iMyanmarHouse.com - Best Property Website for Myanmar
×

ဒီ plan ဟာ ၀ိတ္က်တာ ၿမန္ေပမယ့္ (၁) ပတ္ (၂) ပတ္ ထက္ပိုၿပီး စားႏိုင္ဖို႔ မလြယ္ပါဘူး။ အၿမဲအလြန္အကၽြံလုပ္ရင္လည္း က်န္းမာေရးထိခိုက္ႏိုင္ပါတယ္။ ဒီေတာ့ ပံုမွန္ေလးလည္း စားခ်င္တာစားမယ္။ ပံုမွန္ေလးနဲ႔ ၿဖည္းၿဖည္းခ်င္းက်မယ့္ plan မ်ိဳးကို ေတာင့္တ ခဲ့ပါတယ္။ ၂၀၀၈ ခုနစ္က စၿပီး ဂ်ပန္ႏိုင္ငံမွာ ေခတ္စားလာတဲ့ The Morning Banana Diet plan ဟာ စိတ္၀င္စားလည္းေကာင္း၊ ကိုယ္တိုင္ လက္ေတြ႔ လုိက္လုပ္ၾကည့္တာမွာ လြယ္လည္းလြယ္ၿပီး က်န္းမာေရးနဲ႔ လည္း ညီညြတ္လို႔ ၿပန္လည္ေ၀မွ်ခ်င္ပါတယ္။ စိတ္ၾကိဳတင္ၿပင္ဆင္ၿခင္း တကယ္ေတာ့ ၀ိတ္ဆိုတာ ခဏေလးနဲ႔ တက္လာတာမဟုတ္သလို ခဏေလးနဲ႔ လည္း မက်ႏိုင္ပါဘူး။

ဒီသေဘာတရားကို အရင္ ႏွလံုးသြင္းထားဖို႔ လိုပါတယ္။စိတ္ရွည္ရမယ္။ အခ်ိန္ ယူၿပီး ပံုမွန္ လုပ္သြားႏိုင္ရမယ္။ diet plan rule ကို နားလည္သေဘာေပါက္ၿပီး တိတိက်က် လိုက္နာဖို႔ လိုအပ္ပါတယ္။ (၁) ငွက္ေပ်ာသီး ကို မနက္စာ အၿဖစ္ သံုးေဆာင္ပါ။ ငွက္ေပ်ာသီး ဟာ အစာေၿခၿခင္း၊ အစာဖ်က္ၿခင္း ၿဖစ္စဥ္ေတြကို ပိုမိုလြယ္ကူေစတဲ့ အၿပင္ သူ႔မွာပါ၀င္တဲ့ ကစီမွ်င္ ဓာတ္ဟာ ရင္ၿပည့္တဲ့ စိတ္ကို ၿဖစ္ေစပါတယ္။ မနက္မိုးလင္း စားထားတဲ့ ငွက္ေပ်ာသီး ဟာ တစ္ေန႔တာလံုးမွာစားတဲ့
 ေန႔လည္စာ နဲ႔ ညစာမွာစားတဲ့ ကိုယ္စားတဲ့ အစာ ထဲက carbohydrate စုပ္ယူမႈကိုလည္း တားဆီးေပးထားႏိုင္ပါတယ္။ ကဲ ဒီ ပထမ rule ကေတာ့ မနက္စာ ငွက္ေပ်ာသီး ကို ကိုယ္ရင္ၿပည့္တဲ့ အထိ မနက္စာစာေပးဖို႔ ပါပဲ။ (၂) တစ္ေန႔တာလံုး သာမာန္ အပူခ်ိန္ရွိတဲ့ ေရ တစ္မ်ိဳးတည္းကို သာ ေသာက္ပါ။ ေရ ဟာ လည္း ဗိုက္ဆာမႈကို ေလ်ာ့က်ေစၿပီး စားသမွ်ကို ေၿခဖ်က္ ႏိုင္ဖို႔ အကူအညီေပးပါတယ္။ ေရခဲေရ မဟုတ္ရပါဘူး၊ ပူၿခစ္ေတာက္ေနတဲ့ ေရ ပူလည္း မဟုတ္ရပါဘူး၊ ကိုယ့္ အခန္း အပူအခ်ိန္နဲ႔ တစ္ထပ္တည္းက်တဲ့ ရိုးရိုးေရ ကိုေသာက္ရမွာၿဖစ္ပါတယ္။ တခ်ိဳ႕ က မနက္စာကို ငွက္ေပ်ာသီးကို ႏြားႏို႔ နဲ႔ ေသာက္ပါတယ္။ ဒီဟာ ၀ိတ္ကို ပို တက္ေစတဲ့ အသားတိုး အားေဆး ပါ။ ကဗ်ာတို႔ က၀ိတ္ခ်ေနတာဆိုေတာ့ ဒီဟာ နဲ႔ ဆန္႔က်င္ဘက္ၿဖစ္ပါတယ္။” Dairy products and alcohol are also not allowed on this diet. ” ႏို႔ ထြက္ ပစၥည္းမ်ား ၊ alcohol ပါ၀င္ေသာ အရည္မ်ား လံုး၀ ေသာက္လို႔ မရပါဘူး။ လဖက္ရည္ ၊ ေကာ္ဖီ ေသာက္ေနက် ကို ၿဖတ္ ဖို႔ မလြယ္ကူဘူးဆိုရင္
 ေလွ်ာ့ေသာက္ပါ။ တတ္ႏိုင္ရင္ ေရ ကလြဲၿပီး တၿခား ဘာမွ မေသာက္ရင္ ပို ၀ိတ္က် ၿမန္ေစပါတယ္။ (၃) ေန႔ လည္စာ နဲ႔ ညစာ ပံုမွန္စားပါ။

