iMyanmarHouse.com - Best Property Website for Myanmar
×

ရက္ပ္ပါ၊ သရုပ္ေဆာင္ လႊမ္းပိုင္ဟာ ရုပ္ရွင္ကားၾကီးေလးကားေျမာက္အေနနဲ႕သူကိုယ္တိုင္ေရးထားတဲ့ ကိုယ္ေစာင့္နတ္ဆိုတဲ့ရုပ္ရွင္ကားၾကီးကို ၂၀ ရက္ေန႕မွာ စတင္ရိုက္ကူးေတာ့မွာျဖစ္ပါတယ္။ ၂၀၁၆ ထဲမွာ ဂီတစာဆိုလႊမ္းပိုင္ အမ္တီဗီနဲ႕ရုပ္ရွင္ဗီဒီယိုရိုက္ကူးမႈေတြေၾကာင့္ သီခ်င္းေခြသစ္မထြက္ရွိခဲ့ေပမယ့္ ၂၀၁၇ သံုးလပိုင္းမွာေတာ့ ဂီတေဗဒဆိုတဲ့ တတိယေျမာက္အေခြကို ထြက္ရွိေတာ့မွာျဖစ္တယ္လို႕ သူကဆုိလာပါတယ္။ ဒါ့အျပင္ အရင္အေခြနဲ႕မတူတဲ့ထူးျခားဆန္းသစ္မႈေတြကိုလဲ အဆိုပါ အေခြမွာေတြ႕ရွိရမွာအျပင္ သူ႕ရဲ႕ တိတ္ဆိတ္လွတဲ့အခ်စ္ေရး၊ ဂီတအေၾကာင္းအရာမ်ားနဲ႕လက္ရွိမွာရိုက္ကူးေတာ့မဲ့ ကိုယ္ေစာင့္နတ္ဆိုတဲ့ရုပ္ရွင္ကားၾကီးအေၾကာင္းကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-မနက္ျဖန္မွာ စရုိက္မဲ့ ကိုယ္ေစာင့္နတ္ဆိုတဲ့ ရုပ္ရွင္ကားၾကီးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

ဒီဇာတ္လမ္းေလးက ကၽြန္ေတာ္ေရးတယ္။ ဇာတ္ညႊန္းကိုက်ေတာ့ ကၽြန္ေတာ္ရယ္ ကိုထက္ရယ္ ႏွစ္ေယာက္ေပါင္းၿပီးေတာ့ေရးတဲ့ကားေလးပါ။ ဒီကားေလးက ကိုယ္ေစာင့္နတ္နဲ႕လူငယ္ေလးနဲ႕ သူတို႕ႏွစ္ေယာက္ရဲ႕ဟာသေလးကိုရိုက္ျပထားတာေပါ့။

-ဒီကားေလးက အစ္ကုိ႕ရဲ႕ဇာတ္ဆိုေတာ့ အစ္ကိုဘယ္ေလာက္ထိ ၾကိဳးစားအားထုတ္ထားလဲ။

ဒီဇာတ္ေလးကို ေရးထားတာ ေတာ္ေတာ္ၾကာပါၿပီ။ အနည္းဆံုးသံုးႏွစ္ေလာက္ေတာ့ ရွိၿပီ။ ဒီဟာေလးကို ရုိက္ခ်င္တယ္ဆိုၿပီး စဥ္းစားထားတယ္။ အခုေတာ့ ရုိက္ျဖစ္ၿပီေပါ့။ ဘာပဲေျပာေျပာ စိတ္ကူးထဲက အတိုင္း ပံုေဖာ္ခြင့္ရတဲ့အတြက္ ကၽြန္ေတာ္ ေတာ္ေတာ္ေလး ေက်နပ္အားရပါတယ္။

