iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ ေထာင္ျပဳဖုိ႔ အသင့္ေတာ္ဆုံး အသက္အရြယ္အေပၚ မျပီးဆုံးႏုိင္တဲ့ ျငင္းငုံမႈေတြ ျဖစ္ပြားလ်က္ရိွပါတယ္။ အရင္တုန္းက မိန္းကေလးေတြ ပ်ဳိေဖာ္ဝင္ျပီးတာနဲ႔ အိမ္ေထာင္ျပဳၾကပါတယ္။ အခုအခါမွာ အဲဒါကို မႏွစ္သက္ၾကေတာ့ပါဘူး။ အိမ္ေထာင္ကြဲႏႈန္း တစ္ဟုန္ထုိးျမင့္တက္ေနျခင္းက အိမ္ေထာင္ျပဳသင့္တဲ့အခ်ိန္အေပၚ စဥ္းစားခ်င့္ခ်ိန္ေနတဲ့ ခ်စ္သူစုံတြဲတုိင္းကို စိုးရိမ္ေၾကာင့္ၾကမႈ ေပးခဲ့ပါတယ္။

အဲဒီေတာ့ အိမ္ေထာင္ျပဳသင့္တာ ဘယ္အသက္အရြယ္ပါလိမ့္။ ဘယ္အရြယ္က အဆုိးဆုံးလဲ။ ကြ်မ္းက်င္ပညာရွင္ေတြနဲ႔ သိပၸံပညာရွင္ေတြဆီက အၾကံျပဳခ်က္မ်ားစြာ ရိွပါတယ္။

အသင့္ေတာ္ဆုံးအသက္အရြယ္

University of Utah က လူမႈေဗဒပညာရွင္ Nick Wolfinger ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုအရ အသက္ ၂၈ နဲ႔ ၃၂ ႏွစ္ၾကား အိမ္ေထာင္ျပဳသူစုံတြဲေတြ ကြာရွင္းႏုိင္ေျခ အနည္းဆုံးျဖစ္ပါတယ္။ ဘာေၾကာင့္ ၂၈ ႏွစ္ျဖစ္ရသလဲဆုိရင္ ခံစားမႈအစစ္အမွန္ ဖုံးဖိတဲ့ ေဟာ္မုန္းပိုနည္းတာရယ္၊ ေငြေၾကးေတာင့္တင္းမႈ ပိုရိွတာရယ္၊ ေနာက္ျပီး အဲဒီအရြယ္မွာ ဘဝအေတြ႔အၾကဳံ ပိုမ်ားေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။

အသက္ ၂၀ ေနာင္းပုိင္းနဲ႔ အသက္ ၃၀ ရဲ႕ အေစာပုိင္းအရြယ္က အိမ္ေထာင္ျပဳဖုိ႔ အရြယ္ေကာင္းအခ်ိန္လုိ႔ သတ္မွတ္ထားပါတယ္။ အေၾကာင္းက အစစအရာရာ တုိးတက္ေျပာင္းလဲမႈျဖစ္ေပၚေနတဲ့ အေရးၾကီးအခ်ိန္ ျဖစ္လုိ႔ပါပဲ။ ဆက္လက္ ရင္ဆုိင္ၾကဳံေတြ႔ရမယ့္ လုပ္ငန္းတာဝန္မ်ဳိးစုံ၊ ရရိွခဲ့ျပီးတဲ့ ေအာင္ျမင္မႈေတြနဲ႔ မိမိကိုယ္ကိုယ္ဂရုစုိက္နည္း ဗဟုသုတေတြ အၾကြယ္ဝဆုံးအခ်ိန္ျဖစ္ပါတယ္။ အသက္ ၂၀ ေနာင္းပုိင္းအရြယ္မွာ အေတာ္အသင့္ရင့္က်က္ေနခဲ့ျပီး မိမိလက္တြဲေဖာ္ကုိ အေထာက္အကူျဖစ္ေစမယ့္ အျပဳအမူနဲ႔ ဘဝေနထုိင္မႈပုံစံ ျပင္ဆင္ညိွယူႏုိင္ေသးတဲ့ အခ်ိန္ျဖစ္ပါတယ္။