ဒီ plan မွာ ကဗ်ာ အၾကိဳက္ဆံုးက ေတာ့ ေန႔လည္ စာ ညစာ ကို ပံုမွန္ ၾကိဳက္တာ စားခြင့္ေပးတာပါပဲ။ စိတ္ပင္ပန္း လူပင္ပန္း သိပ္မခံရေတာ့ဘူး ေပါ့။ ဒါေပမယ့္ ပံုမွန္ ဆိုတဲ့ ေနရာမွာလည္း တန္ရင္ ေဆး လြန္ရင္ေဘး ဆိုတာကို သတိခ်ပ္လို႔ အစားပမာဏကို ခ်င့္ခ်ိန္ၿပီး က်န္းမာ ေရးနဲ႔ ညီညြတ္တဲ့ အသား၊ငါး၊ အရြက္၊သီးႏွံ မွ်မွ်တတ စားဖို႔ ေတာ့ ဂရုစိုက္ေစခ်င္ပါတယ္။ (၄) ညစာ စားခ်ိန္ ၈ နာရီထက္ေနာက္မက်ပါေစနဲ႔။ ည ၈ နာရီေက်ာ္ ရင္ ကိုယ္ထဲက အစာေခ်ဖ်က္မႈ လုပ္ငန္းစဥ္ အလုပ္မလုပ္ေတာ့ ပါဘူး။ အဲဒီ အခ်ိန္မွာ စားသမွ်ဟာ ၀ိတ္တက္ေစႏိုင္ပါတယ္။ ၈ နာရီမတိုင္ခင္မွာ ကိုယ့္ရဲ႕ ညစာကို အခ်ိန္မွန္စားဖို႔ ဟာ အလြန္အေရးၾကီးေသာ္လည္း လူတိုင္း သတိမမူ
 ေမ့ေလွ်ာ့တတ္တဲ့ အေလ့အထ ၿဖစ္တတ္ပါတယ္။ ဒီအခ်က္ကို ပံုမွန္ေလး လိုက္နာသြားမယ္ အၿမဲတမ္း လုပ္သြားႏိုင္မယ္ဆိုရင္ေတာ့ ပ်ိုဳေမတို႔ ကိုယ္မွာ ၀ိတ္ တက္ဖို႔ အေၾကာင္း ေနာက္ သိပ္မရွိေတာ့ပါဘူး။ (၅) ည ၁၂ နာရီ မေက်ာ္ခင္ အိပ္ပါ။ အိပ္ခ်ိန္ မမွန္ၿခင္း၊ အိပ္ခ်ိန္ေနာက္က်ၿခင္း တို႔ဟာ ၀ၿခင္းကို ၿဖစ္ေစတဲ့ အဓိက အေၾကာင္းအရာေတြထဲမွာပါေၾကာင္း Scientists ေတြက စမ္းသပ္ေတြ႔ရွိ
ထားၿပီးသားပါ။ ဒါေပမယ့္လည္း လူတိုင္းက ဒီအခ်က္ကို ေမ့ေလ်ာ့ ေပါ့ဆ ၿပီး ဂရုမစိုက္တတ္ၾကပါဘူး။ ည ၁၂ မတိုင္ခင္ အိပ္ၿခင္းဟာ ၀ိတ္ က်ၿခင္း ကို အမ်ားၾကီး အေထာက္အကူၿပဳေစပါတယ္။ ဒါေၾကာင့္ ပ်ိဳေမတို႔ ၀ိတ္က်ဖို႔ ည၁၂ နာရီမတိုင္ခင္ တတ္ႏိုင္သေလာက္ ၾကိဳးစားၿပီး အိပ္ ေပးပါ။

