iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးနဲ႕ပတ္သက္ၿပီး သူခ်စ္ရတဲ့ ပရိသတ္ေတြကို ပြင့္လင္းစြာေျပာျပလာသူကေတာ့ ပရိသတ္မ်ားရဲ႕အသည္းေက်ာ္ ပိုင္တံခြန္ပဲျဖစ္ပါတယ္။ ပိုင္တံခြန္ဟာ ရုပ္ရွင္ကားၾကီးအေနနဲ႕ Bad Boy ဇာတ္ကားမွာ မိန္းမလ်ာတစ္ေယာက္ရဲ႕ကာရုိက္တာကို အံ၀င္ခြင္က်ျဖစ္ေအာင္ ပါ၀င္သရုပ္ေဆာင္ထားၿပီး အခက္အခဲေတြအမ်ားၾကီးနဲ႕ရင္ဆုိင္ရုိက္ကူးခဲ့ရတယ္လို႕သိရပါတယ္။ အဆုိပါဇာတ္ကားထဲမွာ မိန္းမလ်ာဇာတ္ရုပ္ဟာ သူ႕အတြက္ ပထမဆံုးဇာတ္ရုပ္ျဖစ္ၿပီး ေနာက္ထပ္မိန္းမလ်ာဇာတ္ရုပ္မ်ားကုိ ရုိက္ကူးဖို႕မေသခ်ာေတာ့ေၾကာင္းေျပာျပလာတဲ့ ပိုင္တံခြန္ရဲ႕ အခ်စ္ေရးနဲ႕လက္ရွိအႏုပညာလႈပ္ရွားမႈမ်ားကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈ ကိုလဲေျပာျပေပးပါဦး။

 မၾကာေသးခင္ကမွ Bad Boy ရုပ္ရွင္ကားၾကီး ရုိက္ကူးထားတယ္။ ေနာက္ေၾကာ္ျငာေတြရုိက္ျဖစ္တယ္။ ေနာက္မဂၢဇင္းေတြအတြက္ရုိက္ေပးျဖစ္တယ္။

-အဲ့ဒီကားထဲမွာ အစ္ကိုအေျခာက္ပံုစံသရုပ္ေဆာင္ထားတာေတြ႕ရတယ္။

ကာရုိက္တာက ႏွစ္ခုေပါ့။ တစ္ခုကမိန္းကေလးပံုစံ၊ ေနာက္တစ္ခုကၾကမ္းၾကမ္းတမ္းတမ္းေယာက်ာ္းေလးပံုစံေပါ့။

-ပိုင္တံခြန္ကုိ အေျခာက္ကာရိုက္တာေတြ႕ရခဲေတာ့ အဲ့ဒီကားေလးမွာသရုပ္ေဆာင္တာပထမဆံုးလို႕ေျပာလို႕ရမလား။

အဲ့ဒီကာရိုက္တာကကၽြန္ေတာ္တို႕နဲ႕ေတာ့ သိပ္အသားမက်ဘူးေပါ့။ ရုိက္ရတာလဲ အခက္အခဲေတြအမ်ားၾကီးရွိခဲ့တယ္။ ေနာက္ၿပီးလမ္းေလွ်ာက္တာကအစ ကားကားၾကီးေလွ်ာက္ေတာ့ မိန္းကေလးလို၀တ္ရတဲ့အခ်ိန္မွာလမ္းေလွ်ာက္တာကအစေလ့က်င့္ရတယ္ေပါ့။

-မရိုက္ခင္မွာေရာ အ၀တ္အစားပိုင္းနဲ႕ပတ္သက္ၿပီးဘယ္သူကစီစဥ္ေပးလဲ။

ကိုယ့္ဟာကိုယ္ပဲစီစဥ္ရတယ္။ အရမ္းအခက္အခဲျဖစ္တယ္။ ဘယာဇီရာတို႕ဖင္တုတို႕ဆိုရင္လဲကုိယ့္ဟာကိုယ္သြား၀ယ္ရတယ္။ ၀ယ္တဲ့အခ်ိန္က်ေတာ့ မိန္းကေလးေတြအမ်ားၾကီးရွိတဲ့ဆုိင္ကိုသြားရတယ္။ ေနာက္ဖင္တုကုိလိုက္ကိုင္ၾကည့္ေတာ့ မိန္းကေလးေတြကရယ္ၿပီးၾကည့္ေနၾကတယ္။ အရမ္းအခက္အခဲျဖစ္တယ္ေပါ့။

