iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူမ်ားေန႔လဲနီးလာျပီဆိုေတာ့ ဒီေဆာင္းပါးေလးက ဖြင့္မေျပာရေသးတဲ႔သူေတြအတြက္အေထာက္အကူျဖစ္ မယ္လို႔ေမွ်ာ္လင့္ပါတယ္။

၁. စိတ္ရွည္ပါ။

သူငယ္ခ်င္းအေနနဲ႔ျမင္ေတြ႔ေနရတဲ႔သူတစ္ေယာက္ကို ေန႔ခ်င္းညခ်င္း ခ်စ္သူအျဖစ္ လက္ခံဖို႔ဆိုတာ မလြယ္ကူပါဘူး။ အခ်င္းခ်င္းအတြင္းသိ အစင္းသိေတြျဖစ္ေနတဲ႔အတြက္ ဆြဲေဆာင္မႈရိွသူအျဖစ္ ျမင္လာေအာင္ အခ်ိန္ယူရပါမယ္ ။ ရင္းနွီးျပီးသားသူမို႔လို႔ ဖြင့္ေျပာလိုက္တာနဲ႔ လက္ခံမယ္ဆိုတဲ႔ အေတြးကိုခနေလာက္ေဘးဖယ္ ထားလိုက္ပါ။

၂. သူငယ္ခ်င္းေကာင္းအေနနဲ႔ဆက္ေနပါ။

သူ႔ကိုစိတ္၀င္စားေနတာနဲ႔ပဲ သူငယ္ခ်င္းကေန အီစီကလီအေနထားမ်ိဳးကိုခ်က္ခ်င္းေျပာင္းလဲလိုက္ဖို႔မလိုပါဘူး။ အခန္႔မသင့္ရင္ ရိွရင္းစြဲခင္မင္မႈေလးေတာင္ပ်က္စီးသြားနုိင္ပါတယ္။

၃. အေသးစိတ္ခ်ီးမြမ္းပါ။

သူ႔ကိုဂရုစိုက္ေနေၾကာင္းသတိထားမိေစဖို႔ အေရးၾကီးပါတယ္။ လွလာတယ္ေနာ္ဆိုတဲ႔ စကားအစား ဆံပင္ေလးအဲ႔လိုျပင္ထားတာနင္နဲ႔လိုက္တယ္ ၊ နႈတ္ခမ္းနီအေရာင္ေလးလွတယ္ ၊ စတဲ႔ အေသးစိတ္ ရည္ညႊန္းတဲ႔ခ်ီးမြမ္းစကားေလးေတြေျပာေပးပါ။ အလြန္အကၽြံမျဖစ္ဖို႔ေတာ့လိုတယ္ေနာ္။

၄. အရင္ကထက္ အေရာ၀င္ပါ။

သူ႔အတြက္ဆိုကူညီဖို႔အသင့္ရိွတဲ႔အေနအထားမ်ိဳးျဖစ္ပါေစ။ သူတင္မက တျခားသူေတြကိုပါအေရာ၀င္ပါ။ သူ႔အျမင္မွာကိုယ္ဟာ အေရးပါတဲ႔သူတစ္ေယာက္ျဖစ္ရံုမက ကိုယ့္ကိုသေဘာက်ေနသူေတြရိွေၾကာင္း ရိပ္စားမိလာပါလိမ့္မယ္။

၅. ဖြင့္ေျပာပါ

၂ ေယာက္တည္းအတူတူအျပင္ထြက္လည္ဖို႔ကမ္းလွမ္းပါ။ အေကာင္းဆံုးကကိုယ္ကအေရးၾကီးသူအေနနဲ႔ ပါ၀င္တဲ႔ အခမ္းအနားတစ္ခုပါပဲ ဥပမာေမြးေန႔။ ဆူညံသံနဲ႔ေ၀းတဲေနရာကိုခနေခၚသြားျပီး သူ႔ကိုစိတ္၀င္စား ေနေၾကာင္း သူငယ္ခ်င္းထပ္ပိုေၾကာင္း ေလးေလးနက္နက္၀န္ခံပါ။
သတိထားရမွာကေတာ့ ဒီအခ်က္ေတြကို ရက္ပိုင္းနဲ႔အလ်င္စလိုမလုပ္မိေစဖို႔ပါပဲ။ အခ်ိန္ယူျပီးခ်ည္းကပ္ျပီးေနာက္မွာ ကိုယ္ဟာသူနဲ႔အသင့္ေတာ္ဆံုး လိုက္ဖက္ညီဆံုးဆိုတာကို သူလက္ခံလာပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: Prospect Myanmar

