iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးရာ ကၽြမ္းက်င္သူ Laura Yates နဲ ့Genevieve Zawada တုိ ့ရဲ့ ေျပာျပ ခ်က္အရ ေယာက်ၤားသားေတြ ကို ေျခာက္ထုတ္ေနတဲ့အလား သင့္အနားက ခြာသြားေစတဲ့ ရိုးစင္းတဲ့ သာမန္အမွားေလးေတြ ၁၂ မ်ိဳးရွိတယ္လုိ ့ဆုိပါတယ္။ ဒီအမွားေလးေတြဟာ ျပန္ျပင္လုိ ့မရႏိုင္ေလာက္ေအာင္ ဆုိးရြားတဲ့ အမွားေလးေတြေတာ့ မဟုတ္ပါဘူး။ ဒီေတာ့ အဲ့ဒီအမွားေတြက ဘာျဖစ္မလဲ တစ္ခ်က္ၾကည့္လုိက္ၾကရေအာင္။

၁။ မိတ္ေဆြနည္းပါးလြန္းျခင္း

အေပါင္းအသင္း မိတ္ေဆြေပါတဲ့ မိန္းကေလးမ်ိဳးက ေယာက်ၤားသားေတြအတြက္ ပုိျပီး ဆြဲေဆာင္မွွဳရွိပါတယ္။ မိတ္ေဆြေပါမ်ားတယ္ဆိုတာက သင့္ဘ၀မွာ သင္နဲ ့အတူ အခ်ိန္ေတြကို ကုန္ဆုံးခ်င္တဲ့ လူေတြရွိေနတယ္လုိ ့ ဆုိလုိပါတယ္။ သူ ့အတြက္ မိတ္ေဆြအေပါင္းအသင္းေတြကလည္း အေရးၾကီးျပီး ရည္းစားေယာက်ၤားေလးတစ္ေယာက္တည္းက သူ ့ဘ၀ရဲ့ အခ်က္အခ်ာ မဟုတ္ပါဘူး။ ဒီအခ်က္နဲ ့ပဲ သင့္ခ်စ္သူေကာင္ေလးဟာ သင္နဲ ့အတူ အခ်ိန္ေတြ ကုန္ဆုံးခြင့္ရဖုိ ့အတြက္ ပုိအားထုတ္ဖုိ ့လိုတယ္ဆုိတာ သိလာမွာပါ။

၂။ အေၾကာင္းမဲ့သ၀န္တုိျခင္း

ေယာက်ၤားေလးတစ္ေယာက္ ညဘက္ အျပင္ထြက္တာမ်ိဳးကို မ်က္ကလူးဆန္ျပာျဖစ္ေနျပီး သ၀န္တုိတဲ့ အရိပ္အေယာင္ေတြ ျပေနမယ္ဆုိရင္ေတာ့ သင့္ကို အျမန္ပစ္ေျပးသြားႏိုင္ပါတယ္။

၃။ မက္ေဆ့ခဏခဏပုိ ့ျခင္း

ေယာက်ၤားေတြဟာ မိန္းမေတြေလာက္ ဖုန္းနဲ ့စာပုိ ့တာကို ၀ါသနာမပါပါဘူး။ ေယာက်ၤားတစ္ေယာက္ကို ဆက္တုိက္စာေတြပုိ ့ေနမယ္ဆုိရင္၊ သင္ဟာ စိတ္ဓာတ္ေပ်ာ့ညံအားငယ္သူ တစ္ေယာက္ျဖစ္တယ္လုိ ့ေျပာေနသလုိျဖစ္ျပီး အခ်ိန္ေတြ ေတာ္ေတာ္အားယားေနတယ္လုိ ့ထင္ႏိုင္ပါတယ္။

