iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
#Unicode Version
အမျိုးသမီးများအတွင် အရွယ်မရွေးဘဲ dyspareunia ဟုခေါ်သည့် လိင်ဆက်ဆံလျင်နာကျင်မှုကိုပြင်းထန် စွာခံစားရသည့်ဝေဒနာ ဖြစ်ပွားနိုင်ကြောင်းနှင့် အသက် ၁၆ နှစ်မှ ၇၄ နှစ်အရွယ် လိင်ဆက်ဆံမှုပြုလုပ်နေ ဆဲ အမျိုးသမီးပေါင်း ၇၀၀၀ ထက်မနည်းကို လေ့လာဆန်းစစ်ခဲ့မှုအရ အမျိုးသမီး ၁၀ ဦးလျင်တစ်ဦးသည် အဆိုပါနာကျင်မှုမျိုးကို ခံစားရလျက်ရှိကြောင်း အမေရိကန်သုတေသီများက ထုတ်ပြန်ကြေညာသည်။
Dyspareunia ဝေဒနာကို အမျိုးသမီးတွေ အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အသက် ၅၀ ကနေ ၆၀ အရွယ်အထိတောင် ဖြစ်ပွားနိုင်တာကိုတွေ့ရပါတယ်။ အငယ်ဆုံးအနေနဲ့ အသက် ၁၆ ကနေ ၂၄ အထိ မှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့အရှက်အကြောက်မကြီးဘဲ ကိုယ်ခံစားရတာ ကို ပြောပြဖို့လိုအပ်ပါတယ်။ အဲဒီအတွက် ကုသမှုခံယူနိုင်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။
လိင်ဆက်ဆံသည့်အခါနာကျင်မှုကိုခံစားရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ကြောင်း ၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း ၊ စိုးရိမ်ခြင်း၊ မနှစ်သက်ခြင်း အစရှိသည်တို့ကြောင်းလည်း နာကျင်မှုကို ခံစားရနိုင်ကြောင်း အခြားသောရုပ်ပိုင်းဆိုင်ရာ ၊ ခံစားမှုပိုင်းဆိုင်ရာ နှင့် ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ အကြောင်း ရင်းများကြောင့်လည်း ဖြစ်နိုင်ကြောင်း ၊ ထို့ကြောင့် လိင်ဆက်ဆံမှုခံယူစဉ်နာကျင်မှုကိုကုသရန်မှာ ရှုပ်ထွေးသောကုသမှုတစ်ရပ် ဖြစ်ကြောင်း၊ အမျိုးသမီးများက ထိန်ချန်ပြောဆိုခြင်း ၊ ပွင့်လင်းစွာမပြောခြင်း ၊ဆိုလိုရင်းေ၀ဝါးထွေပြားအောင် ပြောခြင်း အစရှိသည်တို့ကြောင့်လည်း ကုသမှုပိုင်းတွင် အခက်အခဲများ ပိုလာလေ့ရှိကြောင်း သိရသည် ။
ကျွန်မရဲ့ပြဿာနာက အသက် ၄၀ လောက်မှ စတင်ခဲ့ပါတယ်။ လိင်ဆက်ဆံချင်စိတ်လုံးဝကုန်ခမ်း သလောက်ဖြစ်သွားပြီး လိင်စိတ်ထကြွဖို့လည်းအရင်ကထက်ပိုကြာခဲ့ပါတယ်။ အမျိုးသားကနားလည်ပေး ခဲ့ပေမယ့် ကျွန်မ သူအနားလာရင်အလိုလိုကြောက်နေပြီး အဲဒီကိစ္စကိုစလာမှာကိုစိုးရိမ်မိခဲ့ပါတယ်ဟု ယခု အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပြသည်။ နာကျင်တဲ့အတွက် ကျွန်မစိုးရိမ်တယ်၊ စိုးရိမ်တဲ့ အတွက် ကြွက်သားတွေက ပိုပြီးကျုံ့သွားတယ်။ အဲဒီလိုနဲ့ချာချာလည်ပြီး အိမ်  ထောင်ရေးသုခကိုမခံစား နိုင် ဖြစ်ရပါတယ် ဟု ၎င်းက ဆက်လက်ပြောပြသည်။
ထို့ကြောင့် လိင်ဆက်ဆံမှုခံယူသည့်အခါ အပြင်းအထန်နာကျင်သည့်ဝေဒနာကို ခံစားနေရသူ အမျိုးသမီး ပေါင်း အမြောက်အများရှိကြောင်း ၊ ထို့ကြောင့် မိမိခံစားနေရပါလျင်လည်း ရှက်ကြောက်မနေဘဲ မိမိခင်ပွန်း သည်ကို ပွင့်လင်းစွာရှင်းပြပြီး လိုအပ်သောဆေးကုသမှုကိုခံယူရန်လိုအပ်ကြောင်း နားလည် တတ်ကျွမ်း သူများက အကြံပေးထားသည်။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top