iMyanmarHouse.com - Best Property Website for Myanmar
×

ဆက္သြယ္ေရး ဥပေဒနဲ႕ အင္တာနက္ သုံးစြဲသူေတြကို အေရးယူတဲ့အေၾကာင္း သတင္းေတြ ဖတ္ရ၊ ၾကားရေပမယ့္ ဘယ္ပုဒ္မနဲ႕ အေရးယူတယ္၊ ဘယ္ျပစ္မႈ ျပစ္ဒဏ္ေတြ ရနိုင္တယ္ဆိုတာ ေသခ်ာမသိၾကဘဲ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ အင္တာနက္ သုံးစြဲသူမ်ား မျဖစ္မေန သိထားရမယ့္ ဆက္သြယ္ေရး ဥပေဒ ပုဒ္ေတြက ၆၆ (ဂ)၊ ၆၆ (ဃ)နဲ႕ ၆၈ (က)၊ ၆၈ (ခ) တို႔ အေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။ တကယ္တမ္းမွာေတာ့ ဒီဆက္သြယ္ေရး ဥပေဒ ပုဒ္မေတြဟာလည္း အျငင္းပြားဖြယ္ရာ ျဖစ္ပါတယ္။

ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆(ဂ) မွာ ေဖာ္ျပထားတာက “ဆက္သြယ္ေရး ကြန္ရက္ကို အသုံးျပဳ၍ ေငြေၾကးႏွင့္ ပစၥည္း တစ္ရပ္ရပ္ကို ခိုးယူျခင္း၊ လိမ္လည္ျခင္း၊ အလြဲသုံးစား ျပဳျခင္း သို႔မဟုတ္ ပ်က္စီးေစျခင္းမ်ား” ျဖစ္ပါတယ္။

ပုဒ္မ ၆၆ (ဃ) မွာ ေဖာ္ျပထားတာက “ဆက္သြယ္ေရး ကြန္ရက္တခုခုကို အသုံးျပဳ၍ ပုဂၢိဳလ္တဦးဦးအား ေျခာက္လွန႔္ေတာင္းယူျခင္း၊ အနိုင္အထက္ ျပဳျခင္း၊ မတရား တားဆီးကန႔္ကြက္ျခင္း၊ အသေရဖ်က္ျခင္း၊ ေႏွာင့္ယွက္ျခင္း၊ မေလ်ာ္ၾသဇာသုံးျခင္း သို႔မဟုတ္ ၿခိမ္းေျခာက္ျခင္း” တခုခုကို က်ဴးလြန္ပါက ေထာင္ဒဏ္ ၃ ႏွစ္၊ (သို႔မဟုတ္) ေငြဒဏ္ (သို႔မဟုတ္) ႏွစ္ရပ္စလုံး က်ခံရမည္လို႔ ေဖာ္ျပထားပါတယ္။
ပုဒ္မ ၆၈(က) မွာ ေဖာ္ျပထားတာကေတာ့ “မမွန္ကန္ေသာ သတင္းအခ်က္အလက္ကို မရိုးမေျဖာင့္ေသာ သေဘာျဖင့္ ဆယ္သြယ္ျခင္း၊ ဖမ္းယူျခင္း၊ ပို႔လႊင့္ျခင္း၊ ျဖန႔္ခ်ိျခင္း သို႔မဟုတ္ ေပးေဝျခင္း သို႔မဟုတ္ ပါဝင္ေဆာင္႐ြက္ျခင္း” ျဖစ္ပါတယ္။

ပုဒ္မ ၆၈(ခ) မွာ ေဖာ္ျပထားတာက “သတင္းအခ်က္အလက္ ပို႔လႊင့္ျခင္း၊ ဖမ္းယူျခင္း၊ ဆက္သြယ္ျခင္း၊ ေပးေဝျခင္း သို႔မဟုတ္ ျဖန႔္ခ်ိျခင္းကို ခြင့္ျပဳခ်က္မရွိဘဲ တားျမစ္ျခင္း၊ တားဆီးပိတ္ပင္ျခင္း သို႔မဟုတ္ ေႏွာင့္ယွက္ျခင္း” တခုခု က်ဴးလြန္ပါက ေထာင္ဒဏ္ ၁ ႏွစ္ (သို႔မဟုတ္) ေငြဒဏ္ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံး က်ခံရမည္လို႔ ေဖာ္ျပထားပါတယ္။

