iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူစံုတြဲေတြအေနနဲ႕ တစ္ဦးနဲ႕တစ္ဦးခ်စ္ခင္ျမတ္ႏိုးၾကတာ ေကာင္းတဲ့အရာပါ။ ကုိယ့္အေပၚ တကယ္ေမတၱာအစစ္အမွန္နဲ႕ခ်စ္သူကို ရထားတာကလည္း ကုသိုလ္ကံေကာင္းတယ္လို႕ေတာင္ ဆုိရမွာပါပဲ။ သင္တုိ႕စံုတြဲအတြက္ ကြန္ဂရက္က်ဴေလးရွင္း လို႕ ေျပာေပးႏိုင္ပါတယ္။ ဒါေပမယ့္ သင္တုိ႕စံုတြဲအေၾကာင္း ခေရေစ့တြင္းက် ေန႕စဥ္ေန႕တုိင္း ဘာေတြလုပ္တယ္၊ ဘယ္သြားျပီး၊ ဘယ္လိုခ်စ္ၾကတယ္ဆုိတာ ပို႕စ္ေတြ ဆက္တိုက္တင္ေနမယ္ဆုိရင္ေတာ့ ဒီပို႕စ္ေတြ အျမဲျမင္ေနရတဲ့သူေတြအတြက္ စိတ္ပ်က္စရာေကာင္းတဲ့ အေျခအေနတစ္ရပ္ ျဖစ္သြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ စံုတြဲေတြအေနနဲ႕ ဆုိရွယ္မီဒီယာေပၚ မတင္သင့္တဲ့ အရာ (၅) မ်ိဳးအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

၁။ တစ္ဦးနဲ႕တစ္ဦး chat ထားတာေတြ screenshot နဲ႕ျပန္တင္တာမ်ိဳး
ႏွစ္ဦးသား ၾကည္ၾကည္ႏူးႏူးေလး ဘယ္ေလာက္ခ်စ္ေၾကာင္းကစလို႕ ဘယ္လိုသတိရေၾကာင္း၊ ဘယ္အခ်ိန္ဆုိ ဘယ္လုိ စသျဖင့္ ေတာင္စဥ္ေရမရ ေျပာထားတ့ဲစကာေတြကို screenshot ယူျပီး လူမႈမီဒီယာေပၚပို႕စ္တင္တာဟာ တကယ္ေတာ့ ဟာသတစ္ရပ္လုိ႕ သတ္မွတ္ထားၾကပါတယ္။

၂။ ခ်စ္တဲ့အေၾကာင္း စေတးတပ္စ္ေတြ တရစပ္တင္တာမ်ိဳး
ခ်စ္စရာေကာင္းတဲ့စံုတြဲေလးလို႕ အားလံုးက အသိအမွတ္ျပဳထားျပီးပါျပီ။ ဒါကို တစ္ေန႕ကို အခါႏွစ္ဆယ္မက အခ်စ္အေၾကာင္း ညႊန္းဖြဲ႕ထားတဲ့ကဗ်ာေတြ စာေတြေရးျပီး တရစပ္တင္ေနတာမ်ိဳးကေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာေကာင္းသြားပါျပီ။

၃။ ဒီေန႕ အိမ္အလုပ္လုပ္ဖုိ႕ ဘယ္သူတာ၀န္က်တယ္ဆုိတာမ်ိဳး
ႏွစ္ဦးသား အိမ္အလုပ္ေတြ ခြဲလုပ္ေနၾကတယ္ဆုိတာမ်ိဳးကလည္း ခ်ီးက်ဴးစရာေကာင္းတဲ့အခ်က္ပါပဲ။ ဒါေပမယ့္ ဒီေန႕ ဘယ္အလုပ္ကို ဘယ္သူက လုုပ္မယ္ဆုိျပီး လုပ္ရမယ့္အလုပ္ေတြကို ဓာတ္ပံုရိုက္တင္ေနတာမ်ိဳးကေတာ့ အာရံုေနာက္စရာျဖစ္သြားပါျပီ။

၄။အနမ္းေျခြတဲ့ပံုေတြ မနားတမ္းတင္တာမ်ိဳး
ႏႈတ္ခမ္းခ်င္းေတ့ျပီး Kissing ဆြဲေနတဲ့ပံုေတြခ်ည္း တင္ေနတဲ့သူေတြကို ဘယ္သူကမ်ား အားက်လိမ့္မလဲ။ တစ္ခါ၊ နွစ္ခါ အလြန္ဆံုးေပါ့။ ဆက္တုိက္ဆုိရင္ေတာ့ ေသခ်ာတယ္။ အဲ့ဒီအတြဲ စိတ္က်န္းမာေရးေဆးရံုသြားသင့္ပါျပီ။ ႏွစ္ေယာက္မွာ တစ္ေယာက္က တစ္ခုခု မွားေနလို႕ပါပဲ။ အထူးသျဖင့္ အဲ့ဒီလိုပံုေတြဆက္တုိက္တင္တဲ့သူက ပိုအေျခအေနဆိုးရြားပါလိမ့္မယ္။

၅။အိပ္ယာေပၚက ပံုေတြ တင္တာမ်ိဳး
စံုတြဲေတြၾကား ဘယ္သူမွ အသိမခံသင့္တဲ့အရာဆုိတာ ရွိၾကပါတယ္။ အထူးသျဖင့္ အိပ္ယာေပၚက ကိစၥရပ္ေတြေပါ့။ အဲ့ဒါကို ဘယ္သူ႕ကိုမွ ဂရုမစိုက္ဘူးဆုိတဲ့စိတ္န႕ဲ ႏွစ္ဦးသားအိပ္ယာေပၚ ဘယ္လိုပလူးၾကတယ္ဆုိတာ ဗီဒီယိုေတြ၊ ဓာတ္ပံုေတြရိုက္တင္ေနမယ္ဆုိရင္ေတာ့ အားလံုးက သင္တုိ႕ကို အားက်တယ္ဆုိတာမ်ိဳးထက္ စိတ္ပ်က္စရာေကာင္းတဲ့အတြဲလို႕သာ ျမင္ၾကပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit :trend myanmar

