iMyanmarHouse.com - Best Property Website for Myanmar
×
Credit: trend myanmar
#Unicode Version
ကလေးတွေအတွက် မိဘနှစ်ဦးစလုံးက မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်နိုင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့ မိဘတွေဆိုတာ ရှိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ မိမိကလေးအပေါ် မှားယွင်းစွာ ဆက်ဆံမိတတ်တဲ့ အချက်(၅)ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁) ပထမဦးဆုံးအချက်ကတော့ ကွာရှင်းတော့မယ့် မိဘတွေက ကလေးကို ဘယ်သူ့ဆီမှာ သွားထားမယ်လို့ ဆုံးဖြတ်ကြတဲ့ အချိန်ပါ။ ကလေးကို တာဝန်ယူချင်စိတ်ရှိပေမယ့် အပြန်အလှန် တင်းမာမှုတွေကြောင့် ကလေးကို ခေါ်မထားလိုကြတာတွေဟာ ကလေးကို စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေနိုင်ပါတယ်။
(၂) ဒုတိယအချက်အနေနဲ့ကတော့ ကလေးတွေရဲ့ လိုအပ်ချက်နဲ့ စိတ်ခံစားချက်တွေကို မဆွေးနွေးဘဲ လျစ်လျူရှုထားခြင်းဟာလည်း ဆိုးရွားလှတယ်လို့ ကလေးစိတ်ပညာရှင်တွေကဆိုပါတယ်။
(၃) နောက်တစ်ချက်ကတော့ ကွာရှင်းပြတ်စဲပြီးသူ အများစုထဲက ကလေးကို တာဝန်ယူထားကြတဲ့ မိခင်(သို့)ဖခင် ဟာ ကလေးရဲ့ မိခင်(သို့)ဖခင် (ကွာရှင်းပြတ်စဲထားသူ၏ ဇနီးဟောင်း(သို့)ခင်ပွန်းဟောင်း)နဲ့ အဆက်အသွယ် မလုပ်ကြတာပါပဲ။ ဒီအချက်က ကလေးတွေအတွက်တော့ အတော့်ကို အရေးကြီးတဲ့အချက်ပါပဲ။
(၄) မိမိရဲ့ ဇနီးဟောင်း(သို့)ခင်ပွန်းဟောင်းနဲ့ ပြန်လည် အဆက်အသွယ်ပြုလုပ်တာဟာ ကလေးအတွက်ကြောင့်သာဖြစ်တာမို့ မိမိတို့ရဲ့စိတ်ခံစားချက်တွေကို ကလေးရှေ့မှာ အတတ်နိုင်ဆုံး ထိန်းဖု့ိလိုပါတယ်။ အတိတ်ဟာ ဖြစ်ခဲ့ပြီးပြီမို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ခွင့်လွှတ်ကြဖို့ လိုအပ်ပါတယ်။
(၅) နောက်ဆုံးအချက်အနေနဲ့ကတော့ ကလေးနဲ့ပတ်သက်ပြီး အကြံဉာဏ်မယူတာပါပဲ။ ကွာရှင်းပြတ်စဲကြတဲ့ မိဘတွေရဲ့ သားသမီးတွေဆီမှာ စိတ်ဒဏ်ရာ အနည်းနဲ့အများဆိုတာ ရှိတတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကြံဉာဏ်မတောင်းခံတာဟာလည်း ဆိုးရွားလှတဲ့ အချက်တစ်ခုပဲဖြစ်ပါတော့တယ်။ ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: trend myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top