iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူက ရုတ္တရက္ေအးစက္သြားၿပီလား.?ခ်စ္သူက ဖုန္းဆက္မယ္ေျပာၿပီး မဆက္ေတာ့တာ၊ဖုန္းေခၚထားတာ၊မက္ေဆ့ခ်္ပို႔ထားတာကို ေတြ႕ တာေတာင္ မွ ျပန္မဆက္၊ျပန္မပို႔ဘူးဆိုရင္ေတာ့ ေနမထိထိုင္မထိျဖစ္ေနမွာေသခ်ာပါတယ္။အေကာင္းဘက္
ကေတြးရင္ေတာ့ဘက္ထရီကုန္တာလား၊အလုပ္ရႈပ္ေနတာလား လို႔ ေတြးမိေကာင္းေတြးမိႏိုင္ေပမယ့္၊ေနာက္ပိုင္းက်ရင္ေတာ့ ပစ္ပယ္ခံရတာ လားလို႔ေတြးမိလာႏိုင္ပါတယ္။အဲ့ဒီလိုအေျခအေနနဲ႔ႀကံဳလာသူေတြ အတြက္သိ ထားသင့္တဲ့ ေရွာင္ရန္၊ေဆာင္ရန္ အခ်က္ေလးေတြရွိပါတယ္။

(၁)မက္ေဆ့ခ်္ေတြ အဆက္မျပတ္မပို႔ပါနဲ႔

မက္ေဆ့ခ်္မျပန္တာနဲ႔ ေနာက္ထပ္မက္ေဆ့ခ်္ေတြကို အဆက္မျပတ္ပို႔တတ္တဲ့ အက်င့္ရွိတတ္ၾကပါတယ္။ဒါေၾကာင့္ မက္ေဆ့ခ်္ဆိုရင္လည္း မျပန္မခ်င္းတစ္ေ စာင္ၿပီးတစ္ေစာင္ပို႔တာ၊ဖုန္းဆိုရင္လည္း မကိုင္မခ်င္း ေခၚတာမ်ိဳးမလုပ္ပါနဲ႔။ ဒါဟာတစ္ဖက္လူကို တကယ္စိတ္ပ်က္သြားေအာင္ တြန္းအားေပးေနတဲ့ အျပဳအ မူပါ။ကိုယ့္မက္ေဆ့ခ်္ကို ခ်စ္သူကမျပန္ရင္ ဘယ္ေလာက္ခံရခက္တယ္ဆိုတာကို သိပါတယ္။ဒါေပမယ့္လည္း ဘယ္လုိပဲျဖစ္ျဖစ္မက္ေဆ့ခ်္ေတြ အဆက္မျပတ္ပို႔ တာ၊ ဖုနး္ေခၚတာ၊သူ႔ငယ္ခ်င္းေတြဆီ ဖုန္းဆက္ေမးတာမ်ိဳးေတာ့ လံုး၀မလုပ္ သင့္ပါဘူး။



(၂)ပံုမွန္မက္ေဆ့ခ်္ပို႔တဲ့ ပံုမ်ိဳးအတိုင္းပဲ ပို႔ပါ

တစ္ႀကိမ္၊ႏွစ္ႀကိမ္ေလာက္ မက္ေဆ့ခ်္ပို႔ၿပီး ဘာျဖစ္ေနလဲဆိုတာကို ေမးတဲ့ ေမး ခြန္းကို ဖုန္းနဲ႔ေ၀းေနလို႔ မျပန္ျဖစ္တာအထိေတာ့ လက္ခံေပးႏိုင္ပါတယ္။ဒါေပ ယ့္(၃)ရက္ေလာက္ၾကာတဲ့အထိမွ Reply မလာတာ၊မဆက္သြယ္တာ နဲ႔ စိတ္ဆိုးတဲ့မက္ေဆ့ခ်္ေတြမပို႔ပါနဲ႔။ပံုမွန္ပို႔ေနက်မက္ေဆ့ခ်္အတိုင္းပဲပို႔ပါ။ အဲ့လိုမွ မဟုတ္ပဲ စိတ္ဆိုးေဒါသထြက္ေနတဲ့ မက္ေဆ့ခ်္ေတြကိုပဲပို႔ေနမယ္ဆိုရင္ေတာ့ သင့္ရဲ႕ မက္ေဆ့ခ်္ေတြကို ေသခ်ာေပါက္ Reply ျပန္မွာမဟုတ္ပါဘူး။