-တခ်ိဳ႕မင္းသားေတြဆို အေျခာက္ကာရိုက္တာကို မရုိက္ဖူးဆိုတဲ့မင္းသားေတြေတာင္ရွိေတာ့ အစ္ကို႕အေနနဲ႕ေနာက္ထပ္အဲ့ဒီလိုကာရိုက္တာမ်ိဳးလာကမ္းလွမ္းဦးမယ္ဆုိရင္ေရာ ထပ္မံရိုက္ကူးျဖစ္မလား။

အဓိကအပြင့္လင္းဆံုးေျပာရရင္ကၽြန္ေတာ္ကသရုပ္ေဆာင္ဖက္ကုိအခုမွစၿပီး၀င္တဲ့လူတစ္ေယာက္ေပါ့။ ကၽြန္ေတာ့္မွာဟိုဟာရိုက္ခ်င္တယ္။ ဒီဟာရုိက္ခ်င္တယ္ဆိုၿပီးေရြးပိုင္ခြင့္မရွိဘူး။ ၿပီးရင္အဲ့ဒီကားေလးတုန္းက ဇာတ္လမ္းလာျပတဲ့အခါၾကည့္ေတာ့ ေတာ္ေတာ္ေလးေကာင္းတယ္။ ေဂးကားသီးသန္႕မဟုတ္ပဲ ပညာေပးကားပံုစံေလးဆုိေတာ့ လက္ခံရိုက္ကူးျဖစ္တာပါ။ အဲ့ဒီကားက ကၽြန္ေတာ့္အတြက္ပထမဆံုးအေျခာက္ကာရိုက္တာလုပ္ရတာေပါ့။ ကၽြန္ေတာ္အားမသန္တဲ့ဇာတ္ရုပ္ျဖစ္တဲ့အတြက္ေနာက္ပိုင္းလာကမ္းလွမ္းမယ္ဆုိရင္ေတာ့ ရုိက္ျဖစ္ခ်င္မွရုိက္ျဖစ္မွာပါ။ မရုိက္ျဖစ္ေတာ့ဖို႕မ်ားပါတယ္။

-အစ္ကို႕ကိုဆို ဟိုမင္းသမီးနဲ႕ဒီမင္းသမီးနဲ႕ဆိုၿပီး အျမဲသတင္းထြက္တာၾကားရတယ္ေနာ္။

အဓိကကၽြန္ေတာ့္ရဲ႕အလုပ္က ကၽြန္ေတာ့္စီနီယာအစ္မေတြနဲ႕လုပ္ရတဲ့အလုပ္ဆိုေတာ့ ကၽြန္ေတာ္တို႕စိတ္ထဲမွာ အႏုပညာအလုပ္တစ္ခုလို႕ပဲသေဘာထားတယ္။ ဘာစိတ္မွမရွိဘူး။ အဲ့ဒါေၾကာင့္သူတို႕တစ္ခုခုေျပာၿပီဆိုရင္လဲကၽြန္ေတာ္ကေယာက်ာ္းေလးျဖစ္တဲ့အတြက္ မိန္းကေလးဖက္ကိုပဲ ကာကြယ္ေပးတာမ်ားတယ္။ ကၽြန္ေတာ့္အေနနဲ႕ထိခုိက္တာဘာမွမရွိဘူး။ မနန္းဆုနဲ႕လဲထြက္တယ္။ မေဖြးနဲ႕တုန္းကလဲထြက္တယ္။ ကၽြန္ေတာ္ကဘယ္သူနဲ႕တြဲရုိက္ရုိက္အျမဲသတင္းထြက္တယ္။ အဲ့ဒါကကၽြန္ေတာ့ရဲ႕ဇာတာလား မသိပါဘူး။ ဘယ္လုိပဲရုိက္ရိုက္ထြက္ပဲထြက္ေနေတာ့မေျဖရွင္းေတာ့ဘူး။ လာေမးရင္ မဟုတ္ပါဘူး။ ေနာက္တစ္ခါဒီလိုမေျပာပါနဲ႕။ မိန္းကေလးဖက္ကနစ္နာတယ္ဆိုၿပီးကၽြန္ေတာ္အျမဲေျဖရွင္းပါတယ္။