#Unicode Version

ချစ်သူစုံတွဲတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦးချစ်ခင်မြတ်နိုးကြတာ ကောင်းတဲ့အရာပါ။ ကိုယ့်အပေါ် တကယ်မေတ္တာအစစ်အမှန်နဲ့ချစ်သူကို ရထားတာကလည်း ကုသိုလ်ကံကောင်းတယ်လို့တောင် ဆိုရမှာပါပဲ။ သင်တို့စုံတွဲအတွက် ကွန်ဂရက်ကျူလေးရှင်း လို့ ပြောပေးနိုင်ပါတယ်။ ဒါပေမယ့် သင်တို့စုံတွဲအကြောင်း ခရေစေ့တွင်းကျ နေ့စဉ်နေ့တိုင်း ဘာတွေလုပ်တယ်၊ ဘယ်သွားပြီး၊ ဘယ်လိုချစ်ကြတယ်ဆိုတာ ပို့စ်တွေ ဆက်တိုက်တင်နေမယ်ဆိုရင်တော့ ဒီပို့စ်တွေ အမြဲမြင်နေရတဲ့သူတွေအတွက် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတစ်ရပ် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် စုံတွဲတွေအနေနဲ့ ဆိုရှယ်မီဒီယာပေါ် မတင်သင့်တဲ့ အရာ (၅) မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

၁။ တစ်ဦးနဲ့တစ်ဦး chat ထားတာတွေ screenshot နဲ့ပြန်တင်တာမျိုး
နှစ်ဦးသား ကြည်ကြည်နူးနူးလေး ဘယ်လောက်ချစ်ကြောင်းကစလို့ ဘယ်လိုသတိရကြောင်း၊ ဘယ်အချိန်ဆို ဘယ်လို စသဖြင့် တောင်စဉ်ရေမရ ပြောထားတဲ့စကာတွေကို screenshot ယူပြီး လူမှုမီဒီယာပေါ်ပို့စ်တင်တာဟာ တကယ်တော့ ဟာသတစ်ရပ်လို့ သတ်မှတ်ထားကြပါတယ်။

၂။ ချစ်တဲ့အကြောင်း စတေးတပ်စ်တွေ တရစပ်တင်တာမျိုး
ချစ်စရာကောင်းတဲ့စုံတွဲလေးလို့ အားလုံးက အသိအမှတ်ပြုထားပြီးပါပြီ။ ဒါကို တစ်နေ့ကို အခါနှစ်ဆယ်မက အချစ်အကြောင်း ညွှန်းဖွဲ့ထားတဲ့ကဗျာတွေ စာတွေရေးပြီး တရစပ်တင်နေတာမျိုးကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းသွားပါပြီ။

၃။ ဒီနေ့ အိမ်အလုပ်လုပ်ဖို့ ဘယ်သူတာဝန်ကျတယ်ဆိုတာမျိုး
နှစ်ဦးသား အိမ်အလုပ်တွေ ခွဲလုပ်နေကြတယ်ဆိုတာမျိုးကလည်း ချီးကျူးစရာကောင်းတဲ့အချက်ပါပဲ။ ဒါပေမယ့် ဒီနေ့ ဘယ်အလုပ်ကို ဘယ်သူက လုုပ်မယ်ဆိုပြီး လုပ်ရမယ့်အလုပ်တွေကို ဓာတ်ပုံရိုက်တင်နေတာမျိုးကတော့ အာရုံနောက်စရာဖြစ်သွားပါပြီ။

၄။အနမ်းခြွေတဲ့ပုံတွေ မနားတမ်းတင်တာမျိုး
နှုတ်ခမ်းချင်းတေ့ပြီး Kissing ဆွဲနေတဲ့ပုံတွေချည်း တင်နေတဲ့သူတွေကို ဘယ်သူကများ အားကျလိမ့်မလဲ။ တစ်ခါ၊ နှစ်ခါ အလွန်ဆုံးပေါ့။ ဆက်တိုက်ဆိုရင်တော့ သေချာတယ်။ အဲ့ဒီအတွဲ စိတ်ကျန်းမာရေးဆေးရုံသွားသင့်ပါပြီ။ နှစ်ယောက်မှာ တစ်ယောက်က တစ်ခုခု မှားနေလို့ပါပဲ။ အထူးသဖြင့် အဲ့ဒီလိုပုံတွေဆက်တိုက်တင်တဲ့သူက ပိုအခြေအနေဆိုးရွားပါလိမ့်မယ်။

၅။အိပ်ယာပေါ်က ပုံတွေ တင်တာမျိုး
စုံတွဲတွေကြား ဘယ်သူမှ အသိမခံသင့်တဲ့အရာဆိုတာ ရှိကြပါတယ်။ အထူးသဖြင့် အိပ်ယာပေါ်က ကိစ္စရပ်တွေပေါ့။ အဲ့ဒါကို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့စိတ်နဲ့ နှစ်ဦးသားအိပ်ယာပေါ် ဘယ်လိုပလူးကြတယ်ဆိုတာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေရိုက်တင်နေမယ်ဆိုရင်တော့ အားလုံးက သင်တို့ကို အားကျတယ်ဆိုတာမျိုးထက် စိတ်ပျက်စရာကောင်းတဲ့အတွဲလို့သာ မြင်ကြပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top