iMyanmarHouse.com - Best Property Website for Myanmar
×




၂ - လုပ်ငန်းခွင်


၃ - စီးကရက်


၎ - စမတ်ဖုန်း


Credit: duwun

#Unicode Version

ဇက်ကြောတက်ခြင်းဟာ လူတွေဖြစ်လေ့ရှိတဲ့ နာကျင်မှုတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တဲ့လူမှ ဖြစ်ပြီး မဖြစ်ချင်တဲ့လူ မဖြစ်တာမျိုး မဟုတ်ပါဘူး။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ အထူးသဖြင့် နေ့စဉ်သင်နေထိုင်နေတဲ့ ပုံစံနဲ့ ဆိုင်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်း ၅ ခုကို ဖော်ပြထားပါတယ်။

၁ - ခန္ဓာကိုယ် ကိုင်းတယ်

အမြဲတမ်း ခန္ဓာကိုယ်ကို ကိုင်းထားတာ ဖြစ်ပါတယ်။ စာအုပ်ဖတ်တဲ့အခါ၊ ကွန်ပြူတာ သုံးတဲ့အခါ စတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ကိုင်းထားတာကြောင့် ပခုံးကြွက်သားတွေနဲ့ လည်ပင်းကြောတွေကို ဖိအားပေးထားသလို ဖြစ်ပါတယ်။ ခန္ဓာကိုယ်အနေအထားက ရှိရမယ့် ပုံစံအတိုင်း ရှိမနေတာလည်း ပါပါတယ်။ မှန်ကန်တဲ့ ခန္ဓာကိုယ်အနေအထားရဖို့ အနောက်ဘက်ပခုံးနှစ်ဖက်ကြားမှာ ခဲတံတစ်ချောင်းထည့်ပြီး ညှပ်ထားတယ်လို့တွေးကာ ထိုင်ကြည့်ပါ။

၂ - လုပ်ငန်းခွင်

အမေရိကန်မှာဆိုရင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၄၅ ရာခိုင်နှုန်းက လည်ပင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိတယ်လို့ သိရပါတယ်။ ပြဿနာက နေ့စဉ်နေထိုင်နေရတဲ့ လုပ်ငန်းခွင်ကြောင့်ဖြစ်ပြီး ကွန်ပြူတာနဲ့ ခုံတွေကြောင့်လို့ ဆိုပါတယ်။ ကွန်ပြူတာတွေထားရှိမှုနဲ့ ခုံတွေရဲ့ပုံစံဟာ  ဖြစ်သင့်တဲ့ S ပုံသဏ္ဍန်ကို ထောက်ပံ့မပေးနိုင်တာ ဖြစ်ပါတယ်။ ဒီ့အတွက် မိနစ် ၃၀၊ ၄၀ ကြာတိုင်း ထပြီး လမ်းလျှောက်တာမျိုး၊ အကြောဆန့်တာမျိုး လုပ်ပေးသင့်ပါတယ်။

၃ - စီးကရက်

စီးကရက်ဟာ လူရဲ့ကျန်းမာရေးကို ချောင်းဆိုးခြင်းကနေ ကင်ဆာဖြစ်တဲ့အထိ ထိခိုက်နေပါတယ်။ ဒီအထဲမှာ လည်ပင်းနာကျင်တောင့်တင်းတာတွေကိုပါ ထည့်ထားလို့ရပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေကို မာခဲလာစေပြီး ကျောရိုးနဲ့ပခုံးဆီကို အောက်ဆီဂျင်ရရှိမှုဟာ နည်းပါးလာပါတယ်။ လည်ပင်းနဲ့ ကြောရိုးက အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုကို ထိခိုက်လာပါတယ်။

၄ - စမတ်ဖုန်း

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: duwun
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top