-အခုေရာ ဘယ္သူနဲ႕လို႕ေျပာေနၾကေသးလဲ။

အခုကေတာ့ဒီလိုပါပဲ။ ေကာင္မေလးတစ္ေယာက္ကို ကၽြန္ေတာ္ရင္ထဲမွာရွိပါတယ္။ ဒါေပမဲ့အဲ့ဒီေကာင္မေလးက ကၽြန္ေတာ့္ကိုစဥ္းစားဖို႕ခက္ခဲေနမွာေပါ့။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ့္လိုေမာ္လ္ဒယ္သရုပ္ေဆာင္တစ္ေယာက္ကုိစဥ္းစားဖို႕ကခက္ခဲေနတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေမာ္လ္ဒယ္မင္းသားတစ္ေယာက္ျဖစ္ေနလို႕ကၽြန္ေတာ့အလုပ္က မင္းသမီးေတြအမ်ားၾကီးနဲ႕ထိေတြ႕ဆက္ဆံရတဲ့အလုပ္တစ္ခုျဖစ္တဲ့အတြက္ ဒါကိုနားလည္ေပးႏုိင္မွအဆင္ေျပမယ္။ အဲ့ဒီအတြက္ေၾကာင့္ သူလဲစဥ္းစားေနတယ္ထင္တယ္။ ဒါေပမဲ့ကၽြန္ေတာ္သူ႕ကိုေမွ်ာ္လင့္ေနတယ္။

-အနုပညာေလာကထဲကလား။ အျပင္ကလား။

တစ္၀က္စီေပါ့။ စီးပြားေရးလဲလုပ္တယ္။ သရုပ္ေဆာင္လဲလုပ္တယ္။ ေမာ္လ္ဒယ္လဲလုပ္ပါတယ္။

-အစ္ကိုသူ႕ကိုၾကိဳးစားထားတယ္ေပါ့။

အင္း ဘယ္လိုေျပာရမလဲ။ ကၽြန္ေတာ္လဲအေရွ႕မွာရည္းစားေတြေတာ့ထားခဲ့ဖူးပါတယ္။ ဒါေပမဲ့ဒီတစ္ေယာက္ကကၽြန္ေတာ့အေပၚမွာအမ်ားၾကီးေျပာင္းလဲေပးခဲ့တယ္။ ကၽြန္ေတာ္အရင္တုန္းကကိုယ့္တန္ဖိုးကိုနားမလည္ခဲ့ဘူး။ ေျပာင္းလဲေပးခဲ့တယ္ဆိုတာ
 ေငြေရးေၾကးေရးကိုေျပာတာမဟုတ္ဘူး။ ကၽြန္ေတာ့ရဲ႕စိတ္ပုိင္းဆုိင္ရာနဲ႕ဘယ္လိုေနထုိင္သင့္တယ္ဆုိတာကိုသူေျပာင္းလဲေပးခဲ့တာ။ အမ်ားၾကီးေပါ့အစ္မရယ္။

-အဲ့ဒါဆို အခ်စ္ေရးက ဘယ္လိုျဖစ္ေနလဲ။

Single လဲမဟုတ္ဘူး။ RS လဲမဟုတ္ဘူး။ ေလာေလာဆယ္မွာ အသည္းကြဲသလိုလို၊ မကြဲသလုိလိုျဖစ္ေနတယ္။

-အသက္ကေရာ အစ္ကို႕ထက္ၾကီးလား။

ဟုတ္ကဲ့။ ၾကီးပါတယ္။

-အခ်စ္ေရးကိုေျပာျပျဖစ္တာကေရာ ဘယ္လိုေၾကာင့္လဲ။

အဓိကက ကၽြန္ေတာ့္ပရိသတ္ကုိကၽြန္ေတာ္ခ်စ္တယ္။ ပရိသတ္အားေပးမႈကိုလိုခ်င္လို႕ရည္းစားမရွိပါဘူးလို႕ေျပာၿပီးလဲမလိမ္ခ်င္ဘူး။ အဓိကအသက္ႏွစ္ဆယ္ဆိုတဲ့အရြယ္ကကၽြန္ေတာ္တို႕မွအျမီးမေပါက္ရင္ ဘယ္အရြယ္အျမီးေပါက္ၾကမွာလဲ။ လူငယ္ဆိုေတာ့အခ်စ္ေရးကရွိမွာပဲ။  ရွိရင္လဲရွိတယ္။ ပ်က္ရင္လဲပ်က္တယ္ေပါ့။

