iMyanmarHouse.com - Best Property Website for Myanmar
×

စုံတြဲတုိင္းဟာ ေစ့စပ္လုိက္ၿပီဆုိတာနဲ႔ စိတ္လႈပ္ရွားကာလေတြကုိ ျဖတ္ေက်ာ္ရေတာ့တာပါပဲ။ တစ္သက္မွာတစ္ခါပဲ က်င္းပမဲ့ မဂၤလာပြဲအတြက္ ျပင္ဆင္ရ၊စီမံခန္႔ခြဲေနရတာဟာ အလုပ္မ်ားလြန္းပါတယ္။တကယ္ေတာ့ မဂၤလာပြဲဆုိတာဟာ “အိမ္ေထာင္ျပဳ၊ဘုရားတည္၊ေဆးမွင္စုတ္ထုိး ဤသုံးမ်ိဳးခ်က္မပုိင္ ေနာင္ျပင္ရန္ခက္သည့္ အမ်ိဳး” လုိ႔ ဆုိရေလာက္ေအာင္ အေရးၾကီးပါတယ္။ျငီးေငြ႕ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရး အျဖစ္အပ်တ္မ်ားကုိ ေလ့လာျခင္းအားျဖင့္ ေဖာ္ျပပါလမ္းညြန္ခ်က္မ်ားဟာ အိမ္ေထာင္ေရး ပ႗ိပကၡမ်ားကုိ ကင္းေ၀းေစၿပီး ရုိးေျမက်ေပါင္းသင္းေစဖုိ႔ျဖစ္ပါတယ္။

(၁) သင္ဟာ အသက္ ၂၃ႏွစ္အရြယ္ရွိမွ လက္ထပ္ရင္ ကြာရွင္းျပတ္စဲဖုိ႕ ရာခုိင္ႏႈန္းနည္းပါတယ္

အသက္ ၁၈ႏွစ္မွာ လက္ထပ္တဲ့စုံတြဲေတြဟာ ကြာရွင္းျပတ္စဲႏႈန္း ၆၀ရာခုိင္ႏႈန္းခန္႔ရွိေနေသာ္လည္း အသက္ ၂၃ေက်ာ္မွ လက္ထပ္ရင္ ကြာရွင္းျပတ္စဲႏႈန္း ၃၀ရာခုိင္ႏႈန္းသာ ရွိပါတယ္လုိ႔ ၂၀၁၄ခုႏွစ္မွာ အေမရိကန္ႏုိင္ငံ ပန္ဆုိေဗးနီးယားတကၠသုိလ္( Pennsylvania University ) မွ သုေတသနပညာရွင္တုိ႔က ဆုိပါတယ္။ အေၾကာင္းကေတာ့ ရင့္က်တ္တဲ့အရြယ္မွာ ျပႆနာတစ္ခုကုိ ေျပေျပလည္လည္ေျဖရွင္းႏုိင္စြမ္းရွိလာလုိ႔ ျဖစ္ပါတယ္။

(၂) ခ်ိဳျမိန္တဲ့အခ်စ္ဟာ တစ္ႏွစ္ေလာက္ပဲ ၾကာပါတယ္

တကယ္ေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္မဝ၊ခ်စ္မဆုံး တျပံဳးျပံဳးေပ်ာ္ရြင္ေနတဲ့ အယုအယပုိေနတဲ့အခ်ိန္ဟာ ထာ၀ရမဟုတ္ပါဘူးလုိ႕ မြန္းေမာက္တကၠသုိလ္ ( Monmouth University ) ရဲ႕ စိတ္ပညာရွင္ Gary W. Lewandowski Jr က ဆုိပါတယ္။

(၃) သင္ဟာ တစ္ေယာက္တည္းမဟုတ္ဖူးဆုိတာ သေဘာေပါက္လာမယ္

သင္ဟာ အိမ္ေထာင္က်ျပီး အတူတူေနတဲ့အခါ ငါတစ္ေယာက္တည္း မဟုတ္ေတာ့ပါလားဆုိတာ စတင္သေဘာေပါက္လာမယ္။ ထုိ႕ျပင္ ဦးစားေပးရမယ့္ကိစၥေတြ၊သည္းခံရတဲ့ ကိစၥေတြမ်ားစြာ ရွိလာပါမယ္။ ဥပမာ ။ ။ ဟင္းတစ္ခြက္ထဲကုိ ငပိ၊ဆား အကုန္ပါသလုိေပါ့။

(၄) တစ္ဦးကုိတစ္ဦး မုဒိတာပြားရမယ္ဆုိရင္ အိမ္ေထာင္ေရး သာယာပါၿပီ

တစ္ဦးရဲ႕ ေအာင္ျမင္မႈကုိ တစ္ဦးက ၀မ္းေျမာက္ေပ်ာ္ရြင္ၿပီး မုဒိတာပြားေနမယ္ဆုိရင္ေတာ့ ထုိလင္မယားဟာ အိမ္ေထာင္ေရးလုံးဝ မၿပိဳကြဲႏုိင္ေတာ့ပါဘူးလုိ႕ ေလ့လာမႈမ်ားအရ သိရပါတယ္။