(၃)တတ္ႏိုင္ရင္ လူခ်င္းသြားေတြ႔ပါ

တက္ႏုိင္ရင္ေတာ့ လူခ်င္းေတြ႕ႏိုင္ဖုိ႔ ႀကိဳးစားေပးပါ။လူခ်င္းေတြ႕မွ သူ႔ရဲ႕အာရံုစိုက္ မႈေတြကို ျပန္ရႏိုင္မယ့္၊ျပန္ဖမ္းစားႏိုင္မယ့္ အ၀တ္အစားမ်ိဳး(အလွအပ)ကို ၀တ္ျပ၊ျပင္ျပႏိုင္မယ့္ အခြင့္အေရးမ်ိဳးကိုရမွာပါ။အမ်ိဳးသားေတြဟာ အျမင္ပိုင္း၊ ရုပ္ပိုင္းကို ဦးစားေပးတတ္ၾကသူေတြပါ။တခါတေလမွာ ကိုယ္ဘယ္ေလာက္လွ တယ္ဆိုတာကို သူတို႔ျပန္အမွတ္ရေအာင္ လုပ္ေပးဖို႔ လိုပါတယ္။လူခ်င္းေတြ႕ ၾကည့္မွ သူ႔ရဲ႕အမူအယာေတြက ပံုမွန္မဟုတ္တာ(သို႔) တမင္ေရွာင္ေနတာလား ဆိုတာကို ေသခ်ာသိရမွာပါ။



(၄)ခ်စ္သူရဲ႕အေၾကာင္းေတြကို လူတိုင္းကို လိုက္မတိုင္ပါနဲ႔

ဒီလိုအေျခအေနမွာ စိတ္အရမ္းရႈပ္ၿပီး တျခားသူေတြကုိ ရင္ဖြင့္မိႏိုင္တယ္ဆိုတာ ကို နားလည္ေပမယ့္ ကိုယ္တကယ္ ရင္ဖြင့္တိုင္တန္းေနတဲ့သူက ဘယ္သူ လဲ ဆိုတာကို ဂရုစိုက္ပါ။ကိုယ့္ခ်စ္သူနဲ႔ပါရင္းႏွီးေနတဲ့သူေတြကို ရင္ဖြင့္တာေတြ မလုပ္ပါနဲ႔။ဒီအေၾကာင္းေတြ သူ႔နားျပန္ေရာက္ၿပီး အေျခအေနေတြ ပိုဆိုး လာ ႏိုင္ပါတယ္။လူတိုင္းကို ဒီအေၾကာင္းေၾကာင့္ ကိုယ္စိတ္ညစ္ေနတယ္ဆိုတာ မသိပါေစနဲ႔။


(၅)ဆိုရွယ္မီဒီယာေပၚတတ္ ရင္မဖြင့္ပါနဲ႔

ခ်စ္သူကဂရုမစိုက္ေတာ့ရင္ ဖုန္းမကိုင္ မက္ေဆ့ခ်္Reply မလာေတာ့ရင္ ဆိုရွယ္ မီ ဒီယာ Facebook ေပၚတတ္ရင္ဖြင့္တာေတြ လုပ္တတ္ၾကပါတယ္။အဲ့ဒီလုိေ တြမလုပ္ပါနဲ႔။ဒီကိစၥဟာကိုယ္နဲ႔ကိုယ့္ခ်စ္သူၾကားက ျပသာနာပါ။တျခားလူေတြရဲ႕ ကိစၥမဟုတ္ပါဘူး။Facebook statuses ေတြဟာ ကိုယ့္ခ်စ္သူအေၾကာင္းနဲ႔ လက္ရွိ Relationship အေျခအေနကို အရမး္သိသာေစပါတယ္။ဒီလိုေတြ တတ္ေရးလို႔ သူ႔ရဲ႕စိတ္အာရံုက ကိုယ့္ဆီေရာက္လာမယ္လို႔ ထင္ေကာင္းထင္ပါ လိမ့္မယ္။တကယ္ေတာ့ ဒါဟာ မရင့္က်က္တဲ့အျပဳအမူ၊စိတ္အေႏွာင့္အယွက္ျဖစ္ စရာအျပဳအမူျဖစ္ၿပီး ခ်စ္သူကို ကိုယ့္အနားကေန ထြက္ေျပးခ်င္လာေအာင္ လုပ္ေနတာျဖစ္ပါတယ္။

