iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္မ်က္ႏွာေပၚမွာ ၀က္ျခံေတြ မၾကာထြက္တတ္တယ္ဆုိရင္ ကိုယ့္ဘက္က ဂရုတစိုက္ျပဳမူေနထိုင္ရမယ့္အရာေတြ အမ်ားၾကီးပါ။ အစားအေသာက္ပိုင္းကစလို႕ မ်က္ႏွာကို ဘယ္လိုထိေတြ႕ကိုင္တြယ္သင့္တယ္ဆုိတာကအဆံုး ကိုယ့္အေနနဲ႕ သတိထားလုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ ဒီေတာ့ သင္ဟာ မၾကာခဏ၀က္ျခံထြက္တတ္သလို ခုလည္း မ်က္ႏွာမွာ ၀က္ျခံေလးေတြ တစ္ဖုစ ႏွစ္ဖုစ ထြက္ေနျပီဆုိရင္ေတာ့ ဒီအခ်က္ေတြကို သတိထားေရွာင္ၾကည္ပါ။

၁-၀က္ၿခံရွိတဲ့အသားအေရကို ၾကမ္းၾကမ္းတမ္းတမ္း သန္႔ရွင္းမိတာ
ဘရပ္ရွ္လိုဟာမ်ိဳး၊ခပ္ၾကမ္းၾကမ္း မ်က္ႏွာတိုက္ေဖာ့လိုမ်ိဳးေတြကို အသုံးျပဳၿပီး သန္႔စင္တာေတြက ၀က္ၿခံရွိတဲ့အသားအေရကို ပိုထိခိုက္ေစပါတယ္။ အသားအေရနီရဲတာနဲ႔ ၀က္ၿခံေတြကို ပိုၿပီး ဆုိးရြားေစတာေတြ ျဖစ္ႏိုင္ပါတယ္။

၂-၀က္ျခံေပ်ာက္ေဆးလိမ္းတာ
၀က္ျခံေပၚကို ေဆးလိမ္းတာက ၀က္ျခံေတြကို မေပ်ာက္ေစႏိုင္ပါဘူး။ ၀က္ျခံေပ်ာက္ေဆးလိမ္းတာက ၀က္ျခံေတြ အသစ္မထြက္ေအာင္ပဲ ကာကြယ္ေပးႏိုင္တယ္လို႔ သုေတသနပညာရွင္တစ္ခ်ိဳ႕ကဆုိပါတယ္။

၃-၀က္ျခံေတြကို ညွစ္တာ
၀က္ျခံေတြကို ညွစ္တာက ေရာဂါပိုး၀င္ေစႏိုင္တဲ့အျပင္ ပိုၿပီး ျပန္႔ေစပါတယ္။ အသားအေရကို ပိုေကာင္းမြန္ေစမွာမဟုတ္ဘဲ ပိုဆိုးရြားေစမွာပါ။

၄-မ်က္ႏွာသစ္တဲ့အခါ သန္႔စင္ေအာင္မေဆးတာ
မ်က္ႏွာသစ္တဲ့အခါ မ်က္ႏွာသစ္ ဆပ္ျပာမသံုးတာက ဖုန္နဲ႔အဆီေတြကို စုေစၿပီး ၀က္ၿခံျဖစ္ေစႏိုင္တဲ့အျပင္ မ်က္ႏွာသစ္ဆပ္ျပာသံုးၿပီး ေရစင္ေအာင္ မေဆးတာကလည္း ၀က္ျခံေတြကို ျဖစ္ေပၚေစပါတယ္။

၅-ေနေရာင္ကာေဆး မသံုးတာ
ေနေရာင္ျခည္မွာပါ၀င္တဲ့ UV Rays ေတြက သင့္အသားအေရကို ထိခိုက္ေစပါတယ္။ဒါ့အျပင္ အသားအေရာင္ကို ေျပာင္းလဲသြားေစၿပီး  အမဲစက္ေတြနဲ႔ ၀က္ၿခံေတြကို ျဖစ္ေစပါတယ္။

၆-၀က္ျခံေပ်ာက္ေဆး အလြန္အကြ်ံသံုးတာ
၀က္ျခံေပ်ာက္ေဆးေတြက တစ္ပတ္ကို ႏွစ္ႀကိမ္၊သံုးႀကိမ္သံုးမယ္ဆုိရင္ ထိေရာက္မွုမရွိတဲ့အျပင္ အလြန္အကၽြံသံုးတာက အသားအေရကို ပ်က္စီးေစၿပီး အနီစက္ေတြ ျဖစ္တတ္ပါတယ္။