-အခုကတစ္ဖက္သတ္အခ်စ္လား။ ႏွစ္ဦးသေဘာတူလား။

အခုကတစ္ဖက္သတ္ပံုစံျဖစ္ေနပါတယ္။

-ပရိသတ္ကိုေရာဘာမ်ားေျပာခ်င္ေသးလဲ။

၂၀၁၇ လဲေရာက္လာၿပီဆိုေတာ့ပရိသတ္မ်ားအားလံုးစိတ္ဧ။္ခ်မ္းသာျခင္း၊ ကုိယ္ဧ။္ က်န္းမာျခင္းနဲ႕ျပည့္စံုၾကပါေစ။ ၿပီးေတာ့ႏွစ္ေဟာင္းမွာလုပ္ခဲ့တဲ့ အဆိုးအျပစ္အမိုက္ေတြအားလံုးကုိႏွစ္သစ္မွာျပဳျပင္ၿပီးစိတ္သစ္လူသစ္နဲ႕ျဖတ္သန္းႏုိင္ၾကပါေစ
လို႕ကၽြန္ေတာ္ဆုေတာင္းေပးပါတယ္။

Credit : Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

အချစ်ရေးနဲ့ပတ်သက်ပြီး သူချစ်ရတဲ့ ပရိသတ်တွေကို ပွင့်လင်းစွာပြောပြလာသူကတော့ ပရိသတ်များရဲ့အသည်းကျော် ပိုင်တံခွန်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ရုပ်ရှင်ကားကြီးအနေနဲ့ Bad Boy ဇာတ်ကားမှာ မိန်းမလျာတစ်ယောက်ရဲ့ကာရိုက်တာကို အံဝင်ခွင်ကျဖြစ်အောင် ပါဝင်သရုပ်ဆောင်ထားပြီး အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ရိုက်ကူးခဲ့ရတယ်လို့သိရပါတယ်။ အဆိုပါဇာတ်ကားထဲမှာ မိန်းမလျာဇာတ်ရုပ်ဟာ သူ့အတွက် ပထမဆုံးဇာတ်ရုပ်ဖြစ်ပြီး နောက်ထပ်မိန်းမလျာဇာတ်ရုပ်များကို ရိုက်ကူးဖို့မသေချာတော့ကြောင်းပြောပြလာတဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေးနဲ့လက်ရှိအနုပညာလှုပ်ရှားမှုများကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှု ကိုလဲပြောပြပေးပါဦး။

 မကြာသေးခင်ကမှ Bad Boy ရုပ်ရှင်ကားကြီး ရိုက်ကူးထားတယ်။ နောက်ကြော်ငြာတွေရိုက်ဖြစ်တယ်။ နောက်မဂ္ဂဇင်းတွေအတွက်ရိုက်ပေးဖြစ်တယ်။

-အဲ့ဒီကားထဲမှာ အစ်ကိုအခြောက်ပုံစံသရုပ်ဆောင်ထားတာတွေ့ရတယ်။

ကာရိုက်တာက နှစ်ခုပေါ့။ တစ်ခုကမိန်းကလေးပုံစံ၊ နောက်တစ်ခုကကြမ်းကြမ်းတမ်းတမ်းယောကျာ်းလေးပုံစံပေါ့။

-ပိုင်တံခွန်ကို အခြောက်ကာရိုက်တာတွေ့ရခဲတော့ အဲ့ဒီကားလေးမှာသရုပ်ဆောင်တာပထမဆုံးလို့ပြောလို့ရမလား။

အဲ့ဒီကာရိုက်တာကကျွန်တော်တို့နဲ့တော့ သိပ်အသားမကျဘူးပေါ့။ ရိုက်ရတာလဲ အခက်အခဲတွေအများကြီးရှိခဲ့တယ်။ နောက်ပြီးလမ်းလျှောက်တာကအစ ကားကားကြီးလျှောက်တော့ မိန်းကလေးလိုဝတ်ရတဲ့အချိန်မှာလမ်းလျှောက်တာကအစလေ့ကျင့်ရတယ်ပေါ့။

-မရိုက်ခင်မှာရော အဝတ်အစားပိုင်းနဲ့ပတ်သက်ပြီးဘယ်သူကစီစဉ်ပေးလဲ။

ကိုယ့်ဟာကိုယ်ပဲစီစဉ်ရတယ်။ အရမ်းအခက်အခဲဖြစ်တယ်။ ဘယာဇီရာတို့ဖင်တုတို့ဆိုရင်လဲကိုယ့်ဟာကိုယ်သွားဝယ်ရတယ်။ ဝယ်တဲ့အချိန်ကျတော့ မိန်းကလေးတွေအများကြီးရှိတဲ့ဆိုင်ကိုသွားရတယ်။ နောက်ဖင်တုကိုလိုက်ကိုင်ကြည့်တော့ မိန်းကလေးတွေကရယ်ပြီးကြည့်နေကြတယ်။ အရမ်းအခက်အခဲဖြစ်တယ်ပေါ့။