၂၀၁၅ ဒီဇင္ဘာလတုန္းက မအူပင္ၿမိဳ႕ေန အသက္ ၂၅ ႏွစ္အ႐ြယ္ မေခ်ာစႏၵီထြန္း (ခ) ခ်စ္သမီး ဟာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ထဘီအေရာင္နဲ႕ စစ္တပ္က အသစ္ေျပာင္းလိုက္တဲ့ စစ္ဝတ္စုံအေရာင္တို႔ကို ေဖ့စ္ဘုတ္မွာ ႏွိုင္းယွဥ္ ေျပာဆိုတယ္ဆိုၿပီး မအူပင္ၿမိဳ႕နယ္ တရား႐ုံးက ဆက္သြယ္ေရး ပုဒ္မ ၆၆ (ဃ) နဲ႕ ေထာင္ဒဏ္ ၆ လ ခ်မွတ္ခဲ့ပါတယ္။

၂၀၁၆ ဇန္နဝါရီလမွာလည္း တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ကို ေလွာင္ေျပာင္သေရာ္တဲ့ပုံကို ေဖ့စ္ဘုတ္ လူမႈကြန္ရက္မွာ ရွယ္ခဲ့တယ္ဆိုၿပီး ဦးပက္ထရစ္ ခြန္ဂ်ာလီကို ရန္ကုန္တိုင္း၊ လွိုင္ၿမိဳ႕နယ္ တရား႐ုံးက ဆက္သြယ္ေရးပုဒ္မ ၆၆ (ဃ) နဲ႕ ေထာင္ဒဏ္ ၆ လ ခ်မွတ္ ခဲ့ပါေသးတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ဓာတ္ပုံကို ညစ္ညမ္းပုံအျဖစ္ ျပင္ဆင္ၿပီး ေဖ့စ္ဘုတ္ေပၚ တင္တယ္ဆိုၿပီး တရားစြဲခံေနရတဲ့ ဧရာဝတီတိုင္း၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္က ႀကံ့ခိုင္ေရးပါတီ ေခါင္းေဆာင္ ဦးသန္းထြန္း အမႈကိုေတာ့ မတ္လ ၂၅ ရက္ေန႕မွာ အၿပီးသတ္ အမိန႔္ခ် မွာ ျဖစ္ပါတယ္။

မေခ်ာစႏၵီထြန္းနဲ႕ ဦးပက္ထရစ္ ခြန္ဂ်ာလီ အမႈမွာတုန္းက အာမခံ မေပးဘဲ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားခဲ့ၿပီး ႀကံ့ခိုင္ေရးပါတီက ဦးသန္းထြန္းကိုေတာ့ အေစာပိုင္းမွာ အာမခံ ေပးခဲ့တာေၾကာင့္ ေဝဖန္မႈေတြလည္း ထြက္ေပၚခဲ့ဖူးပါတယ္။

“ေဖ့စ္ဘုတ္ေတြမွာ ေရးေနတဲ့သူေတြကို က်ေနာ္တို႔ ရဲတပ္ဖြဲ႕က ေစာင့္ၾကည့္ေလ့လာဖို႔ မလုပ္ေပမယ့္ နစ္နာသူဘက္က သူဘယ္လို နစ္နာပါတယ္လို႔ တိုင္ၾကားလာမယ္ ဆိုရင္ေတာ့ ဥပေဒေၾကာင္းအရ အေရးယူ ေဆာင္႐ြက္မယ္။ လက္ရွိမွာလည္း အေရးယူေနတဲ့ ျဖစ္စဥ္ေတြ ရွိတယ္။ နစ္နာသူရွိမယ္ဆိုရင္ ေဆာင္႐ြက္ေပးမယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ ရဲမႉးႀကီး ဝင္းဗိုလ္က ဧရာဝတီကို ေျပာၾကား ဖူးပါတယ္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: Burma.irrawaddy.
http://burma.irrawaddy.com/lifestyle/2016/03/17/110263.html