၇-Moisturizerမသံုးတာ
သင့္အသားအေရက အဆီျပန္တတ္တဲ့အသားအေရျဖစ္ေနရင္ေတာင္ Moisturizerေတြကို ေရွာင္ၾကဥ္ဖို႔မလိုအပ္ပါဘူး။မ်က္ႏွာစသစ္ၿပီးခါစမွာ အသားအေရကေျခာက္တတ္ပါတယ္။ Moisturizerကိုသံုးျခင္းအားျဖင့္ အသားအေရကို ေျခာက္ေသြ႕တာက ကာကြယ္ေပးႏိုင္မယ့္အျပင္  ၀က္ၿခံေတြ မထြက္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

၈-ေဆးလိပ္ေသာက္တာ
ေဆးလိပ္ေသာက္တာကေတာ့ ဆိုးရြားတယ္ဆုိတာ လူတုိင္းသိမွာပါ။နီကုိတင္းဓာတ္က ေသြးေၾကာေတြကို က်ဳံ႕ေစၿပီး အသားအေရကို ေျခာက္ေသြ႔ေစပါတယ္။အသားအေရေျခာက္ေသြ႕တာကေနတစ္ဆင့္ ၀က္ၿခံေတြကေနာက္ဆက္တြဲအျဖစ္ ထြက္လာႏိုင္ပါတယ္။

၉-ေရေႏြးပူပူသံုးတာ
အရမ္းပူလြန္းတဲ့ေရကို သံုးတာကလည္း အသားအေရကို ေရဓာတ္ျပည့္ျပည့္၀၀ မရေစတဲ့အျပင္ လိုအပ္တဲ့ အစိုဓာတ္ကို ေလ်ာ့နည္းေစလို႔ ၀က္ၿခံေတြကို လႈ႔ံေဆာ္ေပးပါတယ္။

၁၀-အျပင္းစားဆပ္ျပာေတြသံုးတာ
အျပင္းစားဆပ္ျပာေတြကလည္း သင့္အသားအေရမွာရွိတဲ့ Sebumကို ကြာေစပါတယ္။Sebumကအသားအေရကို ႏူးညံ့ေပ်ာ့ေပ်ာင္းေအာင္ ျပဳလုပ္ေပးႏုိင္ၿပီး Sebumမရွိေတာ့ရင္ အသားေျခာက္တာ၊အသားအေရနီျမန္းတာေတြ ျဖစ္ႏိုင္ပါတယ္။ဒါ့အျပင္ ၀က္ၿခံေတြ အလြယ္တကူျဖစ္ေစပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ကိုယ့်မျက်နှာပေါ်မှာ ဝက်ခြံတွေ မကြာထွက်တတ်တယ်ဆိုရင် ကိုယ့်ဘက်က ဂရုတစိုက်ပြုမူနေထိုင်ရမယ့်အရာတွေ အများကြီးပါ။ အစားအသောက်ပိုင်းကစလို့ မျက်နှာကို ဘယ်လိုထိတွေ့ကိုင်တွယ်သင့်တယ်ဆိုတာကအဆုံး ကိုယ့်အနေနဲ့ သတိထားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ သင်ဟာ မကြာခဏဝက်ခြံထွက်တတ်သလို ခုလည်း မျက်နှာမှာ ဝက်ခြံလေးတွေ တစ်ဖုစ နှစ်ဖုစ ထွက်နေပြီဆိုရင်တော့ ဒီအချက်တွေကို သတိထားရှောင်ကြည်ပါ။

၁-ဝက်ခြံရှိတဲ့အသားအရေကို ကြမ်းကြမ်းတမ်းတမ်း သန့်ရှင်းမိတာ
ဘရပ်ရှ်လိုဟာမျိုး၊ခပ်ကြမ်းကြမ်း မျက်နှာတိုက်ဖော့လိုမျိုးတွေကို အသုံးပြုပြီး သန့်စင်တာတွေက ဝက်ခြံရှိတဲ့အသားအရေကို ပိုထိခိုက်စေပါတယ်။ အသားအရေနီရဲတာနဲ့ ဝက်ခြံတွေကို ပိုပြီး ဆိုးရွားစေတာတွေ ဖြစ်နိုင်ပါတယ်။