-ဒီဇာတ္ကားၾကီးနဲ႕ပတ္သက္ၿပီးေတာ့ေရာ ပရိသတ္ကို ဘာေျပာခ်င္ေသးလဲ။

ဒီကားက ကၽြန္ေတာ္ရုိက္ခဲ့သမွ်ကားေတြထဲမွာ ကၽြန္ေတာ္ကိုယ္တုိင္လုိက္ၿပီး လိုေကးရွင္းေတြ လုိက္ၾကည့္တယ္။ ဇာတ္ညႊန္းေတြလဲေရးတယ္။ Storybook ေတြလဲေသခ်ာဆြဲတယ္။ ေတာ္ေတာ္မ်ားမ်ားကို ကၽြန္ေတာ္ကိုယ္တုိင္ပါ၀င္ထားတဲ့အတြက္ အရမ္းစိတ္လႈပ္ရွားတယ္။ ရင္လဲခုန္တယ္။ ေပ်ာ္လဲေပ်ာ္တယ္။ ပရိသတ္ၾကီးကိုေတာ့ အားေပးပါလို႕။

-သံုးလပိုင္းမွာ အေခြထြက္မယ္လို႕လဲၾကားတယ္။

ဟုတ္ပါတယ္။ အရင္အေခြနဲ႕မတူေအာင္ေတာ္ေတာ္မ်ားမ်ားၾကိဳးစားထားပါတယ္။ သီခ်င္းေတြေရာ၊ အရင္အေခြရဲ႕ အစပ္ပံုစံမ်ိဳးေလးေတြလဲ ျပန္ထည့္ထားတယ္။ အရင္အေခြထဲမွာပါတဲ့သီခ်င္းရဲ႕အစပ္ေပါ့။ ဥပမာ မာလကီးယားဆိုတဲ့သီခ်င္းဆိုရင္ ပထမအေခြမွာ မာလကီးယားေသသြားတယ္။ ေနာက္တစ္ေခြမွာ ဒီေကာင္က ငရဲျပည္ေရာက္သြားၿပီး ယမမင္းနဲ႕စကားေျပာတာေတြပါတယ္။ ယမမင္းကို လူလည္သြားက်တဲ့ဟာမ်ိဳးေတြလဲ ကၽြန္ေတာ္ထည့္ထားတယ္။ ေတာ္ေတာ္မ်ားမ်ားေျပာင္းလဲထားတယ္။ နားေထာင္ၾကည့္ရင္သိပါလိမ့္မယ္။

-ဘယ္ႏွစ္ပုဒ္ေလာက္ထည့္ျဖစ္မလဲ။

ကၽြန္ေတာ္ခန္႕မွန္းတာကေတာ့ ၁၂ ပုဒ္ေလာက္ပဲေပါ့။

-စီဒီပဲလား။ အမ္တီဗီေရာ ပါဦးမလား။

ကၽြန္ေတာ္အဲ့ဒီအေခြက အမ္တီဗီမထြက္ပါဘူး။ စီဒီပဲထြက္မွာပါ။ အေခြထြက္ၿပီး တစ္ပတ္ပဲျဖစ္ျဖစ္၊ တစ္လပဲျဖစ္ျဖစ္ ဒါမွမဟုတ္အားရင္လဲ ကၽြန္ေတာ္ရုိက္ထားမယ္။ ၿပီးရင္ထြက္ခါနီးက်မွ အမ္တီဗီတင္ရင္လဲတင္မယ္။ စဥ္းစားထားတာေတြကေတာ့ အမ်ားၾကီးေပါ့။ အကုန္ရုိက္ဖို႕ကေတာ့ အစီအစဥ္မရွိပါဘူး။

-အေခြနာမည္ေပးတဲ့ေနရာမွာလဲ ေသခ်ာစဥ္းစားေပးျဖစ္ေတာ့ ဒီအေခြမွာေရာ ဘယ္လိုနာမည္ေပးထားလဲ။

ကၽြန္ေတာ္ေပးခ်င္တဲ့ အဓိပၸါယ္ကေတာ့ ဂီတပညာရပ္ေပါ့။ အဲ့ဒါေၾကာင့္ ဂီတေဗဒဆိုၿပီး ေပးထားပါတယ္။

