iMyanmarHouse.com - Best Property Website for Myanmar
×

ေန ့စဥ္ၾကဳံေတြ ့ေနရတဲ့ ေရာဂါလကၡဏာေတြဟာပုိမိုဆိုးရြားတဲ့ ေရာဂါတစ္ခုရဲ့ေရွ ့ေျပး ျဖစ္ႏိုင္ပါတယ္။
 ျဖစ္မလာခင္မွာ ၾကိဳတင္ကုသမွဳ၊ ျပင္ဆင္မွဳလုပ္ႏိုင္ဖုိ ့အတါက္ ေယာက်ၤားေလးတုိင္း မေပါ့သင့္တဲ့ ေရာဂါအရိပ္လကၡဏာ ေတြကို ေဖာ္ျပလုိက္ပါတယ္။

၁။ ပန္းေသ၊ပန္းညွိဳးျဖစ္ျခင္း ( ေနာက္ဆက္တြဲ - ႏွလုံးေရာဂါ)
Erectile Dysfunction ေခၚ ပန္းေသပန္းညွိဳးေရာဂါဟာ ႏွလုံးေရာဂါရဲ့ေရွ ့ေျပးလကၡဏာတစ္ခုျဖစ္ႏိုင္
ပါတယ္။ လိင္အဂၤါေထာင္မတ္ဖုိ ့အတြက္ခႏၶာကိုယ္ဟာ ေကာင္းမြန္တဲ့ ေသြးလည္ပတ္စီး
၀င္မွဳ လုိအပ္ျပီး ပန္းေသ ပန္းညွိဳးျပႆနာေတြ ဟာ ႏွလုံးေသြးေၾကာဆုိင္ရာက်န္းမာေရး ရဲ့ လကၡဏာ တစ္ခုျဖစ္ပါတယ္။

၂။ ေယာက်ၤားရင္သားထြက္လာျခင္း (Developing Moobs) 
ေဟာ္မုန္းမညီမွ်မွဳေၾကာင့္ျဖစ္ျပီး ေနာက္ဆက္တြဲအေနနဲ ့ အသည္းေရာဂါျဖစ္ႏိုင္ ပါတယ္။ ျဖစ္ရပ္အမ်ားစုမွာေတာ့ ေယာက်ၤား ရင္သားထြက္လာတာဟာ ရင္သားတစ္သွ်ဴးေၾကာင့္ မဟုတ္ဘဲ အဆီတစ္သွ်ဴးေၾကာင့္ ျဖစ္ပါတယ္။ ဘီယာေလွ်ာ့ေသာက္ျပီး ၀ိတ္ခ်ဖုိ ့လိုအပ္ေနျပီလုိ ့ ဆုိလုိပါတယ္။ ဒါေပမယ့္ တစ္ခ်ဳိ ့ေယာက်ၤားေတြမွာေတာ့ ရင္သားတစ္သွ်ဴးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အီစထရိုဂ်င္ (oestrogen) မေဟာ္မုန္းနဲ ့တတ္စတုိစတီရုန္း (testosterone) အခ်ိဳးမညီမွ်မွဳေၾကာင့္ ျဖစ္ပါတယ္။ အသည္းေရာဂါလကၡဏာ တစ္ခုျဖစ္ျပီး ခႏၶာကိုယ္ အစိတ္အပုိင္းေတြပ်က္စီး လာမွဳေၾကာင့္ ေဟာ္မုန္းညီမွ်ေျခေျပာင္းလဲလာျပီး က်ားရင္သား ထြက္လာတာ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္မွာေတာ့ လူပ်ိဳေဖာ္၀င္ခ်ိန္ျဖစ္တတ္ေပမယ့္ လူၾကီးဆုိရင္ေတာ့ ေ၀ွးေစးပုံမွန္ အလုပ္မလုပ္ေၾကာင္း ျပေနတာပါ။

၃။ ညဘက္ဆီးခဏခဏသြားခ်င္တာ
ေနာက္ဆက္တြဲ ဆီးက်ိတ္ကင္ဆာျဖစ္လာႏိုင္ပါတယ္။ ဆီးက်ိတ္ရဲ့ အဓိကတာ၀န္က သုတ္ရည္လႊတ္ေပးဖုိ ့ျဖစ္ျပီး ဆီးက်ိတ္ဟာ သစ္ၾကားသီးပုံစံရွိပါတယ္။ ဆီးအိမ္ရဲ့ေအာက္မွာ ရွိျပီး အရြယ္အစားေျပာင္းလဲမွဳျဖစ္ေပၚ လာပါက ေယာက်ၤားတစ္ေယာက္ရဲ့ က်င္ငယ္စြန္ ့တဲ့အေလ့အထကို သက္ေရမွဳရွိပါတယ္။ မၾကာခဏ ေသးေပါက္ခ်င္ေနတာ၊ ဆီးမေအာင့္ႏိုင္တာ၊ ဆီးသြားရင္နာက်င္တာနဲ့ဆီးသြားၾကာတာ စတာေတြက ဆီးက်ိတ္ကင္ဆာရဲ့ လကၡဏာတစ္ခု ျဖစ္ႏိုင္ပါတယ္။

