iMyanmarHouse.com - Best Property Website for Myanmar
×

၁။ သင္ေရခ်ိဳးျပီးလွ်င္ သင့္ထမီတစ္ထည္ေတာ့
သင္ကိုယ္တုိင္ေလွ်ာ္စရာမလိုတာ အေသအခ်ာ...
ဒါက သမီးေလးရဲ႔ အလိုက္သိမႈတစ္ခုပါ...

၂။ သင္နဲ႔အတူ ေစ်းျခင္းဆြဲ အသီးအရြက္တန္း
သားငါးတန္း မေမာမပန္း လိုက္ႏိုင္တာ သမီးေလးပါ...

၃။ သင္ခ်ဳပ္ေပးတဲ့ အက်ီ္ေလး တန္ဖုိးမျမင့္လည္း
ဂါ၀န္တကားကားနဲ႔ သူငယ္ခ်င္းေတြကို လုိက္ၾကြား
တတ္တာ ခ်စ္စရာ ဒီသမီးေလးပါ....

၄။ သင္နဲ႔တူတူ shopping Mall မွာ တစ္ေနကုန္ပတ္မလား
အလွအပေရးရာေတြ တေမ့တေမာ ေဆြးေႏြးအံုးမလား
ကုိရီးယားကားေတြ တူတူၾကည့္အံုးမလား...
( အတင္းေတြ ေျပာရင္း ရယ္ေမာၾကအံုးမလား )
အျမဲတူတူ ရွိေနေပးတာ သမီးေလးပါ..

၅။ လုပ္ငန္းခြင္က သမီးေလးဆုိရင္ေရာ
ေမေမသံုးဖို႔ အကုန္ေပး က်န္တာေလးေတာ့
လိုတာ၀ယ္ဖို႔ နည္းနည္းေလးသာ ခ်န္တတ္တာ သမီးေလးပါ..

၆။ မီးဖုိေခ်ာင္မွာ တာ၀န္ေပးလည္း ရတယ္
အ၀တ္ေလွ်ာ္မီးပူတုိက္လည္း ျဖစ္တယ္..
သင္ေညာင္းလို႔ နင္းႏွိပ္ေပးတတ္တာလည္း သမီးေလးပါ..

၇။ အခ်ိန္တန္အရြယ္ေရာက္လုိ႔ လင္ေယာက်္ားေနာက္
ေကာက္ေကာက္ပါသြားေတာင္ ကန္ေတာ့ပြဲ တစ္ပြဲကေတာ့
သင့္ဆီ ေရာက္လာအံုးမွာပါ...

၈။ သိပ္ဆုိးသြမ္းလြန္းတဲ့ သမီးေလးျဖစ္ပါေစ...
ေမေမသိပ္ၾကိဳက္တဲ့ ဟင္းေလးဆုိျပီး တစ္ခြက္ကေတာ့
သင့္ဆီ ဆုိက္ဆုိက္ျမိဳက္ျမိဳက္ ေရာက္ေလာက္အံုးမွာ မလြဲပါ...

၉။ သမီးေလးျဖစ္လုိ႔ ရဟန္းခံရွင္ျပဳမလုပ္ေပးရလည္း
အနာဂတ္ရဲ႔ မိခင္ေလာင္းေလးကိုေမြးေပးထားတဲ့
သင့္ကို ကုိယ္ခ်င္းစာႏိုင္တာ ထုိသမီးေလးပါ....
ထိုအခ်က္ေတြကို သင္သတိထားမိမယ္ဆိုရင္
သမီးေလးေမြးခဲ့တာ ဘယ္ေတာ့မွ
ေနာင္တ ရလိမ့္မည္မဟုတ္ပါ....

Credit-Original Uploader


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်ဟာသမီးလေးတစ်ယောက်ရဲ့မေမေဖြစ်နေခဲ့လျှင်
(သမီးလေးမွေးထားရင် ဖတ်ကြည့် အရမ်းကောင်းလို့)
☺▬♥▬☻▬♥▬☺▬☻▬♥▬☺▬♥
၁။ သင်ရေချိုးပြီးလျှင် သင့်ထမီတစ်ထည်တော့
သင်ကိုယ်တိုင်လျှော်စရာမလိုတာ အသေအချာ...
ဒါက သမီးလေးရဲ့ အလိုက်သိမှုတစ်ခုပါ...

၂။ သင်နဲ့အတူ ဈေးခြင်းဆွဲ အသီးအရွက်တန်း
သားငါးတန်း မမောမပန်း လိုက်နိုင်တာ သမီးလေးပါ...

၃။ သင်ချုပ်ပေးတဲ့ အကျီ်လေး တန်ဖိုးမမြင့်လည်း
ဂါဝန်တကားကားနဲ့ သူငယ်ချင်းတွေကို လိုက်ကြွား
တတ်တာ ချစ်စရာ ဒီသမီးလေးပါ....

၄။ သင်နဲ့တူတူ shopping Mall မှာ တစ်နေကုန်ပတ်မလား
အလှအပရေးရာတွေ တမေ့တမော ဆွေးနွေးအုံးမလား
ကိုရီးယားကားတွေ တူတူကြည့်အုံးမလား...
( အတင်းတွေ ပြောရင်း ရယ်မောကြအုံးမလား )
အမြဲတူတူ ရှိနေပေးတာ သမီးလေးပါ..

၅။ လုပ်ငန်းခွင်က သမီးလေးဆိုရင်ရော
မေမေသုံးဖို့ အကုန်ပေး ကျန်တာလေးတော့
လိုတာဝယ်ဖို့ နည်းနည်းလေးသာ ချန်တတ်တာ သမီးလေးပါ..

၆။ မီးဖိုချောင်မှာ တာဝန်ပေးလည်း ရတယ်
အဝတ်လျှော်မီးပူတိုက်လည်း ဖြစ်တယ်..
သင်ညောင်းလို့ နင်းနှိပ်ပေးတတ်တာလည်း သမီးလေးပါ..

၇။ အချိန်တန်အရွယ်ရောက်လို့ လင်ယောကျ်ားနောက်
ကောက်ကောက်ပါသွားတောင် ကန်တော့ပွဲ တစ်ပွဲကတော့
သင့်ဆီ ရောက်လာအုံးမှာပါ...

၈။ သိပ်ဆိုးသွမ်းလွန်းတဲ့ သမီးလေးဖြစ်ပါစေ...
မေမေသိပ်ကြိုက်တဲ့ ဟင်းလေးဆိုပြီး တစ်ခွက်ကတော့
သင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လောက်အုံးမှာ မလွဲပါ...

၉။ သမီးလေးဖြစ်လို့ ရဟန်းခံရှင်ပြုမလုပ်ပေးရလည်း
အနာဂတ်ရဲ့ မိခင်လောင်းလေးကိုမွေးပေးထားတဲ့
သင့်ကို ကိုယ်ချင်းစာနိုင်တာ ထိုသမီးလေးပါ....
ထိုအချက်တွေကို သင်သတိထားမိမယ်ဆိုရင်
သမီးလေးမွေးခဲ့တာ ဘယ်တော့မှ
နောင်တ ရလိမ့်မည်မဟုတ်ပါ....

Credit-Original Uploader


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top