iMyanmarHouse.com - Best Property Website for Myanmar
×

စံုတြဲေတြအတြက္ လမ္းခြဲရတာ၊ ကြာရွင္းျပတ္စဲရတာ စိတ္ပ်က္စရာအေကာင္းဆံုးအေျခအေနတစ္ခုပါပဲ။ အဆံုးသတ္မွာ တစ္ဦးနဲ႕တစ္ဦး ေ၀းရာကို ေက်ာခိုင္းေလ်ွာက္လွမ္းၾကရတဲ့ အေျခအေနေတြ အမ်ားၾကီးထဲကမွ တစ္ခ်ိဳ႕က်ေတာ့လည္း ကံၾကမၼာေၾကာင့္ မဟုတ္ပဲ ႏွစ္ဦးမွာ တစ္ဦးက က်န္တစ္ဦးကို ထင္သေလာက္ အေလးမထားခဲ့လုိ႕၊ မခ်စ္ခဲ့လို႕ ၊ ဒုတိယေနရာမွာသာ ထားခဲ့လို႕ ျဖစ္လာတဲ့ အေျခအေနေတြရွိပါတယ္။ ဒီလိုအေျခအေနမ်ိဳးေတြဆုိရင္ေတာ့ တကယ္ခ်စ္တဲ့သူ၊ ေပးဆပ္တဲ့သူေတြက နစ္နာတာပါပဲ။

ဒီလိုအေျခအေနမ်ိဳးေတြ မျဖစ္ရေအာင္ ကိုယ့္ဘက္က ကိုယ့္ခ်စ္သူဟာ ကိုယ့္အေပၚ အေလးထားတဲ့သူလား၊ မဆင္မေျပရင္ ကိုယ့္လက္ကို လႊတ္ခ်ထားခဲ့မယ့္သူလားဆုိတာကို ဒီအခ်က္ေလးေတြနဲ႕ သံုးသပ္ၾကည့္နိုင္ပါတယ္။

၁။ ကိုယ့္အေပၚစိတ္၀င္စားမႈ မရွိေတာ့ဘူး။
ကိုယ့္ခ်စ္သူဟာ ကုိယ့္ကိုမၾကာခင္ လမ္းခြဲေတာ့မယ္၊ ျပတ္စဲေတာ့မယ္လုိ႕ ဆံုးျဖတ္ထားျပီဆုိတာနဲ႕ အသိသာဆံုးအခ်က္က အရင္လို ကိုယ့္အေပၚ စိတ္၀င္တစားမရွိေတာ့တာပါပဲ။ အထူးသျဖင့္ ကုိယ့္အေပၚ အခ်ိန္ေပးတာ နည္းလာမယ္၊ အျခားလူေတြနဲ႕က် ကိုယ့္ထက္ ပိုျပီး အတူရွိေနလိမ့္မယ္။ ကိုယ္ဘာေတြလုပ္ေနသလဲ၊ ကိုယ့္စိတ္ထဲ ဘာေတြရွိေနသလဲ စတာေတြကို သူက အထူးတလည္ လိုက္ေမး လိုက္ၾကည့္ေနတာမ်ိဳး မရွိေတာ့သလို စိတ္လည္း မ၀င္စားေတာ့ပါဘူး။

၂။ တစ္ခုခုဆုိတာနဲ႕ကုိယ့္ကိုခ်ည္း အျပစ္တင္ေနတာ့တာပဲ။
သင့္ခ်စ္သူဟာ အရင္ကတည္းက ၾကံဳခဲ့ဖူးသား ျပသနာေတြ၊ အခက္အခဲေတြကိုေတာင္မွ ခုခ်ိန္မွာ ဒါ မင္းအျပစ္ေတြခ်ည္းပဲ ဆိုျပီး အျပစ္တင္လာတတ္မယ္ဆုိရင္ ဒါ သံသယ၀င္စရာအခ်က္ပါပဲ။ ဒီလို အျပစ္တင္ ျပသနာေတြရွာျပီး သင့္ဆီက ထြက္သြားဖုိ႕ သူစဥ္းစားေနပါျပီ။