အဆုိးဆုံးအသက္အရြယ္

အသက္ ၃၄ ႏွစ္ေနာက္ပုိင္း အိမ္ေထာင္ကြဲမႈ ၅% စတင္ျမင့္တက္လုိ႔ ယင္းေလ့လာမႈအရပဲ သိရပါတယ္။ ဒါ့ေၾကာင့္ ၃၅ ႏွစ္ေနာက္ပုိင္း အိမ္ေထာင္ျပဳသူေတြ ကြာရွင္းျပတ္စဲႏႈန္း တဟုန္ထိုးျမင့္တက္ခဲ့ပါတယ္။ ဘာေၾကာင့္လဲ။ ၃၀ ေနာင္းပုိင္းအထိ ဆုိင္းၾကတဲ့အခါမွာ ေအာင္ျမင္မႈဆိုတာ ဘာမွန္းမသိလုိက္ နားမလည္လိုက္ဘဲ အိမ္ေထာင္သည္ဘဝသုိ႔ ေရာက္ရိွလ်က္သား ျဖစ္ေနၾကလုိ႔ပဲ ျဖစ္ပါတယ္။

ေခတ္အဆက္ဆက္မွာ အရြယ္ႏုအိမ္ေထာင္ကြာရွင္းႏႈန္း ျမင့္တက္ခဲ့ပါတယ္။ အေၾကာင္းအရင္းတစ္ခုက လူငယ္ေတြမွာ လူမႈေရးအရတရားဝင္ျပဳေပးမႈ လုိအပ္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ အသက္ ၂၀ အေစာပုိင္းအရြယ္ စုံတြဲေတြ ေလာကၾကီးအေၾကာင္း အေတြ႔အၾကဳံျဖတ္သန္းမႈ ပိုမုိႏုနယ္တယ္၊ ေဆာင္ရြက္စရာ မ်ားစြာက်န္ေသးျပီး ေငြေၾကးေတာင့္တင္း ခုိင္မာမႈ နည္းပါးၾကပါေသးတယ္။


Credit: TrendMyanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံး အသက်အရွယ်အပေါ် မပြီးဆုံးနိုင်တဲ့ ငြင်းငုံမှုတွေ ဖြစ်ပွားလျက်ရှိပါတယ်။ အရင်တုန်းက မိန်းကလေးတွေ ပျိုဖော်ဝင်ပြီးတာနဲ့ အိမ်ထောင်ပြုကြပါတယ်။ အခုအခါမှာ အဲဒါကို မနှစ်သက်ကြတော့ပါဘူး။ အိမ်ထောင်ကွဲနှုန်း တစ်ဟုန်ထိုးမြင့်တက်နေခြင်းက အိမ်ထောင်ပြုသင့်တဲ့အချိန်အပေါ် စဉ်းစားချင့်ချိန်နေတဲ့ ချစ်သူစုံတွဲတိုင်းကို စိုးရိမ်ကြောင့်ကြမှု ပေးခဲ့ပါတယ်။

အဲဒီတော့ အိမ်ထောင်ပြုသင့်တာ ဘယ်အသက်အရွယ်ပါလိမ့်။ ဘယ်အရွယ်က အဆိုးဆုံးလဲ။ ကျွမ်းကျင်ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေဆီက အကြံပြုချက်များစွာ ရှိပါတယ်။