-တချို့မင်းသားတွေဆို အခြောက်ကာရိုက်တာကို မရိုက်ဖူးဆိုတဲ့မင်းသားတွေတောင်ရှိတော့ အစ်ကို့အနေနဲ့နောက်ထပ်အဲ့ဒီလိုကာရိုက်တာမျိုးလာကမ်းလှမ်းဦးမယ်ဆိုရင်ရော ထပ်မံရိုက်ကူးဖြစ်မလား။

အဓိကအပွင့်လင်းဆုံးပြောရရင်ကျွန်တော်ကသရုပ်ဆောင်ဖက်ကိုအခုမှစပြီးဝင်တဲ့လူတစ်ယောက်ပေါ့။ ကျွန်တော့်မှာဟိုဟာရိုက်ချင်တယ်။ ဒီဟာရိုက်ချင်တယ်ဆိုပြီးရွေးပိုင်ခွင့်မရှိဘူး။ ပြီးရင်အဲ့ဒီကားလေးတုန်းက ဇာတ်လမ်းလာပြတဲ့အခါကြည့်တော့ တော်တော်လေးကောင်းတယ်။ ဂေးကားသီးသန့်မဟုတ်ပဲ ပညာပေးကားပုံစံလေးဆိုတော့ လက်ခံရိုက်ကူးဖြစ်တာပါ။ အဲ့ဒီကားက ကျွန်တော့်အတွက်ပထမဆုံးအခြောက်ကာရိုက်တာလုပ်ရတာပေါ့။ ကျွန်တော်အားမသန်တဲ့ဇာတ်ရုပ်ဖြစ်တဲ့အတွက်နောက်ပိုင်းလာကမ်းလှမ်းမယ်ဆိုရင်တော့ ရိုက်ဖြစ်ချင်မှရိုက်ဖြစ်မှာပါ။ မရိုက်ဖြစ်တော့ဖို့များပါတယ်။

-အစ်ကို့ကိုဆို ဟိုမင်းသမီးနဲ့ဒီမင်းသမီးနဲ့ဆိုပြီး အမြဲသတင်းထွက်တာကြားရတယ်နော်။

အဓိကကျွန်တော့်ရဲ့အလုပ်က ကျွန်တော့်စီနီယာအစ်မတွေနဲ့လုပ်ရတဲ့အလုပ်ဆိုတော့ ကျွန်တော်တို့စိတ်ထဲမှာ အနုပညာအလုပ်တစ်ခုလို့ပဲသဘောထားတယ်။ ဘာစိတ်မှမရှိဘူး။ အဲ့ဒါကြောင့်သူတို့တစ်ခုခုပြောပြီဆိုရင်လဲကျွန်တော်ကယောကျာ်းလေးဖြစ်တဲ့အတွက် မိန်းကလေးဖက်ကိုပဲ ကာကွယ်ပေးတာများတယ်။ ကျွန်တော့်အနေနဲ့ထိခိုက်တာဘာမှမရှိဘူး။ မနန်းဆုနဲ့လဲထွက်တယ်။ မဖွေးနဲ့တုန်းကလဲထွက်တယ်။ ကျွန်တော်ကဘယ်သူနဲ့တွဲရိုက်ရိုက်အမြဲသတင်းထွက်တယ်။ အဲ့ဒါကကျွန်တော့ရဲ့ဇာတာလား မသိပါဘူး။ ဘယ်လိုပဲရိုက်ရိုက်ထွက်ပဲထွက်နေတော့မဖြေရှင်းတော့ဘူး။ လာမေးရင် မဟုတ်ပါဘူး။ နောက်တစ်ခါဒီလိုမပြောပါနဲ့။ မိန်းကလေးဖက်ကနစ်နာတယ်ဆိုပြီးကျွန်တော်အမြဲဖြေရှင်းပါတယ်။