၄။ အနံ ့ခံႏိုင္စြမ္းမရွိေတာ့တာနဲ ့လိင္ဆႏၵနည္းပါးတာ
ေ၀ွးေစ့က က်ားေဟာ္မုန္း အလုံအေလာက္ထုတ္မေပးႏိုင္တာေၾကာင့္ျဖစ္ျပီး မ်ိဳးေအာင္မွဳမွာ ျပႆနာ ေတြ ့ႏိုင္ပါတယ္။ လိင္ဆက္ဆံခ်င္စိတ္လည္း ေလ်ာ့နည္းလာေလ့ရွိပါတယ္။ အနံ ့ခံႏိုင္စြမ္းရည္ခ်ိဳ ့တဲ့တာကလည္း ေ၀ွးေစ့က ေကာင္းေကာင္းအလုပ္မလုပ္ႏိုင္ဘူးလို ့ဆုိလုိပါတယ္။

 ၅။ ေ၀ွးေစ့မွာ အဖုအက်ိတ္ျဖစ္တာ
ေ၀ွးေစ့ကင္ဆာျဖစ္ႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ကင္ဆာအႏၱရာယ္မရွိတဲ့ benign condition (အက်ိတ္မျပန္ ့ႏိုင္တဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။) ကုသမွဳမလုိပါဘူး။ ဒါေပမယ့္ ေ၀ွးေစ့ကင္ဆာေၾကာင့္ လည္းျဖစ္ႏိုင္ပါျပီး ဒီကင္ဆာဟာ အသက္ရွင္ႏိုင္မွဳအမ်ားဆုံးျဖစ္တာေၾကာင့္ ဆရာ၀န္ကို ျပသင့္ပါတယ္။

၆။ ဆီးတြင္းေသြးပါတာ
ဆီးအိမ္ကင္ဆာရဲ့ အဓိကအျဖစ္မ်ားတဲ့ လကၡဏာတစ္ခုပါ။ နာက်င္မွဳမရွိေပမယ့္ ဒီေရာဂါျဖစ္သူ တစ္၀က္ေလာက္ဟာ အသက္ဆုံးရွဳံးရပါတယ္။ ေဆးလိပ္ေသာက္ျခင္းက အျဖစ္မ်ားဆုံးအေၾကာင္းရင္း တစ္ခုျဖစ္ျပီး ေဆးလိပ္တြင္းက ဓာတုပစၥည္းေတြနဲ ့ထိေတြ ့မွဳေၾကာင့္ ျဖစ္ပါတယ္။

၇။ အရက္အလြန္အကၽြံေသာက္တာ
စိတ္က်ေရာဂါကို ဦးတည္ႏိုင္ပါတယ္။ စိတ္က်ေရာဂါရဲ့ ေနာက္လကၡဏာေတြကေတာ့ မနက္အေစာၾကီး ႏိုးေနတာ၊ အိပ္ဖုိ ့ခက္ခဲတာ နဲ ့ေပ်ာ္ရႊင္မွဳေတြ ေပ်ာက္ဆုံးကုန္တာ ျဖစ္ပါတယ္။ ေန့ စဥ္ေသာက္သုံးသင့္တဲ့ ပမာဏာထက္ ပုိေသာက္တာက ကိုယ္က်န္းမာေရးအျပင္ စိတ္က်န္းမာေရးကိုပါ ထိခိုက္ေစႏိုင္ပါတယ္။

၈။ ေျခမနာက်င္တာ
ေဂါက္ေရာဂါျဖစ္ႏိုင္ပါတယ္။ ေယာက်ၤားေတြမွာ ေဂါက္ေရာဂါက ပုိအျဖစ္မ်ားျပီး အဆစ္အျမစ္ေတြ နာက်င္ကိုက္ခဲတဲ့ေရာဂါျဖစ္ပါတယ္။ ခႏၶာကိုယ္ရဲ့ စြန္ ့ပစ္ပစၥည္းျဖစ္တဲ့ ယူရစ္အက္ဆစ္ စုပုံလာမွဳေၾကာင့္ ျဖစ္ပါတယ္။ ယူရစ္အက္ဆစ္မ်ားရင္ အဆစ္အျမစ္ေတြအထဲနဲ ့အဆစ္တစ္၀ိုက္မွာ ယူရစ္အက္ဆစ္ပုံေဆာင္ခဲေသးေသးေလးေတြျဖစ္လာျပီး အဆစ္အျမစ္နာက်င္ကိုက္ခဲ ေရာင္ရမ္းတာျဖစ္ေစပါတယ္။