Credit : Shwemom


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူက ရုတ်တရက်အေးစက်သွားပြီလား.?ချစ်သူက ဖုန်းဆက်မယ်ပြောပြီး မဆက်တော့တာ၊ဖုန်းခေါ်ထားတာ၊မက်ဆေ့ချ်ပို့ထားတာကို တွေ့ တာတောင် မှ ပြန်မဆက်၊ပြန်မပို့ဘူးဆိုရင်တော့ နေမထိထိုင်မထိဖြစ်နေမှာသေချာပါတယ်။အကောင်းဘက်

ကတွေးရင်တော့ဘက်ထရီကုန်တာလား၊အလုပ်ရှုပ်နေတာလား လို့ တွေးမိကောင်းတွေးမိနိုင်ပေမယ့်၊နောက်ပိုင်းကျရင်တော့ ပစ်ပယ်ခံရတာ လားလို့တွေးမိလာနိုင်ပါတယ်။အဲ့ဒီလိုအခြေအနေနဲ့ကြုံလာသူတွေ အတွက်သိ ထားသင့်တဲ့ ရှောင်ရန်၊ဆောင်ရန် အချက်လေးတွေရှိပါတယ်။

(၁)မက်ဆေ့ချ်တွေ အဆက်မပြတ်မပို့ပါနဲ့

မက်ဆေ့ချ်မပြန်တာနဲ့ နောက်ထပ်မက်ဆေ့ချ်တွေကို အဆက်မပြတ်ပို့တတ်တဲ့ အကျင့်ရှိတတ်ကြပါတယ်။ဒါကြောင့် မက်ဆေ့ချ်ဆိုရင်လည်း မပြန်မချင်းတစ်ေ စာင်ပြီးတစ်စောင်ပို့တာ၊ဖုန်းဆိုရင်လည်း မကိုင်မချင်း ခေါ်တာမျိုးမလုပ်ပါနဲ့။ ဒါဟာတစ်ဖက်လူကို တကယ်စိတ်ပျက်သွားအောင် တွန်းအားပေးနေတဲ့ အပြုအ မူပါ။ကိုယ့်မက်ဆေ့ချ်ကို ချစ်သူကမပြန်ရင် ဘယ်လောက်ခံရခက်တယ်ဆိုတာကို သိပါတယ်။ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ်မက်ဆေ့ချ်တွေ အဆက်မပြတ်ပို့ တာ၊ ဖုန်းခေါ်တာ၊သူ့ငယ်ချင်းတွေဆီ ဖုန်းဆက်မေးတာမျိုးတော့ လုံးဝမလုပ် သင့်ပါဘူး။



(၂)ပုံမှန်မက်ဆေ့ချ်ပို့တဲ့ ပုံမျိုးအတိုင်းပဲ ပို့ပါ

တစ်ကြိမ်၊နှစ်ကြိမ်လောက် မက်ဆေ့ချ်ပို့ပြီး ဘာဖြစ်နေလဲဆိုတာကို မေးတဲ့ မေး ခွန်းကို ဖုန်းနဲ့ဝေးနေလို့ မပြန်ဖြစ်တာအထိတော့ လက်ခံပေးနိုင်ပါတယ်။ဒါပေ ယ့်(၃)ရက်လောက်ကြာတဲ့အထိမှ Reply မလာတာ၊မဆက်သွယ်တာ နဲ့ စိတ်ဆိုးတဲ့မက်ဆေ့ချ်တွေမပို့ပါနဲ့။ပုံမှန်ပို့နေကျမက်ဆေ့ချ်အတိုင်းပဲပို့ပါ။ အဲ့လိုမှ မဟုတ်ပဲ စိတ်ဆိုးဒေါသထွက်နေတဲ့ မက်ဆေ့ချ်တွေကိုပဲပို့နေမယ်ဆိုရင်တော့ သင့်ရဲ့ မက်ဆေ့ချ်တွေကို သေချာပေါက် Reply ပြန်မှာမဟုတ်ပါဘူး။