အသင့်တော်ဆုံးအသက်အရွယ်

University of Utah က လူမှုဗေဒပညာရှင် Nick Wolfinger ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ အသက် ၂၈ နဲ့ ၃၂ နှစ်ကြား အိမ်ထောင်ပြုသူစုံတွဲတွေ ကွာရှင်းနိုင်ခြေ အနည်းဆုံးဖြစ်ပါတယ်။ ဘာကြောင့် ၂၈ နှစ်ဖြစ်ရသလဲဆိုရင် ခံစားမှုအစစ်အမှန် ဖုံးဖိတဲ့ ဟော်မုန်းပိုနည်းတာရယ်၊ ငွေကြေးတောင့်တင်းမှု ပိုရှိတာရယ်၊ နောက်ပြီး အဲဒီအရွယ်မှာ ဘဝအတွေ့အကြုံ ပိုများနေတာကြောင့်ပဲ ဖြစ်ပါတယ်။

အသက် ၂၀ နောင်းပိုင်းနဲ့ အသက် ၃၀ ရဲ့ အစောပိုင်းအရွယ်က အိမ်ထောင်ပြုဖို့ အရွယ်ကောင်းအချိန်လို့ သတ်မှတ်ထားပါတယ်။ အကြောင်းက အစစအရာရာ တိုးတက်ပြောင်းလဲမှုဖြစ်ပေါ်နေတဲ့ အရေးကြီးအချိန် ဖြစ်လို့ပါပဲ။ ဆက်လက် ရင်ဆိုင်ကြုံတွေ့ရမယ့် လုပ်ငန်းတာဝန်မျိုးစုံ၊ ရရှိခဲ့ပြီးတဲ့ အောင်မြင်မှုတွေနဲ့ မိမိကိုယ်ကိုယ်ဂရုစိုက်နည်း ဗဟုသုတတွေ အကြွယ်ဝဆုံးအချိန်ဖြစ်ပါတယ်။ အသက် ၂၀ နောင်းပိုင်းအရွယ်မှာ အတော်အသင့်ရင့်ကျက်နေခဲ့ပြီး မိမိလက်တွဲဖော်ကို အထောက်အကူဖြစ်စေမယ့် အပြုအမူနဲ့ ဘဝနေထိုင်မှုပုံစံ ပြင်ဆင်ညှိယူနိုင်သေးတဲ့ အချိန်ဖြစ်ပါတယ်။

အဆိုးဆုံးအသက်အရွယ်

အသက် ၃၄ နှစ်နောက်ပိုင်း အိမ်ထောင်ကွဲမှု ၅% စတင်မြင့်တက်လို့ ယင်းလေ့လာမှုအရပဲ သိရပါတယ်။ ဒါ့ကြောင့် ၃၅ နှစ်နောက်ပိုင်း အိမ်ထောင်ပြုသူတွေ ကွာရှင်းပြတ်စဲနှုန်း တဟုန်ထိုးမြင့်တက်ခဲ့ပါတယ်။ ဘာကြောင့်လဲ။ ၃၀ နောင်းပိုင်းအထိ ဆိုင်းကြတဲ့အခါမှာ အောင်မြင်မှုဆိုတာ ဘာမှန်းမသိလိုက် နားမလည်လိုက်ဘဲ အိမ်ထောင်သည်ဘဝသို့ ရောက်ရှိလျက်သား ဖြစ်နေကြလို့ပဲ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ အရွယ်နုအိမ်ထောင်ကွာရှင်းနှုန်း မြင့်တက်ခဲ့ပါတယ်။ အကြောင်းအရင်းတစ်ခုက လူငယ်တွေမှာ လူမှုရေးအရတရားဝင်ပြုပေးမှု လိုအပ်ခြင်းကြောင့် ဖြစ်ပါတယ်။ အသက် ၂၀ အစောပိုင်းအရွယ် စုံတွဲတွေ လောကကြီးအကြောင်း အတွေ့အကြုံဖြတ်သန်းမှု ပိုမိုနုနယ်တယ်၊ ဆောင်ရွက်စရာ များစွာကျန်သေးပြီး ငွေကြေးတောင့်တင်း ခိုင်မာမှု နည်းပါးကြပါသေးတယ်။


Credit: TrendMyanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top