၄။  တျခားျပင္ပစိတ္၀င္စားမွဳေတြမရွိျခင္း

ေယာက်ၤားေလးေတြဟာ သူတုိ ့နဲ ့စကားလက္ဆုံက်စရာ အေၾကာင္းအရာေလးေတြ၊ ၀ါသနာပါတဲ့အရာေတြ ရွိတဲ့ စိတ္၀င္စားစရာမိန္းကေလးမ်ိဳးကို ရင္ခုန္တတ္ၾကပါတယ္။ သင္ျမတ္ႏိုိးတဲ့ အရာေလးေတြကို သူနဲ ့ခ်စ္သူ ဘ၀မွာလည္း လုပ္ေနတတ္တာက သင့္ကို ပုိမုိစိတ္၀င္စားမွဳျဖစ္ေစျပီး ဆြဲေဆာင္မွဳရွိတဲ့ မိန္းကေလးလုိ ့သူ ့စိတ္ထဲမွာ သတ္မွတ္ထား မွာပါ။

၅။ ကေလးေလးလုိစကားေျပာတတ္တာ

အဲလုိ တီတာတာတာ မပီကလာေျပာတတ္တာမ်ိဳးက ခ်စ္စရာေကာင္းတယ္လုိ ့သင္ထင္ေနရင္ေတာ့ မွားေနပါျပီ။

၆။ ခ်ဳပ္ခ်ယ္တတ္တာ

ေယာက်ၤားေလးတစ္ေယာက္ကို သူႏွစ္သက္၀ါသနာပါတာေတြလုပ္ဖုိ ့လြတ္လပ္ခြင့္ ေပးထားပါ။ ေယာက်ၤားေလးတစ္ေယာက္ဟာ သူ ့ဘ၀မွာ ႏွစ္သက္၀ါသနာပါတဲ့ အရာေတြ လုပ္ဖုိ ့ပိတ္ပင္ ခံထားရတယ္လုိ ့ခံစားရတာနဲ ့အခ်စ္ေရးမွာ အဖုအတင္းေတြ ျဖစ္လာမွာပါ။

၇။ တျခားမိန္းကေလးေတြအေၾကာင္း မေကာင္းေျပာတာ

ဒါဟာ မိမိကိုယ္ကိုယုံၾကည္မွဳနည္းတယ္လုိ ့ျပေနတာပါပဲ။ အျမင္သေဘာထားကို ေျပာျပတာမ်ိဳးက ေကာင္းေပမယ့္ အေျခအျမစ္မရွိ တျခားမိန္းကေလးကို အပုပ္ခ်တတ္ တာက ဆြဲေဆာင္မွဳရွိတဲ့ အရည္အခ်င္းေတာ့ မဟုတ္ပါဘူး။

၈။ မူရာပုိမင္းသမီးေလးလုပ္တတ္ျခင္းတကယ္ေျပာျပေလာက္စရာ အေၾကာင္းျပခ်က္မွမရွိဘဲ ငိုလုိက္၊ရယ္လုိက္၊ေဆြးလိုက္ လုပ္ေနတာက စိတ္ကုသမွဳတစ္ခုခု ခံယူမွျဖစ္ေတာ့မယ့္ သေဘာပါပဲ။

၉။ ကတိ၀န္ခံခ်က္ေတြ အတင္းေတာင္းျခင္း

အခ်စ္ေရးတစ္ခုဟာ သာမန္အတိုင္းပဲ တဆင့္ဆင့္ရစ္ပတ္သြားတာ ေကာင္းပါတယ္။ ေယာက်ၤားေလးတစ္ေယာက္ကို ကတိစကားေတြေတာင္းျပီး ဖိအားမေပးမိဖုိ ့လိုပါတယ္။ ဒီလုိမ်ိဳးလုပ္ေနျပီဆုိရင္ေတာ့ သင္နဲ ့အေ၀းဆုံးကို သူ ထြက္ေျပးသြားပါလိမ့္မယ္။