၃။ ကိုယ့္ကိုေရွာင္ဖုိ႕ ဆင္ေျခအမ်ိဳးမ်ိဳးေပးလာတတ္တယ္။
အရင္က ေန႕တုိင္းေတြ႕ရာက တစ္ပတ္ တစ္ခါ ျဖစ္လာျပီ။ ဒါတင္မကေသးဘူး ခုဆုိ တစ္ပတ္တစ္ခါေတာင္ မနည္းကို ခ်ိန္းေနရတယ္။ အလုပ္ရွိတယ္၊ ဘာကအေရးၾကီးလုိ႕ သြားရဦးမယ္ ဆုိတာေတြနဲ႕ သင့္ကို ေရွာင္ဖယ္ေရွာင္ဖယ္ လုပ္လာတယ္ဆိုရင္ေတာ့ ဒါ သင့္ကိုတျဖည္းျဖည္းနဲ႕ ျဖတ္ပစ္ဖုိ႕ စဥ္းစားေနလုိ႕ပါ။

၄။ သူရဲ႕ အနာဂတ္အစီအစဥ္ေတြထဲ ကိုယ္ဘယ္ေတာ့မွ မပါဘူး။
သင့္ခ်စ္သူက သူအသက္ေတြၾကီးလာရင္ ဘာလုပ္မယ္၊ ဘယ္လိုေလးေနမယ္ စသျဖင့္ၾကိဳတင္ေတြးေတာ စိတ္ကူးယဥ္တာမ်ိဳး သင္ၾကားဖူးေပမယ့္ သူ႕စကားေတြထဲမွာ အသက္ေတြၾကီးလာရင္ သင္ကေတာ့ျဖင့္ ဘယ္လိုျဖစ္ေနျပီ၊ သူ႕ေဘးမွာ ဘယ္လိုေနေပးမွာ စသျဖင့္ ထည့္ေျပာတာမ်ိဳး တစ္ခါမွမရွိဘူးဆိုရင္ ေသခ်ာပါတယ္။ သူဟာ သင့္ကို ေရရွည္တြဲဖုိ႕မစဥ္းစားထားလုိ႕ပါ။

၅။ ကုိယ့္အေပၚ အေရးတယူ တေလးတစား ဆက္ဆံတာမ်ိဳး မရွိေတာ့ဘူး။
သင့္ခ်စ္သူဟာ သင့္အေပၚ ေလးစားသမႈနဲ႕ေျပာဆုိတာမ်ိဳးလည္း မရွိေတာ့သလို သင္လုပ္သမ်ွ အရာရာတုိင္းကို အျပစ္ပဲျမင္ေနမယ္ ဆုိရင္ေတာ့ သူသင့္ကို တကယ္မခ်စ္လုိ႕ပါ။ ဒါ့အျပင္ သင့္ကို ညာတာလည္း အခါေပါင္းမနည္းဘူးဆုိရင္ေတာ့ ဒီလို အခ်စ္ေရးမ်ိဳး သင္ကိုယ္တုိင္ အဆံုးသတ္လိုက္သင့္ပါျပီ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စုံတွဲတွေအတွက် လမ်းခွဲရတာ၊ ကွာရှင်းပြတ်စဲရတာ စိတ်ပျက်စရာအကောင်းဆုံးအခြေအနေတစ်ခုပါပဲ။ အဆုံးသတ်မှာ တစ်ဦးနဲ့တစ်ဦး ဝေးရာကို ကျောခိုင်းလျှောက်လှမ်းကြရတဲ့ အခြေအနေတွေ အများကြီးထဲကမှ တစ်ချို့ကျတော့လည်း ကံကြမ္မာကြောင့် မဟုတ်ပဲ နှစ်ဦးမှာ တစ်ဦးက ကျန်တစ်ဦးကို ထင်သလောက် အလေးမထားခဲ့လို့၊ မချစ်ခဲ့လို့ ၊ ဒုတိယနေရာမှာသာ ထားခဲ့လို့ ဖြစ်လာတဲ့ အခြေအနေတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးတွေဆိုရင်တော့ တကယ်ချစ်တဲ့သူ၊ ပေးဆပ်တဲ့သူတွေက နစ်နာတာပါပဲ။

ဒီလိုအခြေအနေမျိုးတွေ မဖြစ်ရအောင် ကိုယ့်ဘက်က ကိုယ့်ချစ်သူဟာ ကိုယ့်အပေါ် အလေးထားတဲ့သူလား၊ မဆင်မပြေရင် ကိုယ့်လက်ကို လွှတ်ချထားခဲ့မယ့်သူလားဆိုတာကို ဒီအချက်လေးတွေနဲ့ သုံးသပ်ကြည့်နိုင်ပါတယ်။

