊ယောဂကျင့်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

၂-ဟော်မုန်း
ဆံပင်ကို ကျွတ်စေတဲ့အထဲမှာ ဟော်မုန်းတွေလည်း ပါပါတယ်။ဟော်မုန်းအပြောင်းအလဲတွေနဲ့ အန်ဒရိုဂျင်ဟော်မုန်းတွေက ဆံပင်ကို ကျွတ်စေတဲ့အတွက် ဟော်မုန်းပြောင်းလဲချိန်တွေမှာ ဆံပင်တွေ ကျွတ်တာဖြစ်ပါတယ်။

၃-မျိုးရိုးဗီဇ
ဆံပင်ကျွတ်ခြင်းက မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်။ မျိုးရိုးကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့လည်း ဆံပင်တွေ ကျွတ်တတ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာကတော့ ဆံပင်ကျွတ်တာပိုတွေ့ရတတ်ပြီး အမျိုးသားတွေမှာတော့ နဖူးနားမှာပဲ ကျွတ်တာများတယ်လို့ ဆိုပါတယ်။

၄-အသက်အရွယ်
အသက်အရွယ်အရ ပိုကြီးလာလေ ဆံပင်ရဲ့ သည်းသိပ်မှုကလျော့နည်းလာပြီး ဦးရေပြားက ပိုပါးလာပါတယ်။ ဆံပင်တွေပါးလာပြီး အရင်ကထက်ပိုပြီး ဦးရေပြားကို မြင်လာရပါတယ်။ ဆံပင်ပေါက်နှုန်းတွေက နှေးလာပြီး ဆံပင်မွှေးညှင်းပေါက်တွေက ဆံပင်အသစ်တွေကို ထုတ်ဖို့ ရပ်တန့်သွားတာဖြစ်လို့ဆံပင် အသစ်တွေ ထွက်မလာတဲ့အပြင် ဆံပင်တွေ ကျွတ်လာတာပါ။

၅-အာဟာရချို့တဲ့မှု
အာဟာရချို့တဲ့မှုကြောင့်လည်း ဆံပင်ကျွတ်တာတွေဖြစ်နိုင်တယ်လို့ သုတေသန တစ်ချို့က ဆိုပါတယ်။အကျိတ်ရောဂါနဲ့ ကလေးမွေးတာတွေကြောင့်လည်း အာဟာရလုံလောက်မှုကို ထိခိုက်စေသလို ဆံပင်ကျွတ်တာတွေကို ဖြစ်စေပါတယ်။

၆-ရာသီဥတု
ရာသီဥတုအပြောင်းအလဲကလည်း ဆံပင်တွေကို ကျွတ်စေတဲ့ ဖိအားတစ်ခုပါ။အထူးသဖြင့် ဆောင်းရာသီဝင်တဲ့အခါ ဦးရေပြားခြောက်သွေ့ပြီး ဗော်တွေကို ဖြစ်စေတဲ့အပြင် ဆံပင်တွေကို ကျွတ်စေပါတယ်။

၇-ဓာတုပစ္စည်း
ဆံပင်ကို ဖြောင့်တဲ့အခါသုံးတဲ့ ဓာတုပစ္စည်း(ဆိုဒီယမ် ဟိုက်ဒြောဆိုက်)လိုမျိုးတွေက ဆံပင်ကို ကျွတ်စေတဲ့အကြောင်းထဲက တစ်ခုပါပဲ။ဒါ့အပြင် ဆံပင်ကို Dryerနဲ့ မှုတ်တာ၊ဖြောင့်စက်ဆွဲတာ၊အပူချောင်းနဲ့ကောက်တာတွေက ဆံပင်တွေကိုပျက်စီးပြီး ကျွတ်စေပါတယ်။

၈-ဆံပင်ချွတ်ဆေး
ဆံပင်ချွတ်ဆေးတွေက ဆံပင်ကို ကြမ်းတမ်းစေရုံသာမကပဲ ဆံပင်တွေကို ပြတ်စေပါတယ်။ အဖျားနားတွေကို ဖွာထွက်သွားရုံမကဘဲ ဆံပင်တွေကို အလွယ်တကူ ကျွတ်စေပါတယ်။

၉-ခေါင်းလျှော်ရည်
ခေါင်းလျှော်ရည်ကောင်းဖို့ကလည်း အရေးကြီးပါတယ်။အရည်အသွေးနိမ့်တဲ့ခေါင်းလျှော်ရည်တွေက ဆံပင်သားကို ပျက်စီးစေတဲ့အပြင် ဦးခေါင်းမှာရှိတဲ့မွှေးညှင်းပေါက်လေးတွေကို ပိတ်ဆို့စေပါတယ်။ကိုယ့်ဦးရေပြားနဲ့သင့်တော်ပြီး အရည်အသွေးကောင်းတဲ့ခေါင်းလျှော်ရည်တွေကသာ စိတ်ချမ်းသာမှုကို ပေးနိုင်မှာပါ။

၁၀-ဆေးဝါး
တစ်ခါတစ်လေမှာဆရာဝန်ညွှန်ကြားချက်အရ ကိုယ်သောက်နေရတဲ့ဆေးတွေကလည်း ဆံပင်ကျွတ်စေပါတယ်။ ဥပမာ ကင်ဆာရောဂါသည်တွေ သောက်ရတဲ့ဆေးတွေဆိုရင် ဆံပင်တွေ အထွေးလိုက် ကျွတ်စေသလိုပေါ့။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top