၉။ ႏို ့သီးေခါင္းတစ္၀ိုက္မွာ အဖုေလးေတြျဖစ္တာ
က်ားရင္သားကင္ဆာကို ဦးတည္ႏိုင္ပါတယ္။ မိန္းမေတြပဲ ရင္သားကင္ဆာျဖစ္တာမဟုတ္ဘဲ ယူေက တစ္ႏိုင္ငံတည္းမွာတင္ တစ္ႏွစ္ကို ေယာက်ၤားအေယာက္ ၃၅၀ ေလာက္ ရင္သားကင္ဆာ ခံစားေနရပါတယ္။ ရင္သားကင္ဆာဟာ ေစာေစာစီးစီးကုသမွဳခံယူရင္ စိုးရိမ္စရာသိပ္မရွိပါဘူး။                                                     

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: Trend Myanmar

#Unicode Version
နေ့စဉ်ကြုံတွေ့နေရတဲ့ ရောဂါလက္ခဏာတွေဟာ ပိုမိုဆိုးရွားတဲ့ ရောဂါတစ်ခုရဲ့ရှေ့ပြေး ဖြစ်နိုင်ပါတယ်။ ဖြစ်မလာခင်မှာ ကြိုတင်ကုသမှု၊ ပြင်ဆင်မှုလုပ်နိုင်ဖို့အတါက် ယောကျၤားလေးတိုင်း မပေါ့သင့်တဲ့ ရောဂါအရိပ်လက္ခဏာ တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ပန်းသေ၊ပန်းညှိုးဖြစ်ခြင်း ( နောက်ဆက်တွဲ - နှလုံးရောဂါ)
Erectile Dysfunction ခေါ် ပန်းသေပန်းညှိုးရောဂါဟာ နှလုံးရောဂါရဲ့ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်နိုင်
ပါတယ်။ လိင်အင်္ဂါထောင်မတ်ဖို့အတွက်ခန္ဓာကိုယ်ဟာ ကောင်းမွန်တဲ့ သွေးလည်ပတ်စီး
ဝင်မှု လိုအပ်ပြီး ပန်းသေ ပန်းညှိုးပြဿနာတွေ ဟာ နှလုံးသွေးကြောဆိုင်ရာကျန်းမာရေး ရဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။

၂။ ယောကျၤားရင်သားထွက်လာခြင်း (Developing Moobs)
ဟော်မုန်းမညီမျှမှုကြောင့်ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ အသည်းရောဂါဖြစ်နိုင် ပါတယ်။ ဖြစ်ရပ်အများစုမှာတော့ ယောကျၤား ရင်သားထွက်လာတာဟာ ရင်သားတစ်သျှူးကြောင့် မဟုတ်ဘဲ အဆီတစ်သျှူးကြောင့် ဖြစ်ပါတယ်။ ဘီယာလျှော့သောက်ပြီး ဝိတ်ချဖို့လိုအပ်နေပြီလို့ ဆိုလိုပါတယ်။ ဒါပေမယ့် တစ်ချို့ယောကျၤားတွေမှာတော့ ရင်သားတစ်သျှူးကြောင့် ဖြစ်နိုင်ပါတယ်။ အီစထရိုဂျင် (oestrogen) မဟော်မုန်းနဲ့တတ်စတိုစတီရုန်း (testosterone) အချိုးမညီမျှမှုကြောင့် ဖြစ်ပါတယ်။ အသည်းရောဂါလက္ခဏာ တစ်ခုဖြစ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေပျက်စီး လာမှုကြောင့် ဟော်မုန်းညီမျှခြေပြောင်းလဲလာပြီး ကျားရင်သား ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်မှာတော့ လူပျိုဖော်ဝင်ချိန်ဖြစ်တတ်ပေမယ့် လူကြီးဆိုရင်တော့ ဝှေးစေးပုံမှန် အလုပ်မလုပ်ကြောင်း ပြနေတာပါ။

၃။ ညဘက်ဆီးခဏခဏသွားချင်တာ
နောက်ဆက်တွဲ ဆီးကျိတ်ကင်ဆာဖြစ်လာနိုင်ပါတယ်။ ဆီးကျိတ်ရဲ့ အဓိကတာဝန်က သုတ်ရည်လွှတ်ပေးဖို့ဖြစ်ပြီး ဆီးကျိတ်ဟာ သစ်ကြားသီးပုံစံရှိပါတယ်။ ဆီးအိမ်ရဲ့အောက်မှာ ရှိပြီး အရွယ်အစားပြောင်းလဲမှုဖြစ်ပေါ် လာပါက ယောကျၤားတစ်ယောက်ရဲ့ ကျင်ငယ်စွန့်တဲ့အလေ့အထကို သက်ရေမှုရှိပါတယ်။ မကြာခဏ သေးပေါက်ချင်နေတာ၊ ဆီးမအောင့်နိုင်တာ၊ ဆီးသွားရင်နာကျင်တာနဲ့ဆီးသွားကြာတာ စတာတွေက ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