-Featuring အေနနဲ႕ေရာ ဘယ္သူေတြပါဦးမလဲ။

အခုေလာေလာဆယ္ကေတာ့ ကိုၾကက္ဖပါမယ္။ ပန္းေရာင္ျခယ္ပါမယ္။ ေနာက္ထပ္ေတာ့ရွိေသးတယ္။ ဒါေပမဲ့ ဘယ္ဟာေတြထည့္မယ္။ မထည့္မယ္က မေသခ်ာေသးလို႕ပါ။ အနားကပ္ရင္ေတာ့ ဒီ့ထက္ေသခ်ာေအာင္ပိုေျပာလို႕ရပါလိမ့္မယ္။

-သံုးလပိုင္းဘယ္ရက္ေလာက္မွန္းထားလဲ။

သံုးလပိုင္း ဆယ္တန္းစာေမးပြဲၿပီးတဲ့အခ်ိန္နဲ႕တကၠသိုလ္ေတြ မေျဖခင္ၾကားထြက္ဖို႕ကို စီစဥ္ေနပါတယ္။

-၂လပိုင္းဆုိ ခ်စ္သူမ်ားေန႕လဲရွိေတာ့ ဘာအစီအစဥ္ေတြရွိလဲ။

ေထြေထြထူးထူးမရွိပါဘူး။ ခ်စ္သူမ်ားေန႕မွာ ရိႈးပြဲလုပ္ျဖစ္မယ္နဲ႕တူတယ္။ ရိႈးရွိရင္ ရိႈးဆိုမယ္။ ဒါပါပဲ။

-အျပင္လူငယ္ဘ၀ျဖတ္သန္းမႈအေနနဲ႕ေရာ ဘာလုပ္ျဖစ္ဦးမလဲ။

ထူးထူးျခားျခားမရွိပါဘူး။

-တစ္ေယာက္ေယာက္ဆီက တစ္ခုခုေမွ်ာ္လင့္ထားတာမ်ိဳးေရာရွိလား။

မေမွ်ာ္လင့္ပါဘူး။

-အရင္ႏွစ္ေတြကေရာ ဘယ္လိုျဖတ္သန္းျဖစ္လဲ။

အရင္ႏွစ္ေတြကလဲ ရိႈးဆိုတယ္။ ျပန္တယ္။  ဒီအတိုင္းပါပဲ။ ဘာမွထူးထူးျခားျခားမရွိပါဘူး။

-ဆိုရွယ္မီဒီယာေတြ အရမ္းေခတ္စားလာတဲ့အေပၚအစ္ကို႕အျမင္ကုိလဲသိခ်င္ပါတယ္။

ဆိုရွယ္မီဒီယာေတြေခတ္စားတယ္ဆိုေပမဲ့ အေကာင္းအဆိုးကေတာ့ ဒြန္တြဲေနတာေပါ့ေနာ္။ ရုပ္ရွင္ရံုေတြမွာ လူေတြပို၀င္လာတယ္ဆိုတာကလဲ ဆိုရွယ္မီဒီယာေၾကာင့္ အမ်ားၾကီးပါတယ္ေလ။ ဒီဆိုရွယ္မီဒီယာမွာ ေထြလာတင္ကတည္းကဗီဒီယိုကားေတြမွာ ေထြလာထည့္တာထက္ ပိုထိေရာက္တယ္။ သူ႕ page ေလးနဲ႕ သူ႕က႑ေလးနဲ႕ သူနဲ႕ဆိုင္တဲ့အေၾကာင္းအရာေလးေတြပဲ ဒီ page မွာ တစ္ခုၿပီးတစ္ခုတက္မယ္။ ေထြလာေလးေတြတင္ေပးမယ္။ ဒါေတြၾကည့္ၾကေတာ့ လူေတြကပိုၿပီး သေဘာက်မယ္။  ရံုေတြကိုသြားၾကည့္ၾကမယ္။ ဒါကေတာ့ ဆိုရွယ္မီဒီယာရဲ႕ေကာင္းကြက္ေတြေပါ့။ မေကာင္းတာေတြလဲရွိပါတယ္။