(၅) အခ်စ္ဆုံးသူငယ္ခ်င္းကုိ လက္ထပ္ျခင္းဟာ သာယာေသာအိမ္ေထာင္ေရးပါ

သူငယ္ခ်င္းအေၾကာင္းသိ အခ်င္းခ်င္းလက္ထပ္တာက ရုိးေျမက်ေပါင္းနုိင္ဖို႔ နည္းလမ္းပုိမ်ားပါတယ္လုိ႔ ၂၀၁၄ခုႏွစ္မွာ အေမရိကန္ႏုိင္ငံ အမ်ိဳးသားစီးပြားေရးသုေတသနအဖြဲ႕က ဆုိပါတယ္။

(၆) အသက္အရြယ္မကြာေလ အိမ္ေထာင္ေရးခုိင္ျမဲေလ

အသက္ ၁၀ႏွစ္ခန္႕ကြာျခားတဲ့စုံတြဲေတြဟာ ကြာရွင္းဖုိ႔ ၃၉ရာခုိင္ႏႈန္းရွိျပီး အသက္ ၅ႏွစ္ခန္႕သာ ကြာျခားတဲ့စုံတဲြေတြဟာ ကြာရွင္းဖုိ႔ ၁၈ရာခုိင္ႏႈန္းသာ ရွိပါတယ္လုိ႔ အီမုိရီတကၠသုိလ္ ( Emory University  ) ရဲ႕ ေလ့လာမွဳအရ သိရွိရပါတယ္။

(၇) အိမ္မွဳကိစၥကုိ မကူညီျခင္းဟာ အဆင္မေျပမွဳကုိ ျဖစ္ေစပါတယ္

မိန္းမမ်ားသည္ ေယာက္်ားမ်ားႏွင့္ ရင္ေဘာင္တန္းလုပ္ကုိင္ေနသာ ယေန႕ေခတ္တြင္ အိမ္မွဳကိစၥတုိင္းသည္ အိမ္ေထာင္ရွင္မိန္းမမ်ားႏွင့္သာ လုံး၀သက္ဆုိင္ပါတယ္လုိ႕ ယူဆလုိ႕မရေတာ့ပါ။ ၆၀ရာခုိင္ႏႈန္းေက်ာ္ေသာ အေမရိကန္လူမ်ိဳးတုိ႔ရဲ႕ အဆုိအရ မိန္းမ၏အိမ္မွဳကိစၥကုိ ကူညီလုပ္ကုိင္ေပးျခင္းဟာ သာယာခ်မ္းေျမ႕တဲ့ အိမ္ေထာင္ေရးကုိ ျဖစ္ေစပါတယ္။ မဂၤလာစုံတြဲတုိင္း ရုိးေျမက် ေပ်ာ္ေပ်ာ္ရြင္ရြင္ခ်စ္ခ်စ္ခင္ခင္ ေပါင္းသင္းႏုိင္ၾကပါေစလုိ႔ ဆုေတာင္းလုိက္ပါတယ္။


Credit: (အခရာ)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စုံတွဲတိုင်းဟာ စေ့စပ်လိုက်ပြီဆိုတာနဲ့ စိတ်လှုပ်ရှားကာလတွေကို ဖြတ်ကျော်ရတော့တာပါပဲ။ တစ်သက်မှာတစ်ခါပဲ ကျင်းပမဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ရ၊စီမံခန့်ခွဲနေရတာဟာ အလုပ်များလွန်းပါတယ်။တကယ်တော့ မင်္ဂလာပွဲဆိုတာဟာ “အိမ်ထောင်ပြု၊ဘုရားတည်၊ဆေးမှင်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့် အမျိုး” လို့ ဆိုရလောက်အောင် အရေးကြီးပါတယ်။ငြီးငွေ့ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေး အဖြစ်အပျတ်များကို လေ့လာခြင်းအားဖြင့် ဖော်ပြပါလမ်းညွန်ချက်များဟာ အိမ်ထောင်ရေး ပဋ္ဋိပက္ခများကို ကင်းဝေးစေပြီး ရိုးမြေကျပေါင်းသင်းစေဖို့ဖြစ်ပါတယ်။

(၁) သင်ဟာ အသက် ၂၃နှစ်အရွယ်ရှိမှ လက်ထပ်ရင် ကွာရှင်းပြတ်စဲဖို့ ရာခိုင်နှုန်းနည်းပါတယ်