(၃)တတ်နိုင်ရင် လူချင်းသွားတွေ့ပါ

တက်နိုင်ရင်တော့ လူချင်းတွေ့နိုင်ဖို့ ကြိုးစားပေးပါ။လူချင်းတွေ့မှ သူ့ရဲ့အာရုံစိုက် မှုတွေကို ပြန်ရနိုင်မယ့်၊ပြန်ဖမ်းစားနိုင်မယ့် အဝတ်အစားမျိုး(အလှအပ)ကို ဝတ်ပြ၊ပြင်ပြနိုင်မယ့် အခွင့်အရေးမျိုးကိုရမှာပါ။အမျိုးသားတွေဟာ အမြင်ပိုင်း၊ ရုပ်ပိုင်းကို ဦးစားပေးတတ်ကြသူတွေပါ။တခါတလေမှာ ကိုယ်ဘယ်လောက်လှ တယ်ဆိုတာကို သူတို့ပြန်အမှတ်ရအောင် လုပ်ပေးဖို့ လိုပါတယ်။လူချင်းတွေ့ ကြည့်မှ သူ့ရဲ့အမူအယာတွေက ပုံမှန်မဟုတ်တာ(သို့) တမင်ရှောင်နေတာလား ဆိုတာကို သေချာသိရမှာပါ။



(၄)ချစ်သူရဲ့အကြောင်းတွေကို လူတိုင်းကို လိုက်မတိုင်ပါနဲ့

ဒီလိုအခြေအနေမှာ စိတ်အရမ်းရှုပ်ပြီး တခြားသူတွေကို ရင်ဖွင့်မိနိုင်တယ်ဆိုတာ ကို နားလည်ပေမယ့် ကိုယ်တကယ် ရင်ဖွင့်တိုင်တန်းနေတဲ့သူက ဘယ်သူ လဲ ဆိုတာကို ဂရုစိုက်ပါ။ကိုယ့်ချစ်သူနဲ့ပါရင်းနှီးနေတဲ့သူတွေကို ရင်ဖွင့်တာတွေ မလုပ်ပါနဲ့။ဒီအကြောင်းတွေ သူ့နားပြန်ရောက်ပြီး အခြေအနေတွေ ပိုဆိုး လာ နိုင်ပါတယ်။လူတိုင်းကို ဒီအကြောင်းကြောင့် ကိုယ်စိတ်ညစ်နေတယ်ဆိုတာ မသိပါစေနဲ့။


(၅)ဆိုရှယ်မီဒီယာပေါ်တတ် ရင်မဖွင့်ပါနဲ့

ချစ်သူကဂရုမစိုက်တော့ရင် ဖုန်းမကိုင် မက်ဆေ့ချ်Reply မလာတော့ရင် ဆိုရှယ် မီ ဒီယာ Facebook ပေါ်တတ်ရင်ဖွင့်တာတွေ လုပ်တတ်ကြပါတယ်။အဲ့ဒီလိုေ တွမလုပ်ပါနဲ့။ဒီကိစ္စဟာကိုယ်နဲ့ကိုယ့်ချစ်သူကြားက ပြသာနာပါ။တခြားလူတွေရဲ့ ကိစ္စမဟုတ်ပါဘူး။Facebook statuses တွေဟာ ကိုယ့်ချစ်သူအကြောင်းနဲ့ လက်ရှိ Relationship အခြေအနေကို အရမ်းသိသာစေပါတယ်။ဒီလိုတွေ တတ်ရေးလို့ သူ့ရဲ့စိတ်အာရုံက ကိုယ့်ဆီရောက်လာမယ်လို့ ထင်ကောင်းထင်ပါ လိမ့်မယ်။တကယ်တော့ ဒါဟာ မရင့်ကျက်တဲ့အပြုအမူ၊စိတ်အနှောင့်အယှက်ဖြစ် စရာအပြုအမူဖြစ်ပြီး ချစ်သူကို ကိုယ့်အနားကနေ ထွက်ပြေးချင်လာအောင် လုပ်နေတာဖြစ်ပါတယ်။


Credit : Shwemom



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top