iMyanmarHouse.com - Best Property Website for Myanmar
×

ဆိုင္ေတြေရာက္လို႔ ဘာမွာရမလဲ မသိရင္ ေခ်ာကလက္ႏို႔ ပူပူတစ္ခြက္ကိုသာ မွာ ၿပီးေသာက္လိုက္ပါ ။  ေခ်ာကလက္ႏို႔တစ္ခြက္မွာ က်န္းမွာေရး အက်ဳိးေက်းဇူးေတြ အမ်ားႀကီးပါဝင္ပါတယ္။

ကယ္လ္စီယမ္ပါဝင္မႈ ျမင့္မားျခင္း
ေခ်ာကလက္ႏို႔ကို ေသာက္လိုက္တဲ့အခါ ပါဝင္တဲ့ ကယ္လ္စီယမ္ဓာတ္ကို ခႏၶာကိုယ္မွ စုပ္ယူၿပီး အဆီေလ်ာ့က်ေအာင္နဲ႔ အ႐ုိးသန္မာေအာင္ လုပ္ေဆာင္ေပးေၾကာင္း လတ္တေလာေလ့လာမႈေတြက ဆိုပါတယ္။
ေခ်ာကလက္နို႔မွာ ကယ္လ္စီယမ္ ပါဝင္မႈျမင့္မားတာေၾကာင့္ ခႏၶာကိုယ္မွ အဆီ စုပ္ယူႏိုင္စြမ္းဟာ လည္း ေလ်ာ့က်သြားပါတယ္ ။

ဗီတာမင္ဒီ ပါဝင္ျခင္း
ဗီတာမင္ဒီနဲ႔ ကယ္လ္စီယမ္ဟာ ခႏၶာကိုယ္ထဲမွာ အဆီေလ်ာ့က်ေအာင္ လက္တဲြလုပ္ေဆာင္ၾကပါတယ္။ ဗီတာမင္ဒီဟာ စားလုိက္တဲ့ အစားအေသာက္မွ ကယ္လ္စီယမ္စုပ္ယူအားေကာင္းေအာင္ ပံ့ပိုးေပး ပါတယ္ ။ ႏို႔မွာ ဗီတာမင္ဒီမ်ားစြာ ပါဝင္တဲ့ အတြက္ ေခ်ာကလက္ႏို ႔ေသာက္တာ ဟာ ေနေရာင္ျခည္ ထဲေနတာလိုပဲ ဗီတာမင္ဒီကို ရရွိေစပါတယ္ ။

အေမာခံႏိုင္ျခင္း
ေခ်ာကလက္ႏို႔ေသာက္တာဟာ အေမာခံႏိုင္ၿပီး သက္လံုေကာင္းေစပါတယ္။ ဒါဟာ ႏို႔မွာပါတဲ့ ဓာတ္ဆား(Electrolytes)ေတြဟာ အခ်ိန္ၾကာၾကာ ေရဓာတ္ျပည့္ဝေနေစတာေၾကာင့္ပါ။
အားကစားမလုပ္ခင္မွာ ႐ိုး႐ိုးေရေသာက္တာထက္ ေခ်ာကလက္ႏို႔ေသာက္တာဟာ ႂကြက္သားေတြကို စြမ္းအင္ပိုရရွိေစၿပီး လန္းဆန္းကာ သက္လံုေကာင္းေစပါတယ္။

အသားဓာတ္ပါဝင္ျခင္း
ေခ်ာကလက္ႏို႔ ရွစ္ေအာင္စတစ္ခြက္မွာ အသားဓာတ္ရွစ္ဂရမ္ပါဝင္ပါတယ္။ ခႏၶာကိုယ္မွာ ႂကြက္သားမွ်င္အသစ္တည္ေဆာက္ႏိုင္ဖို႔ အသားဓာတ္ ၁၀ ဂရမ္လိုအပ္တာေၾကာင့္ ေခ်ာကလက္ႏို႔ကို ရွစ္ေအာင္စသံုးခြက္ေသာက္ေပးးပါက ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္ပ်က္မႈေကာင္းကာ တစ္ေန႔လံုး သန္မာၿပီး မေမာမပန္း အလုပ္လုပ္ႏိုင္ပါလိမ့္မယ္။


Credit:Mg Mandalay
https://www.facebook.com/mg.mandalay

#Unicode Version

ဆိုင်တွေရောက်လို့ ဘာမှာရမလဲ မသိရင် ချောကလက်နို့ ပူပူတစ်ခွက်ကိုသာ မှာ ပြီးသောက်လိုက်ပါ ။  ချောကလက်နို့တစ်ခွက်မှာ ကျန်းမှာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။

ကယ်လ်စီယမ်ပါဝင်မှု မြင့်မားခြင်း
ချောကလက်နို့ကို သောက်လိုက်တဲ့အခါ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူပြီး အဆီလျော့ကျအောင်နဲ့ အရိုးသန်မာအောင် လုပ်ဆောင်ပေးကြောင်း လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။
ချောကလက်နို့မှာ ကယ်လ်စီယမ် ပါဝင်မှုမြင့်မားတာကြောင့် ခန္ဓာကိုယ်မှ အဆီ စုပ်ယူနိုင်စွမ်းဟာ လည်း လျော့ကျသွားပါတယ် ။

ဗီတာမင်ဒီ ပါဝင်ခြင်း
ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ အဆီလျော့ကျအောင် လက်တွဲလုပ်ဆောင်ကြပါတယ်။ ဗီတာမင်ဒီဟာ စားလိုက်တဲ့ အစားအသောက်မှ ကယ်လ်စီယမ်စုပ်ယူအားကောင်းအောင် ပံ့ပိုးပေး ပါတယ် ။ နို့မှာ ဗီတာမင်ဒီများစွာ ပါဝင်တဲ့ အတွက် ချောကလက်နို့သောက်တာ ဟာ နေရောင်ခြည် ထဲနေတာလိုပဲ ဗီတာမင်ဒီကို ရရှိစေပါတယ် ။

အမောခံနိုင်ခြင်း
ချောကလက်နို့သောက်တာဟာ အမောခံနိုင်ပြီး သက်လုံကောင်းစေပါတယ်။ ဒါဟာ နို့မှာပါတဲ့ ဓာတ်ဆား(Electrolytes)တွေဟာ အချိန်ကြာကြာ ရေဓာတ်ပြည့်ဝနေစေတာကြောင့်ပါ။
အားကစားမလုပ်ခင်မှာ ရိုးရိုးရေသောက်တာထက် ချောကလက်နို့သောက်တာဟာ ကြွက်သားတွေကို စွမ်းအင်ပိုရရှိစေပြီး လန်းဆန်းကာ သက်လုံကောင်းစေပါတယ်။

အသားဓာတ်ပါဝင်ခြင်း
ချောကလက်နို့ ရှစ်အောင်စတစ်ခွက်မှာ အသားဓာတ်ရှစ်ဂရမ်ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ကြွက်သားမျှင်အသစ်တည်ဆောက်နိုင်ဖို့ အသားဓာတ် ၁၀ ဂရမ်လိုအပ်တာကြောင့် ချောကလက်နို့ကို ရှစ်အောင်စသုံးခွက်သောက်ပေးးပါက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုကောင်းကာ တစ်နေ့လုံး သန်မာပြီး မမောမပန်း အလုပ်လုပ်နိုင်ပါလိမ့်မယ်။


Credit:Mg Mandalay
https://www.facebook.com/mg.mandalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top