Unicode Version

ချစ်သူများနေ့လဲနီးလာပြီဆိုတော့ ဒီဆောင်းပါးလေးက ဖွင့်မပြောရသေးတဲ့သူတွေအတွက်အထောက်အကူဖြစ် မယ်လို့မျှော်လင့်ပါတယ်။

၁. စိတ်ရှည်ပါ။

သူငယ်ချင်းအနေနဲ့မြင်တွေ့နေရတဲ့သူတစ်ယောက်ကို နေ့ချင်းညချင်း ချစ်သူအဖြစ် လက်ခံဖို့ဆိုတာ မလွယ်ကူပါဘူး။ အချင်းချင်းအတွင်းသိ အစင်းသိတွေဖြစ်နေတဲ့အတွက် ဆွဲဆောင်မှုရှိသူအဖြစ် မြင်လာအောင် အချိန်ယူရပါမယ် ။ ရင်းနှီးပြီးသားသူမို့လို့ ဖွင့်ပြောလိုက်တာနဲ့ လက်ခံမယ်ဆိုတဲ့ အတွေးကိုခနလောက်ဘေးဖယ် ထားလိုက်ပါ။

၂. သူငယ်ချင်းကောင်းအနေနဲ့ဆက်နေပါ။

သူ့ကိုစိတ်ဝင်စားနေတာနဲ့ပဲ သူငယ်ချင်းကနေ အီစီကလီအနေထားမျိုးကိုချက်ချင်းပြောင်းလဲလိုက်ဖို့မလိုပါဘူး။ အခန့်မသင့်ရင် ရှိရင်းစွဲခင်မင်မှုလေးတောင်ပျက်စီးသွားနိုင်ပါတယ်။

၃. အသေးစိတ်ချီးမွမ်းပါ။

သူ့ကိုဂရုစိုက်နေကြောင်းသတိထားမိစေဖို့ အရေးကြီးပါတယ်။ လှလာတယ်နော်ဆိုတဲ့ စကားအစား ဆံပင်လေးအဲ့လိုပြင်ထားတာနင်နဲ့လိုက်တယ် ၊ နှုတ်ခမ်းနီအရောင်လေးလှတယ် ၊ စတဲ့ အသေးစိတ် ရည်ညွှန်းတဲ့ချီးမွမ်းစကားလေးတွေပြောပေးပါ။ အလွန်အကျွံမဖြစ်ဖို့တော့လိုတယ်နော်။

၄. အရင်ကထက် အရောဝင်ပါ။

သူ့အတွက်ဆိုကူညီဖို့အသင့်ရှိတဲ့အနေအထားမျိုးဖြစ်ပါစေ။ သူတင်မက တခြားသူတွေကိုပါအရောဝင်ပါ။ သူ့အမြင်မှာကိုယ်ဟာ အရေးပါတဲ့သူတစ်ယောက်ဖြစ်ရုံမက ကိုယ့်ကိုသဘောကျနေသူတွေရှိကြောင်း ရိပ်စားမိလာပါလိမ့်မယ်။

၅. ဖွင့်ပြောပါ

၂ ယောက်တည်းအတူတူအပြင်ထွက်လည်ဖို့ကမ်းလှမ်းပါ။ အကောင်းဆုံးကကိုယ်ကအရေးကြီးသူအနေနဲ့ ပါဝင်တဲ့ အခမ်းအနားတစ်ခုပါပဲ ဥပမာမွေးနေ့။ ဆူညံသံနဲ့ဝေးတဲနေရာကိုခနခေါ်သွားပြီး သူ့ကိုစိတ်ဝင်စား နေကြောင်း သူငယ်ချင်းထပ်ပိုကြောင်း လေးလေးနက်နက်ဝန်ခံပါ။
သတိထားရမှာကတော့ ဒီအချက်တွေကို ရက်ပိုင်းနဲ့အလျင်စလိုမလုပ်မိစေဖို့ပါပဲ။ အချိန်ယူပြီးချည်းကပ်ပြီးနောက်မှာ ကိုယ်ဟာသူနဲ့အသင့်တော်ဆုံး လိုက်ဖက်ညီဆုံးဆိုတာကို သူလက်ခံလာပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Prospect Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top