၁၀။ အလြန္အကၽြံဖြင့္ေျပာျခင္း

ဘ၀လက္တြဲေဖာ္ႏွစ္ေယာက္ၾကားမွာ ရင္းႏွီးမွဳတစ္ခု ေဆာက္ယူတဲ့ အေနနဲ ့ သင့္ရဲ့ အတြင္းက်က်အေၾကာင္းအရာေလးေတြကို သင့္ရဲ့ လက္တြဲေဖာ္ကို ယုံၾကည္စြာေျပာျပတတ္တာကလည္း အေရးၾကီးပါတယ္။ ဒါေပမယ့္ အခ်ိန္ခဏေလးမွာပဲ အိတ္သြန္ဖာေမွာက္ေျပာျပတတ္တာမ်ိဳးကိုေတာ့ ေရွာင္ၾကဥ္သင့္ပါတယ္။

၁၁။ အာဏာျပျခင္း

သင္ဟာ စၾကိဳက္ၾကတဲ့ေန ့မွာပဲ ေျပာင္းလဲဖုိ ့လိုအပ္ေနျပီလုိ ့ခံစားရတဲ့ ေယာက်ၤားတစ္ ေယာက္မ်ိဳးနဲ ့ေတြ ့ျပီဆုိရင္ေတာ့ ဒါဟာ သင္ေရြးခ်ယ္ထားတဲ့ ေယာက်ၤားကိုက မွားေနတာပါ။ တတ္ႏိုင္သမွ် သူတုိ ့စိတ္ၾကိဳက္ဘ၀ကို ျဖတ္သန္းတဲ့ ပုံစံအတုိင္း ျဖတ္သန္းပါေစ။ အတင္းအာဏာျပျပီး သူတုိ ့ေနထုိင္မွဳပုံစံကို ေျပာင္းလဲဖုိ ့မၾကိဳးစားပါနဲ ့။

၁၂။ အျမဲတမ္း ေယာက်ၤားေလးကပဲ ရွင္းရမယ္လုိ ့မွတ္ယူထားျခင္း

ဘယ္သြားသြား ဘာလုပ္လုပ္ အလွည့္က်ရွင္းၾကရေအာင္ျဖစ္ျဖစ္၊ ႏွစ္ဦးၾကား ဒီလုိမ်ိဳး သေဘာတူညီမွဳတစ္ခုမရွိဘဲနဲ ့ အျမဲတမ္းေယာက်ၤားေလးကပဲ သင္ေမွ်ာ္လင့္ေနရင္ ေတာ့ ေငြအတြက္ေၾကာင့္ပဲ သူ ့ကိုခ်စ္တာလို ့ထင္ျပီး ပစ္ခြာသြားႏိုင္ပါတယ္။ သူက မရွင္းနဲ ့ေနာ္လုိ ့ေျပာေပမယ့္လည္း အျမဲတမ္း ရွင္းဖုိ ့ၾကိဳးစားၾကည့္ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချစ်ရေးရာ ကျွမ်းကျင်သူ Laura Yates နဲ့Genevieve Zawada တို့ရဲ့ ပြောပြ ချက်အရ ယောကျၤားသားတွေ ကို ခြောက်ထုတ်နေတဲ့အလား သင့်အနားက ခွာသွားစေတဲ့ ရိုးစင်းတဲ့ သာမန်အမှားလေးတွေ ၁၂ မျိုးရှိတယ်လို့ဆိုပါတယ်။ ဒီအမှားလေးတွေဟာ ပြန်ပြင်လို့မရနိုင်လောက်အောင် ဆိုးရွားတဲ့ အမှားလေးတွေတော့ မဟုတ်ပါဘူး။ ဒီတော့ အဲ့ဒီအမှားတွေက ဘာဖြစ်မလဲ တစ်ချက်ကြည့်လိုက်ကြရအောင်။