-လူငယ္တစ္ေယာက္အေနနဲ႕ ေဖ့စ္ဘြတ္ကိုေရာ အရမ္းသံုးျဖစ္လား။

သံုးျဖစ္ပါတယ္။ ဒါေပမဲ့မ်ားေသာအားျဖင့္က ၾကာလာတာနဲ႕အမွ် Silent ျဖစ္လာတယ္။ လုိက္ၾကည့္တဲ့သူတစ္ေယာက္ျဖစ္လာတယ္။ ကိုယ္ကိုတုိင္ post ေတြတင္တာထက္ အသည္းကြဲျပ၊ Feel ျပတာထက္ ေပါ့။ အရင္ကေတာ့တင္ျဖစ္တယ္။ ဒါေပမဲ့ ၾကာလာတာနဲ႕အမွ် အဲ့ဒီလိုတင္ရတာကို Feel မေတြ႕ေတာ့ဘူး။ ဗဟုသုတရွိတာေလးေတြလိုက္ၾကည့္တယ္။ ကိုယ္မသိတာေလးေတြယူျဖစ္တယ္။ အရင္ကေလာက္ဟဲဗီးၾကီးမသံုးျဖစ္ေတာ့ဘူး။

-အစ္ကို႕အခ်စ္ေရးနဲ႕ပတ္သက္ၿပီး လူမႈကြန္ယက္ေတြေပၚမွာ ျပတ္ေနၿပီလို႕လဲေျပာေနၾကတယ္။ အဲ့ဒါကိုအတည္ျပဳေပးပါဦး။

အင္း အဲ့ဒီလိုမ်ိဳးက ထင္လဲထင္ေကာင္းႏုိင္တယ္။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ္တို႕တြဲသြားတြဲလာပံုေတြလဲ သိပ္မွမတင္တာ။ မတင္ဘူးဆိုတာကလဲ ခုနကေျပာသလိုေပါ့။ ဆိုရွယ္မီဒီယာေတြေပၚမွာ ပံုတင္ရတာကို အတြဲပံုမေျပာနဲ႕ကၽြန္ေတာ့္ပံု ကၽြန္ေတာ္ တင္ရတာေတာင္ Feel သိပ္မလာဘူး။ တစ္မ်ိဳးၾကီးပဲ၊ ရွက္သလိုလိုၾကီးခံစားရတယ္။ အဲ့ဒီလိုမ်ိဳးေၾကာင့္လဲပါမွာပါ။

-လက္ရွိ အခ်စ္ေရးကေရာ ဘယ္လိုမ်ိဳးျဖစ္ေနလဲ။

အရင္အတိုင္းပဲ။ ေအးေဆးေဆးေဆးပဲ။

-ခ်စ္သူမ်ားေန႕မွာေရာ သူ႕အတြက္တစ္ခုခုစီစဥ္ထားတာမ်ိဳးရွိမလား။

မရွိပါဘူး။ ဘာလို႕လဲဆိုေတာ့ ခ်စ္သူမ်ားေန႕မွာ အျမဲတမ္းရိႈးဆိုေနရတာမ်ားလို႕ပါ။ အဲ့ဒီလိုမ်ိဳးျဖစ္ေနလို႕ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရက်ပ်ပါ၊ သရုပ်ဆောင် လွှမ်းပိုင်ဟာ ရုပ်ရှင်ကားကြီးလေးကားမြောက်အနေနဲ့သူကိုယ်တိုင်ရေးထားတဲ့ ကိုယ်စောင့်နတ်ဆိုတဲ့ရုပ်ရှင်ကားကြီးကို ၂၀ ရက်နေ့မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ၂၀၁၆ ထဲမှာ ဂီတစာဆိုလွှမ်းပိုင် အမ်တီဗီနဲ့ရုပ်ရှင်ဗီဒီယိုရိုက်ကူးမှုတွေကြောင့် သီချင်းခွေသစ်မထွက်ရှိခဲ့ပေမယ့် ၂၀၁၇ သုံးလပိုင်းမှာတော့ ဂီတဗေဒဆိုတဲ့ တတိယမြောက်အခွေကို ထွက်ရှိတော့မှာဖြစ်တယ်လို့ သူကဆိုလာပါတယ်။ ဒါ့အပြင် အရင်အခွေနဲ့မတူတဲ့ထူးခြားဆန်းသစ်မှုတွေကိုလဲ အဆိုပါ အခွေမှာတွေ့ရှိရမှာအပြင် သူ့ရဲ့ တိတ်ဆိတ်လှတဲ့အချစ်ရေး၊ ဂီတအကြောင်းအရာများနဲ့လက်ရှိမှာရိုက်ကူးတော့မဲ့ ကိုယ်စောင့်နတ်ဆိုတဲ့ရုပ်ရှင်ကားကြီးအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-မနက်ဖြန်မှာ စရိုက်မဲ့ ကိုယ်စောင့်နတ်ဆိုတဲ့ ရုပ်ရှင်ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