ဘယ္အတိုင္းအတာထိ ဘယ္အခ်ိန္ ထိ ဒီ plan ရဲ႕ rule ေတြကို လိုက္နာရမလဲ လို႔ ေမးဖို႔ ရွိပါတယ္။ တကယ္ေတာ့ ဒီ plan ဟာ အၿမဲတမ္းလုပ္သြားႏိုင္ေလေလ ၀ိတ္ကို ပံုမွန္ထိန္းသြားႏိုင္ေလ ၿဖစ္တဲ့ plan မ်ိဳးပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အက်ိဳးသက္ေရာက္မႈ မတူေသာ္ၿငားလည္း ဒီ diet plan ရဲ႕ rule ေတြဟာ က်န္းမာေရးနဲ႔ ညီညႊတ္ၿပီး ၀ၿခင္း ကို ကာကြယ္ေပးလို႔ ဂ်ပန္ႏိုင္ငံ က ပ်ိဳေမမ်ား ေန႔စဥ္ လိုက္နာက်င့္သံုးေနတဲ့ plan ၿဖစ္ပါတယ္။ စိတ္အားလည္း ထက္သန္တယ္။ စိတ္ကုိ လည္း ၾကိဳတင္ၿပင္ဆင္မယ္။ Rule ေတြ အားလံုးကို လည္း အတတ္ႏိုင္ဆံုး လိုက္နာမယ္။ ကို္ယ့္ ၀ိတ္ကို လည္း တစ္ပတ္ တစ္ခါ တိုင္းၿပီး ေစာင့္ၾကည့္မယ္ ဆိုရင္ ပ်ိဳေမတို႔ ၀ိတ္က်ဖို႔ ေသခ်ာပါတယ္။(က်န္းမာေရးအတြက္ေဆးတစ္ခြက္)

Credit:Chit Chit

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီ plan ဟာ ဝိတ်ကျတာ မြန်ပေမယ့် (၁) ပတ် (၂) ပတ် ထက်ပိုပြီး စားနိုင်ဖို့ မလွယ်ပါဘူး။ အမြဲအလွန်အကျွံလုပ်ရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒီတော့ ပုံမှန်လေးလည်း စားချင်တာစားမယ်။ ပုံမှန်လေးနဲ့ ဖြည်းဖြည်းချင်းကျမယ့် plan မျိုးကို တောင့်တ ခဲ့ပါတယ်။ ၂၀၀၈ ခုနစ်က စပြီး ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ The Morning Banana Diet plan ဟာ စိတ်ဝင်စားလည်းကောင်း၊ ကိုယ်တိုင် လက်တွေ့ လိုက်လုပ်ကြည့်တာမှာ လွယ်လည်းလွယ်ပြီး ကျန်းမာရေးနဲ့ လည်း ညီညွတ်လို့ ပြန်လည်ဝေမျှချင်ပါတယ်။ စိတ်ကြိုတင်ပြင်ဆင်ခြင်း တကယ်တော့ ဝိတ်ဆိုတာ ခဏလေးနဲ့ တက်လာတာမဟုတ်သလို ခဏလေးနဲ့ လည်း မကျနိုင်ပါဘူး။