၂-ဝက်ခြံပျောက်ဆေးလိမ်းတာ
ဝက်ခြံပေါ်ကို ဆေးလိမ်းတာက ဝက်ခြံတွေကို မပျောက်စေနိုင်ပါဘူး။ ဝက်ခြံပျောက်ဆေးလိမ်းတာက ဝက်ခြံတွေ အသစ်မထွက်အောင်ပဲ ကာကွယ်ပေးနိုင်တယ်လို့ သုတေသနပညာရှင်တစ်ချို့ကဆိုပါတယ်။

၃-ဝက်ခြံတွေကို ညှစ်တာ
ဝက်ခြံတွေကို ညှစ်တာက ရောဂါပိုးဝင်စေနိုင်တဲ့အပြင် ပိုပြီး ပြန့်စေပါတယ်။ အသားအရေကို ပိုကောင်းမွန်စေမှာမဟုတ်ဘဲ ပိုဆိုးရွားစေမှာပါ။

၄-မျက်နှာသစ်တဲ့အခါ သန့်စင်အောင်မဆေးတာ
မျက်နှာသစ်တဲ့အခါ မျက်နှာသစ် ဆပ်ပြာမသုံးတာက ဖုန်နဲ့အဆီတွေကို စုစေပြီး ဝက်ခြံဖြစ်စေနိုင်တဲ့အပြင် မျက်နှာသစ်ဆပ်ပြာသုံးပြီး ရေစင်အောင် မဆေးတာကလည်း ဝက်ခြံတွေကို ဖြစ်ပေါ်စေပါတယ်။

၅-နေရောင်ကာဆေး မသုံးတာ
နေရောင်ခြည်မှာပါဝင်တဲ့ UV Rays တွေက သင့်အသားအရေကို ထိခိုက်စေပါတယ်။ဒါ့အပြင် အသားအရောင်ကို ပြောင်းလဲသွားစေပြီး  အမဲစက်တွေနဲ့ ဝက်ခြံတွေကို ဖြစ်စေပါတယ်။

၆-ဝက်ခြံပျောက်ဆေး အလွန်အကျွံသုံးတာ
ဝက်ခြံပျောက်ဆေးတွေက တစ်ပတ်ကို နှစ်ကြိမ်၊သုံးကြိမ်သုံးမယ်ဆိုရင် ထိရောက်မှုမရှိတဲ့အပြင် အလွန်အကျွံသုံးတာက အသားအရေကို ပျက်စီးစေပြီး အနီစက်တွေ ဖြစ်တတ်ပါတယ်။

၇-Moisturizerမသုံးတာ
သင့်အသားအရေက အဆီပြန်တတ်တဲ့အသားအရေဖြစ်နေရင်တောင် Moisturizerတွေကို ရှောင်ကြဉ်ဖို့မလိုအပ်ပါဘူး။မျက်နှာစသစ်ပြီးခါစမှာ အသားအရေကခြောက်တတ်ပါတယ်။ Moisturizerကိုသုံးခြင်းအားဖြင့် အသားအရေကို ခြောက်သွေ့တာက ကာကွယ်ပေးနိုင်မယ့်အပြင်  ဝက်ခြံတွေ မထွက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၈-ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာကတော့ ဆိုးရွားတယ်ဆိုတာ လူတိုင်းသိမှာပါ။နီကိုတင်းဓာတ်က သွေးကြောတွေကို ကျုံ့စေပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။အသားအရေခြောက်သွေ့တာကနေတစ်ဆင့် ဝက်ခြံတွေကနောက်ဆက်တွဲအဖြစ် ထွက်လာနိုင်ပါတယ်။

၉-ရေနွေးပူပူသုံးတာ
အရမ်းပူလွန်းတဲ့ရေကို သုံးတာကလည်း အသားအရေကို ရေဓာတ်ပြည့်ပြည့်၀၀ မရစေတဲ့အပြင် လိုအပ်တဲ့ အစိုဓာတ်ကို လျော့နည်းစေလို့ ဝက်ခြံတွေကို လှုံ့ဆော်ပေးပါတယ်။

၁၀-အပြင်းစားဆပ်ပြာတွေသုံးတာ
အပြင်းစားဆပ်ပြာတွေကလည်း သင့်အသားအရေမှာရှိတဲ့ Sebumကို ကွာစေပါတယ်။Sebumကအသားအရေကို နူးညံ့ပျော့ပျောင်းအောင် ပြုလုပ်ပေးနိုင်ပြီး Sebumမရှိတော့ရင် အသားခြောက်တာ၊အသားအရေနီမြန်းတာတွေ ဖြစ်နိုင်ပါတယ်။ဒါ့အပြင် ဝက်ခြံတွေ အလွယ်တကူဖြစ်စေပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top