ဒီဇာတ်လမ်းလေးက ကျွန်တော်ရေးတယ်။ ဇာတ်ညွှန်းကိုကျတော့ ကျွန်တော်ရယ် ကိုထက်ရယ် နှစ်ယောက်ပေါင်းပြီးတော့ရေးတဲ့ကားလေးပါ။ ဒီကားလေးက ကိုယ်စောင့်နတ်နဲ့လူငယ်လေးနဲ့ သူတို့နှစ်ယောက်ရဲ့ဟာသလေးကိုရိုက်ပြထားတာပေါ့။

-ဒီကားလေးက အစ်ကို့ရဲ့ဇာတ်ဆိုတော့ အစ်ကိုဘယ်လောက်ထိ ကြိုးစားအားထုတ်ထားလဲ။

ဒီဇာတ်လေးကို ရေးထားတာ တော်တော်ကြာပါပြီ။ အနည်းဆုံးသုံးနှစ်လောက်တော့ ရှိပြီ။ ဒီဟာလေးကို ရိုက်ချင်တယ်ဆိုပြီး စဉ်းစားထားတယ်။ အခုတော့ ရိုက်ဖြစ်ပြီပေါ့။ ဘာပဲပြောပြော စိတ်ကူးထဲက အတိုင်း ပုံဖော်ခွင့်ရတဲ့အတွက် ကျွန်တော် တော်တော်လေး ကျေနပ်အားရပါတယ်။

-ဒီဇာတ်ကားကြီးနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကို ဘာပြောချင်သေးလဲ။

ဒီကားက ကျွန်တော်ရိုက်ခဲ့သမျှကားတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လိုက်ပြီး လိုကေးရှင်းတွေ လိုက်ကြည့်တယ်။ ဇာတ်ညွှန်းတွေလဲရေးတယ်။ Storybook တွေလဲသေချာဆွဲတယ်။ တော်တော်များများကို ကျွန်တော်ကိုယ်တိုင်ပါဝင်ထားတဲ့အတွက် အရမ်းစိတ်လှုပ်ရှားတယ်။ ရင်လဲခုန်တယ်။ ပျော်လဲပျော်တယ်။ ပရိသတ်ကြီးကိုတော့ အားပေးပါလို့။

-သုံးလပိုင်းမှာ အခွေထွက်မယ်လို့လဲကြားတယ်။

ဟုတ်ပါတယ်။ အရင်အခွေနဲ့မတူအောင်တော်တော်များများကြိုးစားထားပါတယ်။ သီချင်းတွေရော၊ အရင်အခွေရဲ့ အစပ်ပုံစံမျိုးလေးတွေလဲ ပြန်ထည့်ထားတယ်။ အရင်အခွေထဲမှာပါတဲ့သီချင်းရဲ့အစပ်ပေါ့။ ဥပမာ မာလကီးယားဆိုတဲ့သီချင်းဆိုရင် ပထမအခွေမှာ မာလကီးယားသေသွားတယ်။ နောက်တစ်ခွေမှာ ဒီကောင်က ငရဲပြည်ရောက်သွားပြီး ယမမင်းနဲ့စကားပြောတာတွေပါတယ်။ ယမမင်းကို လူလည်သွားကျတဲ့ဟာမျိုးတွေလဲ ကျွန်တော်ထည့်ထားတယ်။ တော်တော်များများပြောင်းလဲထားတယ်။ နားထောင်ကြည့်ရင်သိပါလိမ့်မယ်။