၁။ မိတ်ဆွေနည်းပါးလွန်းခြင်း

အပေါင်းအသင်း မိတ်ဆွေပေါတဲ့ မိန်းကလေးမျိုးက ယောကျၤားသားတွေအတွက် ပိုပြီး ဆွဲဆောင်မှှုရှိပါတယ်။ မိတ်ဆွေပေါများတယ်ဆိုတာက သင့်ဘဝမှာ သင်နဲ့အတူ အချိန်တွေကို ကုန်ဆုံးချင်တဲ့ လူတွေရှိနေတယ်လို့ ဆိုလိုပါတယ်။ သူ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေကလည်း အရေးကြီးပြီး ရည်းစားယောကျၤားလေးတစ်ယောက်တည်းက သူ့ဘဝရဲ့ အချက်အချာ မဟုတ်ပါဘူး။ ဒီအချက်နဲ့ပဲ သင့်ချစ်သူကောင်လေးဟာ သင်နဲ့အတူ အချိန်တွေ ကုန်ဆုံးခွင့်ရဖို့အတွက် ပိုအားထုတ်ဖို့လိုတယ်ဆိုတာ သိလာမှာပါ။

၂။ အကြောင်းမဲ့သဝန်တိုခြင်း

ယောကျၤားလေးတစ်ယောက် ညဘက် အပြင်ထွက်တာမျိုးကို မျက်ကလူးဆန်ပြာဖြစ်နေပြီး သဝန်တိုတဲ့ အရိပ်အယောင်တွေ ပြနေမယ်ဆိုရင်တော့ သင့်ကို အမြန်ပစ်ပြေးသွားနိုင်ပါတယ်။

၃။ မက်ဆေ့ခဏခဏပို့ခြင်း

ယောကျၤားတွေဟာ မိန်းမတွေလောက် ဖုန်းနဲ့စာပို့တာကို ဝါသနာမပါပါဘူး။ ယောကျၤားတစ်ယောက်ကို ဆက်တိုက်စာတွေပို့နေမယ်ဆိုရင်၊ သင်ဟာ စိတ်ဓာတ်ပျော့ညံအားငယ်သူ တစ်ယောက်ဖြစ်တယ်လို့ပြောနေသလိုဖြစ်ပြီး အချိန်တွေ တော်တော်အားယားနေတယ်လို့ထင်နိုင်ပါတယ်။

၄။  တခြားပြင်ပစိတ်ဝင်စားမှုတွေမရှိခြင်း

ယောကျၤားလေးတွေဟာ သူတို့နဲ့စကားလက်ဆုံကျစရာ အကြောင်းအရာလေးတွေ၊ ဝါသနာပါတဲ့အရာတွေ ရှိတဲ့ စိတ်ဝင်စားစရာမိန်းကလေးမျိုးကို ရင်ခုန်တတ်ကြပါတယ်။ သင်မြတ်နိုးတဲ့ အရာလေးတွေကို သူနဲ့ချစ်သူ ဘဝမှာလည်း လုပ်နေတတ်တာက သင့်ကို ပိုမိုစိတ်ဝင်စားမှုဖြစ်စေပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးလို့သူ့စိတ်ထဲမှာ သတ်မှတ်ထား မှာပါ။

၅။ ကလေးလေးလိုစကားပြောတတ်တာ

အဲလို တီတာတာတာ မပီကလာပြောတတ်တာမျိုးက ချစ်စရာကောင်းတယ်လို့သင်ထင်နေရင်တော့ မှားနေပါပြီ။

၆။ ချုပ်ချယ်တတ်တာ

ယောကျၤားလေးတစ်ယောက်ကို သူနှစ်သက်ဝါသနာပါတာတွေလုပ်ဖို့လွတ်လပ်ခွင့် ပေးထားပါ။ ယောကျၤားလေးတစ်ယောက်ဟာ သူ့ဘဝမှာ နှစ်သက်ဝါသနာပါတဲ့ အရာတွေ လုပ်ဖို့ပိတ်ပင် ခံထားရတယ်လို့ခံစားရတာနဲ့အချစ်ရေးမှာ အဖုအတင်းတွေ ဖြစ်လာမှာပါ။

