iMyanmarHouse.com - Best Property Website for Myanmar
×


ပင်စိမ်း


အာလူး


ကြက်သွန်နီ


ခရမ်းချဉ်သီး


Credit : Trend Myanmar


Unicode Version

ရေခဲသေတ္တာက အင်တီအောက်ဆီဒင်းကို ထက်ဝက်လျော့ချပေးနိုင်ပါတယ်။ USDA ရဲ့လေ့လာမှုတစ်ခုက အခန်းအပူချိန်မှာထားတဲ့ ဖရဲသီးဟာ ရေခဲသေတ္တာထဲထည့်တဲ့ ဖရဲသီးထက် အရေပြားနဲ့ မျက်စိကျန်းမာရေး ပိုမိုကောင်းမွန်စေတဲ့ beta-carotene ကဲ့သို့သော ဒြပ်ပေါင်းများ နှစ်ဆနီးပါး တိုးမြင့်စေကြောင်း USDA ရဲ့လေ့လာမှုတစ်ခုမှ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လေအေးက ဖရဲသီးကို ခူးပြီးနောက်ပိုင်း ဖြစ်ပွားတဲ့ အင်တီအောက်ဆီဒင်းကြီးထွားမှု ရပ်တန့်သွားစေပါတယ်။ ဖရဲသီးလိုပဲ အခြားသော ဟင်းသီးဟင်းရွက်တွေဟာ ရေခဲသေတ္တာထဲ လုံး၀ မထည့်ထားသင့်ပါဘူး။

ပင်စိမ်း

ဒီအပူပိုင်းဒေသအပင်လေးကို ၄၀ ဒီဂရီဖာရင်ဟိုက်အောက်တွင် သိမ်းထားပါက ခဏအတွင်း အမည်းရောင်ပြောင်းလဲသွားပါတယ်။

အာလူး

အအေးဓာတ်က အာလူးရှိ ကစီဓာတ်ကို သကြားဓာတ်သို့ ပြောင်းပေးပါတယ်။ ရှတတအရသာဖြစ်စေပြီး အနည်းငယ် အချိုကဲစေပါတယ်။ ၄၅ ဒီဂရီဖာရင်ဟိုက်အပူချိန်မှာ ထားတာအကောင်းဆုံးဖြစ်ပါတယ်။ စက္ကူအိတ်နဲ့ မီးဖိုဆောင် အစားအစာထည့်တဲ့ ဘီရိုမှာသိမ်းထားပါ။ နေရောင်ကြောင့် ကလိုရိုဖီးလ်ဓာတ် စုဆောင်းမိစေပြီး အာလူးကို အစိမ်းရောင်သမ်းစေကာ တခါတလေ ခါးသက်သက်ဖြစ်စေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီမှာ လေထုပျံ့နှံ့လည်ပတ်မှု သန့်ရှင်းလတ်ဆတ်နေဖို့ လိုအပ်ပါတယ်။ ကြက်သွန်နီမှ အာလူးတွေကို ခဏအတွင်းပျက်စီးစေနိုင်တဲ့ ဂက်စ်နဲ့ အစိုဓာတ်ကို ထုတ်လွှတ်ပါတယ်။

ခရမ်းချဉ်သီး

အအေးဓာတ်က ခရမ်းချဉ်သီးရှိ ဓာတုပစ္စည်းများကို ပြောင်းလဲပေးကာ အချိန်ကြာကြာလတ်ဆတ်နေစေပြီး တခြားပစ္စည်းများကို အရသာပျက်စေပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top