-ဘယ်နှစ်ပုဒ်လောက်ထည့်ဖြစ်မလဲ။

ကျွန်တော်ခန့်မှန်းတာကတော့ ၁၂ ပုဒ်လောက်ပဲပေါ့။

-စီဒီပဲလား။ အမ်တီဗီရော ပါဦးမလား။

ကျွန်တော်အဲ့ဒီအခွေက အမ်တီဗီမထွက်ပါဘူး။ စီဒီပဲထွက်မှာပါ။ အခွေထွက်ပြီး တစ်ပတ်ပဲဖြစ်ဖြစ်၊ တစ်လပဲဖြစ်ဖြစ် ဒါမှမဟုတ်အားရင်လဲ ကျွန်တော်ရိုက်ထားမယ်။ ပြီးရင်ထွက်ခါနီးကျမှ အမ်တီဗီတင်ရင်လဲတင်မယ်။ စဉ်းစားထားတာတွေကတော့ အများကြီးပေါ့။ အကုန်ရိုက်ဖို့ကတော့ အစီအစဉ်မရှိပါဘူး။

-အခွေနာမည်ပေးတဲ့နေရာမှာလဲ သေချာစဉ်းစားပေးဖြစ်တော့ ဒီအခွေမှာရော ဘယ်လိုနာမည်ပေးထားလဲ။

ကျွန်တော်ပေးချင်တဲ့ အဓိပ္ပါယ်ကတော့ ဂီတပညာရပ်ပေါ့။ အဲ့ဒါကြောင့် ဂီတဗေဒဆိုပြီး ပေးထားပါတယ်။

-Featuring အနေနဲ့ရော ဘယ်သူတွေပါဦးမလဲ။

အခုလောလောဆယ်ကတော့ ကိုကြက်ဖပါမယ်။ ပန်းရောင်ခြယ်ပါမယ်။ နောက်ထပ်တော့ရှိသေးတယ်။ ဒါပေမဲ့ ဘယ်ဟာတွေထည့်မယ်။ မထည့်မယ်က မသေချာသေးလို့ပါ။ အနားကပ်ရင်တော့ ဒီ့ထက်သေချာအောင်ပိုပြောလို့ရပါလိမ့်မယ်။

-သုံးလပိုင်းဘယ်ရက်လောက်မှန်းထားလဲ။

သုံးလပိုင်း ဆယ်တန်းစာမေးပွဲပြီးတဲ့အချိန်နဲ့တက္ကသိုလ်တွေ မဖြေခင်ကြားထွက်ဖို့ကို စီစဉ်နေပါတယ်။

-၂လပိုင်းဆို ချစ်သူများနေ့လဲရှိတော့ ဘာအစီအစဉ်တွေရှိလဲ။

ထွေထွေထူးထူးမရှိပါဘူး။ ချစ်သူများနေ့မှာ ရှိုးပွဲလုပ်ဖြစ်မယ်နဲ့တူတယ်။ ရှိုးရှိရင် ရှိုးဆိုမယ်။ ဒါပါပဲ။

-အပြင်လူငယ်ဘဝဖြတ်သန်းမှုအနေနဲ့ရော ဘာလုပ်ဖြစ်ဦးမလဲ။

ထူးထူးခြားခြားမရှိပါဘူး။

-တစ်ယောက်ယောက်ဆီက တစ်ခုခုမျှော်လင့်ထားတာမျိုးရောရှိလား။

မမျှော်လင့်ပါဘူး။

-အရင်နှစ်တွေကရော ဘယ်လိုဖြတ်သန်းဖြစ်လဲ။

အရင်နှစ်တွေကလဲ ရှိုးဆိုတယ်။ ပြန်တယ်။  ဒီအတိုင်းပါပဲ။ ဘာမှထူးထူးခြားခြားမရှိပါဘူး။