၁။ ကိုယ့်အပေါ်စိတ်ဝင်စားမှု မရှိတော့ဘူး။
ကိုယ့်ချစ်သူဟာ ကိုယ့်ကိုမကြာခင် လမ်းခွဲတော့မယ်၊ ပြတ်စဲတော့မယ်လို့ ဆုံးဖြတ်ထားပြီဆိုတာနဲ့ အသိသာဆုံးအချက်က အရင်လို ကိုယ့်အပေါ် စိတ်ဝင်တစားမရှိတော့တာပါပဲ။ အထူးသဖြင့် ကိုယ့်အပေါ် အချိန်ပေးတာ နည်းလာမယ်၊ အခြားလူတွေနဲ့ကျ ကိုယ့်ထက် ပိုပြီး အတူရှိနေလိမ့်မယ်။ ကိုယ်ဘာတွေလုပ်နေသလဲ၊ ကိုယ့်စိတ်ထဲ ဘာတွေရှိနေသလဲ စတာတွေကို သူက အထူးတလည် လိုက်မေး လိုက်ကြည့်နေတာမျိုး မရှိတော့သလို စိတ်လည်း မဝင်စားတော့ပါဘူး။

၂။ တစ်ခုခုဆိုတာနဲ့ကိုယ့်ကိုချည်း အပြစ်တင်နေတာ့တာပဲ။
သင့်ချစ်သူဟာ အရင်ကတည်းက ကြုံခဲ့ဖူးသား ပြသနာတွေ၊ အခက်အခဲတွေကိုတောင်မှ ခုချိန်မှာ ဒါ မင်းအပြစ်တွေချည်းပဲ ဆိုပြီး အပြစ်တင်လာတတ်မယ်ဆိုရင် ဒါ သံသယဝင်စရာအချက်ပါပဲ။ ဒီလို အပြစ်တင် ပြသနာတွေရှာပြီး သင့်ဆီက ထွက်သွားဖို့ သူစဉ်းစားနေပါပြီ။

၃။ ကိုယ့်ကိုရှောင်ဖို့ ဆင်ခြေအမျိုးမျိုးပေးလာတတ်တယ်။
အရင်က နေ့တိုင်းတွေ့ရာက တစ်ပတ် တစ်ခါ ဖြစ်လာပြီ။ ဒါတင်မကသေးဘူး ခုဆို တစ်ပတ်တစ်ခါတောင် မနည်းကို ချိန်းနေရတယ်။ အလုပ်ရှိတယ်၊ ဘာကအရေးကြီးလို့ သွားရဦးမယ် ဆိုတာတွေနဲ့ သင့်ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်လာတယ်ဆိုရင်တော့ ဒါ သင့်ကိုတဖြည်းဖြည်းနဲ့ ဖြတ်ပစ်ဖို့ စဉ်းစားနေလို့ပါ။

၄။ သူရဲ့ အနာဂတ်အစီအစဉ်တွေထဲ ကိုယ်ဘယ်တော့မှ မပါဘူး။
သင့်ချစ်သူက သူအသက်တွေကြီးလာရင် ဘာလုပ်မယ်၊ ဘယ်လိုလေးနေမယ် စသဖြင့်ကြိုတင်တွေးတော စိတ်ကူးယဉ်တာမျိုး သင်ကြားဖူးပေမယ့် သူ့စကားတွေထဲမှာ အသက်တွေကြီးလာရင် သင်ကတော့ဖြင့် ဘယ်လိုဖြစ်နေပြီ၊ သူ့ဘေးမှာ ဘယ်လိုနေပေးမှာ စသဖြင့် ထည့်ပြောတာမျိုး တစ်ခါမှမရှိဘူးဆိုရင် သေချာပါတယ်။ သူဟာ သင့်ကို ရေရှည်တွဲဖို့မစဉ်းစားထားလို့ပါ။

၅။ ကိုယ့်အပေါ် အရေးတယူ တလေးတစား ဆက်ဆံတာမျိုး မရှိတော့ဘူး။
သင့်ချစ်သူဟာ သင့်အပေါ် လေးစားသမှုနဲ့ပြောဆိုတာမျိုးလည်း မရှိတော့သလို သင်လုပ်သမျှ အရာရာတိုင်းကို အပြစ်ပဲမြင်နေမယ် ဆိုရင်တော့ သူသင့်ကို တကယ်မချစ်လို့ပါ။ ဒါ့အပြင် သင့်ကို ညာတာလည်း အခါပေါင်းမနည်းဘူးဆိုရင်တော့ ဒီလို အချစ်ရေးမျိုး သင်ကိုယ်တိုင် အဆုံးသတ်လိုက်သင့်ပါပြီ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top