ဒီသဘောတရားကို အရင် နှလုံးသွင်းထားဖို့ လိုပါတယ်။စိတ်ရှည်ရမယ်။ အချိန် ယူပြီး ပုံမှန် လုပ်သွားနိုင်ရမယ်။ diet plan rule ကို နားလည်သဘောပေါက်ပြီး တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ (၁) ငှက်ပျောသီး ကို မနက်စာ အဖြစ် သုံးဆောင်ပါ။ ငှက်ပျောသီး ဟာ အစာခြေခြင်း၊ အစာဖျက်ခြင်း ဖြစ်စဉ်တွေကို ပိုမိုလွယ်ကူစေတဲ့ အပြင် သူ့မှာပါဝင်တဲ့ ကစီမျှင် ဓာတ်ဟာ ရင်ပြည့်တဲ့ စိတ်ကို ဖြစ်စေပါတယ်။ မနက်မိုးလင်း စားထားတဲ့ ငှက်ပျောသီး ဟာ တစ်နေ့တာလုံးမှာစားတဲ့
 နေ့လည်စာ နဲ့ ညစာမှာစားတဲ့ ကိုယ်စားတဲ့ အစာ ထဲက carbohydrate စုပ်ယူမှုကိုလည်း တားဆီးပေးထားနိုင်ပါတယ်။ ကဲ ဒီ ပထမ rule ကတော့ မနက်စာ ငှက်ပျောသီး ကို ကိုယ်ရင်ပြည့်တဲ့ အထိ မနက်စာစာပေးဖို့ ပါပဲ။ (၂) တစ်နေ့တာလုံး သာမာန် အပူချိန်ရှိတဲ့ ရေ တစ်မျိုးတည်းကို သာ သောက်ပါ။ ရေ ဟာ လည်း ဗိုက်ဆာမှုကို လျော့ကျစေပြီး စားသမျှကို ခြေဖျက် နိုင်ဖို့ အကူအညီပေးပါတယ်။ ရေခဲရေ မဟုတ်ရပါဘူး၊ ပူခြစ်တောက်နေတဲ့ ရေ ပူလည်း မဟုတ်ရပါဘူး၊ ကိုယ့် အခန်း အပူအချိန်နဲ့ တစ်ထပ်တည်းကျတဲ့ ရိုးရိုးရေ ကိုသောက်ရမှာဖြစ်ပါတယ်။ တချို့ က မနက်စာကို ငှက်ပျောသီးကို နွားနို့ နဲ့ သောက်ပါတယ်။ ဒီဟာ ဝိတ်ကို ပို တက်စေတဲ့ အသားတိုး အားဆေး ပါ။ ကဗျာတို့ ကဝိတ်ချနေတာဆိုတော့ ဒီဟာ နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။” Dairy products and alcohol are also not allowed on this diet. ” နို့ ထွက် ပစ္စည်းများ ၊ alcohol ပါဝင်သော အရည်များ လုံး၀ သောက်လို့ မရပါဘူး။ လဖက်ရည် ၊ ကော်ဖီ သောက်နေကျ ကို ဖြတ် ဖို့ မလွယ်ကူဘူးဆိုရင်
 လျှော့သောက်ပါ။ တတ်နိုင်ရင် ရေ ကလွဲပြီး တခြား ဘာမှ မသောက်ရင် ပို ဝိတ်ကျ မြန်စေပါတယ်။ (၃) နေ့ လည်စာ နဲ့ ညစာ ပုံမှန်စားပါ။

