iMyanmarHouse.com - Best Property Website for Myanmar
×

ပင္လယ္စာၾကိဳက္ႏွစ္သက္သူေတြဟာ တစ္ႏွစ္ ပလတ္စတစ္စ ၁၁,၀၀၀ မ်ဳိေနၾကတာလုိ႔ ေလ့လာမႈအသစ္တစ္ခုက ဆုိပါတယ္။ 

သမုဒၵရာေရထုညစ္ညမ္းမႈက အဆိပ္အေတာက္ျဖစ္တဲ့ ပလတ္စတစ္အမႈန္အမႊားပုံစံနဲ႕ ေရေနသက္ရိွသတၱဝါေတြ စားသုံးေနၾကတယ္လုိ႔ ဘယ္လ္ဂ်ီယမ္ႏုိင္ငံ Ghent တကၠသိုလ္က သုေတသီေတြရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။ ျပီးေတာ့ ပင္လယ္စာ မ်ားမ်ားစားရင္ ဒီပလတ္စတစ္အစအနေလးေတြ အစာအိမ္အတြင္း ဝင္ေရာက္သြားေစတယ္လုိ႔လည္း သိရပါတယ္။

ပလတ္စတစ္ေတြဟာ ကြ်ႏု္ပ္ခႏၶာကိုယ္ထဲ တကယ္ဝင္ေရာက္လာျပီး ခဏတာ ရိွေနႏုိင္ပါတယ္။ ဒီေတာ့ ကြ်ႏု္ပ္တို႔ ပလတ္စတစ္ေတြရဲ႕အေၾကာင္း မျဖစ္မေန သိထားဖုိ႔ လုိတယ္လုိ႔ ယင္းေလ့လာမႈ ဦးေဆာင္သူ ေဒါက္တာ Colin ေျပာဆိုခဲ့ပါတယ္။ လူသားေတြဟာ ဒီပလတ္စတစ္ အမႈန္အမႊား ၉၉% ျဖတ္သန္းရတယ္။ ဒါေပမယ့္ က်န္တာေတြ တစ္သွ်ဴးေတြထဲ စိမ့္ဝင္သြားတယ္လုိ႔ ေလ့လာမႈက ေဖာ္ျပခဲ့ပါတယ္။

ဒီပလတ္စတစ္ေတြက သမုဒၵရာေရထုုညစ္ညမ္းမႈ ျမင့္တက္တဲ့အခါ ခႏၶာကိုယ္အဆိပ္အေတာက္ျဖစ္ေစမႈ ပိုဆုိးေစလိမ့္မယ္လုိ႔ သုေတသီေတြက ဆုိပါတယ္။ သမုဒၵရာေတြဟာ ပလတ္စတစ္အစအန ၅ ထရီလွ်ံမကရွိေနတာေၾကာင့္ ညစ္ညမ္းေနျပီး သမုဒၵရာထဲ တစ္စကၠန္႔တုိင္း ပလတ္စတစ္ အမိႈက္ကားတစ္စီး ပစ္ခ်ခံေနရပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပင်လယ်စာကြိုက်နှစ်သက်သူတွေဟာ တစ်နှစ် ပလတ်စတစ်စ ၁၁,၀၀၀ မျိုနေကြတာလို့ လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။

သမုဒ္ဒရာရေထုညစ်ညမ်းမှုက အဆိပ်အတောက်ဖြစ်တဲ့ ပလတ်စတစ်အမှုန်အမွှားပုံစံနဲ့ ရေနေသက်ရှိသတ္တဝါတွေ စားသုံးနေကြတယ်လို့ ဘယ်လ်ဂျီယမ်နိုင်ငံ Ghent တက္ကသိုလ်က သုတေသီတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ပြီးတော့ ပင်လယ်စာ များများစားရင် ဒီပလတ်စတစ်အစအနလေးတွေ အစာအိမ်အတွင်း ဝင်ရောက်သွားစေတယ်လို့လည်း သိရပါတယ်။

ပလတ်စတစ်တွေဟာ ကျွနု်ပ်ခန္ဓာကိုယ်ထဲ တကယ်ဝင်ရောက်လာပြီး ခဏတာ ရှိနေနိုင်ပါတယ်။ ဒီတော့ ကျွနု်ပ်တို့ ပလတ်စတစ်တွေရဲ့အကြောင်း မဖြစ်မနေ သိထားဖို့ လိုတယ်လို့ ယင်းလေ့လာမှု ဦးဆောင်သူ ဒေါက်တာ Colin ပြောဆိုခဲ့ပါတယ်။ လူသားတွေဟာ ဒီပလတ်စတစ် အမှုန်အမွှား ၉၉% ဖြတ်သန်းရတယ်။ ဒါပေမယ့် ကျန်တာတွေ တစ်သျှူးတွေထဲ စိမ့်ဝင်သွားတယ်လို့ လေ့လာမှုက ဖော်ပြခဲ့ပါတယ်။

ဒီပလတ်စတစ်တွေက သမုဒ္ဒရာရေထုုညစ်ညမ်းမှု မြင့်တက်တဲ့အခါ ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်စေမှု ပိုဆိုးစေလိမ့်မယ်လို့ သုတေသီတွေက ဆိုပါတယ်။ သမုဒ္ဒရာတွေဟာ ပလတ်စတစ်အစအန ၅ ထရီလျှံမကရှိနေတာကြောင့် ညစ်ညမ်းနေပြီး သမုဒ္ဒရာထဲ တစ်စက္ကန့်တိုင်း ပလတ်စတစ် အမှိုက်ကားတစ်စီး ပစ်ချခံနေရပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top