၄။ အနံ့ခံနိုင်စွမ်းမရှိတော့တာနဲ့လိင်ဆန္ဒနည်းပါးတာ
ဝှေးစေ့က ကျားဟော်မုန်း အလုံအလောက်ထုတ်မပေးနိုင်တာကြောင့်ဖြစ်ပြီး မျိုးအောင်မှုမှာ ပြဿနာ တွေ့နိုင်ပါတယ်။ လိင်ဆက်ဆံချင်စိတ်လည်း လျော့နည်းလာလေ့ရှိပါတယ်။ အနံ့ခံနိုင်စွမ်းရည်ချို့တဲ့တာကလည်း ဝှေးစေ့က ကောင်းကောင်းအလုပ်မလုပ်နိုင်ဘူးလို့ဆိုလိုပါတယ်။

 ၅။ ဝှေးစေ့မှာ အဖုအကျိတ်ဖြစ်တာ
ဝှေးစေ့ကင်ဆာဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ကင်ဆာအန္တရာယ်မရှိတဲ့ benign condition (အကျိတ်မပြန့်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။) ကုသမှုမလိုပါဘူး။ ဒါပေမယ့် ဝှေးစေ့ကင်ဆာကြောင့် လည်းဖြစ်နိုင်ပါပြီး ဒီကင်ဆာဟာ အသက်ရှင်နိုင်မှုအများဆုံးဖြစ်တာကြောင့် ဆရာဝန်ကို ပြသင့်ပါတယ်။

၆။ ဆီးတွင်းသွေးပါတာ
ဆီးအိမ်ကင်ဆာရဲ့ အဓိကအဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ နာကျင်မှုမရှိပေမယ့် ဒီရောဂါဖြစ်သူ တစ်ဝက်လောက်ဟာ အသက်ဆုံးရှုံးရပါတယ်။ ဆေးလိပ်သောက်ခြင်းက အဖြစ်များဆုံးအကြောင်းရင်း တစ်ခုဖြစ်ပြီး ဆေးလိပ်တွင်းက ဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုကြောင့် ဖြစ်ပါတယ်။

၇။ အရက်အလွန်အကျွံသောက်တာ
စိတ်ကျရောဂါကို ဦးတည်နိုင်ပါတယ်။ စိတ်ကျရောဂါရဲ့ နောက်လက္ခဏာတွေကတော့ မနက်အစောကြီး နိုးနေတာ၊ အိပ်ဖို့ခက်ခဲတာ နဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်တာ ဖြစ်ပါတယ်။ နေ့ စဉ်သောက်သုံးသင့်တဲ့ ပမာဏာထက် ပိုသောက်တာက ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

၈။ ခြေမနာကျင်တာ
ဂေါက်ရောဂါဖြစ်နိုင်ပါတယ်။ ယောကျၤားတွေမှာ ဂေါက်ရောဂါက ပိုအဖြစ်များပြီး အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတဲ့ရောဂါဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ယူရစ်အက်ဆစ် စုပုံလာမှုကြောင့် ဖြစ်ပါတယ်။ ယူရစ်အက်ဆစ်များရင် အဆစ်အမြစ်တွေအထဲနဲ့အဆစ်တစ်ဝိုက်မှာ ယူရစ်အက်ဆစ်ပုံဆောင်ခဲသေးသေးလေးတွေဖြစ်လာပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲ ရောင်ရမ်းတာဖြစ်စေပါတယ်။

၉။ နို့သီးခေါင်းတစ်ဝိုက်မှာ အဖုလေးတွေဖြစ်တာ
ကျားရင်သားကင်ဆာကို ဦးတည်နိုင်ပါတယ်။ မိန်းမတွေပဲ ရင်သားကင်ဆာဖြစ်တာမဟုတ်ဘဲ ယူကေ တစ်နိုင်ငံတည်းမှာတင် တစ်နှစ်ကို ယောကျၤားအယောက် ၃၅၀ လောက် ရင်သားကင်ဆာ ခံစားနေရပါတယ်။ ရင်သားကင်ဆာဟာ စောစောစီးစီးကုသမှုခံယူရင် စိုးရိမ်စရာသိပ်မရှိပါဘူး။                                                    


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top