ဒီ plan မှာ ကဗျာ အကြိုက်ဆုံးက တော့ နေ့လည် စာ ညစာ ကို ပုံမှန် ကြိုက်တာ စားခွင့်ပေးတာပါပဲ။ စိတ်ပင်ပန်း လူပင်ပန်း သိပ်မခံရတော့ဘူး ပေါ့။ ဒါပေမယ့် ပုံမှန် ဆိုတဲ့ နေရာမှာလည်း တန်ရင် ဆေး လွန်ရင်ဘေး ဆိုတာကို သတိချပ်လို့ အစားပမာဏကို ချင့်ချိန်ပြီး ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အသား၊ငါး၊ အရွက်၊သီးနှံ မျှမျှတတ စားဖို့ တော့ ဂရုစိုက်စေချင်ပါတယ်။ (၄) ညစာ စားချိန် ၈ နာရီထက်နောက်မကျပါစေနဲ့။ ည ၈ နာရီကျော် ရင် ကိုယ်ထဲက အစာချေဖျက်မှု လုပ်ငန်းစဉ် အလုပ်မလုပ်တော့ ပါဘူး။ အဲဒီ အချိန်မှာ စားသမျှဟာ ဝိတ်တက်စေနိုင်ပါတယ်။ ၈ နာရီမတိုင်ခင်မှာ ကိုယ့်ရဲ့ ညစာကို အချိန်မှန်စားဖို့ ဟာ အလွန်အရေးကြီးသော်လည်း လူတိုင်း သတိမမူ
 မေ့လျှော့တတ်တဲ့ အလေ့အထ ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ပုံမှန်လေး လိုက်နာသွားမယ် အမြဲတမ်း လုပ်သွားနိုင်မယ်ဆိုရင်တော့ ပျိုုမေတို့ ကိုယ်မှာ ဝိတ် တက်ဖို့ အကြောင်း နောက် သိပ်မရှိတော့ပါဘူး။ (၅) ည ၁၂ နာရီ မကျော်ခင် အိပ်ပါ။ အိပ်ချိန် မမှန်ခြင်း၊ အိပ်ချိန်နောက်ကျခြင်း တို့ဟာ ဝခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေထဲမှာပါကြောင်း Scientists တွေက စမ်းသပ်တွေ့ရှိ
ထားပြီးသားပါ။ ဒါပေမယ့်လည်း လူတိုင်းက ဒီအချက်ကို မေ့လျော့ ပေါ့ဆ ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ည ၁၂ မတိုင်ခင် အိပ်ခြင်းဟာ ဝိတ် ကျခြင်း ကို အများကြီး အထောက်အကူပြုစေပါတယ်။ ဒါကြောင့် ပျိုမေတို့ ဝိတ်ကျဖို့ ည၁၂ နာရီမတိုင်ခင် တတ်နိုင်သလောက် ကြိုးစားပြီး အိပ် ပေးပါ။

ဘယ်အတိုင်းအတာထိ ဘယ်အချိန် ထိ ဒီ plan ရဲ့ rule တွေကို လိုက်နာရမလဲ လို့ မေးဖို့ ရှိပါတယ်။ တကယ်တော့ ဒီ plan ဟာ အမြဲတမ်းလုပ်သွားနိုင်လေလေ ဝိတ်ကို ပုံမှန်ထိန်းသွားနိုင်လေ ဖြစ်တဲ့ plan မျိုးပါ။ တစ်ယောက်နဲ့ တစ်ယောက် အကျိုးသက်ရောက်မှု မတူသော်ငြားလည်း ဒီ diet plan ရဲ့ rule တွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဝခြင်း ကို ကာကွယ်ပေးလို့ ဂျပန်နိုင်ငံ က ပျိုမေများ နေ့စဉ် လိုက်နာကျင့်သုံးနေတဲ့ plan ဖြစ်ပါတယ်။ စိတ်အားလည်း ထက်သန်တယ်။ စိတ်ကို လည်း ကြိုတင်ပြင်ဆင်မယ်။ Rule တွေ အားလုံးကို လည်း အတတ်နိုင်ဆုံး လိုက်နာမယ်။ ကိုယ့် ဝိတ်ကို လည်း တစ်ပတ် တစ်ခါ တိုင်းပြီး စောင့်ကြည့်မယ် ဆိုရင် ပျိုမေတို့ ဝိတ်ကျဖို့ သေချာပါတယ်။(ကျန်းမာရေးအတွက်ဆေးတစ်ခွက်)

Credit:Chit Chit


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top