-အခုရော ဘယ်သူနဲ့လို့ပြောနေကြသေးလဲ။

အခုကတော့ဒီလိုပါပဲ။ ကောင်မလေးတစ်ယောက်ကို ကျွန်တော်ရင်ထဲမှာရှိပါတယ်။ ဒါပေမဲ့အဲ့ဒီကောင်မလေးက ကျွန်တော့်ကိုစဉ်းစားဖို့ခက်ခဲနေမှာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော့်လိုမော်လ်ဒယ်သရုပ်ဆောင်တစ်ယောက်ကိုစဉ်းစားဖို့ကခက်ခဲနေတယ်။ ဘာကြောင့်လဲဆိုတော့ မော်လ်ဒယ်မင်းသားတစ်ယောက်ဖြစ်နေလို့ကျွန်တော့အလုပ်က မင်းသမီးတွေအများကြီးနဲ့ထိတွေ့ဆက်ဆံရတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက် ဒါကိုနားလည်ပေးနိုင်မှအဆင်ပြေမယ်။ အဲ့ဒီအတွက်ကြောင့် သူလဲစဉ်းစားနေတယ်ထင်တယ်။ ဒါပေမဲ့ကျွန်တော်သူ့ကိုမျှော်လင့်နေတယ်။

-အနုပညာလောကထဲကလား။ အပြင်ကလား။

တစ်ဝက်စီပေါ့။ စီးပွားရေးလဲလုပ်တယ်။ သရုပ်ဆောင်လဲလုပ်တယ်။ မော်လ်ဒယ်လဲလုပ်ပါတယ်။

-အစ်ကိုသူ့ကိုကြိုးစားထားတယ်ပေါ့။

အင်း ဘယ်လိုပြောရမလဲ။ ကျွန်တော်လဲအရှေ့မှာရည်းစားတွေတော့ထားခဲ့ဖူးပါတယ်။ ဒါပေမဲ့ဒီတစ်ယောက်ကကျွန်တော့အပေါ်မှာအများကြီးပြောင်းလဲပေးခဲ့တယ်။ ကျွန်တော်အရင်တုန်းကကိုယ့်တန်ဖိုးကိုနားမလည်ခဲ့ဘူး။ ပြောင်းလဲပေးခဲ့တယ်ဆိုတာ

 ငွေရေးကြေးရေးကိုပြောတာမဟုတ်ဘူး။ ကျွန်တော့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကိုသူပြောင်းလဲပေးခဲ့တာ။ အများကြီးပေါ့အစ်မရယ်။

-အဲ့ဒါဆို အချစ်ရေးက ဘယ်လိုဖြစ်နေလဲ။

Single လဲမဟုတ်ဘူး။ RS လဲမဟုတ်ဘူး။ လောလောဆယ်မှာ အသည်းကွဲသလိုလို၊ မကွဲသလိုလိုဖြစ်နေတယ်။

-အသက်ကရော အစ်ကို့ထက်ကြီးလား။

ဟုတ်ကဲ့။ ကြီးပါတယ်။

-အချစ်ရေးကိုပြောပြဖြစ်တာကရော ဘယ်လိုကြောင့်လဲ။

အဓိကက ကျွန်တော့်ပရိသတ်ကိုကျွန်တော်ချစ်တယ်။ ပရိသတ်အားပေးမှုကိုလိုချင်လို့ရည်းစားမရှိပါဘူးလို့ပြောပြီးလဲမလိမ်ချင်ဘူး။ အဓိကအသက်နှစ်ဆယ်ဆိုတဲ့အရွယ်ကကျွန်တော်တို့မှအမြီးမပေါက်ရင် ဘယ်အရွယ်အမြီးပေါက်ကြမှာလဲ။ လူငယ်ဆိုတော့အချစ်ရေးကရှိမှာပဲ။  ရှိရင်လဲရှိတယ်။ ပျက်ရင်လဲပျက်တယ်ပေါ့။

-အခုကတစ်ဖက်သတ်အချစ်လား။ နှစ်ဦးသဘောတူလား။

အခုကတစ်ဖက်သတ်ပုံစံဖြစ်နေပါတယ်။

-ပရိသတ်ကိုရောဘာများပြောချင်သေးလဲ။

၂၀၁၇ လဲရောက်လာပြီဆိုတော့ပရိသတ်များအားလုံးစိတ်ဧ။်ချမ်းသာခြင်း၊ ကိုယ်ဧ။် ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။ ပြီးတော့နှစ်ဟောင်းမှာလုပ်ခဲ့တဲ့ အဆိုးအပြစ်အမိုက်တွေအားလုံးကိုနှစ်သစ်မှာပြုပြင်ပြီးစိတ်သစ်လူသစ်နဲ့ဖြတ်သန်းနိုင်ကြပါစေ

လို့ကျွန်တော်ဆုတောင်းပေးပါတယ်။



Credit : Trend Myanmar



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top