အသက် ၁၈နှစ်မှာ လက်ထပ်တဲ့စုံတွဲတွေဟာ ကွာရှင်းပြတ်စဲနှုန်း ၆၀ရာခိုင်နှုန်းခန့်ရှိနေသော်လည်း အသက် ၂၃ကျော်မှ လက်ထပ်ရင် ကွာရှင်းပြတ်စဲနှုန်း ၃၀ရာခိုင်နှုန်းသာ ရှိပါတယ်လို့ ၂၀၁၄ခုနှစ်မှာ အမေရိကန်နိုင်ငံ ပန်ဆိုဗေးနီးယားတက္ကသိုလ်( Pennsylvania University ) မှ သုတေသနပညာရှင်တို့က ဆိုပါတယ်။ အကြောင်းကတော့ ရင့်ကျတ်တဲ့အရွယ်မှာ ပြဿနာတစ်ခုကို ပြေပြေလည်လည်ဖြေရှင်းနိုင်စွမ်းရှိလာလို့ ဖြစ်ပါတယ်။

(၂) ချိုမြိန်တဲ့အချစ်ဟာ တစ်နှစ်လောက်ပဲ ကြာပါတယ်

တကယ်တော့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မဝ၊ချစ်မဆုံး တပြုံးပြုံးပျော်ရွင်နေတဲ့ အယုအယပိုနေတဲ့အချိန်ဟာ ထာဝရမဟုတ်ပါဘူးလို့ မွန်းမောက်တက္ကသိုလ် ( Monmouth University ) ရဲ့ စိတ်ပညာရှင် Gary W. Lewandowski Jr က ဆိုပါတယ်။

(၃) သင်ဟာ တစ်ယောက်တည်းမဟုတ်ဖူးဆိုတာ သဘောပေါက်လာမယ်

သင်ဟာ အိမ်ထောင်ကျပြီး အတူတူနေတဲ့အခါ ငါတစ်ယောက်တည်း မဟုတ်တော့ပါလားဆိုတာ စတင်သဘောပေါက်လာမယ်။ ထို့ပြင် ဦးစားပေးရမယ့်ကိစ္စတွေ၊သည်းခံရတဲ့ ကိစ္စတွေများစွာ ရှိလာပါမယ်။ ဥပမာ ။ ။ ဟင်းတစ်ခွက်ထဲကို ငပိ၊ဆား အကုန်ပါသလိုပေါ့။

(၄) တစ်ဦးကိုတစ်ဦး မုဒိတာပွားရမယ်ဆိုရင် အိမ်ထောင်ရေး သာယာပါပြီ

တစ်ဦးရဲ့ အောင်မြင်မှုကို တစ်ဦးက ဝမ်းမြောက်ပျော်ရွင်ပြီး မုဒိတာပွားနေမယ်ဆိုရင်တော့ ထိုလင်မယားဟာ အိမ်ထောင်ရေးလုံးဝ မပြိုကွဲနိုင်တော့ပါဘူးလို့ လေ့လာမှုများအရ သိရပါတယ်။

(၅) အချစ်ဆုံးသူငယ်ချင်းကို လက်ထပ်ခြင်းဟာ သာယာသောအိမ်ထောင်ရေးပါ

သူငယ်ချင်းအကြောင်းသိ အချင်းချင်းလက်ထပ်တာက ရိုးမြေကျပေါင်းနိုင်ဖို့ နည်းလမ်းပိုများပါတယ်လို့ ၂၀၁၄ခုနှစ်မှာ အမေရိကန်နိုင်ငံ အမျိုးသားစီးပွားရေးသုတေသနအဖွဲ့က ဆိုပါတယ်။

(၆) အသက်အရွယ်မကွာလေ အိမ်ထောင်ရေးခိုင်မြဲလေ

အသက် ၁၀နှစ်ခန့်ကွာခြားတဲ့စုံတွဲတွေဟာ ကွာရှင်းဖို့ ၃၉ရာခိုင်နှုန်းရှိပြီး အသက် ၅နှစ်ခန့်သာ ကွာခြားတဲ့စုံတွဲတွေဟာ ကွာရှင်းဖို့ ၁၈ရာခိုင်နှုန်းသာ ရှိပါတယ်လို့ အီမိုရီတက္ကသိုလ် ( Emory University  ) ရဲ့ လေ့လာမှုအရ သိရှိရပါတယ်။

(၇) အိမ်မှုကိစ္စကို မကူညီခြင်းဟာ အဆင်မပြေမှုကို ဖြစ်စေပါတယ်

မိန်းမများသည် ယောက်ျားများနှင့် ရင်ဘောင်တန်းလုပ်ကိုင်နေသာ ယနေ့ခေတ်တွင် အိမ်မှုကိစ္စတိုင်းသည် အိမ်ထောင်ရှင်မိန်းမများနှင့်သာ လုံးဝသက်ဆိုင်ပါတယ်လို့ ယူဆလို့မရတော့ပါ။ ၆၀ရာခိုင်နှုန်းကျော်သော အမေရိကန်လူမျိုးတို့ရဲ့ အဆိုအရ မိန်းမ၏အိမ်မှုကိစ္စကို ကူညီလုပ်ကိုင်ပေးခြင်းဟာ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ဖြစ်စေပါတယ်။ မင်္ဂလာစုံတွဲတိုင်း ရိုးမြေကျ ပျော်ပျော်ရွင်ရွင်ချစ်ချစ်ခင်ခင် ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။


Credit: (အခရာ)



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top