၇။ တခြားမိန်းကလေးတွေအကြောင်း မကောင်းပြောတာ

ဒါဟာ မိမိကိုယ်ကိုယုံကြည်မှုနည်းတယ်လို့ပြနေတာပါပဲ။ အမြင်သဘောထားကို ပြောပြတာမျိုးက ကောင်းပေမယ့် အခြေအမြစ်မရှိ တခြားမိန်းကလေးကို အပုပ်ချတတ် တာက ဆွဲဆောင်မှုရှိတဲ့ အရည်အချင်းတော့ မဟုတ်ပါဘူး။

၈။ မူရာပိုမင်းသမီးလေးလုပ်တတ်ခြင်းတကယ်ပြောပြလောက်စရာ အကြောင်းပြချက်မှမရှိဘဲ ငိုလိုက်၊ရယ်လိုက်၊ဆွေးလိုက် လုပ်နေတာက စိတ်ကုသမှုတစ်ခုခု ခံယူမှဖြစ်တော့မယ့် သဘောပါပဲ။

၉။ ကတိဝန်ခံချက်တွေ အတင်းတောင်းခြင်း

အချစ်ရေးတစ်ခုဟာ သာမန်အတိုင်းပဲ တဆင့်ဆင့်ရစ်ပတ်သွားတာ ကောင်းပါတယ်။ ယောကျၤားလေးတစ်ယောက်ကို ကတိစကားတွေတောင်းပြီး ဖိအားမပေးမိဖို့လိုပါတယ်။ ဒီလိုမျိုးလုပ်နေပြီဆိုရင်တော့ သင်နဲ့အဝေးဆုံးကို သူ ထွက်ပြေးသွားပါလိမ့်မယ်။

၁၀။ အလွန်အကျွံဖွင့်ပြောခြင်း

ဘဝလက်တွဲဖော်နှစ်ယောက်ကြားမှာ ရင်းနှီးမှုတစ်ခု ဆောက်ယူတဲ့ အနေနဲ့ သင့်ရဲ့ အတွင်းကျကျအကြောင်းအရာလေးတွေကို သင့်ရဲ့ လက်တွဲဖော်ကို ယုံကြည်စွာပြောပြတတ်တာကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် အချိန်ခဏလေးမှာပဲ အိတ်သွန်ဖာမှောက်ပြောပြတတ်တာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

၁၁။ အာဏာပြခြင်း

သင်ဟာ စကြိုက်ကြတဲ့နေ့မှာပဲ ပြောင်းလဲဖို့လိုအပ်နေပြီလို့ခံစားရတဲ့ ယောကျၤားတစ် ယောက်မျိုးနဲ့တွေ့ပြီဆိုရင်တော့ ဒါဟာ သင်ရွေးချယ်ထားတဲ့ ယောကျၤားကိုက မှားနေတာပါ။ တတ်နိုင်သမျှ သူတို့စိတ်ကြိုက်ဘဝကို ဖြတ်သန်းတဲ့ ပုံစံအတိုင်း ဖြတ်သန်းပါစေ။ အတင်းအာဏာပြပြီး သူတို့နေထိုင်မှုပုံစံကို ပြောင်းလဲဖို့မကြိုးစားပါနဲ့။

၁၂။ အမြဲတမ်း ယောကျၤားလေးကပဲ ရှင်းရမယ်လို့မှတ်ယူထားခြင်း

ဘယ်သွားသွား ဘာလုပ်လုပ် အလှည့်ကျရှင်းကြရအောင်ဖြစ်ဖြစ်၊ နှစ်ဦးကြား ဒီလိုမျိုး သဘောတူညီမှုတစ်ခုမရှိဘဲနဲ့ အမြဲတမ်းယောကျၤားလေးကပဲ သင်မျှော်လင့်နေရင် တော့ ငွေအတွက်ကြောင့်ပဲ သူ့ကိုချစ်တာလို့ထင်ပြီး ပစ်ခွာသွားနိုင်ပါတယ်။ သူက မရှင်းနဲ့နော်လို့ပြောပေမယ့်လည်း အမြဲတမ်း ရှင်းဖို့ကြိုးစားကြည့်ပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top