#Unicode Version

ဆက်သွယ်ရေး ဥပဒေနဲ့ အင်တာနက် သုံးစွဲသူတွေကို အရေးယူတဲ့အကြောင်း သတင်းတွေ ဖတ်ရ၊ ကြားရပေမယ့် ဘယ်ပုဒ်မနဲ့ အရေးယူတယ်၊ ဘယ်ပြစ်မှု ပြစ်ဒဏ်တွေ ရနိုင်တယ်ဆိုတာ သေချာမသိကြဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် အင်တာနက် သုံးစွဲသူများ မဖြစ်မနေ သိထားရမယ့် ဆက်သွယ်ရေး ဥပဒေ ပုဒ်တွေက ၆၆ (ဂ)၊ ၆၆ (ဃ)နဲ့ ၆၈ (က)၊ ၆၈ (ခ) တို့ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ တကယ်တမ်းမှာတော့ ဒီဆက်သွယ်ရေး ဥပဒေ ပုဒ်မတွေဟာလည်း အငြင်းပွားဖွယ်ရာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ) မှာ ဖော်ပြထားတာက “ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်း တစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစား ပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်းများ” ဖြစ်ပါတယ်။

ပုဒ်မ ၆၆ (ဃ) မှာ ဖော်ပြထားတာက “ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” တခုခုကို ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်၊ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) နှစ်ရပ်စလုံး ကျခံရမည်လို့ ဖော်ပြထားပါတယ်။
ပုဒ်မ ၆၈(က) မှာ ဖော်ပြထားတာကတော့ “မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆယ်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း” ဖြစ်ပါတယ်။

ပုဒ်မ ၆၈(ခ) မှာ ဖော်ပြထားတာက “သတင်းအချက်အလက် ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း” တခုခု ကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ကျခံရမည်လို့ ဖော်ပြထားပါတယ်။

၂၀၁၅ ဒီဇင်ဘာလတုန်းက မအူပင်မြို့နေ အသက် ၂၅ နှစ်အရွယ် မချောစန္ဒီထွန်း (ခ) ချစ်သမီး ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီအရောင်နဲ့ စစ်တပ်က အသစ်ပြောင်းလိုက်တဲ့ စစ်ဝတ်စုံအရောင်တို့ကို ဖေ့စ်ဘုတ်မှာ နှိုင်းယှဉ် ပြောဆိုတယ်ဆိုပြီး မအူပင်မြို့နယ် တရားရုံးက ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။

၂၀၁၆ ဇန်နဝါရီလမှာလည်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်တဲ့ပုံကို ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ ရှယ်ခဲ့တယ်ဆိုပြီး ဦးပက်ထရစ် ခွန်ဂျာလီကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် တရားရုံးက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ ထောင်ဒဏ် ၆ လ ချမှတ် ခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ညစ်ညမ်းပုံအဖြစ် ပြင်ဆင်ပြီး ဖေ့စ်ဘုတ်ပေါ် တင်တယ်ဆိုပြီး တရားစွဲခံနေရတဲ့ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဦးသန်းထွန်း အမှုကိုတော့ မတ်လ ၂၅ ရက်နေ့မှာ အပြီးသတ် အမိန့်ချ မှာ ဖြစ်ပါတယ်။

မချောစန္ဒီထွန်းနဲ့ ဦးပက်ထရစ် ခွန်ဂျာလီ အမှုမှာတုန်းက အာမခံ မပေးဘဲ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ဦးသန်းထွန်းကိုတော့ အစောပိုင်းမှာ အာမခံ ပေးခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။

“ဖေ့စ်ဘုတ်တွေမှာ ရေးနေတဲ့သူတွေကို ကျနော်တို့ ရဲတပ်ဖွဲ့က စောင့်ကြည့်လေ့လာဖို့ မလုပ်ပေမယ့် နစ်နာသူဘက်က သူဘယ်လို နစ်နာပါတယ်လို့ တိုင်ကြားလာမယ် ဆိုရင်တော့ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်မယ်။ လက်ရှိမှာလည်း အရေးယူနေတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ နစ်နာသူရှိမယ်ဆိုရင် ဆောင်ရွက်ပေးမယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းဗိုလ်က ဧရာဝတီကို ပြောကြား ဖူးပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Burma.irrawaddy.
http://burma.irrawaddy.com/lifestyle/2016/03/17/110263.html
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top