iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ကေလးေတြကုိ ေငြကို တန္ဖုိးထားတတ္ေအာင္ သြန္သင္ဖုိ႔ ေစာတယ္ဆိုတာမ်ိဳး မရိွပါဘူး။ ဒါေပမယ့္ ဘယ္က စသင္ေပးရမလဲ။ ေဟာဒီမွာ ကေလးေတြ လုံးဝသိအပ္တဲ့ ေငြေၾကးဆုိင္ရာ အေရးၾကီးတဲ့ ခံယူခ်က္ေတြ (၃) ခု ရိွပါတယ္။

တစ္က်ပ္ကေန စုေဆာင္းပါ

ခံစားခြင့္ (allowance)၊ ေမြးေန႔ စတာေတြကေနတဆင့္ သူတုိ႔ ရရိွတဲ့ အသျပာတုိင္းဟာ တန္ဖုိးရိွတာမို႔ စုေပးထားျပီး အတန္အသင့္ပမာဏ ရိွလာတဲ့အခါ ကေလးကို ျပပါ။ သူတုိ႔ ၾကိဳပမ္းမႈ အရာထင္ေၾကာင္း သူတုိ႔နားလည္သေဘာေပါက္လာပါလိမ့္မယ္။

ပစၥည္းမ်ားမ်ားစားစား ဝယ္ေတာ့မယ္ဆုိရင္ မိမိဝယ္ယူလုိတဲ့ ပစၥည္းစာရင္း အရင္ျပဳစုပါ

ပိုက္ဆံေတြကို ဘယ္အတြက္ သုံးခ်င္သလဲဆုိတာ ကေလးေတြကို အေသးစိတ္ စီစဥ္ေပးပါက ၾကိဳတင္မစဥ္းစားထားဘဲ စိတ္ကူးေပါက္သလိုဝယ္ျပီး ေငြကို ပရမ္းပတာမျဖဳန္းပစ္ဘဲ တကယ္လိုအပ္တဲ့ ပစၥည္းေတြကို ဦးစားေပးဝယ္တတ္ဖုိ႔ သင္ေပးပါလိမ့္မယ္။ ဝယ္ျခမ္းခ်င္တဲ့ ပစၥည္းစာရင္း ၾကိဳတင္စာရင္းျပဳစုဖုိ႔ တြန္းအားေပးပါ။ ေနာက္ အေရးၾကီးဆုံးကေန အစဥ္လုိက္ စာရင္းသတ္မွတ္ဖို႕လိုပါတယ္။ ဝယ္မယ့္အခ်ိန္မွာလည္း လ်ာထားေငြထက္ ပိုမသုံးရေအာင္ ေစ်းႏႈန္းေတြ ခ်င့္ခ်ိန္တတ္ေအာင္ သင္ေပးပါ။

Window shopping ထြက္ျခင္းရဲ႕ အေရးပါမႈ

ေစ်းဝယ္ထြက္တုိင္း သြားရတဲ့ရည္ရြယ္ခ်က္ကို ထပ္ခါထပ္ခါေျပာဆုိေပးပါ။ ဥပမာ - ေဂ်ာ္နီ႔အတြက္ ေမြးေန႔လက္ေဆာင္ ဝယ္မယ္ဆုိတာမ်ဳိးေပါ့။ တကယ္လုိ႔ သူတုိ႔ လိုခ်င္တာ တစ္ခုခုရိွလာရင္ ဝယ္လုိတဲ့ပစၥည္းစာရင္းထဲ ထည့္ဖုိ႔ တိုက္တြန္းပါ။ ဒီအရြယ္မွာ သင္ၾကားေပးဖုိ႔ အဓိက ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

သင့်ကလေးတွေကို ငွေကို တန်ဖိုးထားတတ်အောင် သွန်သင်ဖို့ စောတယ်ဆိုတာမျိုး မရှိပါဘူး။ ဒါပေမယ့် ဘယ်က စသင်ပေးရမလဲ။ ဟောဒီမှာ ကလေးတွေ လုံးဝသိအပ်တဲ့ ငွေကြေးဆိုင်ရာ အရေးကြီးတဲ့ ခံယူချက်တွေ (၃) ခု ရှိပါတယ်။

တစ်ကျပ်ကနေ စုဆောင်းပါ

ခံစားခွင့် (allowance)၊ မွေးနေ့ စတာတွေကနေတဆင့် သူတို့ ရရှိတဲ့ အသပြာတိုင်းဟာ တန်ဖိုးရှိတာမို့ စုပေးထားပြီး အတန်အသင့်ပမာဏ ရှိလာတဲ့အခါ ကလေးကို ပြပါ။ သူတို့ ကြိုပမ်းမှု အရာထင်ကြောင်း သူတို့နားလည်သဘောပေါက်လာပါလိမ့်မယ်။

ပစ္စည်းများများစားစား ဝယ်တော့မယ်ဆိုရင် မိမိဝယ်ယူလိုတဲ့ ပစ္စည်းစာရင်း အရင်ပြုစုပါ

ပိုက်ဆံတွေကို ဘယ်အတွက် သုံးချင်သလဲဆိုတာ ကလေးတွေကို အသေးစိတ် စီစဉ်ပေးပါက ကြိုတင်မစဉ်းစားထားဘဲ စိတ်ကူးပေါက်သလိုဝယ်ပြီး ငွေကို ပရမ်းပတာမဖြုန်းပစ်ဘဲ တကယ်လိုအပ်တဲ့ ပစ္စည်းတွေကို ဦးစားပေးဝယ်တတ်ဖို့ သင်ပေးပါလိမ့်မယ်။ ဝယ်ခြမ်းချင်တဲ့ ပစ္စည်းစာရင်း ကြိုတင်စာရင်းပြုစုဖို့ တွန်းအားပေးပါ။ နောက် အရေးကြီးဆုံးကနေ အစဉ်လိုက် စာရင်းသတ်မှတ်ဖို့လိုပါတယ်။ ဝယ်မယ့်အချိန်မှာလည်း လျာထားငွေထက် ပိုမသုံးရအောင် ဈေးနှုန်းတွေ ချင့်ချိန်တတ်အောင် သင်ပေးပါ။

Window shopping ထွက်ခြင်းရဲ့ အရေးပါမှု

ဈေးဝယ်ထွက်တိုင်း သွားရတဲ့ရည်ရွယ်ချက်ကို ထပ်ခါထပ်ခါပြောဆိုပေးပါ။ ဥပမာ - ဂျော်နီ့အတွက် မွေးနေ့လက်ဆောင် ဝယ်မယ်ဆိုတာမျိုးပေါ့။ တကယ်လို့ သူတို့ လိုချင်တာ တစ်ခုခုရှိလာရင် ဝယ်လိုတဲ့ပစ္စည်းစာရင်းထဲ ထည့်ဖို့ တိုက်တွန်းပါ။ ဒီအရွယ်မှာ သင်ကြားပေးဖို့ အဓိက ဖြစ်ပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top