-ဆိုရှယ်မီဒီယာတွေ အရမ်းခေတ်စားလာတဲ့အပေါ်အစ်ကို့အမြင်ကိုလဲသိချင်ပါတယ်။

ဆိုရှယ်မီဒီယာတွေခေတ်စားတယ်ဆိုပေမဲ့ အကောင်းအဆိုးကတော့ ဒွန်တွဲနေတာပေါ့နော်။ ရုပ်ရှင်ရုံတွေမှာ လူတွေပိုဝင်လာတယ်ဆိုတာကလဲ ဆိုရှယ်မီဒီယာကြောင့် အများကြီးပါတယ်လေ။ ဒီဆိုရှယ်မီဒီယာမှာ ထွေလာတင်ကတည်းကဗီဒီယိုကားတွေမှာ ထွေလာထည့်တာထက် ပိုထိရောက်တယ်။ သူ့ page လေးနဲ့ သူ့ကဏ္ဍလေးနဲ့ သူနဲ့ဆိုင်တဲ့အကြောင်းအရာလေးတွေပဲ ဒီ page မှာ တစ်ခုပြီးတစ်ခုတက်မယ်။ ထွေလာလေးတွေတင်ပေးမယ်။ ဒါတွေကြည့်ကြတော့ လူတွေကပိုပြီး သဘောကျမယ်။  ရုံတွေကိုသွားကြည့်ကြမယ်။ ဒါကတော့ ဆိုရှယ်မီဒီယာရဲ့ကောင်းကွက်တွေပေါ့။ မကောင်းတာတွေလဲရှိပါတယ်။

-လူငယ်တစ်ယောက်အနေနဲ့ ဖေ့စ်ဘွတ်ကိုရော အရမ်းသုံးဖြစ်လား။

သုံးဖြစ်ပါတယ်။ ဒါပေမဲ့များသောအားဖြင့်က ကြာလာတာနဲ့အမျှ Silent ဖြစ်လာတယ်။ လိုက်ကြည့်တဲ့သူတစ်ယောက်ဖြစ်လာတယ်။ ကိုယ်ကိုတိုင် post တွေတင်တာထက် အသည်းကွဲပြ၊ Feel ပြတာထက် ပေါ့။ အရင်ကတော့တင်ဖြစ်တယ်။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ အဲ့ဒီလိုတင်ရတာကို Feel မတွေ့တော့ဘူး။ ဗဟုသုတရှိတာလေးတွေလိုက်ကြည့်တယ်။ ကိုယ်မသိတာလေးတွေယူဖြစ်တယ်။ အရင်ကလောက်ဟဲဗီးကြီးမသုံးဖြစ်တော့ဘူး။

-အစ်ကို့အချစ်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေပေါ်မှာ ပြတ်နေပြီလို့လဲပြောနေကြတယ်။ အဲ့ဒါကိုအတည်ပြုပေးပါဦး။

အင်း အဲ့ဒီလိုမျိုးက ထင်လဲထင်ကောင်းနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွဲသွားတွဲလာပုံတွေလဲ သိပ်မှမတင်တာ။ မတင်ဘူးဆိုတာကလဲ ခုနကပြောသလိုပေါ့။ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပုံတင်ရတာကို အတွဲပုံမပြောနဲ့ကျွန်တော့်ပုံ ကျွန်တော် တင်ရတာတောင် Feel သိပ်မလာဘူး။ တစ်မျိုးကြီးပဲ၊ ရှက်သလိုလိုကြီးခံစားရတယ်။ အဲ့ဒီလိုမျိုးကြောင့်လဲပါမှာပါ။

-လက်ရှိ အချစ်ရေးကရော ဘယ်လိုမျိုးဖြစ်နေလဲ။

အရင်အတိုင်းပဲ။ အေးဆေးဆေးဆေးပဲ။

-ချစ်သူများနေ့မှာရော သူ့အတွက်တစ်ခုခုစီစဉ်ထားတာမျိုးရှိမလား။

မရှိပါဘူး။ ဘာလို့လဲဆိုတော့ ချစ်သူများနေ့မှာ အမြဲတမ်းရှိုးဆိုနေရတာများလို့ပါ။ အဲ့ဒီလိုမျိုးဖြစ်နေလို့ပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top